Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္တုိင္းေဒသႀကီး၊ လိႈင္သာယာၿမဳိ႕နယ္တြင္ အရက္မူးၿပီး ဆဲဆုိသူကုိ ၀င္ထိန္းရာမွ ရဲတစ္ဦး ဓားထုိးခံရမႈ တစ္ရပ္ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါသည္။

ျဖစ္စဥ္မွာ နိုဝင္ဘာလ ၉ ရက္၊ ေန႔လယ္ပုိင္းက လိႈင္သာယာၿမိဳ႕နယ္ စက္မႈဇုန္ရဲကင္း တာဝန္က် လိႈင္သာယာၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ၾကပ္ ေနလိႈင္းကိုကို၊ (၂၇)ႏွစ္ ပါ တပ္ဖြဲ႕ဝင္(၂)ဦးႏွင့္ စက္မွုဇုန္ လုံျခဳံေရးဝန္ထမ္း (၂)ဦးတို႔ပါ အဖြဲ႕သည္ လိႈင္သာယာၿမိဳ႕မ ရဲစခန္း၏ (ပ)၄၃၁၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၅/ ၁၁၄ အမွုမွ တရားခံ မနန္းမြန္ ပါ (၂)ဦးအား လိႈင္သာယာ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္ မ်ားႏွင့္ ပူးေပါင္း ဖမ္းဆီးရန္ စခန္းသို႔ ဆိုင္ကယ္မ်ားျဖင့္ ထြက္ခြာလာသည္။

အဆုိပါအဖဲြ ့ ေရဥကၠံရြာ က်ဴးေက်ာ္တဲအနီးအေရာက္ ၎က်ဴးေက်ာ္တဲေန သက္ဦးထြန္း (ခ) သိၾကားမင္း၊ (၁၉)ႏွစ္သည္ မိခင္ ေဒၚေအးသြယ္အား အရက္မူးၿပီး ဆဲဆိုေန၍ ေဒၚေအးသြယ္မွ ထိန္းသိမ္းေပးရန္ အကူအညီ ေတာင္းခံသျဖင့္ ဆိုင္ကယ္အား ရပ္တန္႔စဥ္ သက္ဦးထြန္း (ခ) သိၾကားမင္းမွ ဓားျဖင့္ထိုးခဲ့ရာ ရဲတပ္ၾကပ္ ေနလိႈင္းကိုကို တြင္ ယာညႇပ္ရိုးေအာက္ ျပတ္ရွ ထိုးသြင္းဒဏ္ရာ (၁)ခ်က္ (စိုးရိမ္ရ)ရရွိခဲ့ေၾကာင္း သိရသည္။

အဆုိပါ ဓားထုိးမႈျဖင့္ သက္ဦးထြန္း (ခ) သိၾကားမင္း (ဖမ္းမိ)အား လိႈင္သာယာၿမိဳ႕မ ရဲစခန္းမွ (ပ) ၄၃၁၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၃ (တာဝန္ ထမ္းေဆာင္ေနေသာ ျပည္သူ႔ဝန္ထမ္း အား ျပင္းထန္နာက်င္ ေစမႈ) ျဖင့္ အမွုဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အရက်မူးပြီး ဆဲဆိုသူကို ဝင်ထိန်းရာမှ ရဲတစ်ဦး ဓားထိုးခံရမှု တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၉ ရက်၊ နေ့လယ်ပိုင်းက လှိုင်သာယာမြို့နယ် စက်မှုဇုန်ရဲကင်း တာဝန်ကျ လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် နေလှိုင်းကိုကို၊ (၂၇)နှစ် ပါ တပ်ဖွဲ့ဝင်(၂)ဦးနှင့် စက်မှုဇုန် လုံခြုံရေးဝန်ထမ်း (၂)ဦးတို့ပါ အဖွဲ့သည် လှိုင်သာယာမြို့မ ရဲစခန်း၏ (ပ)၄၃၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၁၁၄ အမှုမှ တရားခံ မနန်းမွန် ပါ (၂)ဦးအား လှိုင်သာယာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း ဖမ်းဆီးရန် စခန်းသို့ ဆိုင်ကယ်များဖြင့် ထွက်ခွာလာသည်။

အဆိုပါအဖွဲ့ ရေဥက္ကံရွာ ကျူးကျော်တဲအနီးအရောက် ၎င်းကျူးကျော်တဲနေ သက်ဦးထွန်း (ခ) သိကြားမင်း၊ (၁၉)နှစ်သည် မိခင် ဒေါ်အေးသွယ်အား အရက်မူးပြီး ဆဲဆိုနေ၍ ဒေါ်အေးသွယ်မှ ထိန်းသိမ်းပေးရန် အကူအညီ တောင်းခံသဖြင့် ဆိုင်ကယ်အား ရပ်တန့်စဉ် သက်ဦးထွန်း (ခ) သိကြားမင်းမှ ဓားဖြင့်ထိုးခဲ့ရာ ရဲတပ်ကြပ် နေလှိုင်းကိုကို တွင် ယာညှပ်ရိုးအောက် ပြတ်ရှ ထိုးသွင်းဒဏ်ရာ (၁)ချက် (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားထိုးမှုဖြင့် သက်ဦးထွန်း (ခ) သိကြားမင်း (ဖမ်းမိ)အား လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၄၃၁၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (တာဝန် ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း အား ပြင်းထန်နာကျင် စေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top