Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေမရိကန္ႏိုင္ငံလက္ဖက္ရည္ေသာက္သံုးသူမ်ားအသင္း၏အဆိုအရကမာၻေပၚရွိလူမ်ားသည္ လက္ဖက္ရည္ကို အျခားေဖ်ာ္ရည္မ်ားထက္ ပိုမိုေသာက္သံုးၾကသည္ဟုဆိုပါသည္။ လက္ဖက္ရည္ ေသာက္သံုးျခင္းျဖင့္အက်ိဳးေက်းဇူးမ်ားရရွိႏိုင္ေသာ္လည္းလက္ဖက္ရည္တြင္ပါ၀င္ေသာကဖင္း ဓာတ္မွာက်န္းမာေရးအတြက္မေကာင္းပါ။ လက္ဖက္ရည္ေသာက္သံုးေသာ နည္းလမ္းႏွင့္ပမာဏ ေပၚမူတည္၍ ကဖင္းဓာတ္ကေကာင္းက်ိဳးဆိုးျပစ္မ်ားျဖစ္ေစပါသည္။သင့္ေတာ္ေသာပမာဏတြင္ လက္ဖက္ရည္သည္ လူကိုလန္းဆန္းေစႏိုင္ၿပီး စြမ္းအင္ရေအာင္ႏွိဳးဆြေပးႏိုင္ေသာ္လည္း မ်ားျပားစြာေသာက္သံုးပါက ကဖင္းဓာတ္ကို စြဲလန္းေစပါသည္။

ကဖင္းဓာတ္ကို စြဲလန္းေစျခင္း

ကဖင္းဓာတ္သည္ဗဟိုအာရံုေၾကာမစနစ္ကိုလွံဳေဆာ္ေပးျပီး ပံုမွန္သံုးစြဲျခင္းျဖင့္ စြဲလန္းျခင္းျဖစ္လာႏိုင္ပါသည္။ေဆးစြဲျခင္းကဲ့သို ့ေတာ့ ကဖင္းဓာတ္သည္ခႏၶာကိုယ္၏က်န္းမာေရးကို အႏၲရာယ္မေပးပါ။ သို႔ေသာ္လည္း ကဖင္းဓာတ္ကို စြဲလန္းပါကစြဲလန္းေနမွန္းသတိျပဳမိမည္လည္းမဟုတ္ပါ။ ခႏၶာကိုယ္လုပ္ငန္းေဆာင္တာမ်ားျပဳလုပ္ရန္ကဖင္းဓာတ္ကို ပံုမွန္သံုးစြဲေနရၿပီးျဖစ္သည္။ ထိုအခါလန္းဆန္း၍ စြမ္းအင္ျပည့္ရန္ကဖင္းဓာတ္ကို ပို၍ပို၍လိုအပ္လာသည္။ အိပ္ယာမ၀င္ခင္ ၆နာရီအတြင္း လက္ဖက္ရည္မ်ားမ်ား ေသာက္တတ္သူမ်ားသည္ အိပ္မေပ်ာ္ျခင္းေ၀ဒနာကို ခံစားရသည္။ ထို႔ျပင္ ပိုမိုထိခိုက္လြယ္သူမ်ားတြင္ အိပ္ေပ်ာ္ရန္ ခက္ခဲျခင္းႏွင့္တကြ ကဖင္းဓာတ္ေၾကာင့္ စိတ္လွဳပ္ရွားျခား၊ဂနာမၿငိမ္ ျဖစ္ျခင္းႏွင့္အစာအိမ္ေ၀ဒနာမ်ားကိုလည္း ခံစားရပါသည္။

ကဖင္းျဖတ္ျခင္း

အကယ္၍ ကဖင္းကိုရုတ္တရက္ျဖတ္လိုက္လွ်င္ခႏၶာကိုယ္အတြက္ပံုမွန္ရေနက်ကဖင္းဓာတ္မရ ေတာ့သျဖင့္ ေရာဂါလကၡဏာမ်ားခံစားရသည္။ကဖင္းျဖတ္ျခင္းေၾကာင့္ျဖစ္ေပၚလာေသာ လကၡဏာမ်ားမွာ

    ေခါင္းကိုက္ျခင္း
    ေမာပန္းႏွံဳးခ်ိျခင္း
    စိတ္ပူပန္ျခင္း
    ဂနာမၿငိမ္ျဖစ္ျခင္း
    စိတ္ဓာတ္က်ျခင္း
    အာရံုစူးစိုက္ရန္ခက္ခဲျခင္း
    ၾကြက္သားမ်ားနာက်င္ကိုက္ခဲျခင္းတို႔ျဖစ္ပါသည္။

သို႔ေသာ္မူးယစ္ေဆး၀ါးမ်ားႏွင့္အရက္စြဲျခင္းတို႔ေၾကာင့္ျဖစ္ေပၚလာေသာလကၡဏာမ်ားေလာက္ ေတာ့မဆိုးရြားပါ။ယခင္ေသာက္ေနက်လက္ဖက္ရည္(သို႔မဟုတ္)ေသာက္ေနက်ထက္အနည္းငယ္ပိုမို ေသာက္သံုးလိုက္ပါကထိုလကၡဏာမ်ားခ်က္ျခင္းသက္သာသြားမည္။

ကဖင္းစြဲျခင္းကို ကာကြယ္ရန္

ကဖင္းစြဲျခင္းမွကာကြယ္ရန္ ေအာက္ပါအႀကံျပဳခ်က္မ်ားကို လိုက္နာႏိုင္ပါသည္။

သင္ေသာက္သံုးေသာ ကဖင္းဓာက္ပမာဏကို ေလွ်ာ့ခ်ပါ၊ လက္ဖက္ရည္တစ္ခြက္ကို ၃ၾကိမ္မွ၄ၾကိမ္ ခြဲ၍ေသာက္သံုးျခင္းျဖင့္လည္းေကာင္း၊ လက္ဖက္ရည္ကိုခဏတာ ႏွပ္၍ေသာ္လည္းေကာင္း၊ လက္ဖက္ရည္ေသာက္မည့္ ေရေႏြး၏အပူခ်ိန္ကို ေလွ်ာ့၍လည္းေကာင္း ကဖင္းဓာတ္ ပမာဏ ကို ေလွ်ာ့ခ်ႏိုင္သည္။

လက္ဖက္စိမ္း၊လက္ဖက္ျဖဴႏွင့္အျခားအရြက္မ်ားျဖင့္ျပဳလုပ္ထားေသာလက္ဖက္ရည္ကိုအစားထိုး
သံုးစြဲပါ။လက္ဖက္ေျခာက္အမည္းမွရေသာလက္ဖက္ရည္သည္ကဖင္းဓာတ္ပါ၀င္မွဳအမ်ားဆံုးျဖစ္သည္ထို႔ေၾကာင့္အျခားလက္ဖက္စိမ္း၊လက္ဖက္ျဖဴႏွင့္အျခားအရြက္မ်ားကိုျပဳလုပ္ ေသာလက္ဖက္ရည္ကိုသံုးေဆာင္ပါ။

ကဖင္းဓာတ္ဖယ္ထားေသာ(သို ့)ကဖင္းဓာတ္မပါေသာ ေဖ်ာ္ရည္မ်ားကို ေျပာင္းလဲသံုးစြဲပါ။
ကဖင္းဓာက္လြန္ကဲစြာပါေသာ လက္ဖက္ရည္မ်ားကို မၾကာခဏေသာက္သံုးျခင္းမွ ေရွာင္ၾကဥ္ပါ။ -သင္ေသာက္သံုးေနေသာ ကဖင္းဓာတ္ကို ျဖည္းျဖည္းစီ ေလွ်ာ့ခ်ပါ။

လက္ဖက္ရည္ကို ခ်က္ခ်င္းျဖတ္ပါက မလိုလားအပ္ေသာ ေရာဂါလကၡဏာမ်ားျဖစ္ႏိုင္သည္႔အတြက္ တျဖည္းျဖည္း ေလွ်ာ့ခ်ျခင္းျဖင့္ ထိုလကၡဏာမ်ားကို ကာကြယ္ႏိုင္ပါသည္။

ေကာ္ဖီကဲ႔သို႔ပင္ လက္ဖက္ရည္သည္လည္း ဦးေႏွာက္ကိုလွံဳ႔ေဆာ္၍ စြမ္းအင္ျမင့္ေစၿပီး စိတ္အာရံုစူးစိုက္မွဳကို ေကာင္းမြန္ေစသည္။ သို႔ေသာ္လည္း သင့္တင့္မွ်တေသာ ပမာဏထက္ပို၍   ေသာက္သံုးပါကစြဲလန္းျခင္းအျပင္ ကဖင္းဓာက္၏ ေဘးထြက္ဆိုးကိ်ဳးမ်ားပါ ရႏိုင္ေၾကာင္း သတိခ်ပ္သင့္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အမေရိကန်နိုင်ငံလက်ဖက်ရည်သောက်သုံးသူများအသင်း၏အဆိုအရကမ္ဘာပေါ်ရှိလူများသည် လက်ဖက်ရည်ကို အခြားဖျော်ရည်များထက် ပိုမိုသောက်သုံးကြသည်ဟုဆိုပါသည်။ လက်ဖက်ရည် သောက်သုံးခြင်းဖြင့်အကျိုးကျေးဇူးများရရှိနိုင်သော်လည်းလက်ဖက်ရည်တွင်ပါဝင်သောကဖင်း ဓာတ်မှာကျန်းမာရေးအတွက်မကောင်းပါ။ လက်ဖက်ရည်သောက်သုံးသော နည်းလမ်းနှင့်ပမာဏ ပေါ်မူတည်၍ ကဖင်းဓာတ်ကကောင်းကျိုးဆိုးပြစ်များဖြစ်စေပါသည်။သင့်တော်သောပမာဏတွင် လက်ဖက်ရည်သည် လူကိုလန်းဆန်းစေနိုင်ပြီး စွမ်းအင်ရအောင်နှိုးဆွပေးနိုင်သော်လည်း များပြားစွာသောက်သုံးပါက ကဖင်းဓာတ်ကို စွဲလန်းစေပါသည်။

ကဖင်းဓာတ်ကို စွဲလန်းစေခြင်း

ကဖင်းဓာတ်သည်ဗဟိုအာရုံကြောမစနစ်ကိုလှုံဆော်ပေးပြီး ပုံမှန်သုံးစွဲခြင်းဖြင့် စွဲလန်းခြင်းဖြစ်လာနိုင်ပါသည်။ဆေးစွဲခြင်းကဲ့သို့တော့ ကဖင်းဓာတ်သည်ခန္ဓာကိုယ်၏ကျန်းမာရေးကို အန္တရာယ်မပေးပါ။ သို့သော်လည်း ကဖင်းဓာတ်ကို စွဲလန်းပါကစွဲလန်းနေမှန်းသတိပြုမိမည်လည်းမဟုတ်ပါ။ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများပြုလုပ်ရန်ကဖင်းဓာတ်ကို ပုံမှန်သုံးစွဲနေရပြီးဖြစ်သည်။ ထိုအခါလန်းဆန်း၍ စွမ်းအင်ပြည့်ရန်ကဖင်းဓာတ်ကို ပို၍ပို၍လိုအပ်လာသည်။ အိပ်ယာမဝင်ခင် ၆နာရီအတွင်း လက်ဖက်ရည်များများ သောက်တတ်သူများသည် အိပ်မပျော်ခြင်းဝေဒနာကို ခံစားရသည်။ ထို့ပြင် ပိုမိုထိခိုက်လွယ်သူများတွင် အိပ်ပျော်ရန် ခက်ခဲခြင်းနှင့်တကွ ကဖင်းဓာတ်ကြောင့် စိတ်လှုပ်ရှားခြား၊ဂနာမငြိမ် ဖြစ်ခြင်းနှင့်အစာအိမ်ဝေဒနာများကိုလည်း ခံစားရပါသည်။

ကဖင်းဖြတ်ခြင်း

အကယ်၍ ကဖင်းကိုရုတ်တရက်ဖြတ်လိုက်လျှင်ခန္ဓာကိုယ်အတွက်ပုံမှန်ရနေကျကဖင်းဓာတ်မရ တော့သဖြင့် ရောဂါလက္ခဏာများခံစားရသည်။ကဖင်းဖြတ်ခြင်းကြောင့်ဖြစ်ပေါ်လာသော လက္ခဏာများမှာ

    ခေါင်းကိုက်ခြင်း
    မောပန်းနှုံးချိခြင်း
    စိတ်ပူပန်ခြင်း
    ဂနာမငြိမ်ဖြစ်ခြင်း
    စိတ်ဓာတ်ကျခြင်း
    အာရုံစူးစိုက်ရန်ခက်ခဲခြင်း
    ကြွက်သားများနာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပါသည်။

သို့သော်မူးယစ်ဆေးဝါးများနှင့်အရက်စွဲခြင်းတို့ကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများလောက် တော့မဆိုးရွားပါ။ယခင်သောက်နေကျလက်ဖက်ရည်(သို့မဟုတ်)သောက်နေကျထက်အနည်းငယ်ပိုမို သောက်သုံးလိုက်ပါကထိုလက္ခဏာများချက်ခြင်းသက်သာသွားမည်။

ကဖင်းစွဲခြင်းကို ကာကွယ်ရန်

ကဖင်းစွဲခြင်းမှကာကွယ်ရန် အောက်ပါအကြံပြုချက်များကို လိုက်နာနိုင်ပါသည်။

သင်သောက်သုံးသော ကဖင်းဓာက်ပမာဏကို လျှော့ချပါ၊ လက်ဖက်ရည်တစ်ခွက်ကို ၃ကြိမ်မှ၄ကြိမ် ခွဲ၍သောက်သုံးခြင်းဖြင့်လည်းကောင်း၊ လက်ဖက်ရည်ကိုခဏတာ နှပ်၍သော်လည်းကောင်း၊ လက်ဖက်ရည်သောက်မည့် ရေနွေး၏အပူချိန်ကို လျှော့၍လည်းကောင်း ကဖင်းဓာတ် ပမာဏ ကို လျှော့ချနိုင်သည်။

လက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များဖြင့်ပြုလုပ်ထားသောလက်ဖက်ရည်ကိုအစားထိုး
သုံးစွဲပါ။လက်ဖက်ခြောက်အမည်းမှရသောလက်ဖက်ရည်သည်ကဖင်းဓာတ်ပါဝင်မှုအများဆုံးဖြစ်သည်ထို့ကြောင့်အခြားလက်ဖက်စိမ်း၊လက်ဖက်ဖြူနှင့်အခြားအရွက်များကိုပြုလုပ် သောလက်ဖက်ရည်ကိုသုံးဆောင်ပါ။

ကဖင်းဓာတ်ဖယ်ထားသော(သို့)ကဖင်းဓာတ်မပါသော ဖျော်ရည်များကို ပြောင်းလဲသုံးစွဲပါ။
ကဖင်းဓာက်လွန်ကဲစွာပါသော လက်ဖက်ရည်များကို မကြာခဏသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ -သင်သောက်သုံးနေသော ကဖင်းဓာတ်ကို ဖြည်းဖြည်းစီ လျှော့ချပါ။

လက်ဖက်ရည်ကို ချက်ချင်းဖြတ်ပါက မလိုလားအပ်သော ရောဂါလက္ခဏာများဖြစ်နိုင်သည့်အတွက် တဖြည်းဖြည်း လျှော့ချခြင်းဖြင့် ထိုလက္ခဏာများကို ကာကွယ်နိုင်ပါသည်။

ကော်ဖီကဲ့သို့ပင် လက်ဖက်ရည်သည်လည်း ဦးနှောက်ကိုလှုံ့ဆော်၍ စွမ်းအင်မြင့်စေပြီး စိတ်အာရုံစူးစိုက်မှုကို ကောင်းမွန်စေသည်။ သို့သော်လည်း သင့်တင့်မျှတသော ပမာဏထက်ပို၍   သောက်သုံးပါကစွဲလန်းခြင်းအပြင် ကဖင်းဓာက်၏ ဘေးထွက်ဆိုးကျိုးများပါ ရနိုင်ကြောင်း သတိချပ်သင့်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top