Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးတိုင္းေဒသႀကီး သာစည္မင္းလွ ကန္အတြင္း ေရနစ္ေနသည့္ ၅ ႏွစ္အရြယ္ ကေလးကိုကယ္ရင္း ကုိယ္ဝန္ပ်က္က်ခဲ့တဲ့ မသီတာဦးအား ဂုဏ္ျပဳအလႉေငြ ၄ သိန္းေက်ာ္ကုိ နိုဝင္ဘာ ၉ ရက္ ညေနပိုင္းက ေပးအပ္ခ့ဲတယ္လုိ႔ ပရဟိတအက်ိဳးေဆာင္ ကုိထြန္းထြန္းလင္းက ေျပာပါတယ္။

“မသီတာဦးက တယ္လီဖုန္းမကုိင္ဘူး။ မသုံးတတ္ဘူးလုိ႔လည္းေျပာတယ္။ ဂုဏ္ျပဳေငြေပးဖို႔ သာစည္မီးရထားဓမၼာ႐ံုကုိ လာခ့ဲပါလုိ႔ ဖိတ္တယ္။ တကယ္လာေတာ့ သာစည္ၿမိဳ႕ေပၚမွာတင္ မ်က္စိလည္ေနလုိ႔ သြားေခၚရတယ္။ ေစာင့္ေနၾကတဲ့သူေတြက ၁၀၀ ေက်ာ္ေလာက္ရွိတယ္။ မသီတာဦးကုိ ၃ သိန္း ၉ ေသာင္း ေပးၿပီးမွ ေနာက္ထပ္ လႉတဲ႔ေငြ ၂ ေသာင္းေရာက္လာတယ္။ ထပ္လႉမယ့္သူေတြလည္း ရွိေနေသးေတာ့ ေပါင္းေပးေတာ့မယ္” လုိ႔ ဆက္ေျပာပါတယ္။

မသီတာဦးက “အခုလုိေငြေၾကးေတြ မေမ်ွာ္လင့္ပါဘူး။ အသက္တေခ်ာင္းကယ္ရမယ္ ဆုိတဲ႔စိတ္နဲ႔ ကုိယ့္ကုိယ္ကုိယ္ေတာင္ ဂ႐ုမစုိက္မိဘဲ ကေလးအသက္ရွင္ေရး ကယ္လုိ႔ရေရးပဲ စိတ္ထားခ့ဲတယ္။ ကေလးကုိကယ္ၿပီး အသက္ရွင္တယ္လုိ႔ သိရတဲ့ ပီတိက အားတခုပါ” လုိ႔ ေျပာပါတယ္။
တိုင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ဦး စံထြန္းက “မေန႔က မသီတာဦးကုိ ဂုဏ္ျပဳပြဲ လုပ္တာသိရတယ။ ခ်ီးက်ဳးဂုဏ္ျပဳထိုက္သူကုိ ခ်ီးက်ဳးဂုဏ္ျပဳေပးရတာ မဂၤလာတပါးပါပဲ။ က်ေနာ္တို႔လည္း ႐ံုးအဖြဲ႔နဲ႔ တိုင္ပင္ၿပီး ဂုဏ္ျပဳေပးဖို႔ လုပ္ေနပါတယ္။ ကုိယ့္အသက္မငဲ့ဘဲ တပါးသူရဲ႕ အသက္ကုိရေအာင္ ကယ္သူကုိ ခ်ီးက်ဳးဂုဏ္ျပဳမွာပါ” လုိ႔ ေျပာပါတယ္။

ေမာင္ထက္ျမက္သူရဲ႕အေမ မဇာဇာဝင္းက “က်မသားရဲ႕အသက္ကုိ အသက္စြန္႔ကယ္ခ့ဲတဲ့
မသီတာဦးကုိ ေက်းဇူးတင္တယ္ ဆိုတာထက္ ပုိေက်းဇူးတင္ပါတယ္။ ေတာ္႐ံုလူမလုပ္နိုင္တဲ့ အလုပ္တခုကုိ ကုိယ္ဝန္ေဆာင္မိန္းမသားတဦးအေနနဲ႔ လုပ္ေဆာင္ျပတာမို႔ ေက်းဇူးတင္ ဂုဏ္ျပဳပါတယ္” လုိ႔ ေျပာပါတယ္။
မီးရထားဝန္ထမ္းကုိမ်ိဳးထြန္းက “က်ေနာ္တို႔မီးရထားဝန္ထမ္း မိသားစုကုိ အသက္ကယ္ခ့ဲတာမို႔ မီးရထားရပ္ကြက္တခုလုံး အေနနဲ႔ ဂုဏ္ျပဳအလႉေငြနဲ႔ အဝတ္အစားေတြ ေပးအပ္တယ္။ ကုိသီဟေက်ာ္နဲ႔ ကုိေအာင္ခိုင္ထြန္းတို႔လည္း ေရနစ္တဲ့အထဲပါပါတယ္။ ေရကူးမက်ြမ္းက်င္ဘဲ တပါးသူကုိ ေရထဲက ကယ္ဖို႔ခက္တယ္။ သူတို႔အသက္သူတို႔ လုေနရေတာ့ စိတ္မႊန္သြားတယ္၊ ကယ္ပါဦးလုိ႔ပဲ ေအာ္နိုင္ေတာ့တယ္။ အသက္လုရတဲ႔ပြဲမွာ မသီတာဦးက ဝင္ကယ္ေပးခ့ဲတယ္” လုိ႔ေျပာပါတယ္။
မသီးတာဦး ဂုဏ္ျပဳအလႉေငြေပးအပ္ပြဲကုိ လူ ၁၀၀ ေက်ာ္တက္ေရာက္ၿပီး ရပ္ေဝးခ်ီးက်ဳးဂုဏ္ျပဳ အလႉေငြေတြ ေပးဖို႔ ဖုန္းနဲ႔ ဆက္ၿပီးအက်ိဳးအေၾကာင္းေမးၾကတယ္။ အခုလုိအသက္ကယ္ခ့ဲတဲ႔ မသီတာဦးကုိလည္း လာေရာက္ေတြ႔ဆုံ ခ်ီးက်ဳးဂုဏ္ျပဳေနၾကတယ္လုိ႔ သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မန္တလေးတိုင်းဒေသကြီး သာစည်မင်းလှ ကန်အတွင်း ရေနစ်နေသည့် ၅ နှစ်အရွယ် ကလေးကိုကယ်ရင်း ကိုယ်ဝန်ပျက်ကျခဲ့တဲ့ မသီတာဦးအား ဂုဏ်ပြုအလှူငွေ ၄ သိန်းကျော်ကို နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ ပရဟိတအကျိုးဆောင် ကိုထွန်းထွန်းလင်းက ပြောပါတယ်။


“မသီတာဦးက တယ်လီဖုန်းမကိုင်ဘူး။ မသုံးတတ်ဘူးလို့လည်းပြောတယ်။ ဂုဏ်ပြုငွေပေးဖို့ သာစည်မီးရထားဓမ္မာရုံကို လာခဲ့ပါလို့ ဖိတ်တယ်။ တကယ်လာတော့ သာစည်မြို့ပေါ်မှာတင် မျက်စိလည်နေလို့ သွားခေါ်ရတယ်။ စောင့်နေကြတဲ့သူတွေက ၁၀၀ ကျော်လောက်ရှိတယ်။ မသီတာဦးကို ၃ သိန်း ၉ သောင်း ပေးပြီးမှ နောက်ထပ် လှူတဲ့ငွေ ၂ သောင်းရောက်လာတယ်။ ထပ်လှူမယ့်သူတွေလည်း ရှိနေသေးတော့ ပေါင်းပေးတော့မယ်” လို့ ဆက်ပြောပါတယ်။


မသီတာဦးက “အခုလိုငွေကြေးတွေ မမျှော်လင့်ပါဘူး။ အသက်တချောင်းကယ်ရမယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်မိဘဲ ကလေးအသက်ရှင်ရေး ကယ်လို့ရရေးပဲ စိတ်ထားခဲ့တယ်။ ကလေးကိုကယ်ပြီး အသက်ရှင်တယ်လို့ သိရတဲ့ ပီတိက အားတခုပါ” လို့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး စံထွန်းက “မနေ့က မသီတာဦးကို ဂုဏ်ပြုပွဲ လုပ်တာသိရတယ။ ချီးကျုးဂုဏ်ပြုထိုက်သူကို ချီးကျုးဂုဏ်ပြုပေးရတာ မင်္ဂလာတပါးပါပဲ။ ကျနော်တို့လည်း ရုံးအဖွဲ့နဲ့ တိုင်ပင်ပြီး ဂုဏ်ပြုပေးဖို့ လုပ်နေပါတယ်။ ကိုယ့်အသက်မငဲ့ဘဲ တပါးသူရဲ့ အသက်ကိုရအောင် ကယ်သူကို ချီးကျုးဂုဏ်ပြုမှာပါ” လို့ ပြောပါတယ်။


မောင်ထက်မြက်သူရဲ့အမေ မဇာဇာဝင်းက “ကျမသားရဲ့အသက်ကို အသက်စွန့်ကယ်ခဲ့တဲ့
မသီတာဦးကို ကျေးဇူးတင်တယ် ဆိုတာထက် ပိုကျေးဇူးတင်ပါတယ်။ တော်ရုံလူမလုပ်နိုင်တဲ့ အလုပ်တခုကို ကိုယ်ဝန်ဆောင်မိန်းမသားတဦးအနေနဲ့ လုပ်ဆောင်ပြတာမို့ ကျေးဇူးတင် ဂုဏ်ပြုပါတယ်” လို့ ပြောပါတယ်။
မီးရထားဝန်ထမ်းကိုမျိုးထွန်းက “ကျနော်တို့မီးရထားဝန်ထမ်း မိသားစုကို အသက်ကယ်ခဲ့တာမို့ မီးရထားရပ်ကွက်တခုလုံး အနေနဲ့ ဂုဏ်ပြုအလှူငွေနဲ့ အဝတ်အစားတွေ ပေးအပ်တယ်။ ကိုသီဟကျော်နဲ့ ကိုအောင်ခိုင်ထွန်းတို့လည်း ရေနစ်တဲ့အထဲပါပါတယ်။ ရေကူးမကျွမ်းကျင်ဘဲ တပါးသူကို ရေထဲက ကယ်ဖို့ခက်တယ်။ သူတို့အသက်သူတို့ လုနေရတော့ စိတ်မွှန်သွားတယ်၊ ကယ်ပါဦးလို့ပဲ အော်နိုင်တော့တယ်။ အသက်လုရတဲ့ပွဲမှာ မသီတာဦးက ဝင်ကယ်ပေးခဲ့တယ်” လို့ပြောပါတယ်။
မသီးတာဦး ဂုဏ်ပြုအလှူငွေပေးအပ်ပွဲကို လူ ၁၀၀ ကျော်တက်ရောက်ပြီး ရပ်ဝေးချီးကျုးဂုဏ်ပြု အလှူငွေတွေ ပေးဖို့ ဖုန်းနဲ့ ဆက်ပြီးအကျိုးအကြောင်းမေးကြတယ်။ အခုလိုအသက်ကယ်ခဲ့တဲ့ မသီတာဦးကိုလည်း လာရောက်တွေ့ဆုံ ချီးကျုးဂုဏ်ပြုနေကြတယ်လို့ သိရပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top