ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေအာက္တိုဘာ ၁၆ ရက္ေန႔၊ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတခုမွာ “မေန႔ကမိတဲ့ လက္နက္ ကိစၥမွာ သံုးသပ္မိတာရွိတယ္။ စီးပြားေရးလုပ္ငန္းရွင္ ခ႐ိုနီႀကီးဘဝကေန လႊတ္ေတာ္ပေရာဂ်က္ေတြ ရလာကာ ဝန္ႀကီးျဖစ္ခဲ့သူရဲ႕သား၊ ၂၀၁၅ ေရြးေကာက္ပြဲမွာ အမတ္ေလာင္းအျဖစ္ ၿပိဳင္ခဲ့သူ၊ သူ႔ဆီကေန လက္နက္အတိုေတြ မိတယ္။ မိတာက ထားပါ။ မီဒီယာေတြကို တာဝန္ရွိတဲ့ ရဲမႉးေျပာသလို ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ ေဆာင္တယ္။ အရပ္သားတေယာက္ ေသနတ္ေတြနဲ႔ ေလယာဥ္ေပၚတက္တာကို ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔လို႔ေျဖတဲ့ ရဲတေယာက္ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ အေျဖမ်ဳိး ႏိုင္ငံတကာမွာ မရွိဘူးဆိုတာေတာ့ ေသခ်ာတယ္။

စိတ္ဝင္စားတာကေတာ့ ပံုေတြထဲက သူ႔တံဆိပ္ေတြ၊ National Security Council အမ်ဳိးသားလံုၿခံဳေရးေကာင္စီဆိုတဲ့ ဆင္ေဘာလံုးကန္ေနတဲ့ နံပါတ္စဥ္တပ္ထားတဲ့ တံဆိပ္၊ Special Police အထူးရဲအဖြဲ႔ဆိုၿပီး နံပါတ္ ၁၂ တပ္ထားတယ္။ နံပါတ္ ၁၂ ဆိုရင္ ဒါဟာ Member တခုပဲ။ တနည္းအားျဖင့္ ေျပာရရင္ အဖြဲ႔အစည္းတခုရဲ႕ အမွတ္စဥ္ပဲ။ သူက အမွတ္စဥ္ ဘယ္ေလာက္လဲ” လို႔ ေရးထားတာကို ဖတ္သူေတြ အေတာ္မ်ားမ်ားက အေလးထားဖတ္ၾကသလို အန္အယ္လ္ဒီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ လုပ္ႀကံမႈေတြ ရွိလာၿပီလားဆိုတဲ့ သံသယေတြဟာလည္း ျပည္သူေတြၾကားမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာပါတယ္။ ဒါကလည္း မၾကာမီက ေနျပည္ေတာ္ေလဆိပ္မွာ ပစၥတိုႏွစ္လက္ အဖမ္းခံရတဲ့ ေနာက္ဆက္တြဲ လက္နက္ေတြ အဖမ္းခံရတာပါပဲ။

လက္နက္ေတြ အမ်ားအျပား ဖမ္းမိလာတာဟာ ယခုအစိုးရလက္ထက္မွာ အမ်ားဆံုးပါပဲ။ ေအေက-၄၇ ေတြ ဖမ္းမိတာေတြ၊ ယခင္ ျပည္ခိုင္ၿဖိဳးအစိုးရ အားကစားဝန္ႀကီးရဲ႕ သားျဖစ္သူ၊ ျမန္မာႏိုင္ငံ ျမားပစ္အဖြဲ႔ခ်ဳပ္ရဲ႕ ဥကၠ႒ ၿဖိဳးကုိကိုတင့္ဆန္း ဆိုတဲ့ ေရြးေကာက္ပြဲ႐ံႈး ျပည္ခိုင္ၿဖိဳးအမတ္ေဟာင္းထံမွပါ။ မူးယစ္ေဆးဝါးေတြေရာ၊ လက္နက္ေတြပါ ဖမ္းမိတာပါ။ ယခုအခ်ိန္အထိ ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ ဆက္ႏႊယ္ေနတဲ့ လူေပါင္း ၁၂ ဦး၊ လက္နက္အရွည္ ၂၁ လက္၊ ေနျပည္ေတာ္မွာေရာ ရန္ကုန္မွာပါ ဖမ္းမိလာတာဟာ သတင္းသမားေတြအတြက္ အလြန္စိတ္ဝင္စားစရာ သတင္းျဖစ္သလို ျပည္သူေတြအတြက္လည္း အလြန္ခံျပင္းစရာေကာင္းတဲ့သတင္း ျဖစ္ေနတယ္။ အဖမ္းခံရသူက ေရြးေကာက္ပြဲ မဲ႐ံႈးတဲ့ ျပည္ခိုင္ၿဖိဳးအမတ္ေဟာင္းလည္းျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီမွ တာဝန္ရွိသူေတြက သူတို႔ပါတီက ထုတ္ပစ္လိုက္တာ ၾကာၿပီဆိုေပမယ့္ သူတို႔ပါတီက လူဆိုတာေတာ့ ျငင္းလို႔မရပါဘူး။ ျပႆနာျဖစ္လာၿပီးေတာ့ ရာဇဝတ္မႈေတြ ျဖစ္လာကာမွ ပါတီမွ ထုတ္ၿပီးသားလို႔ ေၾကညာခဲ့တယ္။ အဲဒီျပႆနာ မေပၚရင္ေတာ့ ပါတီဝင္ေတြပဲ ျဖစ္ေနတယ္ဆိုေတာ့ အဲဒီပါတီ မေကာင္းလွဘူး။

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊ ဆိုရင္လည္း ယခုအစိုးရ တက္လာမွ ေငြေၾကးအ႐ႈပ္အရွင္းေတြ ေပၚလာၿပီး ေငြေတြ ျပန္ဆပ္ရတဲ့အထိ ျပႆနာကို လက္ႀကိတ္ထိုးရွင္းဖို႔ ႀကိဳးစားေပမယ့္ လက္ရွိ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က လူသိရွင္ၾကား ေၾကညာေတာ့ ဖံုးမရဖိမရ ျဖစ္သြားတယ္။ ဒီအခါ ပါတီက ထုတ္ၿပီးသားလို႔ ေၾကညာသလားေတာ့ မသိဘူး။ ဒီလူဟာ အရင္က ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ဗဟိုေကာ္မတီဝင္တဦးပါပဲ။ ျမန္လည္းျမန္၊ မႁခြင္းမခ်န္လည္း ေရးတတ္တဲ့ ေဖ့စ္ဘြတ္ခ္မွာေတာ့ ယခုလို လက္နက္ေတြမိတာနဲ႔ ပတ္သက္ၿပီး ျပတ္ျပတ္သားသား ေဝဖန္ၾက၊ ထင္ေၾကးေပးၾကတာကို သတင္းစာေတြက ျပန္ေဖာ္ၿပီး ေရးတဲ့အတြက္ ဖတ္လိုက္ၾကရတယ္။

သူတို႔ရဲ႕ မွတ္ခ်က္ေတြကေတာ့ “အေမစုရဲ႕ လံုၿခံဳေရး ယူနီေဖာင္းေရာင္နဲ႔ ဆင္တူယိုးမွား”၊ “ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔ လိုင္စင္နဲ႔ကိုင္ၿပီး ေဆာင္ထားတယ္ဆိုလည္း ေသနတ္တလက္၊ ႏွစ္လက္ေလာက္ေပါ့။ အခုဟာက မဟုတ္ေသးပါဘူး။ အရပ္သား လက္နက္ကိုင္ စြမ္းအားရွင္အဖြဲ႔လားပဲ။ သူတို႔ရန္သူဆိုတာက ဘယ္သူေတြလဲ။ ရန္သူက လက္နက္ကိုင္ေတြ ထင္တယ္။ တပ္ရင္းတရင္းေလာက္ ရွိေနလားပဲ။ ဒီေလာက္မ်ားမ်ား စုေဆာင္းထားပံု ေျပာပါတယ္”။

“ယံုေအာင္လည္း လုပ္ပါဗ်ဳိ႕”၊ “ေဘာလံုးကို ဆင္ကန္ ကန္ေနတာ မဟုတ္ပါဘူး။ ဆင္ႀကံေနတာ ဆင္ႀကံ ႀကံေနတာ”၊ “ေလာက္ေလးခြကိုင္ရင္ေတာင္ လက္နက္ပုန္း ကိုင္တယ္ ျဖစ္တာ” စတဲ့ မိမိတုိ႔ စိတ္ထဲ ခံစားခ်က္ေတြကို ေရးသားထားတာ ဖတ္ရတယ္။

၈၈ အေရးေတာ္ပံုႀကီးကာလတုန္းကေတာ့ ဂ်င္ကလိတို႔၊ ဂံုးတို႔ ဆိုတာေတြ အေတာ္ေခတ္စားလာတဲ့အခါ အာဏာပိုင္ေတြက ေလးဂြေတာင္ ကုိင္ခြင့္မေပးဘဲ ပိတ္ပင္လိုက္တာမ်ဳိးကို ေတြ႔ရတယ္။ လိုင္စင္နဲ႔ကိုင္ၾကတဲ့ အစိုးရအမႈထမ္းေတြနဲ႔ လက္နက္ကိုင္ေဆာင္ခြင့္ ရွိသူေတြထံလည္း ျပန္သိမ္းလိုက္တာ ေတြ႔ရပါတယ္။ သူတို႔ေတြ လုပ္ႀကံခံရမွာစိုးလို႔ ၾကပ္ၾကပ္မတ္မတ္ ပိတ္ပင္ထားတာေၾကာင့္ ယခုလို လက္နက္ေတြ ဗံုးေပါလေအာ ကိုင္ေဆာင္တာမ်ဳိး မေတြ႔ခဲ့ရပါဘူး။ ယခုေတာ့ လက္နက္ေတြကို ဝယ္ခ်င္သလိုဝယ္၊ ကိုင္ခ်င္သလိုကိုင္ၿပီး ေလဆိပ္မွာ ဦးကိုနီကို အနီးကပ္ ေခါင္းကို ေသနတ္နဲ႔ပစ္တာ ဘယ္သူေတြဆိုတာ လယ္ျပင္မွာ ဆင္သြားသလို ထင္ထင္ရွားရွား သိျမင္ႏိုင္ပါၿပီ။ ယခုဆိုရင္ ျပည္ထဲေရးဒု-ဝန္ႀကီးကိုယ္တိုင္ သတင္းစာဆရာေတြကို ရွင္းျပ၊ ကြင္းဆက္ေတြကိုလည္း လိုက္လံေဖာ္ထုတ္ေနတာေၾကာင့္ ဒီမိတဲ့လက္နက္ေတြရဲ႕ ေနာက္ကြယ္ကိစၥေတြကိုေတာ့ အထုိက္အေလ်ာက္ ေဖာ္ထုတ္ႏိုင္မယ္ ထင္ပါတယ္။

ဒါေပမယ့္ ဦးကိုနီကို လုပ္ႀကံတဲ့အမႈမွာ အေရးပါတဲ့ ကြင္းဆက္တခု ေပ်ာက္ခ်င္းမလွ ေပ်ာက္ေနတာေတာ့ ေအာ့ႏွလံုးနာစရာ ေကာင္းေနတယ္။ ဦးကိုနီ လုပ္ႀကံခံရတာဟာ ပုဂိၢဳလ္ေရးကိစၥေၾကာင့္ မဟုတ္ဘူး။ အန္အယ္လ္ဒီပါတီရဲ႕ ဥပေဒအႀကံေပး ျဖစ္ေနလို႔ပဲ။ သာမန္ေတာင္မဟုတ္ဘူး။ အေရးႀကီးတဲ့ ဥပေဒေတြကို ဦးကိုနီက ေရးဆြဲတင္သြင္းၿပီး အႀကံျပဳႏိုင္တာေၾကာင့္ ပိုၿပီး လူ႔ေလာကက ဖယ္ရွင္းဖို႔ ႀကံစည္ခဲ့ၾကတာပဲ။ ေနာက္တခ်က္က ဦးကိုနီဟာ ၂၀၀၈ ဖြဲ႔စည္းပံုကို ျပင္ဆင္႐ံုသက္သက္မဟုတ္ဘဲ ဥပေဒအသစ္ ေရးဆြဲဖို႔ေတာင္ စီစဥ္ခဲ့တယ္လို႔ ၾကားဖူးတာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီလို လုပ္ႀကံႏိုင္တာဟာ သာမန္စိတ္ကူးနဲ႔ ေတာ္႐ံုတန္႐ံု လူတန္းစားက လုပ္လိုက္တာ မဟုတ္ဘူးဆိုတာ အခုဆို ပီပီျပင္ျပင္ ေတြ႔လာရပါၿပီ။

ယခုဆိုရင္ ၿဖိဳးကိုကိုတင့္ဆန္းဆိုတဲ့ ျပည္ခိုင္ၿဖိဳးအမတ္ေလာင္းေဟာင္း၊ ျပည္ခိုင္ၿဖိဳး ဝန္ႀကီးေဟာင္းရဲ႕သား၊ အႏၱရာယ္ရွိေလာက္တဲ့ ေၾကာက္စရာေကာင္းတဲ့ လက္နက္ေတြလည္းမိ၊ လံုၿခံဳေရးအဖြဲ႔အစည္း တည္ေထာင္ေနၿပီး ေနျပည္ေတာ္နဲ႔ ရန္ကုန္ကို ခါးေစာင္းတင္ေလာက္တဲ့ ကူးလူးဆက္ဆံမႈေတြျပဳ၊ ေလယာဥ္ေပၚ လက္နက္ေတြတင္ရဲတဲ့ လက္ရဲဇက္ရဲႏိုင္လွတဲ့ လူမ်ဳိးကို သတင္းထုတ္ျပန္ေပးမွ ျပည္သူေတြ သိရတယ္။

ကြင္းဆက္ေတြကိုၾကည့္မွ အႏၲရာယ္ပိုႀကီးတယ္ ဆုိတာကိုလည္း သိရပါတယ္။ ယခုလို လက္နက္ေတြ ဖမ္းမိတာနဲ႔ပတ္သက္ၿပီး ေနျပည္ေတာ္ တိုင္းရဲတပ္ဖြဲ႔မႉး ရဲမႉးႀကီးေဇာ္ခင္ေအာင္က ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ လံုၿခံဳေရးကို စိုးရိမ္စရာမလိုေၾကာင္း၊ လံုၿခံဳေရးကို အျပည့္အဝ တာ၀န္ယူထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းထိန္ကေတာ့ “ဒါဟာ ေရခဲေတာင္တခုရဲ႕ အေပၚက အစပဲရွိေသးတယ္။ ေရထဲမွာ ျမဳပ္ေနတာ ဘယ္ေလာက္ရွိႏိုင္မလဲ မသိေသးဘူး” လို႔ ေျပာလိုက္သလို ဦးဉာဏ္ဝင္းကလည္း “ၾကားရတဲ့သတင္းေတြအရ ေတာ္ေတာ့္ကို စိုးရိမ္တယ္။ ေလဆိပ္မွာ လက္နက္ေတြမိတယ္။

 ဒါေတြကလည္း အရင္ပုဂိၢဳလ္ေတြနဲ႔ ဆက္စပ္သလို သတင္းေတြက ထြက္ေနေတာ့ စိုးရိမ္ေနရတယ္” လို႔ ေျပာသြားတာေၾကာင့္ အာဏာရပါတီ ေခါင္းေဆာင္ေတြကေတာ့ သူတို႔ေခါင္းေဆာင္အတြက္ စိုးရိမ္ပူပန္ေနတာဟာ အလြန္ယုတၱိတန္ၿပီး သဘာဝလည္း က်ပါတယ္။ လူထုေခါင္းေဆာင္ကို လုပ္ႀကံလိုက္ရင္ ပါတီ ဖ႐ိုဖရဲျဖစ္မယ္။ ဒီအခါ ေတာေၾကာင္ေတြဟာ သူတို႔ႀကံစည္ထားတဲ့ ေအာက္လမ္းနည္းေတြနဲ႔ သူတို႔အတြက္၊ သူတို႔အက်ဳိးစီးပြားအတြက္ တိုင္းျပည္မ်က္ႏွာ မၾကည့္ဘဲ လုပ္ခ်င္တာလုပ္ၾကမယ္လို႔ လူထုက ယံုၾကည္ေနၾကတယ္။ မိတၳီလာမွာလည္း ဘာသာေရးပဋိပကၡေတြ ဖန္တီးၿပီး ကြယ္လြန္သြားၿပီျဖစ္တဲ့ အဲဒီေခါင္းေဆာင္တေယာက္က ဒါဟာ ဗကပေတြလက္ခ်က္ပဲဆိုၿပီး ဗကပကို ျပႆနာရွာ၊ လက္ညႇဳိးထိုးတဲ့ သူတို႔ ဓာတ္ျပားေဟာင္းႀကီးကို ဖြင့္ခဲ့တယ္။ အခုေတာ့ လက္နက္ေတြနဲ႔ သူတို႔ ဖံုးမႏိုင္ ဖိမရျဖစ္ကာ ဘယ္သူ႔ကို တရားခံရွာ လက္ညႇဳိးထိုးမလဲ မေျပာႏိုင္ပါဘူး။ အန္အယ္လ္ဒီ ေခါင္းေဆာင္ျဖစ္တဲ့ ဦးဝင္းထိန္ကေတာ့ အခုလို လက္နက္ေတြ တပုံတပင္ႀကီး မိေနတာကို ေတာ္ေတာ္သံသယ ျဖစ္ေနတယ္။ သူဟာ တပ္မေတာ္အရာရွိေဟာင္းတဦး ျဖစ္သလို လံုၿခံဳေရးအေတြ႔အႀကံဳရွိသူလည္း ျဖစ္ပါတယ္။ ဦးဝင္းထိန္ရဲ႕ သံုးသပ္ခ်က္ကေတာ့ –

“စဥ္းစားစရာေတြရွိတယ္။ လက္နက္ေတြနဲ႔ မူးယစ္ေဆးဝါးပါတယ္။ ေနာက္တခုက ယူနီေဖာင္းေတြက ပံုမွား႐ိုက္လို႔ရတယ္။ သမၼတ၊ ေဒၚေအာင္ဆန္းစုၾကည္၊ ေနာက္ၿပီး လႊတ္ေတာ္ဥကၠ႒ေတြကို လံုၿခံဳေရးလိုက္တဲ့သူေတြရဲ႕ ဝတ္စံုနဲ႔ ဆင္တူ႐ိုးမွား။ မိတဲ့ေန႔က အန္စီေအ ၂ ႏွစ္ျပည့္အတြက္ လူႀကီးေတြက ေနျပည္ေတာ္မွာ ဆံုတဲ့အခ်ိန္မွာမိတာ၊ မနက္က အခမ္းအနားမွာလုပ္ဖို႔ ႀကိဳးစားတာလား၊ မႀကိဳးစားတာလား၊ အခမ္းအနားၿပီးသြားလို႔ မလုပ္ျဖစ္လို႔ လက္နက္ေတြ ျပန္ထုတ္သြားတာလား ဆိုတာလည္း က်ေနာ္တို႔ မေျပာႏိုင္ဘူး” လို႔ ေအာက္တိုဘာ ၁၈ ရက္ေန႔ထုတ္ ဆဲဗင္းေဒးနယူးဂ်ာနယ္ကို ေျပာဆိုထားတာကို ဖတ္လိုက္ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သမိုင္းျဖစ္စဥ္ေတြအရေရာ ယေန႔ျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္ေၾကာင့္ေရာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရးကို ၿခိမ္းေျခာက္ေနတယ္ဆိုတာ ေယဘုယ် ေကာက္ခ်က္ခ်လို႔ရပါတယ္။ မေျပးေသာ္လည္း ကန္ရာရွိ အန္အယ္လ္ဒီပါတီအေနနဲ႔ေရာ သမၼတႀကီး ဦးထင္ေက်ာ္ ေခါင္းေဆာင္တဲ့ အစိုးရအဖြဲ႔ အေနနဲ႔ေရာ၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေခါင္းေဆာင္တဲ့ တပ္မေတာ္အေနနဲ႔ေရာ တိုင္းျပည္ရဲ႕လံုၿခံဳေရး၊ ျဖစ္ေပၚေနတဲ့ ႏိုင္ငံတကာရဲ႕ဖိအား၊ ျဖစ္ေပၚေနတဲ့ အဘက္ဘက္က အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ေအာင္ ျပတ္ျပတ္သားသား အေရးယူဖို႔ လိုအပ္ေနပါၿပီ။

မေမ့ဖို႔နဲ႔ သတိခ်ပ္ဖို႔လိုတာက က်ေနာ္တုိ႔ရဲ႕ အမ်ဳိးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံရတုန္းကလည္း တပ္မေတာ္က ဘရင္းဂန္းေတြ ေသတၱာလိုက္ေပ်ာက္ၿပီးေနာက္ အားလံုးက သတိေပး၊ သတိထားေနတဲ့ၾကားက အမ်ဳိးသားေခါင္းေဆာင္ႀကီးေတြ လုပ္ႀကံခံခဲ့ရတယ္ မဟုတ္လား။ ဒီအေျခအေနကို သတိထားဖို႔ လိုပါတယ္။ ျမန္မာ့သမိုင္းမွာ ဒီလိုလုပ္ႀကံမႈနဲ႔ အျဖစ္ဆိုးေတြရွိခဲ့ၿပီး လူယုတ္မာေတြနဲ႔ လုပ္ႀကံေရးသမားေတြက အၿမဲမေကာင္းႀကံေနတာကို သတိရွိၾကမယ္ဆိုရင္ ယခုလိုအေျခအေနမ်ဳိးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္အေနနဲ႔ သက္ေတာ္ေစာင့္ေလာက္တင္မကဘဲ လက္နက္အျပည့္အစံု လံုၿခံဳေရးအင္အား ေတာင့္တင္းတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ေတြၾကားကေန သြားလာလႈပ္ရွား ေနထိုင္သင့္တဲ့အေၾကာင္း၊ ဖမ္းမိတဲ့၊ ႐ိုးသားမႈလည္း လံုးဝမရွိတဲ့ လက္နက္ေတြနဲ႔၊ လံုၿခံဳေရးအတုေတြကို ျပင္းျပင္းထန္ထန္ အေရးယူသင့္တဲ့အေၾကာင္း ေရးသားလိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထက္ျမက္
#Unicode Version#


အောက်တိုဘာ ၁၆ ရက်နေ့၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတခုမှာ “မနေ့ကမိတဲ့ လက်နက် ကိစ္စမှာ သုံးသပ်မိတာရှိတယ်။ စီးပွားရေးလုပ်ငန်းရှင် ခရိုနီကြီးဘဝကနေ လွှတ်တော်ပရောဂျက်တွေ ရလာကာ ဝန်ကြီးဖြစ်ခဲ့သူရဲ့သား၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ပြိုင်ခဲ့သူ၊ သူ့ဆီကနေ လက်နက်အတိုတွေ မိတယ်။ မိတာက ထားပါ။ မီဒီယာတွေကို တာဝန်ရှိတဲ့ ရဲမှူးပြောသလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆောင်တယ်။ အရပ်သားတယောက် သေနတ်တွေနဲ့ လေယာဉ်ပေါ်တက်တာကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လို့ဖြေတဲ့ ရဲတယောက်ရဲ့ ရုပ်ပျက်ဆင်းပျက် အဖြေမျိုး နိုင်ငံတကာမှာ မရှိဘူးဆိုတာတော့ သေချာတယ်။

စိတ်ဝင်စားတာကတော့ ပုံတွေထဲက သူ့တံဆိပ်တွေ၊ National Security Council အမျိုးသားလုံခြုံရေးကောင်စီဆိုတဲ့ ဆင်ဘောလုံးကန်နေတဲ့ နံပါတ်စဉ်တပ်ထားတဲ့ တံဆိပ်၊ Special Police အထူးရဲအဖွဲ့ဆိုပြီး နံပါတ် ၁၂ တပ်ထားတယ်။ နံပါတ် ၁၂ ဆိုရင် ဒါဟာ Member တခုပဲ။ တနည်းအားဖြင့် ပြောရရင် အဖွဲ့အစည်းတခုရဲ့ အမှတ်စဉ်ပဲ။ သူက အမှတ်စဉ် ဘယ်လောက်လဲ” လို့ ရေးထားတာကို ဖတ်သူတွေ အတော်များများက အလေးထားဖတ်ကြသလို အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံမှုတွေ ရှိလာပြီလားဆိုတဲ့ သံသယတွေဟာလည်း ပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါတယ်။ ဒါကလည်း မကြာမီက နေပြည်တော်လေဆိပ်မှာ ပစ္စတိုနှစ်လက် အဖမ်းခံရတဲ့ နောက်ဆက်တွဲ လက်နက်တွေ အဖမ်းခံရတာပါပဲ။

လက်နက်တွေ အများအပြား ဖမ်းမိလာတာဟာ ယခုအစိုးရလက်ထက်မှာ အများဆုံးပါပဲ။ အေကေ-၄၇ တွေ ဖမ်းမိတာတွေ၊ ယခင် ပြည်ခိုင်ဖြိုးအစိုးရ အားကစားဝန်ကြီးရဲ့ သားဖြစ်သူ၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်း ဆိုတဲ့ ရွေးကောက်ပွဲရှုံး ပြည်ခိုင်ဖြိုးအမတ်ဟောင်းထံမှပါ။ မူးယစ်ဆေးဝါးတွေရော၊ လက်နက်တွေပါ ဖမ်းမိတာပါ။ ယခုအချိန်အထိ ဖြိုးကိုကိုတင့်ဆန်းနဲ့ ဆက်နွှယ်နေတဲ့ လူပေါင်း ၁၂ ဦး၊ လက်နက်အရှည် ၂၁ လက်၊ နေပြည်တော်မှာရော ရန်ကုန်မှာပါ ဖမ်းမိလာတာဟာ သတင်းသမားတွေအတွက် အလွန်စိတ်ဝင်စားစရာ သတင်းဖြစ်သလို ပြည်သူတွေအတွက်လည်း အလွန်ခံပြင်းစရာကောင်းတဲ့သတင်း ဖြစ်နေတယ်။ အဖမ်းခံရသူက ရွေးကောက်ပွဲ မဲရှုံးတဲ့ ပြည်ခိုင်ဖြိုးအမတ်ဟောင်းလည်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတွေက သူတို့ပါတီက ထုတ်ပစ်လိုက်တာ ကြာပြီဆိုပေမယ့် သူတို့ပါတီက လူဆိုတာတော့ ငြင်းလို့မရပါဘူး။ ပြဿနာဖြစ်လာပြီးတော့ ရာဇဝတ်မှုတွေ ဖြစ်လာကာမှ ပါတီမှ ထုတ်ပြီးသားလို့ ကြေညာခဲ့တယ်။ အဲဒီပြဿနာ မပေါ်ရင်တော့ ပါတီဝင်တွေပဲ ဖြစ်နေတယ်ဆိုတော့ အဲဒီပါတီ မကောင်းလှဘူး။

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ ဆိုရင်လည်း ယခုအစိုးရ တက်လာမှ ငွေကြေးအရှုပ်အရှင်းတွေ ပေါ်လာပြီး ငွေတွေ ပြန်ဆပ်ရတဲ့အထိ ပြဿနာကို လက်ကြိတ်ထိုးရှင်းဖို့ ကြိုးစားပေမယ့် လက်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူသိရှင်ကြား ကြေညာတော့ ဖုံးမရဖိမရ ဖြစ်သွားတယ်။ ဒီအခါ ပါတီက ထုတ်ပြီးသားလို့ ကြေညာသလားတော့ မသိဘူး။ ဒီလူဟာ အရင်က ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးပါပဲ။ မြန်လည်းမြန်၊ မခြွင်းမချန်လည်း ရေးတတ်တဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ ယခုလို လက်နက်တွေမိတာနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဝေဖန်ကြ၊ ထင်ကြေးပေးကြတာကို သတင်းစာတွေက ပြန်ဖော်ပြီး ရေးတဲ့အတွက် ဖတ်လိုက်ကြရတယ်။

သူတို့ရဲ့ မှတ်ချက်တွေကတော့ “အမေစုရဲ့ လုံခြုံရေး ယူနီဖောင်းရောင်နဲ့ ဆင်တူယိုးမှား”၊ “ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လိုင်စင်နဲ့ကိုင်ပြီး ဆောင်ထားတယ်ဆိုလည်း သေနတ်တလက်၊ နှစ်လက်လောက်ပေါ့။ အခုဟာက မဟုတ်သေးပါဘူး။ အရပ်သား လက်နက်ကိုင် စွမ်းအားရှင်အဖွဲ့လားပဲ။ သူတို့ရန်သူဆိုတာက ဘယ်သူတွေလဲ။ ရန်သူက လက်နက်ကိုင်တွေ ထင်တယ်။ တပ်ရင်းတရင်းလောက် ရှိနေလားပဲ။ ဒီလောက်များများ စုဆောင်းထားပုံ ပြောပါတယ်”။

“ယုံအောင်လည်း လုပ်ပါဗျို့”၊ “ဘောလုံးကို ဆင်ကန် ကန်နေတာ မဟုတ်ပါဘူး။ ဆင်ကြံနေတာ ဆင်ကြံ ကြံနေတာ”၊ “လောက်လေးခွကိုင်ရင်တောင် လက်နက်ပုန်း ကိုင်တယ် ဖြစ်တာ” စတဲ့ မိမိတို့ စိတ်ထဲ ခံစားချက်တွေကို ရေးသားထားတာ ဖတ်ရတယ်။

၈၈ အရေးတော်ပုံကြီးကာလတုန်းကတော့ ဂျင်ကလိတို့၊ ဂုံးတို့ ဆိုတာတွေ အတော်ခေတ်စားလာတဲ့အခါ အာဏာပိုင်တွေက လေးဂွတောင် ကိုင်ခွင့်မပေးဘဲ ပိတ်ပင်လိုက်တာမျိုးကို တွေ့ရတယ်။ လိုင်စင်နဲ့ကိုင်ကြတဲ့ အစိုးရအမှုထမ်းတွေနဲ့ လက်နက်ကိုင်ဆောင်ခွင့် ရှိသူတွေထံလည်း ပြန်သိမ်းလိုက်တာ တွေ့ရပါတယ်။ သူတို့တွေ လုပ်ကြံခံရမှာစိုးလို့ ကြပ်ကြပ်မတ်မတ် ပိတ်ပင်ထားတာကြောင့် ယခုလို လက်နက်တွေ ဗုံးပေါလအော ကိုင်ဆောင်တာမျိုး မတွေ့ခဲ့ရပါဘူး။ ယခုတော့ လက်နက်တွေကို ဝယ်ချင်သလိုဝယ်၊ ကိုင်ချင်သလိုကိုင်ပြီး လေဆိပ်မှာ ဦးကိုနီကို အနီးကပ် ခေါင်းကို သေနတ်နဲ့ပစ်တာ ဘယ်သူတွေဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား သိမြင်နိုင်ပါပြီ။ ယခုဆိုရင် ပြည်ထဲရေးဒု-ဝန်ကြီးကိုယ်တိုင် သတင်းစာဆရာတွေကို ရှင်းပြ၊ ကွင်းဆက်တွေကိုလည်း လိုက်လံဖော်ထုတ်နေတာကြောင့် ဒီမိတဲ့လက်နက်တွေရဲ့ နောက်ကွယ်ကိစ္စတွေကိုတော့ အထိုက်အလျောက် ဖော်ထုတ်နိုင်မယ် ထင်ပါတယ်။

ဒါပေမယ့် ဦးကိုနီကို လုပ်ကြံတဲ့အမှုမှာ အရေးပါတဲ့ ကွင်းဆက်တခု ပျောက်ချင်းမလှ ပျောက်နေတာတော့ အော့နှလုံးနာစရာ ကောင်းနေတယ်။ ဦးကိုနီ လုပ်ကြံခံရတာဟာ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် မဟုတ်ဘူး။ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး ဖြစ်နေလို့ပဲ။ သာမန်တောင်မဟုတ်ဘူး။ အရေးကြီးတဲ့ ဥပဒေတွေကို ဦးကိုနီက ရေးဆွဲတင်သွင်းပြီး အကြံပြုနိုင်တာကြောင့် ပိုပြီး လူ့လောကက ဖယ်ရှင်းဖို့ ကြံစည်ခဲ့ကြတာပဲ။ နောက်တချက်က ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရုံသက်သက်မဟုတ်ဘဲ ဥပဒေအသစ် ရေးဆွဲဖို့တောင် စီစဉ်ခဲ့တယ်လို့ ကြားဖူးတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို လုပ်ကြံနိုင်တာဟာ သာမန်စိတ်ကူးနဲ့ တော်ရုံတန်ရုံ လူတန်းစားက လုပ်လိုက်တာ မဟုတ်ဘူးဆိုတာ အခုဆို ပီပီပြင်ပြင် တွေ့လာရပါပြီ။

ယခုဆိုရင် ဖြိုးကိုကိုတင့်ဆန်းဆိုတဲ့ ပြည်ခိုင်ဖြိုးအမတ်လောင်းဟောင်း၊ ပြည်ခိုင်ဖြိုး ဝန်ကြီးဟောင်းရဲ့သား၊ အန္တရာယ်ရှိလောက်တဲ့ ကြောက်စရာကောင်းတဲ့ လက်နက်တွေလည်းမိ၊ လုံခြုံရေးအဖွဲ့အစည်း တည်ထောင်နေပြီး နေပြည်တော်နဲ့ ရန်ကုန်ကို ခါးစောင်းတင်လောက်တဲ့ ကူးလူးဆက်ဆံမှုတွေပြု၊ လေယာဉ်ပေါ် လက်နက်တွေတင်ရဲတဲ့ လက်ရဲဇက်ရဲနိုင်လှတဲ့ လူမျိုးကို သတင်းထုတ်ပြန်ပေးမှ ပြည်သူတွေ သိရတယ်။

ကွင်းဆက်တွေကိုကြည့်မှ အန္တရာယ်ပိုကြီးတယ် ဆိုတာကိုလည်း သိရပါတယ်။ ယခုလို လက်နက်တွေ ဖမ်းမိတာနဲ့ပတ်သက်ပြီး နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ်စရာမလိုကြောင်း၊ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ “ဒါဟာ ရေခဲတောင်တခုရဲ့ အပေါ်က အစပဲရှိသေးတယ်။ ရေထဲမှာ မြုပ်နေတာ ဘယ်လောက်ရှိနိုင်မလဲ မသိသေးဘူး” လို့ ပြောလိုက်သလို ဦးဉာဏ်ဝင်းကလည်း “ကြားရတဲ့သတင်းတွေအရ တော်တော့်ကို စိုးရိမ်တယ်။ လေဆိပ်မှာ လက်နက်တွေမိတယ်။

 ဒါတွေကလည်း အရင်ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်သလို သတင်းတွေက ထွက်နေတော့ စိုးရိမ်နေရတယ်” လို့ ပြောသွားတာကြောင့် အာဏာရပါတီ ခေါင်းဆောင်တွေကတော့ သူတို့ခေါင်းဆောင်အတွက် စိုးရိမ်ပူပန်နေတာဟာ အလွန်ယုတ္တိတန်ပြီး သဘာဝလည်း ကျပါတယ်။ လူထုခေါင်းဆောင်ကို လုပ်ကြံလိုက်ရင် ပါတီ ဖရိုဖရဲဖြစ်မယ်။ ဒီအခါ တောကြောင်တွေဟာ သူတို့ကြံစည်ထားတဲ့ အောက်လမ်းနည်းတွေနဲ့ သူတို့အတွက်၊ သူတို့အကျိုးစီးပွားအတွက် တိုင်းပြည်မျက်နှာ မကြည့်ဘဲ လုပ်ချင်တာလုပ်ကြမယ်လို့ လူထုက ယုံကြည်နေကြတယ်။ မိတ္ထီလာမှာလည်း ဘာသာရေးပဋိပက္ခတွေ ဖန်တီးပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အဲဒီခေါင်းဆောင်တယောက်က ဒါဟာ ဗကပတွေလက်ချက်ပဲဆိုပြီး ဗကပကို ပြဿနာရှာ၊ လက်ညှိုးထိုးတဲ့ သူတို့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ခဲ့တယ်။ အခုတော့ လက်နက်တွေနဲ့ သူတို့ ဖုံးမနိုင် ဖိမရဖြစ်ကာ ဘယ်သူ့ကို တရားခံရှာ လက်ညှိုးထိုးမလဲ မပြောနိုင်ပါဘူး။ အန်အယ်လ်ဒီ ခေါင်းဆောင်ဖြစ်တဲ့ ဦးဝင်းထိန်ကတော့ အခုလို လက်နက်တွေ တပုံတပင်ကြီး မိနေတာကို တော်တော်သံသယ ဖြစ်နေတယ်။ သူဟာ တပ်မတော်အရာရှိဟောင်းတဦး ဖြစ်သလို လုံခြုံရေးအတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။ ဦးဝင်းထိန်ရဲ့ သုံးသပ်ချက်ကတော့ –

“စဉ်းစားစရာတွေရှိတယ်။ လက်နက်တွေနဲ့ မူးယစ်ဆေးဝါးပါတယ်။ နောက်တခုက ယူနီဖောင်းတွေက ပုံမှားရိုက်လို့ရတယ်။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ နောက်ပြီး လွှတ်တော်ဥက္ကဋ္ဌတွေကို လုံခြုံရေးလိုက်တဲ့သူတွေရဲ့ ဝတ်စုံနဲ့ ဆင်တူရိုးမှား။ မိတဲ့နေ့က အန်စီအေ ၂ နှစ်ပြည့်အတွက် လူကြီးတွေက နေပြည်တော်မှာ ဆုံတဲ့အချိန်မှာမိတာ၊ မနက်က အခမ်းအနားမှာလုပ်ဖို့ ကြိုးစားတာလား၊ မကြိုးစားတာလား၊ အခမ်းအနားပြီးသွားလို့ မလုပ်ဖြစ်လို့ လက်နက်တွေ ပြန်ထုတ်သွားတာလား ဆိုတာလည်း ကျနော်တို့ မပြောနိုင်ဘူး” လို့ အောက်တိုဘာ ၁၈ ရက်နေ့ထုတ် ဆဲဗင်းဒေးနယူးဂျာနယ်ကို ပြောဆိုထားတာကို ဖတ်လိုက်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဖြစ်စဉ်တွေအရရော ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့်ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတာ ယေဘုယျ ကောက်ချက်ချလို့ရပါတယ်။ မပြေးသော်လည်း ကန်ရာရှိ အန်အယ်လ်ဒီပါတီအနေနဲ့ရော သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ အနေနဲ့ရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ တပ်မတော်အနေနဲ့ရော တိုင်းပြည်ရဲ့လုံခြုံရေး၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာရဲ့ဖိအား၊ ဖြစ်ပေါ်နေတဲ့ အဘက်ဘက်က အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပါပြီ။

မမေ့ဖို့နဲ့ သတိချပ်ဖို့လိုတာက ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတုန်းကလည်း တပ်မတော်က ဘရင်းဂန်းတွေ သေတ္တာလိုက်ပျောက်ပြီးနောက် အားလုံးက သတိပေး၊ သတိထားနေတဲ့ကြားက အမျိုးသားခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတယ် မဟုတ်လား။ ဒီအခြေအနေကို သတိထားဖို့ လိုပါတယ်။ မြန်မာ့သမိုင်းမှာ ဒီလိုလုပ်ကြံမှုနဲ့ အဖြစ်ဆိုးတွေရှိခဲ့ပြီး လူယုတ်မာတွေနဲ့ လုပ်ကြံရေးသမားတွေက အမြဲမကောင်းကြံနေတာကို သတိရှိကြမယ်ဆိုရင် ယခုလိုအခြေအနေမျိုးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သက်တော်စောင့်လောက်တင်မကဘဲ လက်နက်အပြည့်အစုံ လုံခြုံရေးအင်အား တောင့်တင်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားကနေ သွားလာလှုပ်ရှား နေထိုင်သင့်တဲ့အကြောင်း၊ ဖမ်းမိတဲ့၊ ရိုးသားမှုလည်း လုံးဝမရှိတဲ့ လက်နက်တွေနဲ့၊ လုံခြုံရေးအတုတွေကို ပြင်းပြင်းထန်ထန် အရေးယူသင့်တဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထက်မြက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top