Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမင္းၿခံၿမိဳ႕နယ္ ေခါင္း ကဲြေက်းရြာအုပ္စု ကန္ရြာေက်းရြာ တြင္ ၂၀၁၀ မွစတင္ကာ မီးလင္း ေရးအတြက္ ေငြထည့္၀င္ထား ေသာ္လည္း လက္ရွိအခ်ိန္အထိ လွ်ပ္စစ္မီးမရွိေသးဟုဆိုကာ ေဒသခံမ်ားက ႏုိ၀င္ဘာ ၁၂ ရက္ တြင္ ျမင္းၿခံၿမိဳ႕၌ ဆႏၵထုတ္ေဖာ္ ခဲ့သည္။

ေက်းရြာလွ်ပ္စစ္မီးလင္းေရး  တစ္အိမ္လွ်င္ က်ပ္ႏွစ္သိန္းမွ ငါးသိန္းအထိ ထည့္၀င္ခဲ့ၿပီး ခုနစ္ႏွစ္ၾကာ လက္ရွိအခ်ိန္ထိ ေနအိမ္အခ်ဳိ႕ မီးလင္းျခင္းမရွိေသာ ေၾကာင့္ ေက်းရြာမီးလင္းေရး ေကာ္မတီကို ေဒသခံလူဦးေရ ၁၅၀ ခန္႔က ဆႏၵျပေၾကာင္း ဦးေဆာင္ဆႏၵ ထုတ္ေဖာ္သူ ဦးေန၀င္းက ေျပာ သည္။

ေက်းရြာလွ်ပ္စစ္မီးလင္း ေရးေကာ္မတီကုိ ဖ်က္သိမ္းကာ အသစ္ျပန္လည္ဖဲြ႕စည္းေပးရန္ ႏွင့္ ရယူထားေသာ ေငြေၾကးမ်ား ႏွင့္ပတ္သက္၍ ရွင္းလင္းေပးရန္ ေတာင္းဆိုကာ ျမင္းၿခံၿမိဳ႕အမွတ္ (၁၈)ေဘာလုံးကြင္းမွ စတင္ကာ ၿမိဳ႕နယ္လွ်ပ္စစ္႐ုံးေရွ႕အထိ ဆႏၵ ထုတ္ေဖာ္ခဲ့သည္။

အဆုိပါ ေက်းရြာတြင္ အိမ္ ေျခ ၂၉၀ ခန္႔ရွိၿပီး လက္ရွိ ၁၃၀ ခန္႔ မီးလင္းေနကာ က်န္ရွိအိမ္ေျခ ၁၆၀ သည္ လက္ရွိအခ်ိန္ထိ မီးမရ ေသးေၾကာင္း ဦးေန၀င္းက ေျပာ သည္။ လွ်ပ္စစ္မီးမရေသးသည့္ အိမ္ေျခ ၁၆၀ တြင္ အိမ္ေျခ ၈၀ သည္ က်ပ္ ငါးသိန္းႏႈန္း ထည့္၀င္ ထားၿပီး က်န္ရွိအိမ္ေျခမ်ားသည္ က်ပ္သုံးသိန္း၊ ႏွစ္သိန္းႏႈန္းထည့္ ၀င္ထားေၾကာင္း ဆႏၵထုတ္ေဖာ္ သူမ်ားက ဆုိသည္။

‘‘အစက မီးလင္းေရးအ တြက္ မီတာစံ(မီတာပုံး) အပါအ ၀င္ အၿပီးအစီး ငါးသိန္းေတာင္း တာ။ အခုက်ေတာ့ မီတာဆန္အပါ ၆ သိန္း၊ မီးလင္းဖုိ႔ အျခားဟာေတြဆိုရင္ ခုနစ္သိန္းေက်ာ္ေတာင္းေနတာ။  ကၽြန္ေတာ္တို႔က မေပးႏုိင္ေတာ့ဘူးေလ။ အဲဒီေတာ့ သူတုိ႔နဲ႔ နီးစပ္တဲ့အသိုင္းအ၀ိုင္းကိုသာ လုပ္ေပးတာ။ ကၽြန္ေတာ္တို႔က ေတာ့ မရေသးလို႔ ဆႏၵျပတာ။ ၿမိဳ႕နယ္လွ်ပ္စစ္သြားေျပာေတာ့ မီးလင္းေရးေကာ္မတီသစ္ကို အုပ္ ခ်ဳပ္ေရးပိုင္းက ဖဲြ႕ၿပီးရင္ လုပ္ေပး မယ္ေျပာတာပဲ။ ကၽြန္ေတာ္တို႔က စာတင္တုိင္ၾကားေပမယ့္လည္း စာကိုဂ႐ုမစုိက္ဘူး။ မလုပ္ေပး သေရြ႕ ဆႏၵျပေနမွာပဲ’’ဟု ဦးေန၀င္းက ေျပာသည္။

၂၀၁၅ က ေက်းရြာလွ်ပ္စစ္ မီးလင္းေရးအတြက္ မီးလင္းေရး ေကာ္မတီသို႔ ျပင္ပအလွဴရွင္မ်ား က က်ပ္သိန္း ၁၅၀ ေက်ာ္ လာ ေရာက္လွဴဒါန္းခဲ့ေၾကာင္း ဆႏၵ ထုတ္ေဖာ္ရာတြင္ ပါ၀င္သူေဒသ ခံဦးေအာင္၀င္းက ေျပာသည္။

‘‘ကၽြန္ေတာ္တို႔က ဒီေကာ္မ တီကို ယုံၾကည္မႈကိုမရွိေတာ့ဘူး။ ေစ်းေတြပိုတုိးေတာင္းလို႔ ကုန္က် စရိတ္ကို ရွင္းျပပါဆုိေတာ့လည္း ရွင္းမျပႏုိင္ဘူး။ ကၽြန္ေတာ္တို႔က သတ္မွတ္ထားတဲ့ ႏႈန္းထားအတုိင္းပဲ ေပးႏုိင္မယ္။ အဲဒါေၾကာင့္ ေကာ္ မတီသစ္ကိုေျပာင္းလဲေပးဖို႔ရယ္၊ ရယူထားတဲ့ ေငြေၾကးေတြကို ရွင္း လင္းေပးဖို႔ရယ္ ေတာင္းဆိုတာ’’ ဟု ဦးေအာင္၀င္းက ေျပာသည္။

အဆုိပါ ဆႏၵျပမႈႏွင့္ပတ္ သက္၍ ကန္ရြာေက်းရြာ လွ်ပ္စစ္ မီးလင္းေရးေကာ္မတီတာ၀န္ရွိ သူ၊ ျမင္းၿခံၿမိဳ႕နယ္ ေထြအုပ္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ သို႔ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္း ေသာ္လည္း ဆက္သြယ္မရခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မြင်းခြံမြို့နယ် ခေါင်း ကွဲကျေးရွာအုပ်စု ကန်ရွာကျေးရွာ တွင် ၂၀၁၀ မှစတင်ကာ မီးလင်း ရေးအတွက် ငွေထည့်ဝင်ထား သော်လည်း လက်ရှိအချိန်အထိ လျှပ်စစ်မီးမရှိသေးဟုဆိုကာ ဒေသခံများက နိုဝင်ဘာ ၁၂ ရက် တွင် မြင်းခြံမြို့၌ ဆန္ဒထုတ်ဖော် ခဲ့သည်။

ကျေးရွာလျှပ်စစ်မီးလင်းရေး  တစ်အိမ်လျှင် ကျပ်နှစ်သိန်းမှ ငါးသိန်းအထိ ထည့်ဝင်ခဲ့ပြီး ခုနစ်နှစ်ကြာ လက်ရှိအချိန်ထိ နေအိမ်အချို့ မီးလင်းခြင်းမရှိသော ကြောင့် ကျေးရွာမီးလင်းရေး ကော်မတီကို ဒေသခံလူဦးရေ ၁၅၀ ခန့်က ဆန္ဒပြကြောင်း ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ ဦးနေဝင်းက ပြော သည်။

ကျေးရွာလျှပ်စစ်မီးလင်း ရေးကော်မတီကို ဖျက်သိမ်းကာ အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နှင့် ရယူထားသော ငွေကြေးများ နှင့်ပတ်သက်၍ ရှင်းလင်းပေးရန် တောင်းဆိုကာ မြင်းခြံမြို့အမှတ် (၁၈)ဘောလုံးကွင်းမှ စတင်ကာ မြို့နယ်လျှပ်စစ်ရုံးရှေ့အထိ ဆန္ဒ ထုတ်ဖော်ခဲ့သည်။

အဆိုပါ ကျေးရွာတွင် အိမ် ခြေ ၂၉၀ ခန့်ရှိပြီး လက်ရှိ ၁၃၀ ခန့် မီးလင်းနေကာ ကျန်ရှိအိမ်ခြေ ၁၆၀ သည် လက်ရှိအချိန်ထိ မီးမရ သေးကြောင်း ဦးနေဝင်းက ပြော သည်။ လျှပ်စစ်မီးမရသေးသည့် အိမ်ခြေ ၁၆၀ တွင် အိမ်ခြေ ၈၀ သည် ကျပ် ငါးသိန်းနှုန်း ထည့်ဝင် ထားပြီး ကျန်ရှိအိမ်ခြေများသည် ကျပ်သုံးသိန်း၊ နှစ်သိန်းနှုန်းထည့် ဝင်ထားကြောင်း ဆန္ဒထုတ်ဖော် သူများက ဆိုသည်။

‘‘အစက မီးလင်းရေးအ တွက် မီတာစံ(မီတာပုံး) အပါအ ဝင် အပြီးအစီး ငါးသိန်းတောင်း တာ။ အခုကျတော့ မီတာဆန်အပါ ၆ သိန်း၊ မီးလင်းဖို့ အခြားဟာတွေဆိုရင် ခုနစ်သိန်းကျော်တောင်းနေတာ။  ကျွန်တော်တို့က မပေးနိုင်တော့ဘူးလေ။ အဲဒီတော့ သူတို့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကိုသာ လုပ်ပေးတာ။ ကျွန်တော်တို့က တော့ မရသေးလို့ ဆန္ဒပြတာ။ မြို့နယ်လျှပ်စစ်သွားပြောတော့ မီးလင်းရေးကော်မတီသစ်ကို အုပ် ချုပ်ရေးပိုင်းက ဖွဲ့ပြီးရင် လုပ်ပေး မယ်ပြောတာပဲ။ ကျွန်တော်တို့က စာတင်တိုင်ကြားပေမယ့်လည်း စာကိုဂရုမစိုက်ဘူး။ မလုပ်ပေး သရွေ့ ဆန္ဒပြနေမှာပဲ’’ဟု ဦးနေဝင်းက ပြောသည်။

၂၀၁၅ က ကျေးရွာလျှပ်စစ် မီးလင်းရေးအတွက် မီးလင်းရေး ကော်မတီသို့ ပြင်ပအလှူရှင်များ က ကျပ်သိန်း ၁၅၀ ကျော် လာ ရောက်လှူဒါန်းခဲ့ကြောင်း ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သူဒေသ ခံဦးအောင်ဝင်းက ပြောသည်။

‘‘ကျွန်တော်တို့က ဒီကော်မ တီကို ယုံကြည်မှုကိုမရှိတော့ဘူး။ ဈေးတွေပိုတိုးတောင်းလို့ ကုန်ကျ စရိတ်ကို ရှင်းပြပါဆိုတော့လည်း ရှင်းမပြနိုင်ဘူး။ ကျွန်တော်တို့က သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ပေးနိုင်မယ်။ အဲဒါကြောင့် ကော် မတီသစ်ကိုပြောင်းလဲပေးဖို့ရယ်၊ ရယူထားတဲ့ ငွေကြေးတွေကို ရှင်း လင်းပေးဖို့ရယ် တောင်းဆိုတာ’’ ဟု ဦးအောင်ဝင်းက ပြောသည်။

အဆိုပါ ဆန္ဒပြမှုနှင့်ပတ် သက်၍ ကန်ရွာကျေးရွာ လျှပ်စစ် မီးလင်းရေးကော်မတီတာဝန်ရှိ သူ၊ မြင်းခြံမြို့နယ် ထွေအုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များထံ သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်မရခဲ့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top