ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ့္အိမ္မွာပဲေျခသည္းလက္သည္းကိုအလွဆုံးပုံေဖာ္ႏိုင္ဖို႕အဆင့္၇ဆင့္

ဆိုင္မွာေျခသည္းလက္သည္းညွပ္ရတာ ပုံေဖာ္ရတာဟာ အလွအပအတြက္ အေရးၾကီးသလိုေပ်ာ္ဖို႕လည္း ေကာင္းပါတယ္။ ဒါေပမယ့္ဆိုင္သြားဖို႕အခ်ိန္ဒါမွမဟုတ္ ပိုက္ဆံကသင့္ဆီမွာ အျမဲတမ္းရွိခ်င္မွရွိေနမွာပါ။ ဒီလိုအေျခအေနမ်ိဳးနဲ႕ရင္ဆိုင္ရျပီဆိုရင္သင့္ဆီမွာပစၥည္းကိရိယာေလးေတြစုံစုံလင္လင္ရွိရုံနဲ႕ဆိုင္သြားစရာမလိုဘဲ ကိုယ့္ဖာသာအိမ္မွာေျခသည္းလက္သည္း အလွဆင္ႏိုင္ပါျပီ။

လိုအပ္တဲ့ပစၥည္းကိရိယာေလးေတြက

    acetone ဓာတ္မပါတဲ့လက္သည္းဖ်က္ေဆးနဲ႕ဂြမ္းလုံးေလးေတြ
    လက္သည္းေျခသည္းပုံေဖာ္တဲ့ကိရိယာေလး (nail file)
    ေဖာ့တုံးေလးေတြ
    လက္ကိုဂ်ီးခြၽတ္ဖို႕သၾကားနဲ႕လုပ္ထားတဲ့ scrub
    လက္သည္းျပင္ရာမွာသုံးတဲ့သြားၾကားထိုးတံအရြယ္တုတ္ေခ်ာင္းေလးေတြ (Orangewood stick)
    Moisturizer
    လက္သည္းခြံတဝိုက္ကိုအစိုဓာတ္ေပးဖို႕သုံးတဲ့အဆီေလးတမ်ိဳး(cuticle oil လို႕ေခၚတယ္၊ လက္သည္းနီလိုပဲ ပုလင္းေသးေသးေလးနဲ႕)
    လက္သည္းဆိုးေဆးေလးေတြ (ေအာက္ခံ၊အေရာင္၊အေပၚလႊာ)

အဆင့္၁။      ။အရင္ဆိုးထားတဲ့ လက္သည္းဆိုးေဆးေတြကို အရင္ဖ်က္ပါ။

ပထမဆုံးအဆင့္အေနနဲ႕acetoneမပါဝင္တဲ့လက္သည္းဖ်က္ေဆးကိုသုံးျပီးလက္သည္းဆိုးေဆးအေဟာင္းေတြကိုဖယ္ရွားပစ္ပါ(acetoneကအရမ္းျပင္းပါတယ္)။ျပီးရင္လက္သည္းညွပ္နဲ႕ပုံေဖာ္ကိရိယာေလး(nail file) ကို သုံးျပီး လက္သည္းကို လိုခ်င္တဲ့ပုံစံနဲ႕ အရွည္ျဖစ္ေအာင္ပုံေဖာ္ပါ။ ဒီေနရာမွာ ေျပာစရာရွိတာက သင့္ရဲ့ႏူးညံ့လွတဲ့ လက္သည္းေလးေတြကို အေကာင္းဆုံးပုံေဖာ္ႏိုင္ဖို႕နဲ႕ ေအာက္ကခံထားတဲ့ ဘုတ္ျပားကိုမထိခိုက္ေစဖို႕ ဖန္နဲ႕လုပ္ထားတဲ့ပုံေဖာ္ကိရိယာကို သုံးသင့္ပါတယ္။ အဲ့ဒီ့ေနာက္မွာေဖာ့တုံးေလးေတြကိုသုံးျပီး လက္သည္းခြံေလးေတြကို ေျပာင္ေခ်ာသြားေအာင္ လုပ္ေပးရပါမယ္။ ပိုျပီးေတာက္ေျပာင္ေစဖို႕အတြက္ ပိုႏူးညံ့ညီညာတဲ့ ေဖာ့တုံးေလးကိုသုံးျပီးထပ္လုပ္ႏိုင္ပါတယ္။

အဆင့္၂။     ။ေျခ၊လက္ေတြကိုေရထဲမွာစိမ္ျပီးဂ်ီးခြၽတ္ပါ။

လက္ေတြကိုေရထဲမွာ၂မိနစ္၃မိနစ္ေလာက္ ၊ေျခေထာက္ဆိုရင္ ၅မိနစ္ေလာက္စိမ္ထားပါ။ အခုဆိုရင္ ဂ်ီးခြၽတ္ခ်ိန္ေရာက္ပါျပီ။ အိမ္မွာအလြယ္တကူရႏိုင္တဲ့ သၾကားစားပြဲတင္ဇြန္း တစ္ဇြန္းစာကို ကေလးေတြကိုယ္လိမ္းတဲ့ baby oil gel စားပြဲတင္ဇြန္းတဇြန္းနဲ႕ ေရာသမျပီး ေျခာက္ေသြ႕ေနတဲ့ ဆဲလ္အေသေတြကို တိုက္ခြၽတ္ဖယ္ရွားပစ္ပါ။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ အနံ႕ေလးလည္းေမႊးသြားတဲ့အျပင္ အေရျပားဟာ ပိုးသားေလးလိုႏူးညံ့ေတာက္ပသြားမွာပါ။ ျပီးရင္ေတာ့ ေရျပန္ေဆးျပီး ေျခာက္ေအာင္သုတ္ရပါမယ္။

အဆင့္၃။     ။လက္သည္းေျခသည္း ေအာက္ေျခက အေရျပားပါးပါးေလးေတြကို (ေျခပန္းကုံး၊လက္ပန္းကုံးလို႕လည္းေခၚတယ္) ဂ႐ုစိုက္ပါ။

အဲ့ဒီ့အေရျပားပါးပါးေလးေတြကို အဆီအနည္းငယ္ ပြတ္ေပးျခင္းအားျဖင့္ ႏူည့ံလာေအာင္လုပ္ပါ။ အခုဆိုရင္ ေျခပန္းကုံး၊ လက္ပန္းကုံးေလးေတြဟာႏူးညံ့အိစက္ေနပါျပီ။ ဒီအခ်ိန္မွာ ပိုျပီးလွပသြားေစဖို႕အတြက္တုတ္ေခ်ာင္းေလးေတြ(orangewood stick) နဲ႕အသာအယာလိုက္ဖိေပးရပါမယ္။ လက္သည္းခြံေအာက္က အညစ္အေၾကးေလးေတြကို ဖယ္ထုတ္ဖို႕လည္း ဒီတုတ္ေခ်ာင္းေလးေတြကို သုံးႏိုင္ပါတယ္။ ကဲအခု တကယ္ေပ်ာ္ဖို႕ေကာင္းတဲ့အပိုင္းကို ေရာက္လာပါျပီ။ မာဆတ္ လုပ္ၾကမယ္ ။ႏွိပ္နယ္ၾကမယ္ေလ။ ဗီတာမင္မ်ားမ်ားပါတဲ့ moisturizer တစ္မ်ိဳးမ်ိဳးကိုယူျပီး ေအာက္ေျခ အေရျပား ေလး ေတြေပၚကို အသာအယာ သုတ္ေပးပါ။ လက္တင္မကဖူးေနာ္ ဖေနာင့္တို႕ ၊ေျခဖဝါးတို႕ ၊ေျခပန္းကုံး တို႕ကို လည္းႏွိပ္နယ္ ေပးဖို႕မေမ့ေစနဲ႕ဦး။ ဟုတ္ျပီ။ ေနာက္တဆင့္ကိုမတက္ခင္ acetone မပါတဲ့ လက္သည္း ဖ်က္ေဆးေလးနဲ႕ ခုနက လက္ပန္းကုံးေလးေတြမွာ သုတ္ထားတဲ့ အဆီေလးေတြနဲ႕ moisturizer ေတြကို ျပန္လိုက္ဖ်က္ေပးပါ။ လက္သည္းဆိုးေဆး ၾကာၾကာခံဖို႕အဓိကေသာ့ခ်က္က သန္႕ရွင္းေနတဲ့ လက္သည္းေလးေတြ ဆိုတာလည္း မေမ့နဲ႕ဦးေနာ္။

အဆင့္၄။       ။ေအာက္ခံေဆးဆိုးဖို႕ မေမ့ေစနဲ႕။

လက္သည္းခြံ မ်က္ႏွာျပင္ေလး ပိုျပီးညီညီညာညာရွိဖို႕အတြက္ ေအာက္ခံေဆး အရင္ဆိုးေပးဖို႕မေမ့နဲ႕ေနာ္။ ပါးပါးေလး တစ္လႊာဆိုးရင္လုံေလာက္ပါတယ္။

အဆင့္၅။    ။ၾကိဳက္ရာအေရာင္ေရြးျပီး လက္သည္းဆိုးေပေတာ့။

လက္သည္းဆိုးတဲ့အခါ ခပ္ပါးပါးႏွစ္လႊာဆြဲပါ။ တစ္လႊာဆြဲျပီး ေျခာက္ျပီဆိုေတာ့မွ ေနာက္တစ္လႊာထပ္ဆြဲပါ။ ဆိုင္က တကယ့္ကြၽမ္းက်င္သူေတြလုပ္သလို လုပ္ဖို႕ဆိုရင္ (ဒါကအေရးအၾကီးဆုံးပဲ ဟုတ္တယ္မလား) လက္သည္းဆိုးေဆးကို ဆြဲတဲ့အခါလက္သည္း အလည္ေခါင္တည့္တည့္မွာ အေပၚကေနေအာက္ကို အရင္ဆြဲခ်ပါ ။ ျပီးေတာ့မွ ေဘးဘယ္ညာႏွစ္ဖက္ကိုလည္း ခုနကလိုထပ္ျပီးဆြဲခ်ရပါမယ္။ အဓိကအခ်က္က လက္သည္းဆိုးေဆးဆိုးတဲ့အခါ အလႊာေလးေတြကို တတ္ႏိုင္သမွ် ပါးပါးေလးဆြဲရပါမယ္။ ဒီလိုပါးပါးေလးဆြဲျခင္းအားျဖင့္ ၾကာၾကာလည္းခံသလို ျမန္ျမန္လည္းေျခာက္ေစပါတယ္။

အဆင့္၆။      ။အေရာင္တင္ပါ။

အေပၚလႊာတစ္ဆင့္ထပ္တင္တာဟာအေရာင္ပိုေတာက္ပေအာင္လုပ္တယ္ဆိုတာထက္ပိုပါတယ္။ အေပၚလႊာထပ္တင္လိုက္တဲ့အတြက္ေအာက္ကဆိုးခဲ့တဲ့အလႊာမွာနည္းနည္းမေသမသပ္မညီမညာတာမ်ိဳးေတြရွိခဲ့ရင္လည္း ျပန္ညွိျပီးသားျဖစ္သြားလို႕အဆင္ေျပလွပါတယ္။ အေပၚလႊာအတြက္ေတာ့တစ္ထပ္ဆြဲရင္ရပါျပီ။ ေနာက္ရက္ေတြမွာလည္းအေပၚလႊာေလးထပ္ထပ္တင္ေပးမယ္ဆိုရင္သင့္လက္သည္းနီ၊ေျခသည္းနီေလးက တစ္ပတ္တာလုံးသစ္လြင္လွပေနမွာပါ။

အဆင့္၇။       ။စိတ္ေအးေအးထားျပီးႏွပ္ေနပါ။ဘာကိုမွေလွ်ာက္မကိုင္ပါနဲ႕။

ကဲလက္သည္းေျခသည္းေတြ အလွဆင္လို႕ေတာ့ျပီးျပီ။ အခုလုပ္ရမွာက ဘာမွမလုပ္ဖို႕ပါပဲ။ ေနာက္ဆုံးပိတ္ အိတ္နဲ႕လြယ္ဖို႕ ျပီးျပည့္စုံစြာ အဆုံးသတ္ဖို႕ဆိုရင္ လက္သည္းကိုေျခာက္ေအာင္ လုပ္ေပးတဲ့ အရည္ေလးေတြကို လက္သည္းေပၚ သုံးေလးစက္ေလာက္ခ်ေပးပါ။ ဒါက လုပ္ကိုလုပ္ရမယ္ရယ္ေတာ့ မဟုတ္ပါဖူး။ သင့္သေဘာပါ။ ဒါေပမယ့္ ဒီလို အစက္ေလးေတြခ်ေပးလိုက္ရင္ လက္သည္းက ခါတိုင္းထက္ ပိုျပီးျမန္ျမန္ေျခာက္သြားမွာ ကေတာ့ အေသအခ်ာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာ ပုံဖော်ရတာဟာ အလှအပအတွက် အရေးကြီးသလိုပျော်ဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ် ပိုက်ဆံကသင့်ဆီမှာ အမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲ ကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်း အလှဆင်နိုင်ပါပြီ။

လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက

    acetone ဓာတ်မပါတဲ့လက်သည်းဖျက်ဆေးနဲ့ဂွမ်းလုံးလေးတွေ
    လက်သည်းခြေသည်းပုံဖော်တဲ့ကိရိယာလေး (nail file)
    ဖော့တုံးလေးတွေ
    လက်ကိုဂျီးချွတ်ဖို့သကြားနဲ့လုပ်ထားတဲ့ scrub
    လက်သည်းပြင်ရာမှာသုံးတဲ့သွားကြားထိုးတံအရွယ်တုတ်ချောင်းလေးတွေ (Orangewood stick)
    Moisturizer
    လက်သည်းခွံတဝိုက်ကိုအစိုဓာတ်ပေးဖို့သုံးတဲ့အဆီလေးတမျိုး(cuticle oil လို့ခေါ်တယ်၊ လက်သည်းနီလိုပဲ ပုလင်းသေးသေးလေးနဲ့)
    လက်သည်းဆိုးဆေးလေးတွေ (အောက်ခံ၊အရောင်၊အပေါ်လွှာ)

အဆင့်၁။      ။အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။

ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီ့နောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။

အဆင့်၂။     ။ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။

လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ အခုဆိုရင် ဂျီးချွတ်ချိန်ရောက်ပါပြီ။ အိမ်မှာအလွယ်တကူရနိုင်တဲ့ သကြားစားပွဲတင်ဇွန်း တစ်ဇွန်းစာကို ကလေးတွေကိုယ်လိမ်းတဲ့ baby oil gel စားပွဲတင်ဇွန်းတဇွန်းနဲ့ ရောသမပြီး ခြောက်သွေ့နေတဲ့ ဆဲလ်အသေတွေကို တိုက်ချွတ်ဖယ်ရှားပစ်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အနံ့လေးလည်းမွှေးသွားတဲ့အပြင် အရေပြားဟာ ပိုးသားလေးလိုနူးညံ့တောက်ပသွားမှာပါ။ ပြီးရင်တော့ ရေပြန်ဆေးပြီး ခြောက်အောင်သုတ်ရပါမယ်။

အဆင့်၃။     ။လက်သည်းခြေသည်း အောက်ခြေက အရေပြားပါးပါးလေးတွေကို (ခြေပန်းကုံး၊လက်ပန်းကုံးလို့လည်းခေါ်တယ်) ဂရုစိုက်ပါ။

အဲ့ဒီ့အရေပြားပါးပါးလေးတွေကို အဆီအနည်းငယ် ပွတ်ပေးခြင်းအားဖြင့် နူညံ့လာအောင်လုပ်ပါ။ အခုဆိုရင် ခြေပန်းကုံး၊ လက်ပန်းကုံးလေးတွေဟာနူးညံ့အိစက်နေပါပြီ။ ဒီအချိန်မှာ ပိုပြီးလှပသွားစေဖို့အတွက်တုတ်ချောင်းလေးတွေ(orangewood stick) နဲ့အသာအယာလိုက်ဖိပေးရပါမယ်။ လက်သည်းခွံအောက်က အညစ်အကြေးလေးတွေကို ဖယ်ထုတ်ဖို့လည်း ဒီတုတ်ချောင်းလေးတွေကို သုံးနိုင်ပါတယ်။ ကဲအခု တကယ်ပျော်ဖို့ကောင်းတဲ့အပိုင်းကို ရောက်လာပါပြီ။ မာဆတ် လုပ်ကြမယ် ။နှိပ်နယ်ကြမယ်လေ။ ဗီတာမင်များများပါတဲ့ moisturizer တစ်မျိုးမျိုးကိုယူပြီး အောက်ခြေ အရေပြား လေး တွေပေါ်ကို အသာအယာ သုတ်ပေးပါ။ လက်တင်မကဖူးနော် ဖနောင့်တို့ ၊ခြေဖဝါးတို့ ၊ခြေပန်းကုံး တို့ကို လည်းနှိပ်နယ် ပေးဖို့မမေ့စေနဲ့ဦး။ ဟုတ်ပြီ။ နောက်တဆင့်ကိုမတက်ခင် acetone မပါတဲ့ လက်သည်း ဖျက်ဆေးလေးနဲ့ ခုနက လက်ပန်းကုံးလေးတွေမှာ သုတ်ထားတဲ့ အဆီလေးတွေနဲ့ moisturizer တွေကို ပြန်လိုက်ဖျက်ပေးပါ။ လက်သည်းဆိုးဆေး ကြာကြာခံဖို့အဓိကသော့ချက်က သန့်ရှင်းနေတဲ့ လက်သည်းလေးတွေ ဆိုတာလည်း မမေ့နဲ့ဦးနော်။

အဆင့်၄။       ။အောက်ခံဆေးဆိုးဖို့ မမေ့စေနဲ့။

လက်သည်းခွံ မျက်နှာပြင်လေး ပိုပြီးညီညီညာညာရှိဖို့အတွက် အောက်ခံဆေး အရင်ဆိုးပေးဖို့မမေ့နဲ့နော်။ ပါးပါးလေး တစ်လွှာဆိုးရင်လုံလောက်ပါတယ်။

အဆင့်၅။    ။ကြိုက်ရာအရောင်ရွေးပြီး လက်သည်းဆိုးပေတော့။

လက်သည်းဆိုးတဲ့အခါ ခပ်ပါးပါးနှစ်လွှာဆွဲပါ။ တစ်လွှာဆွဲပြီး ခြောက်ပြီဆိုတော့မှ နောက်တစ်လွှာထပ်ဆွဲပါ။ ဆိုင်က တကယ့်ကျွမ်းကျင်သူတွေလုပ်သလို လုပ်ဖို့ဆိုရင် (ဒါကအရေးအကြီးဆုံးပဲ ဟုတ်တယ်မလား) လက်သည်းဆိုးဆေးကို ဆွဲတဲ့အခါလက်သည်း အလည်ခေါင်တည့်တည့်မှာ အပေါ်ကနေအောက်ကို အရင်ဆွဲချပါ ။ ပြီးတော့မှ ဘေးဘယ်ညာနှစ်ဖက်ကိုလည်း ခုနကလိုထပ်ပြီးဆွဲချရပါမယ်။ အဓိကအချက်က လက်သည်းဆိုးဆေးဆိုးတဲ့အခါ အလွှာလေးတွေကို တတ်နိုင်သမျှ ပါးပါးလေးဆွဲရပါမယ်။ ဒီလိုပါးပါးလေးဆွဲခြင်းအားဖြင့် ကြာကြာလည်းခံသလို မြန်မြန်လည်းခြောက်စေပါတယ်။

အဆင့်၆။      ။အရောင်တင်ပါ။

အပေါ်လွှာတစ်ဆင့်ထပ်တင်တာဟာအရောင်ပိုတောက်ပအောင်လုပ်တယ်ဆိုတာထက်ပိုပါတယ်။ အပေါ်လွှာထပ်တင်လိုက်တဲ့အတွက်အောက်ကဆိုးခဲ့တဲ့အလွှာမှာနည်းနည်းမသေမသပ်မညီမညာတာမျိုးတွေရှိခဲ့ရင်လည်း ပြန်ညှိပြီးသားဖြစ်သွားလို့အဆင်ပြေလှပါတယ်။ အပေါ်လွှာအတွက်တော့တစ်ထပ်ဆွဲရင်ရပါပြီ။ နောက်ရက်တွေမှာလည်းအပေါ်လွှာလေးထပ်ထပ်တင်ပေးမယ်ဆိုရင်သင့်လက်သည်းနီ၊ခြေသည်းနီလေးက တစ်ပတ်တာလုံးသစ်လွင်လှပနေမှာပါ။

အဆင့်၇။       ။စိတ်အေးအေးထားပြီးနှပ်နေပါ။ဘာကိုမှလျှောက်မကိုင်ပါနဲ့။

ကဲလက်သည်းခြေသည်းတွေ အလှဆင်လို့တော့ပြီးပြီ။ အခုလုပ်ရမှာက ဘာမှမလုပ်ဖို့ပါပဲ။ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ပြီးပြည့်စုံစွာ အဆုံးသတ်ဖို့ဆိုရင် လက်သည်းကိုခြောက်အောင် လုပ်ပေးတဲ့ အရည်လေးတွေကို လက်သည်းပေါ် သုံးလေးစက်လောက်ချပေးပါ။ ဒါက လုပ်ကိုလုပ်ရမယ်ရယ်တော့ မဟုတ်ပါဖူး။ သင့်သဘောပါ။ ဒါပေမယ့် ဒီလို အစက်လေးတွေချပေးလိုက်ရင် လက်သည်းက ခါတိုင်းထက် ပိုပြီးမြန်မြန်ခြောက်သွားမှာ ကတော့ အသေအချာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top