ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သၽွမ္းျပည္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ျဖစ္ပြါးခဲ့ေသာ ေတာင္သူလယ္သမားကြန္ယက္မွ ေတာင္သူဦးႀကီးဦးေဌးေအာင္ရိုက္ႏွက္ခံရမွုႏွင့္ပတ္သက္ၿပီး လ်င္ျမန္မေျဖရွင္းေပးပါက ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရးလုပ္ငန္းစဥ္မ်ားအား ထိခိုက္ေစနိုင္ေၾကာင္း ေတာင္သူလယ္သမားမ်ားကြန္ယက္က ဦးေဇာ္ရမ္းက သၽွမ္းသံေတာ္ဆင့္အားေျပာသည္။

“ဒီကိစၥ နိုင္ငံေတာ္သမၼတဆီ စာတင္မယ္။ သၽွမ္းျပည္နယ္အစိုးရကိုစာတင္မယ္။ လူေတြကိုထိခိုက္ေသေၾက ေအာင္လုပ္တယ္။ တိုင္းရင္းသားေဒသမွာဒါေတြမျဖစ္သင့္ဘူး ။ ဒီလိုေတြက ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားရင္ၾကား ေစ့ေရး ကိုထိခိုက္ေစတယ္။ အသင္းအဖြဲ ့ဖြဲ႕စည္းခြင့္ ေတြကိုထိခိုက္ေစတယ္။ လူ႔အခြင့္အေရးအတြက္လွုပ္ရွား မွု ဒါကေနာင္မလုပ္ရဲေအာင္ ၿခိမ္းေျခာက္လိုက္တဲ့သေဘာျဖစ္တယ္။ ဒါေၾကာင့္ ဒီကိစၥတရားမၽွတစြာေျဖရွင္းနိုင္ ေရးအတြက္ သၽွမ္းျပည္နယ္အစိုးရနဲ႔လည္း ေဆြးေႏြးၿပီးၿပီ။ SNLD ပါတီနဲ႔လည္းက်ေနာ္တို႔ ဖုန္းဆက္စကားေျပာေဆြးေႏြးၿပီးၿပီ။” ဟု ဦးေဇာ္ရမ္းကေျပာသည္။

လယ္ေျမဧက ၄၀၀ ခန႔္အသိမ္းခံရေသာ ပါဟဲရြာမွ ရြာသား ဦးေဌးေအာင္သည္ ေနာင္ခ်ိဳၿမိဳ႕ ကုန္ႀကီးေက်းရြာအုပ္စုအတြင္း ၁၉၉၀ ခုႏွစ္ကတည္းကျဖစ္ပြါးလာေသာ လယ္ယာေျမသိမ္းဆည္းခံရေရး၊ ေတာင္သူလယ္သမားမ်ားအခြင့္အေရးအတြက္ အစဥ္လွုပ္ရွားလာသူတဦးျဖစ္သည္။

ထိုစဥ္က လက္နက္ခ်က္ PSLF အဖြဲ႕အတြက္ စစ္တပ္ကသိမ္းယူေပးေသာ ပါဟဲရြာသားမ်ား၏ လယ္ယာေၿမ ၄၀၀ ေက်ာ္အား ၿခံလုပ္ငန္းလုပ္ကိုင္ေစသည္။ ၿခံလုပ္ငန္းမေအာင္ျမင္ေသာေၾကာင့္ ၁၉၉၅ ခုႏွစ္က စစ္တပ္က အဆိုပါ ေျမေနရာသို႔ ျပန္ယူကာတပ္စခန္းစိုက္ေနထိုင္သည္။ စစ္တပ္ျပန္ဆုတ္သြားေသာအခါ အဆိုပါလယ္ယာေျမမ်ားကို ပိုင္ရွင္လယ္သမားမ်ားလက္ထဲျပန္မအပ္ေပးဘဲ ေငြရွင္မ်ားျဖစ္သည့္ ဆင္းေရႊလီ၊ ေငြရည္ပုလဲသၾကားစက္႐ုံအတြက္ ကုန္ၾကမ္း (ႀကံ) စိုက္ပ်ိဳးေပးရန္ ပါဟဲရြာအနီး ပေလာင္ကုန္းရြာသားမ်ားအား စိုက္ခြင့္ေပးလိုက္ေၾကာင္းသိရသည္။

အဆိုပါေျမယာ ဧက ၄၀၀ ေက်ာ္အား ပိုင္ရွင္လယ္သမားမ်ားလက္ထဲျပန္အပ္ေပးရန္ ဦးေဌးေအာင္ ဦးေဆာင္သည့္ ပါဟဲရြာသားမ်ားက အစဥ္ေတာင္းဆိုလာခဲ့ရာ ေအာက္တိုဘာလ ၂၈ ရက္ေန႔တြင္ ဦးေဌးေအာင္ရိုက္ႏွက္ခံရခ်ိန္အထိျဖစ္ေၾကာင္း ေတာင္သူလယ္သမားမ်ား သမဂၢမွ ဦးေဇာ္ရမ္းက သၽွမ္းသံေတာ္ဆင့္အားေျပာျပပါသည္။

“၂၈ ရက္ေန႔တုန္းက ကုန္းႀကီးအုပ္စု ရာအိမ္မွူး ဦးဝင္းလွိုင္က ဦးေဌးေအာင္ကိုဖုန္းဆက္ေခၚတယ္။ ေျမယာေတြၾကည့္ရွုစစ္ေဆးဖို႔ ဆင္းေရႊလီ ေငြရည္ပုလဲသၾကားစက္အေနာက္ဘက္က လယ္ယာေျမမွာေတြ႕ဖို႔ခ်ိန္းတယ္။ ဦးေဌးေအာင္ေရာက္သြားေတာ့ လူ ၂၀ ေလာက္က ၀ုိင္းရိုက္တာ ။ ဦးေဌးေအာင္နဲ႔ပါသြားတဲ့ ျမင့္ဦးနဲ႔ သန္းထြန္းကေတာ့ ထြက္ေျပးလို႔လႊတ္သြားတယ္။ ဦးေဌးေအာင္ကိုမန္းတေလးေဆး႐ုံပို႔တယ္။ ၁ ရက္ေန႔မွာေသသြားတယ္။ ” – ဟုလည္း အမ်ိဳးသမီးအဖြဲ႕မွေဒၚေနာ္အုန္းလွက ေျပာသည္။

ဦးေဌးေအာင္အားရိုက္ႏွက္သူ အေယာက္ ၂၀ ခန႔္အနက္ လက္ရွိတြင္ ပေလာင္ကုန္းရြာသား အိုက္ေက်ာ္၊ ေက်ာ္ဇင္လတ္၊ ေနာ္ငင္း တို႔ ၃ ေယာက္အား ဘန႔္ေဘြးရဲကဖမ္းဆီးထားေၾကာင္း၊ ဦးေဌးေအာင္ကိုဖုန္းဆက္ခ်ိန္းခ်က္ျပဳေသာ ရာအိမ္မွူးကိုေတာ့မဖမ္းေသးဟု ေဒၚေနာ္အုန္းလွကေျပာသည္။

လီဆူအမ်ိဳးသား ဦးေဌးေအာင္ႏွင့္ ဇနီး ပေလာင္အမ်ိဳးသမီး ေဒၚေအးစိန္တို႔တြင္ သားသမီး ၄ ဦးထြန္းကားခဲ့သည္။ အႀကီးဆုံးသားမွာ ၁၀ ႏွစ္ေက်ာ္သာရွိၿပီး လူမမယ္သမီးေလး ၃ ဦးမွာ မူလတန္းတြင္သာပညာသင္ယူေနဆဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်ဖြစ်ပွါးခဲ့သော တောင်သူလယ်သမားကွန်ယက်မှ တောင်သူဦးကြီးဦးဌေးအောင်ရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး လျင်မြန်မဖြေရှင်းပေးပါက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်ကြောင်း တောင်သူလယ်သမားများကွန်ယက်က ဦးဇော်ရမ်းက သျှမ်းသံတော်ဆင့်အားပြောသည်။

“ဒီကိစ္စ နိုင်ငံတော်သမ္မတဆီ စာတင်မယ်။ သျှမ်းပြည်နယ်အစိုးရကိုစာတင်မယ်။ လူတွေကိုထိခိုက်သေကြေ အောင်လုပ်တယ်။ တိုင်းရင်းသားဒေသမှာဒါတွေမဖြစ်သင့်ဘူး ။ ဒီလိုတွေက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြား စေ့ရေး ကိုထိခိုက်စေတယ်။ အသင်းအဖွဲ့ဖွဲ့စည်းခွင့် တွေကိုထိခိုက်စေတယ်။ လူ့အခွင့်အရေးအတွက်လှုပ်ရှား မှု ဒါကနောင်မလုပ်ရဲအောင် ခြိမ်းခြောက်လိုက်တဲ့သဘောဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စတရားမျှတစွာဖြေရှင်းနိုင် ရေးအတွက် သျှမ်းပြည်နယ်အစိုးရနဲ့လည်း ဆွေးနွေးပြီးပြီ။ SNLD ပါတီနဲ့လည်းကျနော်တို့ ဖုန်းဆက်စကားပြောဆွေးနွေးပြီးပြီ။” ဟု ဦးဇော်ရမ်းကပြောသည်။

လယ်မြေဧက ၄၀၀ ခန့်အသိမ်းခံရသော ပါဟဲရွာမှ ရွာသား ဦးဌေးအောင်သည် နောင်ချိုမြို့ ကုန်ကြီးကျေးရွာအုပ်စုအတွင်း ၁၉၉၀ ခုနှစ်ကတည်းကဖြစ်ပွါးလာသော လယ်ယာမြေသိမ်းဆည်းခံရရေး၊ တောင်သူလယ်သမားများအခွင့်အရေးအတွက် အစဉ်လှုပ်ရှားလာသူတဦးဖြစ်သည်။

ထိုစဉ်က လက်နက်ချက် PSLF အဖွဲ့အတွက် စစ်တပ်ကသိမ်းယူပေးသော ပါဟဲရွာသားများ၏ လယ်ယာမြေ ၄၀၀ ကျော်အား ခြံလုပ်ငန်းလုပ်ကိုင်စေသည်။ ခြံလုပ်ငန်းမအောင်မြင်သောကြောင့် ၁၉၉၅ ခုနှစ်က စစ်တပ်က အဆိုပါ မြေနေရာသို့ ပြန်ယူကာတပ်စခန်းစိုက်နေထိုင်သည်။ စစ်တပ်ပြန်ဆုတ်သွားသောအခါ အဆိုပါလယ်ယာမြေများကို ပိုင်ရှင်လယ်သမားများလက်ထဲပြန်မအပ်ပေးဘဲ ငွေရှင်များဖြစ်သည့် ဆင်းရွှေလီ၊ ငွေရည်ပုလဲသကြားစက်ရုံအတွက် ကုန်ကြမ်း (ကြံ) စိုက်ပျိုးပေးရန် ပါဟဲရွာအနီး ပလောင်ကုန်းရွာသားများအား စိုက်ခွင့်ပေးလိုက်ကြောင်းသိရသည်။

အဆိုပါမြေယာ ဧက ၄၀၀ ကျော်အား ပိုင်ရှင်လယ်သမားများလက်ထဲပြန်အပ်ပေးရန် ဦးဌေးအောင် ဦးဆောင်သည့် ပါဟဲရွာသားများက အစဉ်တောင်းဆိုလာခဲ့ရာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဦးဌေးအောင်ရိုက်နှက်ခံရချိန်အထိဖြစ်ကြောင်း တောင်သူလယ်သမားများ သမဂ္ဂမှ ဦးဇော်ရမ်းက သျှမ်းသံတော်ဆင့်အားပြောပြပါသည်။

“၂၈ ရက်နေ့တုန်းက ကုန်းကြီးအုပ်စု ရာအိမ်မှူး ဦးဝင်းလှိုင်က ဦးဌေးအောင်ကိုဖုန်းဆက်ခေါ်တယ်။ မြေယာတွေကြည့်ရှုစစ်ဆေးဖို့ ဆင်းရွှေလီ ငွေရည်ပုလဲသကြားစက်အနောက်ဘက်က လယ်ယာမြေမှာတွေ့ဖို့ချိန်းတယ်။ ဦးဌေးအောင်ရောက်သွားတော့ လူ ၂၀ လောက်က ဝိုင်းရိုက်တာ ။ ဦးဌေးအောင်နဲ့ပါသွားတဲ့ မြင့်ဦးနဲ့ သန်းထွန်းကတော့ ထွက်ပြေးလို့လွှတ်သွားတယ်။ ဦးဌေးအောင်ကိုမန်းတလေးဆေးရုံပို့တယ်။ ၁ ရက်နေ့မှာသေသွားတယ်။ ” – ဟုလည်း အမျိုးသမီးအဖွဲ့မှဒေါ်နော်အုန်းလှက ပြောသည်။

ဦးဌေးအောင်အားရိုက်နှက်သူ အယောက် ၂၀ ခန့်အနက် လက်ရှိတွင် ပလောင်ကုန်းရွာသား အိုက်ကျော်၊ ကျော်ဇင်လတ်၊ နော်ငင်း တို့ ၃ ယောက်အား ဘန့်ဘွေးရဲကဖမ်းဆီးထားကြောင်း၊ ဦးဌေးအောင်ကိုဖုန်းဆက်ချိန်းချက်ပြုသော ရာအိမ်မှူးကိုတော့မဖမ်းသေးဟု ဒေါ်နော်အုန်းလှကပြောသည်။

လီဆူအမျိုးသား ဦးဌေးအောင်နှင့် ဇနီး ပလောင်အမျိုးသမီး ဒေါ်အေးစိန်တို့တွင် သားသမီး ၄ ဦးထွန်းကားခဲ့သည်။ အကြီးဆုံးသားမှာ ၁၀ နှစ်ကျော်သာရှိပြီး လူမမယ်သမီးလေး ၃ ဦးမှာ မူလတန်းတွင်သာပညာသင်ယူနေဆဲဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top