ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အိႏၵိယအေနာက္ပိုင္း မြမ္ဘိုင္းၿမိဳ႕က သူခိုးေတြဟာ ၂၅ ေပရွည္တဲ့ လိုဏ္ေခါင္းတစ္ခုကိုေလးလၾကာ တူးၿပီးေနာက္ အဲသည္လိုဏ္ ေခါင္းကေနအစိုးရပိုင္ ဘဏ္တစ္ခုထဲဝင္ေရာက္ ခိုးယူခဲ့ပါတယ္။ ေငြသားနဲ႔လက္ဝတ္လက္စားေတြအခိုးခံရေၾကာင္း ရဲတပ္ဖြဲ႕ကေျပာေပမဲ့ အခိုးခံရတဲ့ တန္ဖိုးကိုမတြက္ခ်က္ရေသးပါဘူး။ သူခိုးအဖြဲ႕ဟာ ဘာ႐ိုဒါဘဏ္ရဲ႕ေဘးက အခန္းကိုငွားရမ္းၿပီး လိုဏ္ေခါင္းတူးခဲ့ၾကတယ္လို႔ အာဏာပိုင္ေတြက ယံုၾကည္ေနပါတယ္။

သူတို႔ဟာ သူတို႔လုပ္ရပ္ကို ဖံုးကြယ္ဖို႔အတြက္ မ်က္ႏွာစာမွာကုန္စံုဆိုင္တစ္ခုကိုေတာင္ဖြင့္လွစ္ခဲ့ၾကပါတယ္။ စေနေန႔ညက ခုုိးယူၿပီးေနာက္ပိုင္း သံသယရွိတဲ့ သူခိုးေတြေပ်ာက္ဆံုးေနပါတယ္။အိႏၵိယမီဒီယာက အခိုးခံရတဲ့ ပစၥည္းေသတၱာပိုင္ရွင္ေတြနဲ႔ ေတြ႕ဆံုေမးျမန္းခဲ့ပါတယ္။ ဒက္ဂူ ဂါ ဗာနီက မြမ္ဘိုင္းမီရာကို ေျပာရာမွာ ကြ်န္ေတာ့္တစ္သက္ လံုး စုေဆာင္းထားတာေတြကိုဘဏ္ထဲထည့္ထားတာ၊ ကြ်န္ေတာ္တို႔ မ်ိဳးဆက္နဲ႔ခ်ီလက္ဆင့္ကမ္းလာတဲ့ ရတနာေတြကုန္ၿပီလို႔ဆိုပါတယ္။

မြမ္ဘိုင္းဆင္ေျခဖံုးတစ္ခုမွာရွိတဲ့ ဘဏ္ရဲ႕ဝန္ထမ္းေတြဟာ သူခိုးခိုးခံရတာကိုတနလၤာေန႔ မနက္မွသိရွိၿပီး ရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားခဲ့ပါတယ္။ ဘဏ္ရဲ႕မီးခံေသတၱာ ၂၂၅ လံုးအနက္အလံုး ၃၀ ခိုးယူခံရေၾကာင္း ရဲက ေျပာပါတယ္။ တရားခံေတြဘယ္သူမွန္း မသိရေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#

အိန္ဒိယအနောက်ပိုင်း မွမ်ဘိုင်းမြို့က သူခိုးတွေဟာ ၂၅ ပေရှည်တဲ့ လိုဏ်ခေါင်းတစ်ခုကိုလေးလကြာ တူးပြီးနောက် အဲသည်လိုဏ် ခေါင်းကနေအစိုးရပိုင် ဘဏ်တစ်ခုထဲဝင်ရောက် ခိုးယူခဲ့ပါတယ်။ ငွေသားနဲ့လက်ဝတ်လက်စားတွေအခိုးခံရကြောင်း ရဲတပ်ဖွဲ့ကပြောပေမဲ့ အခိုးခံရတဲ့ တန်ဖိုးကိုမတွက်ချက်ရသေးပါဘူး။ သူခိုးအဖွဲ့ဟာ ဘာရိုဒါဘဏ်ရဲ့ဘေးက အခန်းကိုငှားရမ်းပြီး လိုဏ်ခေါင်းတူးခဲ့ကြတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေပါတယ်။

သူတို့ဟာ သူတို့လုပ်ရပ်ကို ဖုံးကွယ်ဖို့အတွက် မျက်နှာစာမှာကုန်စုံဆိုင်တစ်ခုကိုတောင်ဖွင့်လှစ်ခဲ့ကြပါတယ်။ စနေနေ့ညက ခိုုးယူပြီးနောက်ပိုင်း သံသယရှိတဲ့ သူခိုးတွေပျောက်ဆုံးနေပါတယ်။အိန္ဒိယမီဒီယာက အခိုးခံရတဲ့ ပစ္စည်းသေတ္တာပိုင်ရှင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒက်ဂူ ဂါ ဗာနီက မွမ်ဘိုင်းမီရာကို ပြောရာမှာ ကျွန်တော့်တစ်သက် လုံး စုဆောင်းထားတာတွေကိုဘဏ်ထဲထည့်ထားတာ၊ ကျွန်တော်တို့ မျိုးဆက်နဲ့ချီလက်ဆင့်ကမ်းလာတဲ့ ရတနာတွေကုန်ပြီလို့ဆိုပါတယ်။

မွမ်ဘိုင်းဆင်ခြေဖုံးတစ်ခုမှာရှိတဲ့ ဘဏ်ရဲ့ဝန်ထမ်းတွေဟာ သူခိုးခိုးခံရတာကိုတနင်္လာနေ့ မနက်မှသိရှိပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ဘဏ်ရဲ့မီးခံသေတ္တာ ၂၂၅ လုံးအနက်အလုံး ၃၀ ခိုးယူခံရကြောင်း ရဲက ပြောပါတယ်။ တရားခံတွေဘယ်သူမှန်း မသိရသေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top