ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဧရာဝတီတိုင္း သာေပါင္း ၿမိဳ႕နယ္အတြင္း ဂ်ပန္ ဦးေႏွာက္ ေရာင္ေရာဂါ ကာကြယ္ေဆးထိုး ၿပီး သုံးရက္အၾကာတြင္ (၇)ႏွစ္အ႐ြယ္ ကေလးတစ္ဦး ေသဆုံးမႈယမန္ေန႔က ျဖစ္ပြားခဲ့သည္။ ေသဆုံးမႈသည္ ကာကြယ္ေဆးေၾကာင့္ ဟုတ္၊ မဟုတ္ အတည္မျပဳႏိုင္ေသးေၾကာင္း တိုင္းလူမႈေရးဝန္ ႀကီး ေဒါက္တာလွျမတ္ေသြးက ေျပာသည္။
‘‘ျပည္သူ႔က်န္းမာေရးဦးစီး ဌာနက တာဝန္ရွိသူေတြကို ကေလးေသဆုံးမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးမႈေတြလုပ္ဖို႔ ေျပာထား ၿပီးပါၿပီ။ စစ္ေဆးလို႔မၿပီးေသး ေတာ့ အတည္ျပဳလို႔ေတာ့ မရ ေသးပါဘူး’’ဟု ဝန္ႀကီး ေဒါက္ တာလွျမတ္ေသြးက ေျပာသည္။

ေရွာျပာကုန္းေက်း႐ြာအုပ္စု ကညင္ေခ်ာင္းေက်း႐ြာတြင္ ပထမတန္းေက်ာင္းသား ေမာင္ေက်ာ္ ဇင္ထက္သည္ ႏိုဝင္ဘာ ၁၆ ရက္၌ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါ ကာကြယ္ေဆး ထိုးႏွံၿပီးေနာက္၁၇ရက္

တြင္ ေခါင္းမူးသည့္ေဝဒနာခံစားခဲ့ရၿပီး ႏွစ္ႀကိမ္ေအာ့အန္မႈျဖစ္ခဲ့ ေၾကာင္း ဖခင္က ေျပာသည္။ ယင္းေနာက္ ႏိုဝင္ဘာ ၁၈ ရက္တြင္ ငါးႀကိမ္တိုင္ေအာ့အန္မႈျဖစ္ခဲ့ၿပီးျဖစ္ေနသည့္ ကာလတစ္ေလွ်ာက္ အစာႏွင့္ ေရပါေသာက္ခဲ့ျခင္းမရွိေၾကာင္း ကေလး၏ ဖခင္ ဦးျမေ႐ႊက ေျပာသည္။

‘‘သူက မူးတယ္၊ အန္တယ္ ျဖစ္ေနေတာ့ ဒီေန႔ (ႏိုဝင္ဘာ ၁၉ ရက္)ပဲ ဆရာမကို အေၾကာင္း ၾကားတယ္။ ဆရာမက ေခၚလာ ခဲ့ပါဆိုေတာ့ ကေလးကိုေခၚသြား ခဲ့တယ္။ ဆရာမက ေဆး႐ုံတက္ ဖို႔ ေျပာတယ္။ ကြၽန္ေတာ္က ေဆး ႐ုံသြားမျပႏိုင္ဘူး။ ေငြမရွိတာ လည္း ပါတယ္။ သူအရမ္းေန မေကာင္းတာလည္း ပါတယ္။ ဒါနဲ႔ ဒီေန႔ ေန႔လယ္ ၁ နာရီေက်ာ္ ေက်ာ္ေလာက္မွာ ကေလးက ဆုံး သြားတယ္’’ဟု ဦးျမေ႐ႊက ေျပာ ၾကားသည္။

ေသဆုံးသြားသည့္ ကေလး ငယ္သည္ လြန္ခဲ့သည့္ ၂၀၁၆ တြင္ ေက်ာက္ကပ္ေရာဂါေၾကာင့္ ဆီးမသြားႏိုင္သည့္ ေဝဒနာခံစားခဲ့ ရသျဖင့္ ေဆးကုသမႈခံယူခဲ့ရဖူးေၾကာင္း၊ ေဆးမထိုးမီ လြန္ခဲ့ သည့္ ရက္အနည္းငယ္တြင္ တုပ္ ေကြးဖ်ားနာမႈရွိခဲ့ေၾကာင္း၊ ျပန္ လည္ေကာင္းမြန္လာသည္မွာ ရက္အနည္းငယ္သာ ရွိေသး ေၾကာင္း ဦးျမေ႐ႊက ေျပာသည္။

ပင္ေလာင္းၿမိဳ႕တြင္လည္း ဂ်ပန္ဦးေႏွာက္ေရာင္ ကာကြယ္ ေဆးထိုးႏွံၿပီးေနာက္ သတၱမတန္း ေက်ာင္းသူတစ္ဦး ေသဆုံးခဲ့ၿပီး ေရာဂါအခံ ရွိ၊ မရွိ ဓာတ္ခြဲစစ္ ေဆးခ်က္အေျဖကို လာမည့္တစ္ ပတ္၌ သတင္းထုတ္ျပန္ႏိုင္ရန္ ခန႔္မွန္းထားေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ ကာ ကြယ္ေဆးထိုးစီမံခ်က္ မန္ေနဂ်ာ ေဒါက္တာထားထားလင္းက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဧရာဝတီတိုင်း သာပေါင်း မြို့နယ်အတွင်း ဂျပန် ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးထိုး ပြီး သုံးရက်အကြာတွင် (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးမှုယမန်နေ့က ဖြစ်ပွားခဲ့သည်။ သေဆုံးမှုသည် ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်း တိုင်းလူမှုရေးဝန် ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။
‘‘ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက တာဝန်ရှိသူတွေကို ကလေးသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေလုပ်ဖို့ ပြောထား ပြီးပါပြီ။ စစ်ဆေးလို့မပြီးသေး တော့ အတည်ပြုလို့တော့ မရ သေးပါဘူး’’ဟု ဝန်ကြီး ဒေါက် တာလှမြတ်သွေးက ပြောသည်။



ရှောပြာကုန်းကျေးရွာအုပ်စု ကညင်ချောင်းကျေးရွာတွင် ပထမတန်းကျောင်းသား မောင်ကျော် ဇင်ထက်သည် နိုဝင်ဘာ ၁၆ ရက်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက်၁၇ရက်

တွင် ခေါင်းမူးသည့်ဝေဒနာခံစားခဲ့ရပြီး နှစ်ကြိမ်အော့အန်မှုဖြစ်ခဲ့ ကြောင်း ဖခင်က ပြောသည်။ ယင်းနောက် နိုဝင်ဘာ ၁၈ ရက်တွင် ငါးကြိမ်တိုင်အော့အန်မှုဖြစ်ခဲ့ပြီးဖြစ်နေသည့် ကာလတစ်လျှောက် အစာနှင့် ရေပါသောက်ခဲ့ခြင်းမရှိကြောင်း ကလေး၏ ဖခင် ဦးမြရွှေက ပြောသည်။

‘‘သူက မူးတယ်၊ အန်တယ် ဖြစ်နေတော့ ဒီနေ့ (နိုဝင်ဘာ ၁၉ ရက်)ပဲ ဆရာမကို အကြောင်း ကြားတယ်။ ဆရာမက ခေါ်လာ ခဲ့ပါဆိုတော့ ကလေးကိုခေါ်သွား ခဲ့တယ်။ ဆရာမက ဆေးရုံတက် ဖို့ ပြောတယ်။ ကျွန်တော်က ဆေး ရုံသွားမပြနိုင်ဘူး။ ငွေမရှိတာ လည်း ပါတယ်။ သူအရမ်းနေ မကောင်းတာလည်း ပါတယ်။ ဒါနဲ့ ဒီနေ့ နေ့လယ် ၁ နာရီကျော် ကျော်လောက်မှာ ကလေးက ဆုံး သွားတယ်’’ဟု ဦးမြရွှေက ပြော ကြားသည်။

သေဆုံးသွားသည့် ကလေး ငယ်သည် လွန်ခဲ့သည့် ၂၀၁၆ တွင် ကျောက်ကပ်ရောဂါကြောင့် ဆီးမသွားနိုင်သည့် ဝေဒနာခံစားခဲ့ ရသဖြင့် ဆေးကုသမှုခံယူခဲ့ရဖူးကြောင်း၊ ဆေးမထိုးမီ လွန်ခဲ့ သည့် ရက်အနည်းငယ်တွင် တုပ် ကွေးဖျားနာမှုရှိခဲ့ကြောင်း၊ ပြန် လည်ကောင်းမွန်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေး ကြောင်း ဦးမြရွှေက ပြောသည်။

ပင်လောင်းမြို့တွင်လည်း ဂျပန်ဦးနှောက်ရောင် ကာကွယ် ဆေးထိုးနှံပြီးနောက် သတ္တမတန်း ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး ရောဂါအခံ ရှိ၊ မရှိ ဓာတ်ခွဲစစ် ဆေးချက်အဖြေကို လာမည့်တစ် ပတ်၌ သတင်းထုတ်ပြန်နိုင်ရန် ခန့်မှန်းထားကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ကာ ကွယ်ဆေးထိုးစီမံချက် မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top