Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×











စစ်တောင်းမြစ်လက်

အမုန်းတွေမပေးတက်

အက္ခရာကျောက်ထက်

အချစ်တွေပြည့်နှက်။

Credit: Aung Ye Kyaw
#Unicode Version#
မြစ်ဆုံ၊မြစ်ဖျားဟာ မြစ်အစဆို

ကျုပ့်ချစ်ခြင်းက သူ့မျက်ဝန်းကစတယ်။

မေခ၊မလိခ မြစ်ဖျားခံ ဧရာ စီးဆင်းသလို

အချစ်၊အလွမ်း မြစ်ဖျားခံ အကြင်နာ စီးဆင်တယ်။

ကြမ်းတမ်းခက်ထန် သံလွင်ဟန်

အမြဲတမ်းလွမ်းပြန် ပင်ကိုယ်စတိုင်။

ကွေ့ကောက်များလှ ရန်ကုန်မြစ်ဝ

စိတ်ကောက်များတာ သူ့အမူအရာဟ။

အဝေးဆီမှာ ချင်းတွင်းမြစ်

မိဘတွေဆီလာ တောင်းပါရစေအချစ်။

စစ်တောင်းမြစ်လက်

အမုန်းတွေမပေးတက်

အက္ခရာကျောက်ထက်

အချစ်တွေပြည့်နှက်။

ဖိုးသူတော် (www.phothutaw.com)
Credit: Aung Ye Kyaw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top