Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အဓိကကေတာ့ သမီးရည္းစားေတြၾကားက အေတြ႕ရအမ်ားဆုံးအေျခအေနကို ေျပာျပေရးခ်ခ်င္တာမ်ိဳးေပါ့ေနာ္ .. နားလည္မူေလး ငုပ္ကြယ္တဲ့ ခန မွာ ေဒါသထြက္ၾက ေအာ္ၾကဟစ္ၾက အျပစ္ေတြေဖာ္ၾက ..

အဲ့ထက္ပိုၿပီး ျပင္းထန္လာရင္ ဆဲၾကတယ္ .. အေဖ အေမေတြပါ ကိုင္တုပ္ၿပီး ဆဲမိၾကတယ္ ..အဆိုးဆုံးက တြန္းထိုး ႐ိုက္ပုတ္ၾကတာမ်ိဳးအထိေပါ့ .. ဒါဟာ Relationship ခ်ိတ္ဖူးသူတိုင္း နီးပါးမွာ ေတြ႕ကိုေတြ႕ရမယ့္ ကိစၥေတြ .. စိတ္အခန္႔မသင့္ နားလည္မူယိုင္နဲ႔ၿပီး သေဘာထားမတိုက္ဆိုင္တဲ့ ခနေလးမွာ တစ္ေယာက္က ဝုန္းဆို မီးထေတာက္ရင္ အျခားဖက္က လဲ ဝုန္းဆိုျပန္ခ်ဲလိုက္ၾကတာမ်ိဳး ..

သံသယအားက ေကာင္းေနေတာ့ ေဒါသကို ေလပင့္ၿပီး အရွိန္ျပင္းေစတာကိုး .. ကဲ .. စၿပီ .. ရန္ျဖစ္ၾကၿပီ ဆိုတာနဲ႔ ... အႏိုင္ရလိုစိတ္နဲ႔ ရန္ျဖစ္ၾကတာထက္ တဖက္က အေလွ်ာ့ေပးမလားဆိုၿပီး အေလွ်ာ့မေပးလို႔ဆိုၿပီး ေအာ္ၾကဟစ္ၾက ဆဲၾက .. တေယာက္အျပစ္တေယာက္ဖိနင္းေျပာၾက နဲ႔ ... သံသယစိတ္က မီး႐ွိဳ႕ေပးေတာ့ ေဒါသက ပိုျပင္းၿပီး အေဖ အေမေတြပါ ထည့္ၿပီး ဆဲလာၾကတယ္ ..

 အဆိုးဆုံးက လက္ေတြပါ ပါလာတဲ့အထိ .. တြန္းထိုး ႐ိုက္ပုတ္ၾကတယ္ .. အခုေခတ္ဆို Facebook ေပၚတက္ Public နဲ႔တင္ၿပီး ရန္ျဖစ္ၾကတာမ်ိဳးအထိ လုပ္တတ္ၾကတယ္ .. ေဒါသ ထြက္ေနၿပီေလ .. လုပ္သင့္ မသင့္ ထက္ ဒါမ်ိဳးလုပ္ရင္ သူ အမွန္ျမင္မယ္ ဝန္ခံမယ္ အေလွ်ာ့ေပးမယ္လို႔ ယူဆမိေနၿပီ ကိုး ... အဲ့ဒီ ရန္ျဖစ္ စကားမ်ားေအာ္ဟစ္ေနၾကတဲ့အခ်ိန္ဆိုရင္ ကိုယ္နဲ႔ရန္ျဖစ္ေနသူကို ခနထား .. ကိုယ့္ကိုယ္၌ကို ျပန္ၾကည့္ၾကည့္ရင္ ပူေလာင္ေနတာ .. ရင္ဘက္ထဲမွာလဲ ပူလို႔ .. ေခါင္းထဲမွာလဲ ပူလို႔ .. မ်က္ႏွာက အေၾကာေတြ မ်က္လုံးက အေၾကာေတြဆို တင္းၿပီး စပ္လို႔ .. ပင္ပန္းတယ္ဗ် ..

တဖက္က ကိုယ့္ရဲ႕ ခ်စ္သူလဲ ထပ္တူပင္ပန္းတယ္ .. ကိုယ့္ရဲ႕ ခႏၶာကိုယ္ကိုေရာ စိတ္ကိုေရာ နွိပ္စက္ေနတာလို႔ပဲ ျမင္တယ္ .. အလားတူပဲ .. ကိုယ့္ခ်စ္သူရဲ႕ ခႏၶာကိုယ္ေရာ စိတ္ကိုပါ နွိပ္စက္ေနတာလို႔ပဲ သတ္မွတ္ခ်င္တယ္ .. တေယာက္အေပၚတေယာက္အႏိုင္ရခ်င္လို႔လားဆိုေတာ့လဲ မဟုတ္ဘူး .. အဓိကက Relationship ေတြထဲက 90% ေလာက္က အဲ့လိုေတြျဖစ္ၾကလို႔ ျပတ္ၾကလား , လမ္းခြဲလိုက္ၾကလားဆိုေတာ့လဲ မဟုတ္ဘူး .. အားရပါးရ ရန္ျဖစ္ဆဲဆိုၾကၿပီး ခနအၾကာ တရက္အၾကာ တပတ္အၾကာမွာ ျပန္ၿပီး အဆင္ေျပသြားၾကေတာ့ ဆဲခဲ့ေျပာခဲ့ သိကၡာက်ခဲ့သမွ်ပဲ အဖတ္တင္က်န္ခဲ့တာခ်ည္းပဲ ..

အဲ့ဒီေတာ့ဗ်ာ .. တကယ္မွ မျပတ္စဲႏိုင္ၾကပဲနဲ႔ေတာ့ သိကၡာအက်မခံၾကပါနဲ႔ .. သိကၡာမက်ပါေစနဲ႔ .. ကိုယ့္ကိုယ္ကိုယ္လဲ မႏွိပ္စက္ၾကပါနဲ႔ .. ကိုယ့္ခ်စ္သူကိုလဲ မႏွိပ္စက္ၾကပါနဲ႔ . အေလွ်ာ့ေပးၿပီး ေၾကေအးမယ့္လမ္း ေရြးတာကို ငါသိကၡာက်သြားၿပီ ငါ့ကိုအထင္ေသးသြားမွာလား ငါေရွ႕ေလွ်ာက္အႏိုင္ခံရေတာ့မွာလားလို႔ မေတြးၾကပါနဲ႔ .. ျပသနာကို ပညာရွိစြာ ခ်ဥ္းကပ္တတ္သူမို႔သာ လုပ္ေဆာင္ႏိုင္တာပါ .. အေလွ်ာ့ေပးၿပီး ေျပလည္ေၾကလည္ေအာင္ စြမ္းေဆာင္ႏိုင္သူ ျဖစ္ပါေစ လို႔ တိုက္တြန္းအၾကံျပဳပါရေစဗ်ာ ..

စိတ္ခ်မ္းသာမူမ်ား ေမြးဖြားၾကံေဆာင္ႏိုင္ၾကပါေစ 🙏🏻

ကိုယ္ေတြ႕ျဖစ္ရပ္မ်ားမွ 😝 မွတ္စုၾကမ္း -

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ညီ႐ိုး

# Unicode Version ျဖင့္ ဖတ္ပါ #

အဓိကကတော့ သမီးရည်းစားတွေကြားက အတွေ့ရအများဆုံးအခြေအနေကို ပြောပြရေးချချင်တာမျိုးပေါ့နော် .. နားလည်မူလေး ငုပ်ကွယ်တဲ့ ခန မှာ ဒေါသထွက်ကြ အော်ကြဟစ်ကြ အပြစ်တွေဖော်ကြ ..

အဲ့ထက်ပိုပြီး ပြင်းထန်လာရင် ဆဲကြတယ် .. အဖေ အမေတွေပါ ကိုင်တုပ်ပြီး ဆဲမိကြတယ် ..အဆိုးဆုံးက တွန်းထိုး ရိုက်ပုတ်ကြတာမျိုးအထိပေါ့ .. ဒါဟာ Relationship ချိတ်ဖူးသူတိုင်း နီးပါးမှာ တွေ့ကိုတွေ့ရမယ့် ကိစ္စတွေ .. စိတ်အခန့်မသင့် နားလည်မူယိုင်နဲ့ပြီး သဘောထားမတိုက်ဆိုင်တဲ့ ခနလေးမှာ တစ်ယောက်က ဝုန်းဆို မီးထတောက်ရင် အခြားဖက်က လဲ ဝုန်းဆိုပြန်ချဲလိုက်ကြတာမျိုး ..

သံသယအားက ကောင်းနေတော့ ဒေါသကို လေပင့်ပြီး အရှိန်ပြင်းစေတာကိုး .. ကဲ .. စပြီ .. ရန်ဖြစ်ကြပြီ ဆိုတာနဲ့ ... အနိုင်ရလိုစိတ်နဲ့ ရန်ဖြစ်ကြတာထက် တဖက်က အလျှော့ပေးမလားဆိုပြီး အလျှော့မပေးလို့ဆိုပြီး အော်ကြဟစ်ကြ ဆဲကြ .. တယောက်အပြစ်တယောက်ဖိနင်းပြောကြ နဲ့ ... သံသယစိတ်က မီးရှို့ပေးတော့ ဒေါသက ပိုပြင်းပြီး အဖေ အမေတွေပါ ထည့်ပြီး ဆဲလာကြတယ် ..

 အဆိုးဆုံးက လက်တွေပါ ပါလာတဲ့အထိ .. တွန်းထိုး ရိုက်ပုတ်ကြတယ် .. အခုခေတ်ဆို Facebook ပေါ်တက် Public နဲ့တင်ပြီး ရန်ဖြစ်ကြတာမျိုးအထိ လုပ်တတ်ကြတယ် .. ဒေါသ ထွက်နေပြီလေ .. လုပ်သင့် မသင့် ထက် ဒါမျိုးလုပ်ရင် သူ အမှန်မြင်မယ် ဝန်ခံမယ် အလျှော့ပေးမယ်လို့ ယူဆမိနေပြီ ကိုး ... အဲ့ဒီ ရန်ဖြစ် စကားများအော်ဟစ်နေကြတဲ့အချိန်ဆိုရင် ကိုယ်နဲ့ရန်ဖြစ်နေသူကို ခနထား .. ကိုယ့်ကိုယ်၌ကို ပြန်ကြည့်ကြည့်ရင် ပူလောင်နေတာ .. ရင်ဘက်ထဲမှာလဲ ပူလို့ .. ခေါင်းထဲမှာလဲ ပူလို့ .. မျက်နှာက အကြောတွေ မျက်လုံးက အကြောတွေဆို တင်းပြီး စပ်လို့ .. ပင်ပန်းတယ်ဗျ ..

တဖက်က ကိုယ့်ရဲ့ ချစ်သူလဲ ထပ်တူပင်ပန်းတယ် .. ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုရော စိတ်ကိုရော နှိပ်စက်နေတာလို့ပဲ မြင်တယ် .. အလားတူပဲ .. ကိုယ့်ချစ်သူရဲ့ ခန္ဓာကိုယ်ရော စိတ်ကိုပါ နှိပ်စက်နေတာလို့ပဲ သတ်မှတ်ချင်တယ် .. တယောက်အပေါ်တယောက်အနိုင်ရချင်လို့လားဆိုတော့လဲ မဟုတ်ဘူး .. အဓိကက Relationship တွေထဲက 90% လောက်က အဲ့လိုတွေဖြစ်ကြလို့ ပြတ်ကြလား , လမ်းခွဲလိုက်ကြလားဆိုတော့လဲ မဟုတ်ဘူး .. အားရပါးရ ရန်ဖြစ်ဆဲဆိုကြပြီး ခနအကြာ တရက်အကြာ တပတ်အကြာမှာ ပြန်ပြီး အဆင်ပြေသွားကြတော့ ဆဲခဲ့ပြောခဲ့ သိက္ခာကျခဲ့သမျှပဲ အဖတ်တင်ကျန်ခဲ့တာချည်းပဲ ..

အဲ့ဒီတော့ဗျာ .. တကယ်မှ မပြတ်စဲနိုင်ကြပဲနဲ့တော့ သိက္ခာအကျမခံကြပါနဲ့ .. သိက္ခာမကျပါစေနဲ့ .. ကိုယ့်ကိုယ်ကိုယ်လဲ မနှိပ်စက်ကြပါနဲ့ .. ကိုယ့်ချစ်သူကိုလဲ မနှိပ်စက်ကြပါနဲ့ . အလျှော့ပေးပြီး ကြေအေးမယ့်လမ်း ရွေးတာကို ငါသိက္ခာကျသွားပြီ ငါ့ကိုအထင်သေးသွားမှာလား ငါရှေ့လျှောက်အနိုင်ခံရတော့မှာလားလို့ မတွေးကြပါနဲ့ .. ပြသနာကို ပညာရှိစွာ ချဉ်းကပ်တတ်သူမို့သာ လုပ်ဆောင်နိုင်တာပါ .. အလျှော့ပေးပြီး ပြေလည်ကြေလည်အောင် စွမ်းဆောင်နိုင်သူ ဖြစ်ပါစေ လို့ တိုက်တွန်းအကြံပြုပါရစေဗျာ ..

စိတ်ချမ်းသာမူများ မွေးဖွားကြံဆောင်နိုင်ကြပါစေ 🙏🏻

ကိုယ်တွေ့ဖြစ်ရပ်များမှ 😝 မှတ်စုကြမ်း -

ဖိုးသူတော် (www.phothutaw.com)
Credit: ညီရိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top