

Credit: lwinpyin
#Unicode Version#
ဂျပန် တွင် ရင်သား အလှပြိုင်ပွဲ ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ပြိုင်ပွဲဝင်များ အနက် မည်သူက ရင်သား အလှဆုံးဆို သည်ကို ဒိုင်လူကြီးများကဆုံးဖြတ်ကြ သည်။ ဒိုင်လူကြီးငါးဦးအနက် သုံးဦးမှာ အမျိုးသမီး များဖြစ်ကြသဖြင့် ရင်သား အလှကို အမျိုးသမီး များ၏အမြင်ဖြင့် အဓိက ဆုံးဖြတ်ကြောင်း ပေါ်လွင်နေ သည်။ ပထမဆုရသွားသူသည် ဂျပန်နိုင်ငံ တစ်နိုင်လုံးဖြန့်သည့် ဖက်ရှင် မဂ္ဂဇင်း တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

ပန်းကုံး ဖြင့်သာ အရှက် ကို မလုံ့တလုံ ဖုံးထားသည့် ပျိုမေများက စင်မြင့်ထက် တွင်အလှပြခဲ့ကြသည်။ ယခုနှစ် ဆုရသွား သူမှာ အသက် ၂၃ နှစ်အရွယ် ရွိုင်ကိုနာကိုအိုကာဖြစ်သည်။ ၎င်း၏ ရင်သား သည် နူးညံ့ကာ ပုံသဏ္ဌာန်လှပသည်ဟု ဒိုင်လူကြီး များကဆိုသည်။ ယင်းဆု ကို ဆွတ်ခူးသွားသူသည် အနုပညာ နှင့် ဖက်ရှင် လောကတွင်နာမည်တစ်ခု ရသွားပြီး အောင်မြင်ရန်အလားအလာ အလွန် ကောင်းသွားမည်ဟုမိန်းကလေးများက ယုံကြည်ကြသည့်အတွက် ယင်းပွဲကို အလုအယက် ဝင်ရောက် ယှဉ်ပြိုင် ကြ သည်။ ရုပ်သံလိုင်းများကလည်း အောက် တိုဘာလတွင်ကျင်းပသည့် ထိုပွဲကို တိုက် ရိုက်ထုတ်လွှင့်ပြသကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top