Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလယာဥ္အမႈထမ္းေတြက ဝင္ေရာက္ဖ်န္ေျဖခဲ့ေပမဲ့ ေဒါသတႀကီး ျဖစ္ေနတဲ့ အမ်ဳိးသမီးကုိ မထိန္းႏုိင္ခဲ့ၾကပါဘူး။

ခင္ပြန္းျဖစ္သူက သူမကုိ လိမ္လည္ထားသမွ် ေလယာဥ္စီးေနရင္း သိလုိက္ရၿပီးေနာက္ ေဒါသအုိးေပါက္ကြဲခဲ့တဲ့ အမ်ဳိးသမီးတစ္ဦးက ေလယာဥ္ကုိ အေရးေပၚ ဆင္းသက္ခုိင္းခဲ့တာေၾကာင့္ ဆင္းေပးခဲ့ရပါတယ္။


ေဒါသေပါက္ကြဲၿပီး ေလယာဥ္ကုိ အေရးေပၚဆင္းခုိင္းတဲ့ အမ်ဳိးသမီးဟာ အီရန္ႏုိင္ငံသူျဖစ္ၿပီး တနဂၤေႏြေန႕ (ႏုိဝင္ဘာ ၅ ရက္) က ဒုိဟာၿမဳိ႕ကေန အင္ဒုိနီး႐ွားႏုိင္ငံ ဘာလီကုိ ပ်ံသန္းလာတဲ့ ကာတာေလေၾကာင္းလုိင္းမွ ေလယာဥ္ေပၚမွာ သူမရဲ႕ ခင္ပြန္း၊ ကေလးတုိနဲ႕အတူ စီးနင္းလုိက္ပါခဲ့တယ္လုိ႕ အိႏၵိယႏုိင္ငံထုတ္ Hindustan Times သတင္းစာမွာ ႏုိဝင္ဘာ ၆ ရက္က ေဖာ္ျပခဲ့ပါတယ္။

အဆုိပါ အမ်ဳိးသမီးက ေလယာဥ္ေပၚမွာ ခင္ပြန္းသည္ အိပ္ေပ်ာ္ေနစဥ္ လက္ကုိယူၿပီး ခင္ပြန္းရဲ႕ဖုန္းကုိ လက္ေဗြျဖင့္ ဖြင့္ၾကည့္ခဲ့ရာမွ သူမအေပၚ လိမ္လည္ထားသမွ် အေၾကာင္းစုံကုိ သိ႐ွိခဲ့ရတယ္လုိ႕ ဆုိပါတယ္။

အလိမ္ခံထားရသမွ် အေၾကာင္းစုံသိလုိက္ရၿပီးေနာက္ အဆုိပါ အမ်ဳိးသမီးက သူမရဲ႕ခင္ပြန္းကုိ ႐ုိက္ပုတ္ကာ ေဒါသ ေပါက္ကြဲခဲ့ပါေတာ့တယ္။ ေလယာဥ္အမႈထမ္းေတြက ဝင္ေရာက္ဖ်န္ေျဖခဲ့ေပမဲ့ ေဒါသတႀကီး ျဖစ္ေနတဲ့ အမ်ဳိးသမီးကုိ မထိန္းႏုိင္ခဲ့ၾကပါဘူး။

ေလယာဥ္ေပၚမွာ ထိန္းမႏုိင္ျဖစ္ေနတဲ့ အေျခအေနကို သိ႐ွိခဲ့ၿပီးေနာက္ ေလယာဥ္မွဴးက အိႏၵိယေတာင္ပုိင္း ခ်င္ႏုိင္းၿမဳိ႕မွာ ေလယာဥ္ကုိ အေရးေပၚဆင္းသက္ခဲ့ရပါတယ္။

ထုိ႕ေနာက္ ေဒါသထြက္ေနတဲ့ အမ်ဳိးသမီး၊ သူမရဲ႕ခင္ပြန္းနဲ႕ ကေလးတုိ႕ ေလယာဥ္မွဆင္းသြားၿပီးေနာက္ ဘာလီကုိ ဆက္လက္ထြက္ခြာႏုိင္ခဲ့တယ္လို႕ အမည္မေဖာ္လုိသူ လုံၿခဳံေရးအရာ႐ွိတစ္ဦးက Hindustan Times သတင္းစာကုိ ေျပာခဲ့ပါတယ္။

"သူတုိ႕ မိသားစုက ခ်င္ႏုိင္းေလဆိပ္မွာ တစ္ရက္ၾကာ ေနခဲ့ၿပီးေတာ့ Batik ေလေၾကာင္းလုိင္း ေလယာဥ္နဲ႕ ကြာလာလမ္ပူကုိ ပုိ႕လုိက္ပါတယ္၊ သူတုိ႕ကုိ အေရးယူမႈေတာ့ မလုပ္ခဲ့ပါဘူး" လုိ႕ အဆုိပါ အရာ႐ွိက ဆုိပါတယ္။ ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ကာတာေလေၾကာင္းလုိင္းက မွတ္ခ်က္ေပးေျပာၾကားမႈ မ႐ွိေသးေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လေယာဉ်အမှုထမ်းတွေက ဝင်ရောက်ဖျန်ဖြေခဲ့ပေမဲ့ ဒေါသတကြီး ဖြစ်နေတဲ့ အမျိုးသမီးကို မထိန်းနိုင်ခဲ့ကြပါဘူး။

ခင်ပွန်းဖြစ်သူက သူမကို လိမ်လည်ထားသမျှ လေယာဉ်စီးနေရင်း သိလိုက်ရပြီးနောက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ အမျိုးသမီးတစ်ဦးက လေယာဉ်ကို အရေးပေါ် ဆင်းသက်ခိုင်းခဲ့တာကြောင့် ဆင်းပေးခဲ့ရပါတယ်။


ဒေါသပေါက်ကွဲပြီး လေယာဉ်ကို အရေးပေါ်ဆင်းခိုင်းတဲ့ အမျိုးသမီးဟာ အီရန်နိုင်ငံသူဖြစ်ပြီး တနင်္ဂနွေနေ့ (နိုဝင်ဘာ ၅ ရက်) က ဒိုဟာမြို့ကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကို ပျံသန်းလာတဲ့ ကာတာလေကြောင်းလိုင်းမှ လေယာဉ်ပေါ်မှာ သူမရဲ့ ခင်ပွန်း၊ ကလေးတိုနဲ့အတူ စီးနင်းလိုက်ပါခဲ့တယ်လို့ အိန္ဒိယနိုင်ငံထုတ် Hindustan Times သတင်းစာမှာ နိုဝင်ဘာ ၆ ရက်က ဖော်ပြခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးက လေယာဉ်ပေါ်မှာ ခင်ပွန်းသည် အိပ်ပျော်နေစဉ် လက်ကိုယူပြီး ခင်ပွန်းရဲ့ဖုန်းကို လက်ဗွေဖြင့် ဖွင့်ကြည့်ခဲ့ရာမှ သူမအပေါ် လိမ်လည်ထားသမျှ အကြောင်းစုံကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အလိမ်ခံထားရသမျှ အကြောင်းစုံသိလိုက်ရပြီးနောက် အဆိုပါ အမျိုးသမီးက သူမရဲ့ခင်ပွန်းကို ရိုက်ပုတ်ကာ ဒေါသ ပေါက်ကွဲခဲ့ပါတော့တယ်။ လေယာဉ်အမှုထမ်းတွေက ဝင်ရောက်ဖျန်ဖြေခဲ့ပေမဲ့ ဒေါသတကြီး ဖြစ်နေတဲ့ အမျိုးသမီးကို မထိန်းနိုင်ခဲ့ကြပါဘူး။

လေယာဉ်ပေါ်မှာ ထိန်းမနိုင်ဖြစ်နေတဲ့ အခြေအနေကို သိရှိခဲ့ပြီးနောက် လေယာဉ်မှူးက အိန္ဒိယတောင်ပိုင်း ချင်နိုင်းမြို့မှာ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

ထို့နောက် ဒေါသထွက်နေတဲ့ အမျိုးသမီး၊ သူမရဲ့ခင်ပွန်းနဲ့ ကလေးတို့ လေယာဉ်မှဆင်းသွားပြီးနောက် ဘာလီကို ဆက်လက်ထွက်ခွာနိုင်ခဲ့တယ်လို့ အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတစ်ဦးက Hindustan Times သတင်းစာကို ပြောခဲ့ပါတယ်။

"သူတို့ မိသားစုက ချင်နိုင်းလေဆိပ်မှာ တစ်ရက်ကြာ နေခဲ့ပြီးတော့ Batik လေကြောင်းလိုင်း လေယာဉ်နဲ့ ကွာလာလမ်ပူကို ပို့လိုက်ပါတယ်၊ သူတို့ကို အရေးယူမှုတော့ မလုပ်ခဲ့ပါဘူး" လို့ အဆိုပါ အရာရှိက ဆိုပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကာတာလေကြောင်းလိုင်းက မှတ်ချက်ပေးပြောကြားမှု မရှိသေးကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top