ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ႏွစ္စဥ္ နတ္ေတာ္လဆန္း  ၁ ရက္တြင္ က်ေရာက္သည့္ ပအိုဝ္းတုိင္းရင္းသားႏွစ္သစ္ကူးေန႔ အထိမ္းအမွတ္ပြဲေတာ္ကို မြန္ျပည္ နယ္ သထံုၿမိဳ႕ ေရႊစာရံေစတီရင္ ျပင္ေတာ္ေပၚတြင္ ႏိုဝင္ဘာ ၁၉ ရက္ နံနက္က က်င္းပသည္။

ပအိုဝ္းတိုင္းရင္းသားတို႔၏ သမိုင္း၊ စာေပ၊ ယဥ္ေက်းမႈ၊ လူ မ်ိဳးႏွင့္ ဘာသာစကား စသည္တို႔ ကို ေမ့ေပ်ာက္သြားျခင္းမရွိေစရန္ ႏွင့္ ေကာက္ဦးစပါးမ်ားကို ဆြမ္းဆန္စိမ္းေလာင္းလွဴသည့္ ေကာက္ဦးအလွဴအျဖစ္ ရည္ရြယ္ ကာ ႏွစ္သစ္ကူးေန႔က်င္းပျခင္း ျဖစ္ၿပီး မြန္ျပည္နယ္ ပအိုဝ္းစာေပ ႏွင့္ ယဥ္ေက်းမႈအဖြဲ႕က ဦးေဆာင္ က်င္းပခဲ့သည္။

ပအိုဝ္းတိုင္းရင္းသား ႏွစ္ သစ္ကူးပြဲေတာ္ကို ၂၀၁၆ တြင္ စတင္က်င္းပၿပီး ယခုႏွစ္သည္ ဒုတိယအႀကိမ္ျဖစ္ေၾကာင္း ျပည္ နယ္ပအိုဝ္းစာေပႏွင့္ ယဥ္ေက်းမႈ အဖြဲ႕ဥကၠ႒ ဦးခြန္ေရႊသင္းက ေျပာသည္။ ‘‘ကြၽန္ေတာ္တို႔ပအုိဝ္းတုိင္း ရင္းသားေတြဟာ ျမန္မာႏုိင္ငံမွာ ဆိုရင္ သတၱမေျမာက္ လူဦးေရ အမ်ားဆံုး လူမ်ိဳးႀကီးတစ္မ်ိဳးျဖစ္ တဲ့အတြက္ အမ်ိဳးသားေန႔အျပင္ အခုလို ႏွစ္သစ္ကူးေန႔ရွိဖို႔ လိုအပ္ တယ္လို႔ ၂၀၁၅ က သထံုမွာ က်င္းပခဲ့တဲ့ ပအိုဝ္းအမ်ိဳးသားႏွီးေႏွာ ဖလွယ္ပြဲမွာ ဆံုးျဖတ္ခဲ့ၾကတယ္။ ပအိုဝ္းတိုင္းရင္းသားဆရာေတာ္ ေတြ၊ သမိုင္းဆရာေတြနဲ႔ တိုင္ပင္ တဲ့အခါမွာ ပအိုဝ္းလူမ်ိဳးေတြရဲ႕ အစပထမလျဖစ္တဲ့ နတ္ေတာ္ လဆန္း ၁ ရက္ေန႔ကို ႏွစ္သစ္ကူးေန႔အျဖစ္သတ္မွတ္ၿပီး  က်င္းပ လာခဲ့တာပါ’’ဟု ၎က ဆက္လက္္ေျပာသည္။

ပအိုဝ္းႏွစ္သစ္ကူးပြဲေတာ္ တြင္ ႐ိုးရာယိမ္းအကမ်ားျဖင့္ ေဖ်ာ္ေျဖၿပီး ေရႊစာရံေစတီရင္ျပင္ေတာ္ေပၚရွိ  သူရိယစႏၵလိုတရေစတီအား အေနကဇာတင္ပူေဇာ္ျခင္း၊ ဆြမ္းကပ္လွဴဒါန္းျခင္း၊ ျပည္နယ္အတြင္းရွိ ပအိုုဝ္းေက်ာင္းတုိက္ ၁၀၀ ေက်ာ္မွ သံဃာေတာ္မ်ားအား  ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္းႏွင့္ တကၠသိုလ္ဝင္တန္း ထူးခြၽန္စြာေအာင္ျမင္သည့္ ဂုဏ္ထူးရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုမ်ားခ်ီးျမႇင့္ခဲ့သည္။

‘‘အခုလို ပအုိဝ္းႏွစ္သစ္ကူး ေန႔ဆိုတာကို ဆရာေတာ္ႀကီးေတြ၊ ပညာရွင္ေတြ ေဖာ္ထုတ္ေပးလို႔  ကြၽန္ေတာ္တို႔လို လူငယ္ေတြ သိရွိ မွတ္သားရတာပါ။ ကိုယ့္လူမ်ိဳးရဲ႕ သမိုင္းမ်ိဳးဆက္ မေပ်ာက္ပ်က္ရ ေအာင္ ထိန္းသိမ္းဖို႔ လူငယ္မ်ိဳး ဆက္ေတြမွာ တာဝန္ရွိပါတယ္’’ ဟု ခြန္တန္ႏြယ္ပအိုဝ္းလူငယ္ကြန္ ရက္ အဖြဲ႕ဝင္လူငယ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


နှစ်စဉ် နတ်တော်လဆန်း  ၁ ရက်တွင် ကျရောက်သည့် ပအိုဝ်းတိုင်းရင်းသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို မွန်ပြည် နယ် သထုံမြို့ ရွှေစာရံစေတီရင် ပြင်တော်ပေါ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်က ကျင်းပသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူ မျိုးနှင့် ဘာသာစကား စသည်တို့ ကို မေ့ပျောက်သွားခြင်းမရှိစေရန် နှင့် ကောက်ဦးစပါးများကို ဆွမ်းဆန်စိမ်းလောင်းလှူသည့် ကောက်ဦးအလှူအဖြစ် ရည်ရွယ် ကာ နှစ်သစ်ကူးနေ့ကျင်းပခြင်း ဖြစ်ပြီး မွန်ပြည်နယ် ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင် ကျင်းပခဲ့သည်။

ပအိုဝ်းတိုင်းရင်းသား နှစ် သစ်ကူးပွဲတော်ကို ၂၀၁၆ တွင် စတင်ကျင်းပပြီး ယခုနှစ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း ပြည် နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက ပြောသည်။ ‘‘ကျွန်တော်တို့ပအိုဝ်းတိုင်း ရင်းသားတွေဟာ မြန်မာနိုင်ငံမှာ ဆိုရင် သတ္တမမြောက် လူဦးရေ အများဆုံး လူမျိုးကြီးတစ်မျိုးဖြစ် တဲ့အတွက် အမျိုးသားနေ့အပြင် အခုလို နှစ်သစ်ကူးနေ့ရှိဖို့ လိုအပ် တယ်လို့ ၂၀၁၅ က သထုံမှာ ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားနှီးနှော ဖလှယ်ပွဲမှာ ဆုံးဖြတ်ခဲ့ကြတယ်။ ပအိုဝ်းတိုင်းရင်းသားဆရာတော် တွေ၊ သမိုင်းဆရာတွေနဲ့ တိုင်ပင် တဲ့အခါမှာ ပအိုဝ်းလူမျိုးတွေရဲ့ အစပထမလဖြစ်တဲ့ နတ်တော် လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ်သတ်မှတ်ပြီး  ကျင်းပ လာခဲ့တာပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

ပအိုဝ်းနှစ်သစ်ကူးပွဲတော် တွင် ရိုးရာယိမ်းအကများဖြင့် ဖျော်ဖြေပြီး ရွှေစာရံစေတီရင်ပြင်တော်ပေါ်ရှိ  သူရိယစန္ဒလိုတရစေတီအား အနေကဇာတင်ပူဇော်ခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်း၊ ပြည်နယ်အတွင်းရှိ ပအိုုဝ်းကျောင်းတိုက် ၁၀၀ ကျော်မှ သံဃာတော်များအား  ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်သည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။

‘‘အခုလို ပအိုဝ်းနှစ်သစ်ကူး နေ့ဆိုတာကို ဆရာတော်ကြီးတွေ၊ ပညာရှင်တွေ ဖော်ထုတ်ပေးလို့  ကျွန်တော်တို့လို လူငယ်တွေ သိရှိ မှတ်သားရတာပါ။ ကိုယ့်လူမျိုးရဲ့ သမိုင်းမျိုးဆက် မပျောက်ပျက်ရ အောင် ထိန်းသိမ်းဖို့ လူငယ်မျိုး ဆက်တွေမှာ တာဝန်ရှိပါတယ်’’ ဟု ခွန်တန်နွယ်ပအိုဝ်းလူငယ်ကွန် ရက် အဖွဲ့ဝင်လူငယ်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top