ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘယ္ မိဘ ကမွ ကိုယ့္ သားသမီး ကို မုဒိမ္းက်င့္ တတ္ေအာင္ သင္ေပးမွာေတာ့ မဟုတ္ပါဖူး။ ဒါေပမယ့္ အံ့ဩစရာေကာင္းတာက ကြၽန္ေတာ္ တို႔ဟာ ကြၽန္ေတာ္ တို႔ ကိုယ္တိုင္မသိလိုက္ဘဲနဲ႕ ကေလး ေတြကို သူတပါး သားသမီး ေစာ္ကား တတ္ေအာင္၊လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ တတ္ေအာင္ သင္ေပးေနသလိုျဖစ္ေနတတ္ပါတယ္။

မယံုဖူးဆိုရင္ ေအာက္က အခ်က္ေလးေတြကို ဖတ္ၾကည့္လိုက္ပါ။

ေယာက်္ားေလး ေတြကို အရမ္း အလိုလိုက္ တာ

ဟုတ္ပါတယ္။ ေယာက်္ားေလး ေတြဟာ အေဆာ့မက္ပါတယ္၊ေသာင္းက်န္းပါတယ္။ဒါေပမယ့္ အေဆာ့မက္ေသာင္းက်န္းတာနဲ႕ အက်င့္ပ်က္ဆိုးသြမ္းတာကို မိဘ အေတာ္မ်ားမ်ားက မခြဲျခားႏိုင္တာ ခက္ပါတယ္။

ေယာက်္ားေလး ပဲ ေသာင္းက်န္းမွာေပါ့ ဒီေလာက္ေတာ့ရွိမွာေပါ့ဆိုျပီး အလိုလိုက္ဖန္မ်ားလာတဲ့အခါ ကေလး ေတြရဲ့ စိတ္ထဲမွာ တျခားသူေတြ၊ သူငယ္ခ်င္း ေတြကို မခံသာေအာင္စရတာ၊အႏိုင္က်င့္႐ိုက္ႏွက္ရတာဟာ ဘာမွမဟုတ္ဖူး၊သူလုပ္ခ်င္သလို လုပ္ခြင့္ရွိတယ္လို႕ ထင္သြားပါေတာ့တယ္။

ဒီလိုနဲ႕ တျဖည္းျဖည္း လူဆိုးေလး ေတြျဖစ္လာျပီး စည္းမ်ဥ္း စည္းကမ္း ေတြကို ဂ႐ုမစိုက္တတ္ေတာ့ဘဲ ရမ္းကားေသာင္းက်န္းတာဟာ သူတို႕ရဲ့ အမူအက်င့္ ျဖစ္မွန္းမသိ ျဖစ္လာပါတယ္။

ဖက္တာ နမ္းတာ ကို အတင္းခိုင္းတာ

မိဘ အေတာ္မ်ားမ်ားဟာ ကိုယ့္ကေလး ၾကိဳက္လားမသိ၊မၾကိဳက္လားမသိဘဲ တျခားသူေတြ ဥပမာ အမ်ိဳးေတြ၊သူငယ္ခ်င္း ေတြကို အတင္းဖက္ခိုင္း၊နမ္းခိုင္းေလ့ ရွိၾကပါတယ္။ဒီလိုမ်ိဳးေတြလုပ္တဲ့အခါ ၾကာလာေတာ့ ကေလး ေတြရဲ့ စိတ္ထဲမွာ ဖက္တယ္၊နမ္းတယ္ဆိုတဲ့ အနီးကပ္အျပဳအမူေတြဟာ တေယာက္လုပ္ခ်င္တာနဲ႕ တဖက္သတ္ လုပ္လို႕ရတဲ့ ကိစၥေတြဆိုျပီး တျဖည္းျဖည္း ယူဆလာပါတယ္။တဖက္လူ ၾကိဳက္တာမၾကိဳက္တာ၊သေဘာတူတာမတူတာ အေရးမပါေတာ့ပါဖူး။

မိဘ ေတြ နားလည္ထားသင့္တာက သင့္ ကေလး အေနနဲ႕ ခ်စ္ျခင္းေမတၱာနဲ႕ ရင္းႏွီးျခင္းကို ေဖာ္ျပလို႕ရတဲ့ တျခားနည္းလမ္းေတြ အမ်ားၾကီးရွိေသးတယ္ဆိုတာပါပဲ။

ကေလး ေတြကို အတင္းအက်ပ္ ခိုင္းမယ့္အစား “ မီးမီးေလး တီတီ့ကို အာဘြားေပးခ်င္လား” ဒါမွမဟုတ္ “ သားသား ကိုကိုနဲ႕ ရွိတ္လိုက္ပါဦး” စတဲ့ အရိပ္အျမြက္ေလးေတြျပျပီး ေစာင့္ၾကည့္လို႕ ရပါတယ္။အေရးအၾကီးဆုံးက “ သေဘာတူခြင့္ျပဳခ်က္” ဟာ အင္မတန္ အေရးၾကီးတယ္ဆိုတာ သင့္ကေလး စြဲစြဲျမဲျမဲ နားလည္ေအာင္ သင္ေပးရပါမယ္။

အက်ိဳးအေၾကာင္းမသိဘဲ ရမ္းျပီး အျပစ္တင္ တာ

“ မင္းကဘာသြားလုပ္လိုက္လို႕ သူက ျပန္လုပ္တာလဲ” တခါတေလ မိဘ ေတြက ဒီလိုေမးခြန္းမ်ိဳးေမးေလ့ရွိတာ သင္ၾကားမိမွာပါ။ကေလးေတြ ေဆာ့ၾကရင္း တေယာက္နဲ႕ တေယာက္ ထိခိုက္မိၾကတယ္ဆိုတာ သဘာဝပါ။

ဒီလို အေနအထားမ်ိဳးမွာ မိဘ ေတြရဲ့ ကိုင္တြယ္မႈက အေရးၾကီးလာပါျပီ။ခုနက ေမးခြန္း မ်ိဳးကို ေမးလိုက္ျခင္းဟာ “ ျပႆနာတခုဟာ ခံရသူေၾကာင့္ ျဖစ္ရတာ၊ခံရသူသာ မွားတာ” ဆိုတဲ့ အယူအဆၾကီးကို စျပီး ႐ိုက္သြင္းေပးလိုက္တာပါပဲ။ဆက္စပ္ျပီးေတြးရင္ အၾကမ္းဖက္မႈ၊အႏိုင္က်င့္မႈတခုဟာ ခံရသူမွားလို႕ျဖစ္တယ္၊လုပ္တဲ့သူအႏိုင္က်င့္တဲ့သူရဲ့ အျပစ္မဟုတ္ဖူးလို႕ ထင္သြားပါျပီ။

ဒါဟာ အရပ္ထဲ မွာ ၾကားရေလ့ရွိတဲ့ “ ျဖစ္မွာေပါ့ ေကာင္မ က ဘယ္လိုအတိုအျပတ္ေတြ ဝတ္ျပီး ညၾကီးသန္းေခါင္ ေလွ်ာက္သြားေနလဲမွ မသိတာ” ဆိုတဲ့ victim blaming လို႕ ေခၚတဲ့ အႏိုင္က်င့္ခံရသူကို အျပစ္တင္တဲ့ အေျခအေနေျပာစကားမ်ိဳးနဲ႕ အတူတူပါပဲ။ဒါ့ေၾကာင့္ သင့္ကေလး ရန္ျဖစ္လာတယ္ဆိုရင္ ဘာမွမေျပာခင္ ျပႆနာ အေျခအေနနဲ႕ အေၾကာင္းရင္းကို ျပည့္ျပည့္စုံစံုသိေအာင္ အရင္လုပ္ပါ။

ျပီးမွ လိုအပ္သလို မွန္ကန္စြာ ဆုံးမေဆြးေႏြးပါ။ဒါ့အျပင္ အႏိုင္က်င့္တဲ့သူအေနနဲ႕ ေဒါသကို ခ်ဳပ္ထိန္းလို႕ ရေၾကာင္း၊ကိုယ့္စိတ္မပါဘဲ အၾကမ္းဖက္ရန္ျဖစ္ဖို႕ ဘယ္သူကမွ အတင္းလာဆြလို႕ မရဖူးဆိုတဲ့အေၾကာင္း သေဘာေပါက္နားလည္ေအာင္ စိတ္ရွည္လက္ရွည္နဲ႕ ရွင္းျပေဆြးေႏြးေပးပါ။

အမ်ိဳးသမီး ေတြကို အထင္အျမင္ေသးစိတ္ ဝင္လာေအာင္ (မရည္ရြယ္ဘဲ)ေျပာမိတာ

မိဘ ဆိုတာ ကေလး ေတြရဲ့ လက္ဦးဆရာပါ။မိဘ ေတြ ေျပာသမွ်၊လုပ္သမွ်ေတြဟာ ကေလး ေတြ လိုက္အတုခိုးဖို႕ခ်ည္းပဲျဖစ္ပါတယ္။ဒါေၾကာင့္ သင့္အေနနဲ႕ အမ်ိဳးသမီး တေယာက္ရဲ့ ဝတ္စားဆင္ယင္မႈကို ႐ံႈ႕ခ်မေကာင္းေျပာမယ္ ဒါမွမဟုတ္ အမ်ိဳးသမီးေတြကို ႏွိမ့္ခ်ျပီးေျပာမယ္ဆိုရရိရိ သင့္ ကေလး ဟာ သင္ေျပာသမွ်ေတြကို မွတ္ထားမွာပါ။

တျဖည္းျဖည္းနဲ႕ ကေလး ရဲ့  စိတ္ထဲမွာ ဒါၾကီးဟာ စြဲလာျပီး (အေျခအေနတခုခုနဲ႕ ၾကံုေတြ႕ရတဲ့အခါ) အမ်ိဳးသမီး ေတြဟာ မုဒိမ္းက်င့္ ခံရဖို႕ ထိုက္တန္တယ္ဆိုတဲ့ အေတြး႐ိုင္းေတြ စြဲသြားတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#


ဘယ် မိဘ ကမှ ကိုယ့် သားသမီး ကို မုဒိမ်းကျင့် တတ်အောင် သင်ပေးမှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ကျွန်တော် တို့ဟာ ကျွန်တော် တို့ ကိုယ်တိုင်မသိလိုက်ဘဲနဲ့ ကလေး တွေကို သူတပါး သားသမီး စော်ကား တတ်အောင်၊လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် တတ်အောင် သင်ပေးနေသလိုဖြစ်နေတတ်ပါတယ်။

မယုံဖူးဆိုရင် အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။

ယောကျ်ားလေး တွေကို အရမ်း အလိုလိုက် တာ

ဟုတ်ပါတယ်။ ယောကျ်ားလေး တွေဟာ အဆော့မက်ပါတယ်၊သောင်းကျန်းပါတယ်။ဒါပေမယ့် အဆော့မက်သောင်းကျန်းတာနဲ့ အကျင့်ပျက်ဆိုးသွမ်းတာကို မိဘ အတော်များများက မခွဲခြားနိုင်တာ ခက်ပါတယ်။

ယောကျ်ားလေး ပဲ သောင်းကျန်းမှာပေါ့ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး အလိုလိုက်ဖန်များလာတဲ့အခါ ကလေး တွေရဲ့ စိတ်ထဲမှာ တခြားသူတွေ၊ သူငယ်ချင်း တွေကို မခံသာအောင်စရတာ၊အနိုင်ကျင့်ရိုက်နှက်ရတာဟာ ဘာမှမဟုတ်ဖူး၊သူလုပ်ချင်သလို လုပ်ခွင့်ရှိတယ်လို့ ထင်သွားပါတော့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း လူဆိုးလေး တွေဖြစ်လာပြီး စည်းမျဉ်း စည်းကမ်း တွေကို ဂရုမစိုက်တတ်တော့ဘဲ ရမ်းကားသောင်းကျန်းတာဟာ သူတို့ရဲ့ အမူအကျင့် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။

ဖက်တာ နမ်းတာ ကို အတင်းခိုင်းတာ

မိဘ အတော်များများဟာ ကိုယ့်ကလေး ကြိုက်လားမသိ၊မကြိုက်လားမသိဘဲ တခြားသူတွေ ဥပမာ အမျိုးတွေ၊သူငယ်ချင်း တွေကို အတင်းဖက်ခိုင်း၊နမ်းခိုင်းလေ့ ရှိကြပါတယ်။ဒီလိုမျိုးတွေလုပ်တဲ့အခါ ကြာလာတော့ ကလေး တွေရဲ့ စိတ်ထဲမှာ ဖက်တယ်၊နမ်းတယ်ဆိုတဲ့ အနီးကပ်အပြုအမူတွေဟာ တယောက်လုပ်ချင်တာနဲ့ တဖက်သတ် လုပ်လို့ရတဲ့ ကိစ္စတွေဆိုပြီး တဖြည်းဖြည်း ယူဆလာပါတယ်။တဖက်လူ ကြိုက်တာမကြိုက်တာ၊သဘောတူတာမတူတာ အရေးမပါတော့ပါဖူး။

မိဘ တွေ နားလည်ထားသင့်တာက သင့် ကလေး အနေနဲ့ ချစ်ခြင်းမေတ္တာနဲ့ ရင်းနှီးခြင်းကို ဖော်ပြလို့ရတဲ့ တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်ဆိုတာပါပဲ။

ကလေး တွေကို အတင်းအကျပ် ခိုင်းမယ့်အစား “ မီးမီးလေး တီတီ့ကို အာဘွားပေးချင်လား” ဒါမှမဟုတ် “ သားသား ကိုကိုနဲ့ ရှိတ်လိုက်ပါဦး” စတဲ့ အရိပ်အမြွက်လေးတွေပြပြီး စောင့်ကြည့်လို့ ရပါတယ်။အရေးအကြီးဆုံးက “ သဘောတူခွင့်ပြုချက်” ဟာ အင်မတန် အရေးကြီးတယ်ဆိုတာ သင့်ကလေး စွဲစွဲမြဲမြဲ နားလည်အောင် သင်ပေးရပါမယ်။

အကျိုးအကြောင်းမသိဘဲ ရမ်းပြီး အပြစ်တင် တာ

“ မင်းကဘာသွားလုပ်လိုက်လို့ သူက ပြန်လုပ်တာလဲ” တခါတလေ မိဘ တွေက ဒီလိုမေးခွန်းမျိုးမေးလေ့ရှိတာ သင်ကြားမိမှာပါ။ကလေးတွေ ဆော့ကြရင်း တယောက်နဲ့ တယောက် ထိခိုက်မိကြတယ်ဆိုတာ သဘာဝပါ။

ဒီလို အနေအထားမျိုးမှာ မိဘ တွေရဲ့ ကိုင်တွယ်မှုက အရေးကြီးလာပါပြီ။ခုနက မေးခွန်း မျိုးကို မေးလိုက်ခြင်းဟာ “ ပြဿနာတခုဟာ ခံရသူကြောင့် ဖြစ်ရတာ၊ခံရသူသာ မှားတာ” ဆိုတဲ့ အယူအဆကြီးကို စပြီး ရိုက်သွင်းပေးလိုက်တာပါပဲ။ဆက်စပ်ပြီးတွေးရင် အကြမ်းဖက်မှု၊အနိုင်ကျင့်မှုတခုဟာ ခံရသူမှားလို့ဖြစ်တယ်၊လုပ်တဲ့သူအနိုင်ကျင့်တဲ့သူရဲ့ အပြစ်မဟုတ်ဖူးလို့ ထင်သွားပါပြီ။

ဒါဟာ အရပ်ထဲ မှာ ကြားရလေ့ရှိတဲ့ “ ဖြစ်မှာပေါ့ ကောင်မ က ဘယ်လိုအတိုအပြတ်တွေ ဝတ်ပြီး ညကြီးသန်းခေါင် လျှောက်သွားနေလဲမှ မသိတာ” ဆိုတဲ့ victim blaming လို့ ခေါ်တဲ့ အနိုင်ကျင့်ခံရသူကို အပြစ်တင်တဲ့ အခြေအနေပြောစကားမျိုးနဲ့ အတူတူပါပဲ။ဒါ့ကြောင့် သင့်ကလေး ရန်ဖြစ်လာတယ်ဆိုရင် ဘာမှမပြောခင် ပြဿနာ အခြေအနေနဲ့ အကြောင်းရင်းကို ပြည့်ပြည့်စုံစုံသိအောင် အရင်လုပ်ပါ။

ပြီးမှ လိုအပ်သလို မှန်ကန်စွာ ဆုံးမဆွေးနွေးပါ။ဒါ့အပြင် အနိုင်ကျင့်တဲ့သူအနေနဲ့ ဒေါသကို ချုပ်ထိန်းလို့ ရကြောင်း၊ကိုယ့်စိတ်မပါဘဲ အကြမ်းဖက်ရန်ဖြစ်ဖို့ ဘယ်သူကမှ အတင်းလာဆွလို့ မရဖူးဆိုတဲ့အကြောင်း သဘောပေါက်နားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြဆွေးနွေးပေးပါ။

အမျိုးသမီး တွေကို အထင်အမြင်သေးစိတ် ဝင်လာအောင် (မရည်ရွယ်ဘဲ)ပြောမိတာ

မိဘ ဆိုတာ ကလေး တွေရဲ့ လက်ဦးဆရာပါ။မိဘ တွေ ပြောသမျှ၊လုပ်သမျှတွေဟာ ကလေး တွေ လိုက်အတုခိုးဖို့ချည်းပဲဖြစ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ အမျိုးသမီး တယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ရှုံ့ချမကောင်းပြောမယ် ဒါမှမဟုတ် အမျိုးသမီးတွေကို နှိမ့်ချပြီးပြောမယ်ဆိုရရိရိ သင့် ကလေး ဟာ သင်ပြောသမျှတွေကို မှတ်ထားမှာပါ။

တဖြည်းဖြည်းနဲ့ ကလေး ရဲ့  စိတ်ထဲမှာ ဒါကြီးဟာ စွဲလာပြီး (အခြေအနေတခုခုနဲ့ ကြုံတွေ့ရတဲ့အခါ) အမျိုးသမီး တွေဟာ မုဒိမ်းကျင့် ခံရဖို့ ထိုက်တန်တယ်ဆိုတဲ့ အတွေးရိုင်းတွေ စွဲသွားတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top