ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

က်ိဳက္ထီး႐ိုး ေတာင္တက္ ေမာ္ေတာ္ယာဥ္ အသင္း ဖြဲ႕စည္းျခင္း (၁၄) ႏွစ္ျပည့္ အထိမ္း အမွတ္အေနနဲ႔ လာမယ့္ ဒီဇင္ဘာလ (၆) ရက္ေန႔မွာ က်ိဳက္ထီး႐ိုးေတာင္တက္ကားေတြကို အခမဲ့ေျပးဆြဲေပးမယ္လို႔ သိရပါတယ္။
“ မနက္ (၆) နာရီကေန ညေန (၆) နာရီ အထိ အတက္ေရာ အဆင္းေရာ ေျပးဆြဲေပးမွာပါ၊ ေတာင္ေပၚမွာလည္း စတုဒီသာ အေကြၽး အေမြးေတြလည္း လုပ္မွာပါ ဘုရားဖူးလာတဲ့ ဘယ္သူမဆို အခမဲ့စီးရမွာပါ၊ ႏိုင္ငံျခားသားေတြ လည္း အခမဲ့ စီးခြင့္ေပးမွာပါ “ လို႔ က်ိဳက္ထီး႐ိုးေတာင္တက္ေမာ္ေတာ္ယာဥ္ အသင္း အဖြဲ႕ ဝင္ ဦးစိုးေက်ာ္ဦးက ေျပာပါတယ္။

က်ိဳက္ထီး႐ိုးေတာင္တက္ ေမာ္ေတာ္ယာဥ္ အသင္း ဖြဲ႕စည္းခဲ့တာ (၁၄) ႏွစ္ျပည့္ၿပီျဖစ္ၿပီး အခုလို ေတာင္တက္ကား အခမဲ့ေျပးဆြဲေပးတာက ေလးႀကိမ္ေျမာက္ ျပဳလုပ္ေပးတာျဖစ္ပါတယ္။
လက္ရွိ က်ိဳက္ထီး႐ိုးေတာင္တက္ကားေတြ အေနနဲ႔ ႐ုံးပိတ္ရက္ မဟုတ္တဲ့ ၾကားရက္ေတြမွာ ဘုရားဖူး သူ နည္းပါးတာေၾကာင့္ တစ္ရက္ကို အတက္အဆင္း (၁) ေခါက္သာေျပးဆြဲရၿပီး ႐ုံးပိတ္ရက္ေတြမွာေတာ့ (၂) ေခါက္ခန႔္ ေျပးဆြဲေပးတယ္လို႔ သိရပါတယ္။

ပုံမွန္ရက္ေတြမွာေတာ့ လူတစ္ဦးကို အတက္ (၃၀၀၀) က်ပ္၊ အဆင္း (၃၀၀၀) က်ပ္ သတ္မွတ္ထားၿပီး ေမာ္ေတာ္ကားစီးေရ (၁၅၀) ခန႔္ နဲ႔ေျပးဆြဲေပးေနတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ် အသင်း ဖွဲ့စည်းခြင်း (၁၄) နှစ်ပြည့် အထိမ်း အမှတ်အနေနဲ့ လာမယ့် ဒီဇင်ဘာလ (၆) ရက်နေ့မှာ ကျိုက်ထီးရိုးတောင်တက်ကားတွေကို အခမဲ့ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
“ မနက် (၆) နာရီကနေ ညနေ (၆) နာရီ အထိ အတက်ရော အဆင်းရော ပြေးဆွဲပေးမှာပါ၊ တောင်ပေါ်မှာလည်း စတုဒီသာ အကျွေး အမွေးတွေလည်း လုပ်မှာပါ ဘုရားဖူးလာတဲ့ ဘယ်သူမဆို အခမဲ့စီးရမှာပါ၊ နိုင်ငံခြားသားတွေ လည်း အခမဲ့ စီးခွင့်ပေးမှာပါ “ လို့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ် အသင်း အဖွဲ့ ဝင် ဦးစိုးကျော်ဦးက ပြောပါတယ်။

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်း ဖွဲ့စည်းခဲ့တာ (၁၄) နှစ်ပြည့်ပြီဖြစ်ပြီး အခုလို တောင်တက်ကား အခမဲ့ပြေးဆွဲပေးတာက လေးကြိမ်မြောက် ပြုလုပ်ပေးတာဖြစ်ပါတယ်။
လက်ရှိ ကျိုက်ထီးရိုးတောင်တက်ကားတွေ အနေနဲ့ ရုံးပိတ်ရက် မဟုတ်တဲ့ ကြားရက်တွေမှာ ဘုရားဖူး သူ နည်းပါးတာကြောင့် တစ်ရက်ကို အတက်အဆင်း (၁) ခေါက်သာပြေးဆွဲရပြီး ရုံးပိတ်ရက်တွေမှာတော့ (၂) ခေါက်ခန့် ပြေးဆွဲပေးတယ်လို့ သိရပါတယ်။

ပုံမှန်ရက်တွေမှာတော့ လူတစ်ဦးကို အတက် (၃၀၀၀) ကျပ်၊ အဆင်း (၃၀၀၀) ကျပ် သတ်မှတ်ထားပြီး မော်တော်ကားစီးရေ (၁၅၀) ခန့် နဲ့ပြေးဆွဲပေးနေတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top