Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Image result for ဗုဒၶသစၥာေလးပါးတရားတို႔ကို ကိုယ္တိုင္က်င္႕ၾကံ ကိုယ္ပိုင္ဥာဏ္ျဖင္႔ စူးစမ္းရွာေဖြ၍ မွန္ကန္စြာ သိျမင္ေတာ္မူေသာ အျမတ္ဆုံးပုဂၢိဳလ္ကို ဗုဒၶ(ဘုရား)ဟု ေခၚပါသည္။

ဓမၼ(တရား)ေခၚပုံ
═══════════════════════▬▬▬▬▬
ယုံၾကည္လိုက္နာ က်င္႔ႀကံအားထုတ္သူတို႔ကို အပါယ္စေသာဆင္းရဲတို႔မွ လြတ္ေအာင္ ေဆာင္ရြက္ေပးတတ္ေသာ မဂ္,ဖိုလ္,နိဗၺာန္ ပရိယတ္မၽားကို ဓမၼ(တရား)ဟု ေခၚပါသည္။

သံဃ(သံဃာ)ေခၚပုံ
═══════════════════════▬▬▬▬▬▬
ျမတ္စြာဘုရား၏ ဆုံးမၾသဝါဒအတိုင္း လိုက္နာက်င္႔ႀကံအားထုတ္ၾက၍ မဂ္ဥာဏ္,ဖိုလ္ဥာဏ္ကို ရေတာ္မူၿပီးၾကေသာ အရိယာသံဃာေတာ္မၽားႏွင္႔ အရိယာႏြယ္ဝင္ ပုထုဇဥ္ရဟန္းေတာ္မ်ားကို သံဃ(သံဃာ)ဟု ေခၚပါသည္။

ဗုဒၶဘာသာေခၚပုံ
═══════════════════════▬▬▬▬▬
ဘုရားရွင္ေဟာၾကားေတာ္မူအပ္ေသာ မဂ္ေလးပါး ဖိုလ္ေလးပါး နိဗၺာန္,ပရိယတ္ဟုဆိုအပ္ေသာ တရားေတာ္မ်ားကို ဗုဒၶဘာသာ(ဗုဒၶသာသနာ)ဟု ေခၚပါသည္။

ဗုဒၶဘာသာဝင္ေခၚပုံ
═══════════════════════▬▬▬▬▬▬
ဘုရားရွင္ေဟာၾကားေတာ္မူအပ္ေသာ နည္းလမ္းအတိုင္း လိုက္နာက်င္႔ၾကံၾကသူ ယုံၾကည္၍ ကိုးကြယ္ၾကသူမ်ားကို ``ဗုဒၶဘာသာဝင္´´ဟု ေခၚပါသည္။

ဗုဒၶဘာသာဝင္ျဖစ္ရန္လိုအပ္ခ်က္
═══════════════════════▬▬▬▬▬▬▬▬▬
၁။ကံႏွင္႔အက်ိဳးေပးကို အေလးအနက္ ယုံၾကည္ျခင္း
၂။ရတနာသုံးပါးကို အေလးအနက္ ယုံၾကည္ကိုးကြယ္ျခင္း

ဘုရားကို ရွိခိုးကိုးကြယ္ရျခင္းအေၾကာင္း
═══════════════════════▬▬▬▬▬▬
ယခုဘဝ,ေနာက္ဘဝႏွင္႔ ဘဝလြတ္ေျမာက္ေရးအတြက္ပါ မိမိအေပၚ၌ ေက်းဇူးအမ်ားဆုံးပုဂၢိဳလ္မွာ ဘုရားရွင္သာ ျဖစ္ပါသည္။ဘုရားရွင္သည္ သတၱဝါမ်ားအတြက္ ႏႈိင္းယွဥ္စရာမရွိေသာ အႏိႈင္းမဲ႔႔ ေက်းဇူးရွင္ ျဖစ္ပါသည္။

တရားေတာ္ကို ရွိခိုးကိုးကြယ္ရျခင္းအေၾကာင္း
═══════════════════════▬▬▬▬▬▬
လက္ရွိဘဝအေနျဖင္႔ၾကည္႔လွၽင္ အေျခခံအဆင္႔တရားေတာ္မ်ားသည္ပင္ ျပဳလုပ္ဆဲအခါႏွင္႔ တုန္႔ျပန္အက်ိဳးေပးေသာအခါတို႔၌ ကိုယ္စိတ္ႏွစ္ပါးကို ခ်မ္းသာေစႏိုင္သည္႔ သတၱိထူးရွိပါသည္။လူသားတစ္ေယာက္အျဖစ္ ဂုဏ္သိကၡာရွိရွိ ရပ္တည္ႏိုင္ေအာင္ စြမ္းေဆာင္ေပးပါသည္။

အလယ္အလတ္အဆင္႔ျဖစ္သည္႔ စ်ာန္တရားမ်ားကို ရယူႏိုင္လွ်င္ ပို၍ အဆင္႔ျမင္႔ေသာ ကိုယ္စိတ္ခ်မ္းသာမႈကို ရရွိႏိုင္ပါသည္။

အျမင္႔ဆုံးျဖစ္သည္႔ မဂ္,ဖိုလ္,နိဗၺာန္တရားမ်ားကို ရလွ်င္ကား အျမင္႔ဆုံးျဖစ္သည္႔ ကိုယ္စိတ္ခ်မ္းသာမႈကို ေပးပါသည္။နိဗၺာန္ခ်မ္းသာကို လက္ရွိဘဝမွာပင္ အလိုရွိသလို ခံစားႏိုင္ပါသည္။

ေနာင္သံသရာဘဝအေနျဖင္႔ၾကည္႔လွ်င္ တရားေတာ္မ်ားသည္ အပါယ္မွလြတ္ေအာင္ ေဆာင္ရြက္ေပးပါသည္။သံသရာဘဝ၌ အဆင္႔အတန္းျမင္႔မားေသာ ဘဝမ်ားရေအာင္ ျပဳလုပ္ေပးပါသည္။သံသရာဆင္းရဲဒုကၡမွန္သမွ် လုံးဝလြတ္ေျမာက္သည္အထိ စြမ္းေဆာင္ေပးႏိုင္ပါသည္။ထို႔ေၾကာင္႔တရားေတာ္ကို ရွိခိုးကိုးကြယ္ရပါသည္။

သံဃာေတာ္ကို ရွိခိုးကိုးကြယ္ရျခင္းအေၾကာင္း
═══════════════════════▬▬▬▬▬▬▬▬▬
ဘုရားရွင္သည္ ဘုရားအျဖစ္ကို ရရွိရန္အတြက္ ေလးအသေခၤ်ႏွင္႔ ကမ႓ာတစ္သိန္းၾကာေအာင္ ပါရမီတို႔ကို ျဖည္႔က်င္႔ခဲ႔ရေသာ္လည္း ဘုရားအျဖစ္ျဖင္႔ ေနရသည္မွာ ၄၅ ႏွစ္သာ ၾကာပါသည္။၄၅ ႏွစ္ အတြင္း ေဟာၾကားခဲ႔ေသာ တရားေတာ္မ်ားသည္ သတၱဝါမ်ားအတြက္ အဖိုးမျဖတ္ႏိုင္ေအာင္ တန္ဖိုးႀကီးမားလွပါသည္။

သံဃာေတာ္မ်ားသည္ မိမိတို႔ကိုယ္တိုင္ သီလျဖည္႔က်င္႔ရျခင္း /မဂ္,ဖိုလ္,နိဗၺာန္ရေအာင္ က်င္႔ႀကံအားထုတ္ရျခင္းအျပင္ သတၱဝါမ်ားအတြက္ အလြန္တန္ဖိုးႀကီးလွေသာ ဘုရားရွင္၏တရားေတာ္မၽား မေပ်ာက္ပ်က္ရေအာင္ သင္ယူပို႔ခၽ၍ ထိန္းသိမ္းေစာင္႔ေရွာက္ျခင္းမ်ားကိုပါ ျပဳလုပ္ရပါသည္။ဘုရားရွင္၏ကိုယ္စား တရားေတာ္မ်ားကို ေဟာၾကားျပသေပးရပါသည္။

သံဃာေတာ္အဆက္ဆက္ ထိုကဲ႔သို႔ သင္ယူပို႔ခ် ေဟာၾကားျပသခဲ႔ေသာေၾကာင္႔သာ ဘုရားရွင္၏တရားေတာ္မ်ားသည္ ယေန႔ထိတိုင္ မေပ်ာက္မပ်က္ တည္ရွိေနၿပီး တရားစစ္ တရားမွန္မၽားကို ေလ႔လာက်င္႔ၾကံလိုက္နာႏိုင္ၾကျခင္း ျဖစ္ပါသည္။
ထို႔ေၾကာင္႔ သံဃာေတာ္ကို ရွိခိုးကိုးကြယ္ရပါသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: အ႐ွင္သုမဂၤလ(ဗုဒၶေရအိုးစင္။)
#Unicode Version#
 သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်ကျင့်ကြံ ကိုယ်ပိုင်ဉာဏ်ဖြင့် စူးစမ်းရှာဖွေ၍ မှန်ကန်စွာ သိမြင်တော်မူသော အမြတ်ဆုံးပုဂ္ဂိုလ်ကို ဗုဒ္ဓ(ဘုရား)ဟု ခေါ်ပါသည်။

ဓမ္မ(တရား)ခေါ်ပုံ
═══════════════════════▬▬▬▬▬
ယုံကြည်လိုက်နာ ကျင့်ကြံအားထုတ်သူတို့ကို အပါယ်စသောဆင်းရဲတို့မှ လွတ်အောင် ဆောင်ရွက်ပေးတတ်သော မဂ်,ဖိုလ်,နိဗ္ဗာန် ပရိယတ်များကို ဓမ္မ(တရား)ဟု ခေါ်ပါသည်။

သံဃ(သံဃာ)ခေါ်ပုံ
═══════════════════════▬▬▬▬▬▬
မြတ်စွာဘုရား၏ ဆုံးမသြဝါဒအတိုင်း လိုက်နာကျင့်ကြံအားထုတ်ကြ၍ မဂ်ဉာဏ်,ဖိုလ်ဉာဏ်ကို ရတော်မူပြီးကြသော အရိယာသံဃာတော်များနှင့် အရိယာနွယ်ဝင် ပုထုဇဉ်ရဟန်းတော်များကို သံဃ(သံဃာ)ဟု ခေါ်ပါသည်။

ဗုဒ္ဓဘာသာခေါ်ပုံ
═══════════════════════▬▬▬▬▬
ဘုရားရှင်ဟောကြားတော်မူအပ်သော မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်,ပရိယတ်ဟုဆိုအပ်သော တရားတော်များကို ဗုဒ္ဓဘာသာ(ဗုဒ္ဓသာသနာ)ဟု ခေါ်ပါသည်။

ဗုဒ္ဓဘာသာဝင်ခေါ်ပုံ
═══════════════════════▬▬▬▬▬▬
ဘုရားရှင်ဟောကြားတော်မူအပ်သော နည်းလမ်းအတိုင်း လိုက်နာကျင့်ကြံကြသူ ယုံကြည်၍ ကိုးကွယ်ကြသူများကို ``ဗုဒ္ဓဘာသာဝင်´´ဟု ခေါ်ပါသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ရန်လိုအပ်ချက်
═══════════════════════▬▬▬▬▬▬▬▬▬
၁။ကံနှင့်အကျိုးပေးကို အလေးအနက် ယုံကြည်ခြင်း
၂။ရတနာသုံးပါးကို အလေးအနက် ယုံကြည်ကိုးကွယ်ခြင်း

ဘုရားကို ရှိခိုးကိုးကွယ်ရခြင်းအကြောင်း
═══════════════════════▬▬▬▬▬▬
ယခုဘဝ,နောက်ဘဝနှင့် ဘဝလွတ်မြောက်ရေးအတွက်ပါ မိမိအပေါ်၌ ကျေးဇူးအများဆုံးပုဂ္ဂိုလ်မှာ ဘုရားရှင်သာ ဖြစ်ပါသည်။ဘုရားရှင်သည် သတ္တဝါများအတွက် နှိုင်းယှဉ်စရာမရှိသော အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်ပါသည်။

တရားတော်ကို ရှိခိုးကိုးကွယ်ရခြင်းအကြောင်း
═══════════════════════▬▬▬▬▬▬
လက်ရှိဘဝအနေဖြင့်ကြည့်လျှင် အခြေခံအဆင့်တရားတော်များသည်ပင် ပြုလုပ်ဆဲအခါနှင့် တုန့်ပြန်အကျိုးပေးသောအခါတို့၌ ကိုယ်စိတ်နှစ်ပါးကို ချမ်းသာစေနိုင်သည့် သတ္တိထူးရှိပါသည်။လူသားတစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးပါသည်။

အလယ်အလတ်အဆင့်ဖြစ်သည့် ဈာန်တရားများကို ရယူနိုင်လျှင် ပို၍ အဆင့်မြင့်သော ကိုယ်စိတ်ချမ်းသာမှုကို ရရှိနိုင်ပါသည်။

အမြင့်ဆုံးဖြစ်သည့် မဂ်,ဖိုလ်,နိဗ္ဗာန်တရားများကို ရလျှင်ကား အမြင့်ဆုံးဖြစ်သည့် ကိုယ်စိတ်ချမ်းသာမှုကို ပေးပါသည်။နိဗ္ဗာန်ချမ်းသာကို လက်ရှိဘဝမှာပင် အလိုရှိသလို ခံစားနိုင်ပါသည်။

နောင်သံသရာဘဝအနေဖြင့်ကြည့်လျှင် တရားတော်များသည် အပါယ်မှလွတ်အောင် ဆောင်ရွက်ပေးပါသည်။သံသရာဘဝ၌ အဆင့်အတန်းမြင့်မားသော ဘဝများရအောင် ပြုလုပ်ပေးပါသည်။သံသရာဆင်းရဲဒုက္ခမှန်သမျှ လုံးဝလွတ်မြောက်သည်အထိ စွမ်းဆောင်ပေးနိုင်ပါသည်။ထို့ကြောင့်တရားတော်ကို ရှိခိုးကိုးကွယ်ရပါသည်။

သံဃာတော်ကို ရှိခိုးကိုးကွယ်ရခြင်းအကြောင်း
═══════════════════════▬▬▬▬▬▬▬▬▬
ဘုရားရှင်သည် ဘုရားအဖြစ်ကို ရရှိရန်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ပါရမီတို့ကို ဖြည့်ကျင့်ခဲ့ရသော်လည်း ဘုရားအဖြစ်ဖြင့် နေရသည်မှာ ၄၅ နှစ်သာ ကြာပါသည်။၄၅ နှစ် အတွင်း ဟောကြားခဲ့သော တရားတော်များသည် သတ္တဝါများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလှပါသည်။

သံဃာတော်များသည် မိမိတို့ကိုယ်တိုင် သီလဖြည့်ကျင့်ရခြင်း /မဂ်,ဖိုလ်,နိဗ္ဗာန်ရအောင် ကျင့်ကြံအားထုတ်ရခြင်းအပြင် သတ္တဝါများအတွက် အလွန်တန်ဖိုးကြီးလှသော ဘုရားရှင်၏တရားတော်များ မပျောက်ပျက်ရအောင် သင်ယူပို့ချ၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းများကိုပါ ပြုလုပ်ရပါသည်။ဘုရားရှင်၏ကိုယ်စား တရားတော်များကို ဟောကြားပြသပေးရပါသည်။

သံဃာတော်အဆက်ဆက် ထိုကဲ့သို့ သင်ယူပို့ချ ဟောကြားပြသခဲ့သောကြောင့်သာ ဘုရားရှင်၏တရားတော်များသည် ယနေ့ထိတိုင် မပျောက်မပျက် တည်ရှိနေပြီး တရားစစ် တရားမှန်များကို လေ့လာကျင့်ကြံလိုက်နာနိုင်ကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် သံဃာတော်ကို ရှိခိုးကိုးကွယ်ရပါသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်သုမင်္ဂလ(ဗုဒ္ဓရေအိုးစင်။)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top