Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဆရာ၀န္၊ အေရျပားဆရာ၀န္နွင့္ အင္တာနက္ေပၚမွ ေဆာင္းပါးမ်ားက ၀က္ျခံမ်ားကို မညွစ္ရန္ အျမဲအျကံေပးေသာ္လည္း လူေတြက ဘာလို႕ထိုအမွားကို ဆက္လုပ္ေနျကသလဲ။ေနာက္ျပီး ၀က္ျခံမညွစ္မိေစ၇န္ ဘယ္လိုတားျမစ္ရမလဲ သင္သိခ်င္ပါသလား။

ေအာက္ပါ ေဆာင္းပါးကိုဖတ္လွ်င္ သင္လိုအပ္ေနေသာ အခ်က္မ်ားကို သိရလိမ့္မည္။
၀က္ျခံမ်ားကိုမညွစ္သင့္မွန္းသိေသာ္လည္း ဘာေျကာင့္ ညွစ္ေနရသလဲ။

က်ြနုပ္တို႔သည္ က်ြနုပ္တို႔အေရျပားတြင္မရွိေစခ်င္ေသာ အရာမ်ားကို ဖယ္ထုတ္ရန္ျကိဳးစားတတ္ျကသည္။ က်ြနုပ္တို႔အေ၇ျပားကို ပိုးသားေလးကဲ့သို႕ ေခ်ာမြတ္လိုျကသည္။ က်ြနုပ္တို႔မွာ အစက္အေျပာက္၊ ၀က္ျခံ နွင့္ ဆား၀က္ျခံမ်ားရွိလာလွ်င္လည္း ဖယ္ထုတ္ဖို႔ျကိုးစားျကသည္။

တခါတရံသင့္မ်က္နွာကို ဂရုတစိုက္ျကည့္ရန္ အခ်ိန္မရွိေစဦးေတာ့ ၊ ျကည့္လိုက္သည့္ အခ်ိန္ သင့္တြင္ျဖစ္ေနေသာ ၀က္ျခံမ်ားကိျ ညွစ္ထုတ္လိုက္ျခင္းက သင့္အတြက္ စိတ္သက္သာရာတခုျဖစ္ေကာင္းျဖစ္ေနေပလိမ့္မည္။

အခ်ိဳ႕ကမူ ၀က္ျခံညွစ္လိုက္လွ်င္ ျပည္မ်ားထြက္သြားျပီး နီရဲေရာင္ရမ္းမႈမ်ားေလ်ာ့သြားကာ ပိုေကာင္းသြားမည္ဟုထင္ျကသည္။ ထိုသို႕ျပဳလုပ္ျခင္းသည္ အေရျပားကိုထိခိုက္ပ်က္စီးေစနို္င္ရုံသာမက အႏၱရာယ္လည္းရွိနို္င္ပါသည္။
၀က္ျခံညွစ္ျခင္းသည္ ေကာင္းလား ဆိုးလား။

၀က္ျခံညွစ္လိုက္လွ်င္ သင့္၀က္ျခံအနာသည္ ျပင္ပေလထုထဲရွိ ဖုန္မႈန္႕ ဘက္တီးရီးယားတို႕နွင့္ထိေတြ႔၇သည္။ထိုအခါေသြးျဖဴဥမ်ားက ဘက္တီးရီၤးယားမ်ားကိုတိုက္ခိုက္ျပီး ေသြးနီဥမ်ားက ေသြးခဲကိုျဖစ္ေစျပီး အနာက်က္သြားသည္။ ဠင္းသည္ အမာရြတ္က်န္ေစသည့္ အေျကာင္းအရင္းပင္ျဖစ္သည္။ ထို႕ေျကာင့္ သင္၀က္ျခံညွစ္မည္ဆိုပါက တတ္က်ြမ္းျပီးအေတြ႕အျကံုရင့္ေသာ၊ ၀က္ျခံညွစ္ရာတြင္ ပစၥည္းမ်ားကို စနစ္တက်အသံုးျပဳေသာသူမ်ားထြတြင္ ညွစ္ထုတ္မွ သင့္ အေ၇ျပားကို ပိုမဆိုးသြားေစလိမ့္မည္ျဖစ္သည္။
၀က္ျခံမညွစ္မိေအာင္ ဘယ္လိုလုပ္ရမလဲ။

·       သင့္ အေတြးအေခၚကိုေျပာင္းလဲရမည္

ပထမဦးဆံုး သင့္ အမူအက်င့္ကိုေျပာင္းလဲပါ။ သင့္စိတ္ကိုအလိုမလိုက္ပါနွင့္။ သင္၀က္ျခံညွစ္ေတာ့မည္ဆိုလွ်င္ ၄င္းအျပဳအမူသည္ အမာရြတ္မ်ားျဖစ္ကာ ပိုဆိုးသြားေစနိုင္ေျကာင္း သင့္ကိုယ္သင္အျမဲ သတိေပးေနပါ။

သင္အရုပ္ဆိုးအက်ည္းတန္သြားမွာကို စိုးရိမ္မလြန္ပါနွင့္။ လူတိုင္းအရာရာျပည့္စံုသည္မရွိပါ။ သင္သည္ ဥမၼာဒႏၱီရႈံးေအာင္ မလွပေနေသာ္လည္း သင့္ကိုသေဘာက်သူမ်ားရွိပါသည္။

သင့္တြင္အျခားေေသာ ဆြဲေဆာင္မႈမ်ားရွိေနနိုင္ပါသည္။ သင့္ကိုယ္သင္ထိုအေတြးမ်ားေတြးရန္လိုအပ္သည္။

၀က္ျခံရွိလွ်င္ လူတိုင္းေတာ့ အနည္းနွင့္အမ်ား စိတ္ညစ္ျကမည္ျဖစ္သည္။ သို႕ေသာ္ သင္သည္ ထိုအရာကို လက္ခံနိုင္ရန္ျကိဳးစားသင့္သည္။

·       သင့္ကိုယ္သင္ အာရုံလႊဲပါ။

သင့္သည္ ကြန္ျပဴတာစာရိုက္ျခင္း၊ ဟင္းခ်က္ျခင္း၊ စာေရးျခင္းစသည္ျဖင့္ အျခားအလုပ္မ်ားလုပ္ေနလွ်င္ သင့္၀က္ျခံဘက္ကို အာရုံမရာက္ေတာ့သလို ၀က္ျခံညွစ္ရန္လည္း သတိရေတာ့မည္မဟုတ္ေခ်။ သတိရလိုက္သည္ဆိုလွ်င္လည္း သင့္ကိုယ္သင္ျပင္းထန္စြာ သတိေပးပါ။ သင့္ လက္နွစ္ဖက္ေပၚဖိထို္င္ထားျခင္း၊ လက္မ်ားကို ေဘးခ်ထားျခင္း စသည္ျဖင့္ ၀က္ျခံကို မထိမိေစရန္ျကိဳးစားလုပ္ေဆာင္ရမည္။

အခ်ဳပ္ဆိုရေသာ္ ၀က္ျခံညွစ္ျခင္းသည္ ပံုမွန္အားျဖင့္ ၀က္ျခံေပါက္သူတိုင္းလုပ္ျကေသာ အျပဳအမူတခုျဖစ္သည္။ လုပ္စရာမရွိလွ်င္ျဖစ္ေစ မိမိစိတ္သက္သာရာရဖို႕ျဖစ္ေစ၊ ဆရာ၀န္နွင့္ တိုင္ပင္ကာကုသရန္၀န္ေလးသည့္အခါျဖစ္ေစ ၀က္ျခံညွစ္တတ္ျကသည္။

သို႕ေသာ္ ၄င္းသည္ အထက္ေဖာ္ျပပါအတိုင္းဆိုးက်ိဳးမ်ားစြာရွိေနသည့္အတြက္ သင့္အမူအက်င့္မ်ားကို ေျပာင္းလဲနိုင္ရန္ျကိုးစားသင့္ေပသည္.

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

ဆရာဝန်၊ အရေပြားဆရာဝန်နှင့် အင်တာနက်ပေါ်မှ ဆောင်းပါးများက ဝက်ခြံများကို မညှစ်ရန် အမြဲအကြံပေးသော်လည်း လူတွေက ဘာလို့ထိုအမှားကို ဆက်လုပ်နေကြသလဲ။နောက်ပြီး ဝက်ခြံမညှစ်မိစေ၇န် ဘယ်လိုတားမြစ်ရမလဲ သင်သိချင်ပါသလား။

အောက်ပါ ဆောင်းပါးကိုဖတ်လျှင် သင်လိုအပ်နေသော အချက်များကို သိရလိမ့်မည်။
ဝက်ခြံများကိုမညှစ်သင့်မှန်းသိသော်လည်း ဘာကြောင့် ညှစ်နေရသလဲ။

ကျွနုပ်တို့သည် ကျွနုပ်တို့အရေပြားတွင်မရှိစေချင်သော အရာများကို ဖယ်ထုတ်ရန်ကြိုးစားတတ်ကြသည်။ ကျွနုပ်တို့အရေပြားကို ပိုးသားလေးကဲ့သို့ ချောမွတ်လိုကြသည်။ ကျွနုပ်တို့မှာ အစက်အပြောက်၊ ဝက်ခြံ နှင့် ဆားဝက်ခြံများရှိလာလျှင်လည်း ဖယ်ထုတ်ဖို့ကြိုးစားကြသည်။

တခါတရံသင့်မျက်နှာကို ဂရုတစိုက်ကြည့်ရန် အချိန်မရှိစေဦးတော့ ၊ ကြည့်လိုက်သည့် အချိန် သင့်တွင်ဖြစ်နေသော ဝက်ခြံများကိြ ညှစ်ထုတ်လိုက်ခြင်းက သင့်အတွက် စိတ်သက်သာရာတခုဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

အချို့ကမူ ဝက်ခြံညှစ်လိုက်လျှင် ပြည်များထွက်သွားပြီး နီရဲရောင်ရမ်းမှုများလျော့သွားကာ ပိုကောင်းသွားမည်ဟုထင်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ရုံသာမက အန္တရာယ်လည်းရှိနိုင်ပါသည်။
ဝက်ခြံညှစ်ခြင်းသည် ကောင်းလား ဆိုးလား။

ဝက်ခြံညှစ်လိုက်လျှင် သင့်ဝက်ခြံအနာသည် ပြင်ပလေထုထဲရှိ ဖုန်မှုန့် ဘက်တီးရီးယားတို့နှင့်ထိတွေ့၇သည်။ထိုအခါသွေးဖြူဥများက ဘက်တီးရီၤးယားများကိုတိုက်ခိုက်ပြီး သွေးနီဥများက သွေးခဲကိုဖြစ်စေပြီး အနာကျက်သွားသည်။ ဠင်းသည် အမာရွတ်ကျန်စေသည့် အကြောင်းအရင်းပင်ဖြစ်သည်။ ထို့ကြောင့် သင်ဝက်ခြံညှစ်မည်ဆိုပါက တတ်ကျွမ်းပြီးအတွေ့အကြုံရင့်သော၊ ဝက်ခြံညှစ်ရာတွင် ပစ္စည်းများကို စနစ်တကျအသုံးပြုသောသူများထွတွင် ညှစ်ထုတ်မှ သင့် အရေပြားကို ပိုမဆိုးသွားစေလိမ့်မည်ဖြစ်သည်။
ဝက်ခြံမညှစ်မိအောင် ဘယ်လိုလုပ်ရမလဲ။

·       သင့် အတွေးအခေါ်ကိုပြောင်းလဲရမည်

ပထမဦးဆုံး သင့် အမူအကျင့်ကိုပြောင်းလဲပါ။ သင့်စိတ်ကိုအလိုမလိုက်ပါနှင့်။ သင်ဝက်ခြံညှစ်တော့မည်ဆိုလျှင် ၎င်းအပြုအမူသည် အမာရွတ်များဖြစ်ကာ ပိုဆိုးသွားစေနိုင်ကြောင်း သင့်ကိုယ်သင်အမြဲ သတိပေးနေပါ။

သင်အရုပ်ဆိုးအကျည်းတန်သွားမှာကို စိုးရိမ်မလွန်ပါနှင့်။ လူတိုင်းအရာရာပြည့်စုံသည်မရှိပါ။ သင်သည် ဥမ္မာဒန္တီရှုံးအောင် မလှပနေသော်လည်း သင့်ကိုသဘောကျသူများရှိပါသည်။

သင့်တွင်အခြားေသော ဆွဲဆောင်မှုများရှိနေနိုင်ပါသည်။ သင့်ကိုယ်သင်ထိုအတွေးများတွေးရန်လိုအပ်သည်။

ဝက်ခြံရှိလျှင် လူတိုင်းတော့ အနည်းနှင့်အများ စိတ်ညစ်ကြမည်ဖြစ်သည်။ သို့သော် သင်သည် ထိုအရာကို လက်ခံနိုင်ရန်ကြိုးစားသင့်သည်။

·       သင့်ကိုယ်သင် အာရုံလွှဲပါ။

သင့်သည် ကွန်ပြူတာစာရိုက်ခြင်း၊ ဟင်းချက်ခြင်း၊ စာရေးခြင်းစသည်ဖြင့် အခြားအလုပ်များလုပ်နေလျှင် သင့်ဝက်ခြံဘက်ကို အာရုံမရာက်တော့သလို ဝက်ခြံညှစ်ရန်လည်း သတိရတော့မည်မဟုတ်ချေ။ သတိရလိုက်သည်ဆိုလျှင်လည်း သင့်ကိုယ်သင်ပြင်းထန်စွာ သတိပေးပါ။ သင့် လက်နှစ်ဖက်ပေါ်ဖိထိုင်ထားခြင်း၊ လက်များကို ဘေးချထားခြင်း စသည်ဖြင့် ဝက်ခြံကို မထိမိစေရန်ကြိုးစားလုပ်ဆောင်ရမည်။

အချုပ်ဆိုရသော် ဝက်ခြံညှစ်ခြင်းသည် ပုံမှန်အားဖြင့် ဝက်ခြံပေါက်သူတိုင်းလုပ်ကြသော အပြုအမူတခုဖြစ်သည်။ လုပ်စရာမရှိလျှင်ဖြစ်စေ မိမိစိတ်သက်သာရာရဖို့ဖြစ်စေ၊ ဆရာဝန်နှင့် တိုင်ပင်ကာကုသရန်ဝန်လေးသည့်အခါဖြစ်စေ ဝက်ခြံညှစ်တတ်ကြသည်။

သို့သော် ၎င်းသည် အထက်ဖော်ပြပါအတိုင်းဆိုးကျိုးများစွာရှိနေသည့်အတွက် သင့်အမူအကျင့်များကို ပြောင်းလဲနိုင်ရန်ကြိုးစားသင့်ပေသည်.

 ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top