Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ပြင့္လင္းရာသီ ေရာက္လာၿပီျဖစ္၍ ေတာင္ကုတ္ ၿမိဳ႕နယ္ မအီၿမိဳ႕တြင္ တည္ရွိေသာ မအီဗုဒၶေျခေတာ္ရာသို႔ ၿမိဳ႕နယ္အ သီးသီးမွ ဘုရားဖူးဧည့္သည္မ်ား လာေရာက္ဖူးေျမာ္ေနၿပီျဖစ္သည္။ မအီဗုဒၶေျခေတာ္ရာသည္ မအီၿမိဳ႕မွ ဆယ္မုိင္ေက်ာ္အကြာ ရခိုင္႐ိုးမေတာင္တန္းတြင္ တည္ရွိသည္။ လက္ရွိတြင္ ဘုရားဖူးရာသီအစျဖစ္၍ တစ္ရက္လွ်င္ဘုရားဖူးကား ဆယ္စီးခန္႔လာ ေရာက္ေနေၾကာင္း၊ႏုိဝင္ဘာလ ကုန္မွဧၿပီအထိ တစ္ရက္လွ်င္ ဘုရားဖူးကားအစီး  ၅၀ခန္႔ လာေရာက္ေၾကာင္း ဘုရားေဂါပကတစ္ဦးက ေျပာသည္။

မအီဗုဒၶေျခေတာ္ရာသို႔ လာ ေရာက္ဖူးေျမာ္သူမ်ားသည္ စစ္ေတြ၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ကမ္းေထာင္းႀကီး၊ အမ္း၊ ေက်ာက္ျဖဴ၊ ေတာင္ကုတ္ႏွင့္ သံတြဲၿမိဳ႕ ေဒသခံအမ်ားဆံုးျဖစ္ေၾကာင္း ေဂါပကက ဆိုသည္။

‘‘မိုးတြင္းက လမ္းမေကာင္း တဲ့အတြက္ ဘုရားဖူးေတြ မေရာက္ဘူး။ ေစ်းဆုိင္ေတြလည္း ပိတ္ထားရတယ္။ အခု ပြင့္လင္းရာသီ ေရာက္လာၿပီဆိုေတာ့ ဘုရားဖူး ေတြ အဆင္ေျပေအာင္ ထမင္း ဆိုင္ေတြလည္း ဖြင့္ၾကေတာ့မွာ ျဖစ္ပါတယ္’’ဟု ဗုဒၶေျခေတာ္ရာ အနီး ထမင္းဆိုင္ဖြင့္ေရာင္း ရန္ စီစဥ္ေနသူတစ္ဦးက ေျပာ သည္။

မအီဗုဒၶေျခေတာ္ရာ ဗုဒၶပူဇ နိယပြဲေတာ္ကို ႏွစ္စဥ္ တေပါင္း လဆန္း ၁၃ ရက္မွ လျပည့္ေန႔အ ထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ တောင်ကုတ် မြို့နယ် မအီမြို့တွင် တည်ရှိသော မအီဗုဒ္ဓခြေတော်ရာသို့ မြို့နယ်အ သီးသီးမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြော်နေပြီဖြစ်သည်။ မအီဗုဒ္ဓခြေတော်ရာသည် မအီမြို့မှ ဆယ်မိုင်ကျော်အကွာ ရခိုင်ရိုးမတောင်တန်းတွင် တည်ရှိသည်။ လက်ရှိတွင် ဘုရားဖူးရာသီအစဖြစ်၍ တစ်ရက်လျှင်ဘုရားဖူးကား ဆယ်စီးခန့်လာ ရောက်နေကြောင်း၊နိုဝင်ဘာလ ကုန်မှဧပြီအထိ တစ်ရက်လျှင် ဘုရားဖူးကားအစီး  ၅၀ခန့် လာရောက်ကြောင်း ဘုရားဂေါပကတစ်ဦးက ပြောသည်။

မအီဗုဒ္ဓခြေတော်ရာသို့ လာ ရောက်ဖူးမြော်သူများသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကမ်းထောင်းကြီး၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲမြို့ ဒေသခံအများဆုံးဖြစ်ကြောင်း ဂေါပကက ဆိုသည်။

‘‘မိုးတွင်းက လမ်းမကောင်း တဲ့အတွက် ဘုရားဖူးတွေ မရောက်ဘူး။ ဈေးဆိုင်တွေလည်း ပိတ်ထားရတယ်။ အခု ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ ဘုရားဖူး တွေ အဆင်ပြေအောင် ထမင်း ဆိုင်တွေလည်း ဖွင့်ကြတော့မှာ ဖြစ်ပါတယ်’’ဟု ဗုဒ္ဓခြေတော်ရာ အနီး ထမင်းဆိုင်ဖွင့်ရောင်း ရန် စီစဉ်နေသူတစ်ဦးက ပြော သည်။

မအီဗုဒ္ဓခြေတော်ရာ ဗုဒ္ဓပူဇ နိယပွဲတော်ကို နှစ်စဉ် တပေါင်း လဆန်း ၁၃ ရက်မှ လပြည့်နေ့အ ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top