Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္ သမၼတ ေဟာင္းဦးသိန္းစိန္တာ၀န္ထမ္း ေဆာင္ခဲ့ေသာ ငါးႏွစ္တာကာလ အေၾကာင္းေရးသားထားသည့္ ဦး သိန္းစိန္ႏွင့္ ျမန္မာ့အေျပာင္းအလဲ (Myanmar’s Transformation & U Thein Sein)အမည္ရွိ စာ အုပ္ကုိ စင္ကာပူႏုိင္ငံတြင္ စတင္ ျဖန္႔ခ်ိခဲ့သည္။

အဆုိပါစာအုပ္ကုိ ယခင္ အစုိးရလက္ထက္စက္မႈ၀န္ႀကီး ဌာနႏွင့္သမၼတ႐ံုး၀န္ႀကီးဌာန(၃) တို႔၏ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ တာ၀န္ယူခဲ့ေသာ ဦးစုိးသိန္းက အဂၤလိပ္ဘာသာျဖင့္ ေရးသား ထားၿပီး ထြန္းေဖာင္ေဒးရွင္းက ထုတ္ေ၀ျခင္းျဖစ္သည္။

စာအုပ္တြင္ ဦးသိန္းစိန္အစုိး ရတာ၀န္ယူခဲ့ေသာ ငါးႏွစ္တာ ကာလအတြင္း လုပ္ေဆာင္ႏုိင္ခဲ့ ေသာ အေရးႀကီးသည့္သမုိင္းမွတ္ တိုင္မ်ား၊ ထုိကာလအတြင္းျပည္ သူမ်ား၏ ေမွ်ာ္လင့္ခ်က္မ်ားေဖာ္ ေဆာင္ေပးရန္၊ ဆန္႔က်င္မႈ၊ အ ဖ်က္အေမွာင့္ႏွင့္ အက်ပ္အ တည္းမ်ားကုိ သည္းခံေက်ာ္ျဖတ္ ခဲ့ရမႈမ်ားအပါအ၀င္ ထုိစဥ္က ျမန္မာ့ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈ မ်ားကုိ ပုံေဖာ္ေရးသားထားသည္။ ထုိ႔ျပင္ သမၼတေဟာင္းဦးသိန္းစိန္ ၏ ကုိယ္ရည္ကုိယ္ေသြးႏွင့္ စီမံ ခန္႔ခြဲမႈပုံစံမ်ားကုိလည္း အဆုိပါ စာအုပ္တြင္ တစ္စြန္းတစ္စလွစ္ဟ ျပထားသည္။

ထုိ႔ျပင္ ယင္းစာအုပ္တြင္ ျပဳျပင္ေျပာင္းလဲေရးအစျပဳရန္ အ စုိးရက ႀကိဳးပမ္းခဲ့့ပုံ၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကုိ ေမာင္းႏွင္ခဲ့ပုံ၊ သန္႔ရွင္းေသာအစုိးရ၊ ေကာင္းမြန္ ေသာအုပ္ခ်ဳပ္မႈျဖစ္ေပၚရန္ တြန္း အားေပးခဲ့့ပုံ၊ စီးပြားေရးျပဳျပင္ ေျပာင္းလဲမႈအတြက္ မ်ိဳးေစ့ခ်ခဲ့မႈ အပါအ၀င္ ၎ကုိယ္တုိင္ပါ၀င္ လုပ္ေဆာင္ခဲ့ေသာ ျပဳျပင္ေျပာင္း လဲေရးလုပ္ငန္းစဥ္မ်ားကုိလည္း ဦးစုိးသိန္းက စင္ကာပူႏုိင္ငံတြင္ ျပဳလုပ္ေသာ စာအုပ္မိတ္ဆက္ပြဲ တြင္ မွ်ေ၀ခဲ့သည္။

‘‘ေရတပ္ဦးစီးခ်ဳပ္က နားက တည္းက စာေရးဖုိ႔စိတ္ကူးရွိ တယ္။ တာ၀န္ေတြေၾကာင့္ စိတ္ ကူးအထမေျမာက္ခဲ့ပါ။ ေနာက္ တစ္ခု ေစ့ေဆာ္ခ်က္ကေတာ့ ဦး ေန၀င္းသမုိင္းအေၾကာင္း တစ္ စိတ္တစ္ပုိင္းကုိ ေဒါက္တာေမာင္ ေမာင္ေရးခဲ့လုိ႔သာ ေႏွာင္းလူေတြ သိခဲ့ရတာ။ ဒါေၾကာင့္ ဦးသိန္းစိန္ အေၾကာင္းေရးဖုိ႔ အေၾကာင္းဖန္ လာခဲ့တာပါ’’ ဟု ဦးစုိးသိန္းက အဖြင့္အမွာစကားတြင္ ေရးသား ထားသည္။

ဦးစုိးသိန္း၏ စာအုပ္တြင္ အ မ်ားသိၿပီးအေၾကာင္းအရာမ်ား ပါ သကဲ့သုိ႔ လူအမ်ားစုမသိေသး သည့္ အတြင္းေရးျဖစ္စဥ္မ်ား လည္းပါ၀င္ေၾကာင္း ျပန္ၾကား ေရး၀န္ႀကီးေဟာင္း ဦးရဲထြဋ္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေရးသားထားသည္။

အဆုိပါစာအုပ္တြင္ ဖြဲ႕စည္း ပုံအေျခခံဥပေဒခုံ႐ုံးကုိ လႊတ္ ေတာ္ကစြပ္စြဲျပစ္တင္ၿပီး ဖယ္ရွား ရန္ ႀကိဳးစားခဲ့မႈ၊ ေလးပြင့္ဆိုင္ ေဆြးေႏြးပြဲေတာင္းဆုိမႈ၊ အစုိးရ ႏွင့္  လႊတ္ေတာ္ဆက္ဆံေရး၊ သမၼတအုိဘားမားခရီးစဥ္အ တြက္ ပါ၀င္ညိႇႏႈိင္းခဲ့ရမႈ၊ ျပည္ခုိင္ ၿဖိဳးပါတီေခါင္းေဆာင္မႈအေျပာင္း အလဲျဖစ္ရျခင္း အေၾကာင္းရင္း ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲကိစၥမ်ား ႏွင့္ပတ္သက္ၿပီး အတြင္းေရးအ ေၾကာင္းအရာမ်ားကုိ ေရးသား ထားေၾကာင္း ဦးရဲထြဋ္က သုံးသပ္ သည္။ အဆုိပါစာအုပ္ကုိ စင္ကာပူႏုိင္ငံတြင္ ေအာက္တိုဘာ ၃၁ ရက္က စတင္မိတ္ဆက္ခဲ့ၿပီး စာ အုပ္တန္ဖုိး စင္ကာပူေဒၚလာ ၂၅ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် သမ္မတ ဟောင်းဦးသိန်းစိန်တာဝန်ထမ်း ဆောင်ခဲ့သော ငါးနှစ်တာကာလ အကြောင်းရေးသားထားသည့် ဦး သိန်းစိန်နှင့် မြန်မာ့အပြောင်းအလဲ (Myanmar’s Transformation & U Thein Sein)အမည်ရှိ စာ အုပ်ကို စင်ကာပူနိုင်ငံတွင် စတင် ဖြန့်ချိခဲ့သည်။

အဆိုပါစာအုပ်ကို ယခင် အစိုးရလက်ထက်စက်မှုဝန်ကြီး ဌာနနှင့်သမ္မတရုံးဝန်ကြီးဌာန(၃) တို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးစိုးသိန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသား ထားပြီး ထွန်းဖောင်ဒေးရှင်းက ထုတ်ဝေခြင်းဖြစ်သည်။

စာအုပ်တွင် ဦးသိန်းစိန်အစိုး ရတာဝန်ယူခဲ့သော ငါးနှစ်တာ ကာလအတွင်း လုပ်ဆောင်နိုင်ခဲ့ သော အရေးကြီးသည့်သမိုင်းမှတ် တိုင်များ၊ ထိုကာလအတွင်းပြည် သူများ၏ မျှော်လင့်ချက်များဖော် ဆောင်ပေးရန်၊ ဆန့်ကျင်မှု၊ အ ဖျက်အမှောင့်နှင့် အကျပ်အ တည်းများကို သည်းခံကျော်ဖြတ် ခဲ့ရမှုများအပါအဝင် ထိုစဉ်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို ပုံဖော်ရေးသားထားသည်။ ထို့ပြင် သမ္မတဟောင်းဦးသိန်းစိန် ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စီမံ ခန့်ခွဲမှုပုံစံများကိုလည်း အဆိုပါ စာအုပ်တွင် တစ်စွန်းတစ်စလှစ်ဟ ပြထားသည်။

ထို့ပြင် ယင်းစာအုပ်တွင် ပြုပြင်ပြောင်းလဲရေးအစပြုရန် အ စိုးရက ကြိုးပမ်းခဲ့ပုံ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မောင်းနှင်ခဲ့ပုံ၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန် သောအုပ်ချုပ်မှုဖြစ်ပေါ်ရန် တွန်း အားပေးခဲ့ပုံ၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုအတွက် မျိုးစေ့ချခဲ့မှု အပါအဝင် ၎င်းကိုယ်တိုင်ပါဝင် လုပ်ဆောင်ခဲ့သော ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကိုလည်း ဦးစိုးသိန်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်သော စာအုပ်မိတ်ဆက်ပွဲ တွင် မျှဝေခဲ့သည်။

‘‘ရေတပ်ဦးစီးချုပ်က နားက တည်းက စာရေးဖို့စိတ်ကူးရှိ တယ်။ တာဝန်တွေကြောင့် စိတ် ကူးအထမမြောက်ခဲ့ပါ။ နောက် တစ်ခု စေ့ဆော်ချက်ကတော့ ဦး နေဝင်းသမိုင်းအကြောင်း တစ် စိတ်တစ်ပိုင်းကို ဒေါက်တာမောင် မောင်ရေးခဲ့လို့သာ နှောင်းလူတွေ သိခဲ့ရတာ။ ဒါကြောင့် ဦးသိန်းစိန် အကြောင်းရေးဖို့ အကြောင်းဖန် လာခဲ့တာပါ’’ ဟု ဦးစိုးသိန်းက အဖွင့်အမှာစကားတွင် ရေးသား ထားသည်။

ဦးစိုးသိန်း၏ စာအုပ်တွင် အ များသိပြီးအကြောင်းအရာများ ပါ သကဲ့သို့ လူအများစုမသိသေး သည့် အတွင်းရေးဖြစ်စဉ်များ လည်းပါဝင်ကြောင်း ပြန်ကြား ရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။

အဆိုပါစာအုပ်တွင် ဖွဲ့စည်း ပုံအခြေခံဥပဒေခုံရုံးကို လွှတ် တော်ကစွပ်စွဲပြစ်တင်ပြီး ဖယ်ရှား ရန် ကြိုးစားခဲ့မှု၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲတောင်းဆိုမှု၊ အစိုးရ နှင့်  လွှတ်တော်ဆက်ဆံရေး၊ သမ္မတအိုဘားမားခရီးစဉ်အ တွက် ပါဝင်ညှိနှိုင်းခဲ့ရမှု၊ ပြည်ခိုင် ဖြိုးပါတီခေါင်းဆောင်မှုအပြောင်း အလဲဖြစ်ရခြင်း အကြောင်းရင်း နှင့် ၂၀၁၅ ရွေးကောက်ပွဲကိစ္စများ နှင့်ပတ်သက်ပြီး အတွင်းရေးအ ကြောင်းအရာများကို ရေးသား ထားကြောင်း ဦးရဲထွဋ်က သုံးသပ် သည်။ အဆိုပါစာအုပ်ကို စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်က စတင်မိတ်ဆက်ခဲ့ပြီး စာ အုပ်တန်ဖိုး စင်ကာပူဒေါ်လာ ၂၅ ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top