Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူတိုင္း ၿပံဳးတတ္၊ ရယ္တတ္ၾကတာမို႕ အခ်ိန္ၾကာလာတဲ့အမွ် အေရးေၾကာင္းေလးေတြ ျဖစ္ေပၚလာတတ္ပါတယ္။ မ်က္ႏွာေပၚက ၾကြက္သားေတြရဲ႕ ခ်ံဳ႕ခ်ည္ ဆန္႔ခ်ည္ လႈပ္ရွားမႈေတြေၾကာင့္ အခုလို အေရးေၾကာင္းေလးေတြ ျဖစ္ေပၚလာရတာျဖစ္ၿပီး သဘာဝနည္းလမ္းေလးေတြနဲ႔ေတာ့ ကုသလို႔ရပါတယ္ေနာ္။

သင့္အသားအေရေတြကိုပံုမွန္ ဂရုစိုက္တာမ်ိဳးမလုပ္ဘူးဆိုရင္ေတာ့ အခ်ိန္မတန္ခင္မွာပဲ အိုမင္းရင့္ေရာ္သလို ထင္ရေစမွာပါ။ ဒါေၾကာင့္ မိမိအိမ္မွာပဲ အလြယ္တကူျပဳလုပ္ေပးလို႔ရတဲ့ သဘာဝနည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ပါဝင္ပစၥည္း

မုန္လာဥနီ

ဒိန္ခ်ဥ္

သံပုယုိရည္

ျပဳလုပ္နည္း

အရင္ဆံုး မုန္လာဥနီ အေသးတစ္လံုးကိုအခြံႏႊာလိုက္ၿပီး အတံုးေလးေတြလွီးလိုက္ပါ။ ၿပီးရင္ ႀကိတ္စက္ထဲထည့္ၿပီး ႀကိတ္လိုက္ပါ။ အဲဒီေနာက္ ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၅ ဇြန္း၊ သံပုယုိရည္ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ၿပီး ထပ္ႀကိမ္လုိက္ပါ။ အဲဒီေနာက္ ပန္းကန္တစ္လံုးထဲထည့္ၿပီး မ်က္ႏွာေပၚမွာလိမ္းေပးလို႔ရပါၿပီ။

ညအိပ္ယာမဝင္ခင္ လုပ္ေပးတာပိုေကာင္းပါတယ္။ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။ ၿပီးရင္ ေရေႏြးေလးနဲ႕ေဆးခ်လိုက္ပါ။ အဲဒီေနာက္ တိုနာနဲ႔ ညအိပ္ခရင္မ္လိမ္းေပးၿပီး အိပ္ယာဝင္ေပးပါ။

ညတိုင္းလိုလိုလုပ္ေပးမယ္ဆိုရင္ သင့္အသားအေရေလး ၾကည္လင္စိုေျပလာေစမွာျဖစ္ပါတယ္။

၂။ ပါဝင္ပစၥည္း

ရွားေစာင္းလက္ပက္အႏွစ္ စားပြဲတင္ဇြန္း ၂ ဇြန္း

သံပုယုိရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

ျပဳလုပ္နည္း

အရင္ဆံုးခြက္တစ္လံုးထဲမွာ ပါဝင္ပစၥည္းႏွစ္မ်ိဳးလံုးကိုေရာလိုက္ပါ။ ၿပီးရင္ေသခ်ာေမႊေပးၿပီး ေလအလံုပိတ္အဖံုးပါတဲ့ ပုလင္းထဲထည္ၿပီး သိမ္းထားႏိုင္ပါတယ္။ ၄ ပတ္တိတိ ခံပါတယ္ေနာ္။

ကိုယ္လိုအပ္သေလာက္ ပမာဏကိုပဲ မ်က္ႏွာေပၚမွာ လိမ္းေပးႏိုင္ပါတယ္။ လိမ္းေပးၿပီးရင္ ၁၅ မိနစ္၊ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေဆးခ်ေပးလိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
 လူတိုင်း ပြုံးတတ်၊ ရယ်တတ်ကြတာမို့ အချိန်ကြာလာတဲ့အမျှ အရေးကြောင်းလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ မျက်နှာပေါ်က ကြွက်သားတွေရဲ့ ချုံ့ချည် ဆန့်ချည် လှုပ်ရှားမှုတွေကြောင့် အခုလို အရေးကြောင်းလေးတွေ ဖြစ်ပေါ်လာရတာဖြစ်ပြီး သဘာဝနည်းလမ်းလေးတွေနဲ့တော့ ကုသလို့ရပါတယ်နော်။

သင့်အသားအရေတွေကိုပုံမှန် ဂရုစိုက်တာမျိုးမလုပ်ဘူးဆိုရင်တော့ အချိန်မတန်ခင်မှာပဲ အိုမင်းရင့်ရော်သလို ထင်ရစေမှာပါ။ ဒါကြောင့် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်ပေးလို့ရတဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပါဝင်ပစ္စည်း

မုန်လာဥနီ

ဒိန်ချဉ်

သံပုယိုရည်

ပြုလုပ်နည်း

အရင်ဆုံး မုန်လာဥနီ အသေးတစ်လုံးကိုအခွံနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။ ပြီးရင် ကြိတ်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ အဲဒီနောက် ဒိန်ချဉ် စားပွဲတင်ဇွန်း ၅ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ထပ်ကြိမ်လိုက်ပါ။ အဲဒီနောက် ပန်းကန်တစ်လုံးထဲထည့်ပြီး မျက်နှာပေါ်မှာလိမ်းပေးလို့ရပါပြီ။

ညအိပ်ယာမဝင်ခင် လုပ်ပေးတာပိုကောင်းပါတယ်။ မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးချလိုက်ပါ။ အဲဒီနောက် တိုနာနဲ့ ညအိပ်ခရင်မ်လိမ်းပေးပြီး အိပ်ယာဝင်ပေးပါ။

ညတိုင်းလိုလိုလုပ်ပေးမယ်ဆိုရင် သင့်အသားအရေလေး ကြည်လင်စိုပြေလာစေမှာဖြစ်ပါတယ်။

၂။ ပါဝင်ပစ္စည်း

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံးခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုရောလိုက်ပါ။ ပြီးရင်သေချာမွှေပေးပြီး လေအလုံပိတ်အဖုံးပါတဲ့ ပုလင်းထဲထည်ပြီး သိမ်းထားနိုင်ပါတယ်။ ၄ ပတ်တိတိ ခံပါတယ်နော်။

ကိုယ်လိုအပ်သလောက် ပမာဏကိုပဲ မျက်နှာပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ လိမ်းပေးပြီးရင် ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top