Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ခုေသာ မနက္ခင္း ၈နာရီ ေလာက္မွာ အသက္ ၉၂ ႏွစ္ အရြယ္ ကိုယ္လံုး ကိုယ္ထည္ ေသးေသး၊ အဝတ္ အစားကို ေသသပ္ေကာင္းမြန္စြာ ဝတ္စားထားေသာ၊ ဆံပင္ကိုလည္း ပံုက်က် ျဖီးသင္ထားျပီး မိတ္ကပ္ပါးပါး လိမ္းထားေသာ က်က္သေရ ရွိျပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ပံုေပၚတဲ့ အမ်ိဳးသမီးၾကီး တစ္ဦးဟာ ဘိုးဘြား ရိပ္သာ တစ္ခုသို႕ ယေန႕ ေျပာင္းေရႊ႕ လာျခင္းပင္ ျဖစ္ပါသည္။ သူမဟာ မ်က္စိအျမင္အာရံု မေကာင္းသူ တစ္ေယာက္ ျဖစ္ျပီး ႏွစ္ေပါင္း ၇၀ ေပါင္းသင္းလာသည့္ လင္ေယာက်္ား မၾကာေသးခင္က ဆံုးပါးသြားျပီး သည့္ေနာက္ ယခုကဲ့သို႕ ေျပာင္းေရႊ႕ ေနထိုင္ရန္ လိုအပ္ လာျခင္းေၾကာင့္ ျဖစ္ပါသည္။


ဘိုးဘြားရိပ္သာ ဧည့္ခန္းတြင္ နာရီေပါင္းၾကာေအာင္ စိတ္ရွည္ သည္းခံ ေစာင့္ဆိုင္းျပီးသည့္ေနာက္ သူမ၏ အခန္း အဆင္သင့္ျဖစ္ေၾကာင္း လာေျပာသည့္အခါ ခ်ိဳျမေသာ အျပံဳးတစ္ခုျဖင့္ တံု႕ျပန္ခဲ့ပါသည္။ က်င့္သားရေနပံုႏွင့္ သူမ၏ လမ္းေလွ်ာက္ တုတ္ အကူအညီႏွင့္ ဓါတ္ေလွကားသို႕ ေလွ်ာက္လာၾကစဥ္ လိုက္ပို႕သူ အမ်ိဳးသမီးက သူမ၏ အခန္းက်ဥ္းေလး အေၾကာင္း ရွင္းလင္း ေျပာျပပါသည္။ သူမ အခန္း ျပတင္းေပါက္မွ ခန္းစည္းမ်ား ခ်ထားပံု စသည့္ ျမင္ကြင္းတစ္ခ်ိဳ႕ကို ေျပာသည့္အခါ သူမက “ကၽြန္မ သေဘာက်တယ္” ဟု ရွစ္ႏွစ္အရြယ္ ကေလးတစ္ေယာက္ ေခြးအသစ္ကေလး တစ္ေကာင္ လက္ေဆာင္ရသည့္ အခါ ေျပာသည့္ အသံမ်ိဳးႏွင့္ စိတ္အားတက္ၾကြစြာ ေျပာပါ သည္။


“မစၥက္ဂ်ံဳး ရွင့္ အခန္းကိုမွ မျမင္ရေသးပါပဲနဲ႕ ေနပါဦး”

“အဲဒါနဲ႔ ပတ္သက္ျပီး တစ္ခုခု ရွိတာမွ မဟုတ္ပဲ၊ ေပ်ာ္ရႊင္မႈ ဆိုတာ ၾကိဳျပီး ဆံုးျဖတ္လို႕ ရတဲ့ အရာပဲ၊ ကၽြန္မ အခန္းကို ၾကိဳက္မၾကိဳက္ ဆိုတာ ပရိေဘာဂေတြ ဘယ္လို ေနရာခ်ထားတယ္ ဆိုတာ အေပၚ မမူတည္ဘူး၊ ကၽြန္မ စိတ္ကို ဘယ္လို ျပင္ဆင္ထားတယ္ ဆိုတဲ့ အေပၚပဲ မူတည္တယ္ေလ၊ ကၽြန္မက ဒါကို ၾကိဳက္ဖို႕ ၾကိဳတင္ ဆံုးျဖတ္ ထားျပီးသားပါ။ ကၽြန္မ မနက္တိုင္း အိပ္ရာထတဲ့ အခ်ိန္မွာ ဆံုးျဖတ္ခ်က္ တစ္ခု ခ်ေလ့ ရွိတယ္။ ကၽြန္မမွာ ေရြးခ်ယ္စရာ တစ္ခု ရွိတယ္၊ အျမဲ ရွိေနမွာ မဟုတ္တဲ့ ဒီ ခႏၶာကိုယ္ၾကီး ရဲ႕ အစိတ္အပိုင္းေတြနဲ႕ ပတ္သက္ျပီး ျပန္ေျပာ ျငီးတြားျပီး အိပ္ရာထဲမွာ အခ်ိန္ျဖဳန္းႏိုင္တယ္၊ ဒါမွ မဟုတ္ အိပ္ရာက ထလာခြင့္ရတဲ့အတြက္ ေက်းဇူး တင္စိတ္နဲ႕လည္း အခ်ိန္ျဖဳန္းႏိုင္တယ္၊ ေန႕ရက္တိုင္းဟာ လက္ေဆာင္တစ္ခုပဲ၊ ကၽြန္မ မ်က္စိေတြ ဖြင့္လာႏိုင္သမွ် ေပ်ာ္ရႊင္စရာ အမွတ္တရေတြ အားလံုးနဲ႕ ေန႕ သစ္တစ္ရက္ကို အာရံုစိုက္မွာပါ၊ ကၽြန္မ ဘဝရဲ႕ ဒီအခ်ိန္ အခိုက္ အတန္႕ ေလးကိုပဲေပါ့။” ဟု သူမက ျပန္ေျပာပါသည္။


“အသက္ၾကီးလာတယ္ ဆိုတာ ဘဏ္အေကာင့္ တစ္ခုလိုပဲေလ၊ ရွင္ သြင္းထားတာေတြကို ျပန္ထုတ္လို႕ရတယ္။ အဲဒီေတာ့ ကၽြန္မ အၾကံေပးခ်င္တာက အမွတ္တရ ဘဏ္ထဲမွာ ေပ်ာ္စရာ အမွတ္တရေတြ အမ်ားၾကီး သြင္းထား ဖို႕ပါပဲ၊ ကၽြန္မရဲ႕ အမွတ္တရ ဘဏ္မွာ ျဖည့္ဖို႕အတြက္ ရွင္နဲ႕ ပတ္သက္တဲ့ အပိုင္းအတြက္လည္း ေက်းဇူးပဲ၊ ကၽြန္မကေတာ့ ခုထက္ထိ ျဖည့္ေနတုန္းပါပဲ” ဟု သူမက ဆက္လက္ ရွင္းျပသည္။


သူမက အျပံဳးတစ္ခုႏွင့္ ေျပာခဲ့သည္မွာ…

“ေပ်ာ္ရႊင္ဖို႕အတြက္ ရိုးစင္းတဲ့ နည္းလမ္း ငါးခုကိုပဲ မွတ္ထားပါ၊

၁။ ရွင့္ အသည္းႏွလံုးကို မႏွစ္ျမိဳ႕ျခင္းေတြထဲကေန လြတ္ကင္းပါေစ။

၂။ ရွင့္ စိတ္ႏွလံုးကို စိုးရိမ္ပူပန္ ေၾကာင့္ၾကျခင္းေတြကေန လြတ္ကင္းပါေစ။

၃။ ရိုးစင္းစြာ ေနထိုင္ပါ။

၄။ မ်ားမ်ားေပးပါ။

၅။ နည္းနည္းပဲ ေမွ်ာ္လင့္ပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗဟုသုတ
#Unicode Version#
 တစ်ခုသော မနက်ခင်း ၈နာရီ လောက်မှာ အသက် ၉၂ နှစ် အရွယ် ကိုယ်လုံး ကိုယ်ထည် သေးသေး၊ အဝတ် အစားကို သေသပ်ကောင်းမွန်စွာ ဝတ်စားထားသော၊ ဆံပင်ကိုလည်း ပုံကျကျ ဖြီးသင်ထားပြီး မိတ်ကပ်ပါးပါး လိမ်းထားသော ကျက်သရေ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပုံပေါ်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ဘိုးဘွား ရိပ်သာ တစ်ခုသို့ ယနေ့ ပြောင်းရွှေ့ လာခြင်းပင် ဖြစ်ပါသည်။ သူမဟာ မျက်စိအမြင်အာရုံ မကောင်းသူ တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်း ၇၀ ပေါင်းသင်းလာသည့် လင်ယောကျ်ား မကြာသေးခင်က ဆုံးပါးသွားပြီး သည့်နောက် ယခုကဲ့သို့ ပြောင်းရွှေ့ နေထိုင်ရန် လိုအပ် လာခြင်းကြောင့် ဖြစ်ပါသည်။


ဘိုးဘွားရိပ်သာ ဧည့်ခန်းတွင် နာရီပေါင်းကြာအောင် စိတ်ရှည် သည်းခံ စောင့်ဆိုင်းပြီးသည့်နောက် သူမ၏ အခန်း အဆင်သင့်ဖြစ်ကြောင်း လာပြောသည့်အခါ ချိုမြသော အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ကျင့်သားရနေပုံနှင့် သူမ၏ လမ်းလျှောက် တုတ် အကူအညီနှင့် ဓါတ်လှေကားသို့ လျှောက်လာကြစဉ် လိုက်ပို့သူ အမျိုးသမီးက သူမ၏ အခန်းကျဉ်းလေး အကြောင်း ရှင်းလင်း ပြောပြပါသည်။ သူမ အခန်း ပြတင်းပေါက်မှ ခန်းစည်းများ ချထားပုံ စသည့် မြင်ကွင်းတစ်ချို့ကို ပြောသည့်အခါ သူမက “ကျွန်မ သဘောကျတယ်” ဟု ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ခွေးအသစ်ကလေး တစ်ကောင် လက်ဆောင်ရသည့် အခါ ပြောသည့် အသံမျိုးနှင့် စိတ်အားတက်ကြွစွာ ပြောပါ သည်။


“မစ္စက်ဂျုံး ရှင့် အခန်းကိုမှ မမြင်ရသေးပါပဲနဲ့ နေပါဦး”

“အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိတာမှ မဟုတ်ပဲ၊ ပျော်ရွှင်မှု ဆိုတာ ကြိုပြီး ဆုံးဖြတ်လို့ ရတဲ့ အရာပဲ၊ ကျွန်မ အခန်းကို ကြိုက်မကြိုက် ဆိုတာ ပရိဘောဂတွေ ဘယ်လို နေရာချထားတယ် ဆိုတာ အပေါ် မမူတည်ဘူး၊ ကျွန်မ စိတ်ကို ဘယ်လို ပြင်ဆင်ထားတယ် ဆိုတဲ့ အပေါ်ပဲ မူတည်တယ်လေ၊ ကျွန်မက ဒါကို ကြိုက်ဖို့ ကြိုတင် ဆုံးဖြတ် ထားပြီးသားပါ။ ကျွန်မ မနက်တိုင်း အိပ်ရာထတဲ့ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခု ချလေ့ ရှိတယ်။ ကျွန်မမှာ ရွေးချယ်စရာ တစ်ခု ရှိတယ်၊ အမြဲ ရှိနေမှာ မဟုတ်တဲ့ ဒီ ခန္ဓာကိုယ်ကြီး ရဲ့ အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြော ငြီးတွားပြီး အိပ်ရာထဲမှာ အချိန်ဖြုန်းနိုင်တယ်၊ ဒါမှ မဟုတ် အိပ်ရာက ထလာခွင့်ရတဲ့အတွက် ကျေးဇူး တင်စိတ်နဲ့လည်း အချိန်ဖြုန်းနိုင်တယ်၊ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုပဲ၊ ကျွန်မ မျက်စိတွေ ဖွင့်လာနိုင်သမျှ ပျော်ရွှင်စရာ အမှတ်တရတွေ အားလုံးနဲ့ နေ့ သစ်တစ်ရက်ကို အာရုံစိုက်မှာပါ၊ ကျွန်မ ဘဝရဲ့ ဒီအချိန် အခိုက် အတန့် လေးကိုပဲပေါ့။” ဟု သူမက ပြန်ပြောပါသည်။


“အသက်ကြီးလာတယ် ဆိုတာ ဘဏ်အကောင့် တစ်ခုလိုပဲလေ၊ ရှင် သွင်းထားတာတွေကို ပြန်ထုတ်လို့ရတယ်။ အဲဒီတော့ ကျွန်မ အကြံပေးချင်တာက အမှတ်တရ ဘဏ်ထဲမှာ ပျော်စရာ အမှတ်တရတွေ အများကြီး သွင်းထား ဖို့ပါပဲ၊ ကျွန်မရဲ့ အမှတ်တရ ဘဏ်မှာ ဖြည့်ဖို့အတွက် ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းအတွက်လည်း ကျေးဇူးပဲ၊ ကျွန်မကတော့ ခုထက်ထိ ဖြည့်နေတုန်းပါပဲ” ဟု သူမက ဆက်လက် ရှင်းပြသည်။


သူမက အပြုံးတစ်ခုနှင့် ပြောခဲ့သည်မှာ…

“ပျော်ရွှင်ဖို့အတွက် ရိုးစင်းတဲ့ နည်းလမ်း ငါးခုကိုပဲ မှတ်ထားပါ၊

၁။ ရှင့် အသည်းနှလုံးကို မနှစ်မြို့ခြင်းတွေထဲကနေ လွတ်ကင်းပါစေ။

၂။ ရှင့် စိတ်နှလုံးကို စိုးရိမ်ပူပန် ကြောင့်ကြခြင်းတွေကနေ လွတ်ကင်းပါစေ။

၃။ ရိုးစင်းစွာ နေထိုင်ပါ။

၄။ များများပေးပါ။

၅။ နည်းနည်းပဲ မျှော်လင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: ဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top