×

မိန္းမ တစ္ေယာက္ ရဲ႕ ဆူညံစြာေျပာဆိုေနမႈထက္

တိတ္ဆိတ္ေနျခင္းက ပိုေၾကာက္ဖို႔ေကာင္းပါတယ္ . . .

အမုန္းေတ ြနဲ႔ ျပည့္ႏွက္ေနတဲ့ ေဒါသေတြထက္

သိပ္ခ်စ္တတ္တဲ့ မိန္းမတစ္ေယာက္ ရဲ႕

ႏွလုံးသားေအးစက္မႈက ပိုေၾကာက္ဖို႔ေကာင္းတယ္ . . .

ထက္ျမက္တဲ့မိန္းမတစ္ေယာက္ ရဲ႕ မာန္မာနထက္

ႏူးညံ့တဲ့မိန္းမတစ္ေယာက္ ရဲ႕ ျပတ္သားမႈက

ပိုေၾကာက္ဖို႔ ေကာင္းပါတယ္ . . .

မိန္းမသားဆိုတာ ခံစားခ်က္ကိုေရွ႕တန္းတင္ၿပီး

ႏွလုံးသားကို ဦးစားေပးတတ္ၾကတဲ့ လူမ်ိဳးေတြပါ . . .

ဘယ္ေလာက္ပဲ အသဲမာၿပီး

တစ္ကိုယ္ေကာင္းဆန္တဲ့ မိန္းမတစ္ေယာက္ျဖစ္ေနပါေစ

ဥေပကၡာထက္ ၾကင္နာမႈကိုသာ မက္ေမာၾကတာပါ . . .

မိန္းမဆိုတာ အေျပာင္းအလဲ ျမန္ပါတယ္

အခ်စ္နဲ႔ပတ္သက္ၿပီး မိန္းမေတြရဲ႕ေျပာင္းလဲမႈဆိုတာ

သူ႔ခ်စ္သူရဲ႕ ဂ႐ုတစိုက္ရွိမႈ နဲ႔

အၾကင္နာတရားေပၚမွာသာ မူတည္ေနတာပါ . . .

ေနာက္တစ္ခုရွိေသးတာက အခ်စ္မွာ ေပးသေလာက္ျပန္မရရင္

ရသေလာက္ပဲ ျပန္ေပးတတ္ၾကတာလည္း မိန္းမသားေတြပါပဲ . . .

ဘယ္ေလာက္ပဲ ႏူးညံ့သိမ္ေမြ႕ၿပီး

သိပ္ခ်စ္တတ္တဲ့ မိန္းမတစ္ေယာက္ျဖစ္ေနပါေစဦးေတာ့

ကိုယ္ခံစားရသေလာက္ ျပန္ခံစားေစခ်င္တဲ့

လက္တုံ႔ျပန္တတ္တဲ့စိတ္ဆိုတာ

မိန္းမသားတိုင္းမွာ ရွိေနတတ္ပါတယ္ . . . . .

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Emily
#Unicode Version#


မိန်းမ တစ်ယောက် ရဲ့ ဆူညံစွာပြောဆိုနေမှုထက်

တိတ်ဆိတ်နေခြင်းက ပိုကြောက်ဖို့ကောင်းပါတယ် . . .

အမုန်းတေ ွနဲ့ ပြည့်နှက်နေတဲ့ ဒေါသတွေထက်

သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက် ရဲ့

နှလုံးသားအေးစက်မှုက ပိုကြောက်ဖို့ကောင်းတယ် . . .

ထက်မြက်တဲ့မိန်းမတစ်ယောက် ရဲ့ မာန်မာနထက်

နူးညံ့တဲ့မိန်းမတစ်ယောက် ရဲ့ ပြတ်သားမှုက

ပိုကြောက်ဖို့ ကောင်းပါတယ် . . .

မိန်းမသားဆိုတာ ခံစားချက်ကိုရှေ့တန်းတင်ပြီး

နှလုံးသားကို ဦးစားပေးတတ်ကြတဲ့ လူမျိုးတွေပါ . . .

ဘယ်လောက်ပဲ အသဲမာပြီး

တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါစေ

ဥပေက္ခာထက် ကြင်နာမှုကိုသာ မက်မောကြတာပါ . . .

မိန်းမဆိုတာ အပြောင်းအလဲ မြန်ပါတယ်

အချစ်နဲ့ပတ်သက်ပြီး မိန်းမတွေရဲ့ပြောင်းလဲမှုဆိုတာ

သူ့ချစ်သူရဲ့ ဂရုတစိုက်ရှိမှု နဲ့

အကြင်နာတရားပေါ်မှာသာ မူတည်နေတာပါ . . .

နောက်တစ်ခုရှိသေးတာက အချစ်မှာ ပေးသလောက်ပြန်မရရင်

ရသလောက်ပဲ ပြန်ပေးတတ်ကြတာလည်း မိန်းမသားတွေပါပဲ . . .

ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပြီး

သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါစေဦးတော့

ကိုယ်ခံစားရသလောက် ပြန်ခံစားစေချင်တဲ့

လက်တုံ့ပြန်တတ်တဲ့စိတ်ဆိုတာ

မိန်းမသားတိုင်းမှာ ရှိနေတတ်ပါတယ် . . . . .

ဖိုးသူတော် (www.phothutaw.com)
Credit: Emily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top