Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးပန္ဒိုရာအဆီ ခ်လုပ္ငန္းအမႈအပါအ၀င္ ဒုတိယ ဗိုလ္မွဴးႀကီးအဆင့္ရွိသူ ဦးေစာလွ ေဌး၏ ေငြေၾကးလိမ္လည္မႈမ်ား ေၾကာင့္ နစ္နာခဲ့သူမ်ားကို ျပန္ လည္ေပးေလ်ာ္မည္ျဖစ္ေၾကာင္း KNU-KNLA/PC (ကရင္ၿငိမ္း ခ်မ္းေရးေကာင္စီ)၏ စစ္ဗ်ဴဟာ (၃) စီးပြားေရးတာ၀န္ခံ တပ္ရင္း မွဴး ဦးေစာကိုကိုႏိုင္က ေျပာသည္။KNU-KNLA/PC မွ ဒုတိယ ဗိုလ္မွဴးႀကီးအဆင့္ရွိသူ ဦးေစာလွ ေဌးအား ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ေနာက္ ၎ေၾကာင့္ နစ္နာခဲ့သူမ်ားကို ျပန္လည္ေပးေလ်ာ္မည္ဟု ဦးေစာကိုကိုႏုိင္က ႏို၀င္ဘာ ၁၀ရက္က မႏၲေလးၿမိဳ႕တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာသည္။

‘‘လွေဌးက ကြၽန္ေတာ္တို႔ တပ္ဖြဲ႕နာမည္ေတြသံုးၿပီး လိမ္ လည္မႈေတြ အမ်ားႀကီးလုပ္ခဲ့ တယ္။ စီးပြားေရးလုပ္ဖို႔အတြက္ တပ္ဖြဲ႕ကေန  သိန္းေလးေထာင္ ေလာက္ထုတ္သြားၿပီး  လိမ္ထား တယ္။ အမွန္တကယ္ ရသင့္ရထိုက္တဲ့လူေတြကို ကြၽန္ေတာ္ တို႔ ျပန္ေလ်ာ္ေပးသြားမယ္။ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕က ပိုက္ဆံျပန္ မျပည့္ရင္ေနပါေစ။    နစ္နာတဲ့ လူေတြကို ျပန္ေပးမယ္’’ဟု ၎က ေျပာသည္။

ဦးေစာလွေဌးသည္ မႏၲေလး၊ျပင္ဦးလြင္၊ ျမစ္ႀကီးနားႏွင့္ ကရင္ ျပည္နယ္တို႔တြင္ ေက်ာက္အ ေရာင္းအ၀ယ္ႏွင့္ ကားအေရာင္း ကိစၥမ်ားအတြက္ ေငြက်ပ္သိန္း ၂,၅၀၀ ေက်ာ္   လိမ္လည္ခဲ့ ေၾကာင္း၊ KNU-KNLA/PC အဖြဲ႕ထံမွလည္း စီးပြားေရးလုပ္ ကိုင္ရန္အတြက္ က်ပ္သိန္းေလး ေထာင္ေက်ာ္ထုတ္ယူသြားကာ လိမ္လည္ထားျခင္းျဖစ္ေၾကာင္း ဦးေစာကိုကိုႏိုင္က ေျပာသည္။

ထို႔ျပင္ မႏၲေလးတြင္ ဖြင့္ လွစ္ခဲ့သည့္ ၎၏ ပန္ဒိုရာအဆီ ခ်လုပ္ငန္းတြင္ လုပ္ကိုင္ေသာ မိန္းကေလးငယ္မ်ားကိုလည္း ညႇဥ္းပန္းႏွိပ္စက္ခဲ့ေၾကာင္း ဦး ေစာကိုကိုႏိုင္က ေျပာသည္။

ထို႔အတြက္ ၿငိမ္းခ်မ္းေရး လက္နက္ကိုင္အဖြဲ႕ KNU-KNLA/PC မွ ၎တို႔၏ တပ္ဖြဲ႕၀င္ ျဖစ္ေသာ ဦးေစာလွေဌးကို ၂၀၁၇ ဇြန္လ ၅ ရက္တြင္ ဖမ္းဆီးခဲ့သည္ဟု ဆိုသည္။ ဦးေစာလွေဌးသည္ စစ္ေဆးေနဆဲကာလအတြင္း ေရာဂါေၾကာင့္ စက္တင္ဘာ ၁၅ ရက္တြင္ ေသဆံုးခဲ့ၿပီး ၎ေၾကာင့္နစ္နာခဲ့သူမ်ားကို     ျပန္လည္ေပးေလ်ာ္ရန္ စီစဥ္ေနေၾကာင္း ၎က ေျပာသည္။

ထို႔အျပင္ ပန္ဒိုရာအဆီခ် လုပ္ငန္းတြင္ ႏွိပ္စက္ခံခဲ့ရသည့္ မိန္းကေလးမ်ားကိုလည္း ကိုယ္ စားေတာင္းပန္ခဲ့ၿပီး ေလ်ာ္ေၾကး ေပးမည္ျဖစ္ေၾကာင္း ဦးေစာကိုကို ႏုိင္က ေျပာသည္။

‘‘ႏွိပ္စက္ခံရတဲ့ ကေလးမ ေလးေတြရဲ႕ နစ္နာမႈကေတာ့ ပိုက္ ဆံနဲ႔ ေလ်ာ္ေပးတာမ်ဳိးနဲ႔တင္ မရ ႏိုင္ေတာ့ဘူး။ သူတို႔က ပံုစံခြက္ တစ္ခုတည္းကို သြင္းခံထားရသ လိုပဲ။ လူၾကားထဲလာလို႔ မရေတာ့ တဲ့အဆင့္ထိကို လုပ္ထားတယ္ လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ ေတာထဲမွာ သင္တန္းေတြအမ်ား ႀကီးတက္ခဲ့တယ္။ ကြၽန္ေတာ္တို႔ တက္ခဲ့တဲ့ သင္တန္းက သူတို႔ ေလာက္မၾကမ္းဘူး’’ဟု ၎က ဆိုသည္။ ဦးေစာလွေဌးကိုယ္စား KNU-KNLA/PC အဖြဲ႕၏ ေတာင္းပန္မႈအေပၚ ေက်နပ္လက္ခံၿပီး အဆီခ်လုပ္ငန္းတြင္ ႏွိပ္စက္ခံရ သည့္ မိန္းကေလးမ်ား၏ နစ္နာမႈ အတြက္ ႏွစ္ဖက္ေျပလည္ေအာင္ ညႇိႏိႈင္းမည္ဟု ပန္ဒိုရာအမႈတြင္ကူညီေပးေနသူ မႏၲေလးၿမိဳ႕ခံ ေဒၚအမာနီက ေျပာသည္။

‘‘သူ (ဦးေစာကိုကိုႏိုင္)က လည္း ေျပာတယ္။ ဒီကေလးေတြ ကို ဘယ္လိုအေလ်ာ္ေပးရမလဲ ဘယ္ေလာက္ပါလို႔ေတာင္ သတ္ မွတ္လို႔မရတဲ့အေျခအေနပါတဲ့။ KNU က အႀကီးအကဲေတြက လည္း အဲဒီလိုေျပာပါတယ္။ ဒီ ကေလးေတြရဲ႕ ေနမႈထိုင္မႈကို သူ က ေကာင္းေကာင္းႀကီးသိေန တယ္ေလ’’ဟု ၎က ေျပာသည္။

ဦးေစာလွေဌးသည္ ၂၀၁၄ တြင္ ဗိုလ္ႀကီးအဆင့္ျဖင့္ စီးပြားေရးတာ၀န္ခံအျဖစ္ လုပ္ကိုင္ရန္ ၿငိမ္းခ်မ္းေရးလက္နက္ကိုင္အဖြဲ႕ KNU-KNLA/PC သို႔ ၀င္ေရာက္ခဲ့ၿပီး ဒုတိယဗိုလ္မွဴးႀကီးျဖစ္လာခ်ိန္အထိ မမွန္မကန္လိမ္လည္မႈမ်ားျပဳလုပ္ခဲ့၍ ၎၏ ပိုင္ဆိုင္မႈမ်ားကို ျပန္လည္သိမ္းယူကာ နစ္နာသူမ်ားကို ေပးေလ်ာ္မည္ျဖစ္ ေၾကာင္း ဦးေစာကိုကိုႏုိင္က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးပန်ဒိုရာအဆီ ချလုပ်ငန်းအမှုအပါအဝင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးစောလှ ဌေး၏ ငွေကြေးလိမ်လည်မှုများ ကြောင့် နစ်နာခဲ့သူများကို ပြန် လည်ပေးလျော်မည်ဖြစ်ကြောင်း KNU-KNLA/PC (ကရင်ငြိမ်း ချမ်းရေးကောင်စီ)၏ စစ်ဗျူဟာ (၃) စီးပွားရေးတာဝန်ခံ တပ်ရင်း မှူး ဦးစောကိုကိုနိုင်က ပြောသည်။KNU-KNLA/PC မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးစောလှ ဌေးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက် ၎င်းကြောင့် နစ်နာခဲ့သူများကို ပြန်လည်ပေးလျော်မည်ဟု ဦးစောကိုကိုနိုင်က နိုဝင်ဘာ ၁၀ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

‘‘လှဌေးက ကျွန်တော်တို့ တပ်ဖွဲ့နာမည်တွေသုံးပြီး လိမ် လည်မှုတွေ အများကြီးလုပ်ခဲ့ တယ်။ စီးပွားရေးလုပ်ဖို့အတွက် တပ်ဖွဲ့ကနေ  သိန်းလေးထောင် လောက်ထုတ်သွားပြီး  လိမ်ထား တယ်။ အမှန်တကယ် ရသင့်ရထိုက်တဲ့လူတွေကို ကျွန်တော် တို့ ပြန်လျော်ပေးသွားမယ်။ ကျွန်တော်တို့ တပ်ဖွဲ့က ပိုက်ဆံပြန် မပြည့်ရင်နေပါစေ။    နစ်နာတဲ့ လူတွေကို ပြန်ပေးမယ်’’ဟု ၎င်းက ပြောသည်။

ဦးစောလှဌေးသည် မန္တလေး၊ပြင်ဦးလွင်၊ မြစ်ကြီးနားနှင့် ကရင် ပြည်နယ်တို့တွင် ကျောက်အ ရောင်းအဝယ်နှင့် ကားအရောင်း ကိစ္စများအတွက် ငွေကျပ်သိန်း ၂,၅၀၀ ကျော်   လိမ်လည်ခဲ့ ကြောင်း၊ KNU-KNLA/PC အဖွဲ့ထံမှလည်း စီးပွားရေးလုပ် ကိုင်ရန်အတွက် ကျပ်သိန်းလေး ထောင်ကျော်ထုတ်ယူသွားကာ လိမ်လည်ထားခြင်းဖြစ်ကြောင်း ဦးစောကိုကိုနိုင်က ပြောသည်။

ထို့ပြင် မန္တလေးတွင် ဖွင့် လှစ်ခဲ့သည့် ၎င်း၏ ပန်ဒိုရာအဆီ ချလုပ်ငန်းတွင် လုပ်ကိုင်သော မိန်းကလေးငယ်များကိုလည်း ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဦး စောကိုကိုနိုင်က ပြောသည်။

ထို့အတွက် ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့ KNU-KNLA/PC မှ ၎င်းတို့၏ တပ်ဖွဲ့ဝင် ဖြစ်သော ဦးစောလှဌေးကို ၂၀၁၇ ဇွန်လ ၅ ရက်တွင် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဦးစောလှဌေးသည် စစ်ဆေးနေဆဲကာလအတွင်း ရောဂါကြောင့် စက်တင်ဘာ ၁၅ ရက်တွင် သေဆုံးခဲ့ပြီး ၎င်းကြောင့်နစ်နာခဲ့သူများကို     ပြန်လည်ပေးလျော်ရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ပန်ဒိုရာအဆီချ လုပ်ငန်းတွင် နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးများကိုလည်း ကိုယ် စားတောင်းပန်ခဲ့ပြီး လျော်ကြေး ပေးမည်ဖြစ်ကြောင်း ဦးစောကိုကို နိုင်က ပြောသည်။

‘‘နှိပ်စက်ခံရတဲ့ ကလေးမ လေးတွေရဲ့ နစ်နာမှုကတော့ ပိုက် ဆံနဲ့ လျော်ပေးတာမျိုးနဲ့တင် မရ နိုင်တော့ဘူး။ သူတို့က ပုံစံခွက် တစ်ခုတည်းကို သွင်းခံထားရသ လိုပဲ။ လူကြားထဲလာလို့ မရတော့ တဲ့အဆင့်ထိကို လုပ်ထားတယ် လို့ ထင်တယ်။ ကျွန်တော်တို့ တောထဲမှာ သင်တန်းတွေအများ ကြီးတက်ခဲ့တယ်။ ကျွန်တော်တို့ တက်ခဲ့တဲ့ သင်တန်းက သူတို့ လောက်မကြမ်းဘူး’’ဟု ၎င်းက ဆိုသည်။ ဦးစောလှဌေးကိုယ်စား KNU-KNLA/PC အဖွဲ့၏ တောင်းပန်မှုအပေါ် ကျေနပ်လက်ခံပြီး အဆီချလုပ်ငန်းတွင် နှိပ်စက်ခံရ သည့် မိန်းကလေးများ၏ နစ်နာမှု အတွက် နှစ်ဖက်ပြေလည်အောင် ညှိနှိုင်းမည်ဟု ပန်ဒိုရာအမှုတွင်ကူညီပေးနေသူ မန္တလေးမြို့ခံ ဒေါ်အမာနီက ပြောသည်။

‘‘သူ (ဦးစောကိုကိုနိုင်)က လည်း ပြောတယ်။ ဒီကလေးတွေ ကို ဘယ်လိုအလျော်ပေးရမလဲ ဘယ်လောက်ပါလို့တောင် သတ် မှတ်လို့မရတဲ့အခြေအနေပါတဲ့။ KNU က အကြီးအကဲတွေက လည်း အဲဒီလိုပြောပါတယ်။ ဒီ ကလေးတွေရဲ့ နေမှုထိုင်မှုကို သူ က ကောင်းကောင်းကြီးသိနေ တယ်လေ’’ဟု ၎င်းက ပြောသည်။

ဦးစောလှဌေးသည် ၂၀၁၄ တွင် ဗိုလ်ကြီးအဆင့်ဖြင့် စီးပွားရေးတာဝန်ခံအဖြစ် လုပ်ကိုင်ရန် ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့ KNU-KNLA/PC သို့ ဝင်ရောက်ခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးဖြစ်လာချိန်အထိ မမှန်မကန်လိမ်လည်မှုများပြုလုပ်ခဲ့၍ ၎င်း၏ ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူကာ နစ်နာသူများကို ပေးလျော်မည်ဖြစ် ကြောင်း ဦးစောကိုကိုနိုင်က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top