ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အကယ္၍ သင္သည္ အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံေနလွ်င္ သင့္တြင္ အိပ္ေပ်ာ္စဥ္ လိင္ဆက္ဆံျခင္းျပႆနာ (sexsomnia) ရွိနုိ္င္သည္။ ဤေဆာင္းပါးမွ ဤေရာဂါႏွင့္ပတ္သက္၍ သိသင့္သည္မ်ားကုိ ေဖာ္ျပပါမည္။

လူအေတာ္မ်ားမ်ားသည္ အိပ္ေနရင္း လမ္းေလွ်ာက္ျခင္းကုိ ရင္းႏွီးၾကပါသည္။ သုိ႔ေသာ္ အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း (sexsomnia) ျဖစ္လွ်င္ အမ်ားစုသည္ အံ့ၾသသြားၾကသည္။ အိပ္ေနရင္း လမ္းေလွ်ာက္ျခင္းလုိပင္ sexsomnia သည္ အိပ္ေနစဥ္တြင္ လိင္ဆက္ဆံသည္ကုိ ေတြ႔ရပါသည္။ ဤအေၾကာင္း သဘာ၀ sexsomnia ကုိ ေတြ႔ၾကံဳရသူမ်ားက မွားယြင္းစြာ နားလည္ ကုသမိၾကပါသည္။
အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း (sexsomnia)ဆုိသည္မွာဘာလဲ။

အိပ္ေနရင္းလိင္ဆက္ဆံျခင္းျဖစ္သည္။ ၄င္းသည္NREM (အိပ္တ၀က္ႏုိးတ၀က္အေျခအေန) ပံုစံမ်ိဳးျဖစ္ကာ လူမ်ားကုိလိင္ဆက္ဆံသည့္အျပဳအမူျဖစ္သည့္ ပြတ္သပ္ျခင္း၊ လိင္အဂၤါကုိလက္ႏွင့္ႏွုိးဆြကာ ကာမဂုဏ္ခံစားျခင္း၊ လိင္ဆက္ဆံျခင္းႏွင့္ တစ္ခါတစ္ရံမုဒိမ္းက်င့္ျခင္း စသည္တုိ႔ကုိအိပ္ေပ်ာ္ေနစဥ္ ျပဳလုပ္မိေစပါသည္။

အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္းရွိသည့္ လူတစ္ေယာက္သည္ လုံး၀ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေနလွ်င္ ေရွ႔ရက္ကဘာေတြျဖစ္ခဲ့သည္ကုိ မွတ္မိႏုိင္မည္မဟုတ္ေပ။ အမ်ားဆုံးေတြ႕ရသည္မွာ လူတစ္ဦးသည္ေတြ႕ၾကဳံခဲ့ေသာ အျဖစ္အပ်က္ကုိ သတိမရနုိင္(သုိ႔) ျငင္းဆုိေနမည္ျဖစ္သည္။
ဘာေတြကအိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း ကုိျဖစ္ေစသလဲ။

အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း အပါအ၀င္အိပ္စက္ျခင္းဆုိင္ရာ ျပႆနာအမ်ားအျပားသည္ အိပ္ေရးပ်က္ျခင္း (သို ့) အိပ္ေနစဥ္ ရုတ္တရက္ အသက္ရွဴျခင္းကဲ့သို ့ေသာ အေၾကာင္းရင္းမ်ားေၾကာင့္ ျဖစ္ေလ့ရွိပါသည္။ ေဆး၀ါးသုံးစြဲျခင္းအားျဖင့္ ဤအျပဳအမူမ်ားကုိသိသိသာသာ ေလ်ာ့ခ်ေပးနုိင္သည္။ ထုိ႔ျပင္မ်ိဳးရုိးလုိက္ျခင္းကုိလည္း ထည့္သြင္းစဥ္းစားရမည္။ ဤအေၾကာင္းသည္လည္း ပံုမွန္လူမ်ားထက္ အိပ္စက္ျခင္းဆုိင္ရာ ေရာဂါမ်ား ပို ခံစားရေစသည့္ အေၾကာင္းရင္း တစ္ခုျဖစ္သည္။ ေဆးႏွင့္အရက္သုံးစြဲသူမ်ားတြင္ အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္းျပႆနာကုိ ပုိ၍ ၾကဳံေတြ႔နုိင္သည္။

ေယာကၤ်ားေကာမိန္းမပါ ဤအေျခအေနကုိၾကဳံေတြ႕နုိင္ေသာ္လည္းေလ့လာခ်က္မ်ားအရ အမ်ိဳးသမီးမ်ားထက္ အမ်ိဳးသားမ်ားတြင္ ပုိ၍ေတြ႕ရတတ္သည္။ ထုိ႔ျပင္ လူအခ်ိဳ႕သည္ ဤအေျခအေနကုိ ရွက္ရြြံ၍ ဖံုးကြယ္ထားေသာေၾကာင့္ လက္ေတြ ့တြင္ လူမွဳ၀န္းက်င္ကေတြးထားသည္ထက္ပုိ၍ အျဖစ္မ်ားပါသည္။
အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္းျပႆနာမ်ားကုိဘယ္လုိကူညီမလဲ။

ယခုအခ်ိန္အထိအိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း ေရာဂါကုသရာတြင္ သုံးသည့္  FDAမွ ခြင့္ျပဳထားေသာေဆးမရွိေသးပါ။ မည္သုိ႕ပင္ျဖစ္ေစ ဆရာ၀န္မ်ားသည္ အသုံးမ်ားေသာ စိတ္က်ေဆးမ်ားႏွင့္ အိပ္ေဆးမ်ားကုိ ကုသေရးတြင္သုံးျခင္းျဖင့္ ေအာင္ျမင္မွဳရရွိျကသည္။

ေအာင္ျမင္နုိင္ျခင္းရွိမရွိ မေသခ်ာသည့္အကူအညီကုိရွာေဖြျခင္းထက္ ဒီေရာဂါ ရွိသူမ်ားအတြက္ လုံျခံဳေသာ ပတ္၀န္းက်င္တစ္ခုဖန္တီးေပးျခင္းက ပုိ၍ထိေရာက္ပါသည္။ ဤေရာဂါခံစားေနရသူမ်ားသည္ သီးသန္႔အခန္းတြင္အိပ္ျခင္း၊ တံခါးပိတ္ျခင္း၊ အလုိအေလ်ာက္သတိေပးသည့္ စက္မ်ားတံခါးတြင္တပ္ျခင္း တုိ႔ကုိျပဳလုပ္သင့္သည္။

အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္းျပႆနာ သည္ အျခားအိပ္ျခင္းဆုိင္ရာ ကစဥ့္ကလ်ားျဖစ္စဥ္(သုိ႔) ေဆးႏွင့္အရက္သုံးစြဲျခင္းတုိ႔ေၾကာင့္လည္း ျဖစ္နုိင္သည္ကုိ သိထားရမည္။ ထုိေၾကာင့္ ထုိအေျခအေနမ်ားကုိ ကုသဖုိ႔လည္းအေရးၾကီးပါသည္။

အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း ျပႆနာ သည္ အလြန္ပင္စိတ္ထိခုိက္ေစနုိင္ျပီး လူအမ်ားစုက မွားယြင္းနားလည္ထားၾကသည္။ သင္ကုိယ္တုိင္(သုိ႕) သင္ခ်စ္ခင္ရသူမ်ားတြင္ အိပ္ေပ်ာ္ေနစဥ္ လိင္ဆက္ဆံျခင္း ျပႆနာရွိသည္ဟု သံသယ၀င္ပါက ဆရာ၀န္ဆီသြားျခင္း(သုိ႔) က်န္းမာေရးေစာင့္ေရွာက္သူထံတြင္ အျခားေရာဂါရွာေဖြျခင္း၊ ကုသျခင္း၊ အၾကံဥာဏ္ယူျခင္းတုိ႔က အသင့္ေတာ္ဆုံးျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အကယ်၍ သင်သည် အိပ်ပျော်နေစဉ် လိင်ဆက်ဆံနေလျှင် သင့်တွင် အိပ်ပျော်စဉ် လိင်ဆက်ဆံခြင်းပြဿနာ (sexsomnia) ရှိနိုင်သည်။ ဤဆောင်းပါးမှ ဤရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကို ဖော်ပြပါမည်။

လူအတော်များများသည် အိပ်နေရင်း လမ်းလျှောက်ခြင်းကို ရင်းနှီးကြပါသည်။ သို့သော် အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia) ဖြစ်လျှင် အများစုသည် အံ့သြသွားကြသည်။ အိပ်နေရင်း လမ်းလျှောက်ခြင်းလိုပင် sexsomnia သည် အိပ်နေစဉ်တွင် လိင်ဆက်ဆံသည်ကို တွေ့ရပါသည်။ ဤအကြောင်း သဘာ၀ sexsomnia ကို တွေ့ကြုံရသူများက မှားယွင်းစွာ နားလည် ကုသမိကြပါသည်။
အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia)ဆိုသည်မှာဘာလဲ။

အိပ်နေရင်းလိင်ဆက်ဆံခြင်းဖြစ်သည်။ ၎င်းသည်NREM (အိပ်တဝက်နိုးတဝက်အခြေအနေ) ပုံစံမျိုးဖြစ်ကာ လူများကိုလိင်ဆက်ဆံသည့်အပြုအမူဖြစ်သည့် ပွတ်သပ်ခြင်း၊ လိင်အင်္ဂါကိုလက်နှင့်နှိုးဆွကာ ကာမဂုဏ်ခံစားခြင်း၊ လိင်ဆက်ဆံခြင်းနှင့် တစ်ခါတစ်ရံမုဒိမ်းကျင့်ခြင်း စသည်တို့ကိုအိပ်ပျော်နေစဉ် ပြုလုပ်မိစေပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းရှိသည့် လူတစ်ယောက်သည် လုံးဝနှစ်ခြိုက်စွာအိပ်ပျော်နေလျှင် ရှေ့ရက်ကဘာတွေဖြစ်ခဲ့သည်ကို မှတ်မိနိုင်မည်မဟုတ်ပေ။ အများဆုံးတွေ့ရသည်မှာ လူတစ်ဦးသည်တွေ့ကြုံခဲ့သော အဖြစ်အပျက်ကို သတိမရနိုင်(သို့) ငြင်းဆိုနေမည်ဖြစ်သည်။
ဘာတွေကအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ကိုဖြစ်စေသလဲ။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း အပါအဝင်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများအပြားသည် အိပ်ရေးပျက်ခြင်း (သို့) အိပ်နေစဉ် ရုတ်တရက် အသက်ရှူခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်လေ့ရှိပါသည်။ ဆေးဝါးသုံးစွဲခြင်းအားဖြင့် ဤအပြုအမူများကိုသိသိသာသာ လျော့ချပေးနိုင်သည်။ ထို့ပြင်မျိုးရိုးလိုက်ခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ဤအကြောင်းသည်လည်း ပုံမှန်လူများထက် အိပ်စက်ခြင်းဆိုင်ရာ ရောဂါများ ပို ခံစားရစေသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ဆေးနှင့်အရက်သုံးစွဲသူများတွင် အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာကို ပို၍ ကြုံတွေ့နိုင်သည်။

ယောင်္ကျားကောမိန်းမပါ ဤအခြေအနေကိုကြုံတွေ့နိုင်သော်လည်းလေ့လာချက်များအရ အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍တွေ့ရတတ်သည်။ ထို့ပြင် လူအချို့သည် ဤအခြေအနေကို ရှက်ရွံ၍ ဖုံးကွယ်ထားသောကြောင့် လက်တွေ့တွင် လူမှုဝန်းကျင်ကတွေးထားသည်ထက်ပို၍ အဖြစ်များပါသည်။
အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာများကိုဘယ်လိုကူညီမလဲ။

ယခုအချိန်အထိအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ရောဂါကုသရာတွင် သုံးသည့်  FDAမှ ခွင့်ပြုထားသောဆေးမရှိသေးပါ။ မည်သို့ပင်ဖြစ်စေ ဆရာဝန်များသည် အသုံးများသော စိတ်ကျဆေးများနှင့် အိပ်ဆေးများကို ကုသရေးတွင်သုံးခြင်းဖြင့် အောင်မြင်မှုရရှိကြသည်။

အောင်မြင်နိုင်ခြင်းရှိမရှိ မသေချာသည့်အကူအညီကိုရှာဖွေခြင်းထက် ဒီရောဂါ ရှိသူများအတွက် လုံခြုံသော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းက ပို၍ထိရောက်ပါသည်။ ဤရောဂါခံစားနေရသူများသည် သီးသန့်အခန်းတွင်အိပ်ခြင်း၊ တံခါးပိတ်ခြင်း၊ အလိုအလျောက်သတိပေးသည့် စက်များတံခါးတွင်တပ်ခြင်း တို့ကိုပြုလုပ်သင့်သည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာ သည် အခြားအိပ်ခြင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်စဉ်(သို့) ဆေးနှင့်အရက်သုံးစွဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်ကို သိထားရမည်။ ထိုကြောင့် ထိုအခြေအနေများကို ကုသဖို့လည်းအရေးကြီးပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ပြဿနာ သည် အလွန်ပင်စိတ်ထိခိုက်စေနိုင်ပြီး လူအများစုက မှားယွင်းနားလည်ထားကြသည်။ သင်ကိုယ်တိုင်(သို့) သင်ချစ်ခင်ရသူများတွင် အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ပြဿနာရှိသည်ဟု သံသယဝင်ပါက ဆရာဝန်ဆီသွားခြင်း(သို့) ကျန်းမာရေးစောင့်ရှောက်သူထံတွင် အခြားရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ အကြံဉာဏ်ယူခြင်းတို့က အသင့်တော်ဆုံးဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top