Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘာသာတရားေပါင္း စုံ၏ ၿငိမ္းခ်မ္းမႈျဖစ္ေစႏုိင္မည့္ တရားေတာ္မ်ား သင္ၾကားေပး မည့္ ကမၻာ့ၿငိမ္းခ်မ္းေရးတကၠ သုိလ္ကုိ  မႏၲေလးၿမိဳ႕ ပုသိမ္ႀကီး ၿမိဳ႕နယ္ ရန္ကင္းေတာင္ေျခတြင္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ဦးေဆာင္ဆရာေတာ္ ဦးေဇာတိ ကက မိန္႔ၾကားသည္။

‘‘ဗုဒၶရဲ႕ ၿငိမ္းခ်မ္းမႈတရား ေတာ္ကုိ အေျခခံၿပီး တျခားေသာ ဘာသာေတြမွာရွိတဲ့ သင္ၾကားမႈ ေတြ၊ ေဟာေျပာခ်က္ေတြထဲက လူသားေတြလုိက္နာရင္ ၿငိမ္းခ်မ္း မႈကုိ ျဖစ္ေစမယ့္တရားေတြကုိ သင္ၾကားသြားမယ္’’ ဟု ဦးေဇာတိ ကက မိန္႔ၾကားသည္။

ဘာသာတရားေပါင္းစုံ၏ ၿငိမ္းခ်မ္းေရးတရားမ်ားကုိ သင္႐ုိး ၫႊန္းတမ္းေရးဆြဲကာ ျပည္တြင္း၊ ျပည္ပမွ ပညာရွင္မ်ားျဖင့္ သင္ ၾကားမည္ျဖစ္ေၾကာင္း ဆရာ ေတာ္က မိန္႔သည္။

ကမၻာ့ၿငိမ္းခ်မ္းေရးတကၠ သုိလ္သုိ႔ တက္ေရာက္ရန္ အခ ေၾကးေငြေကာက္ခံမည္ မဟုတ္ ဘဲ ေစတနာအလွဴရွင္မ်ားက ပါ ၀င္စုိက္ထူထားသည့္ ပညာေရး ပေဒသာပင္မွ လုိအပ္သည္မ်ား ျဖည့္ဆည္းေပးမည္ျဖစ္ေၾကာင္း ဦးေဇာတိကက မိန္႔သည္။

‘‘စာရြက္စာတမ္းဖုိးေလာက္ ပဲ ေက်ာင္းသားေတြကုန္မယ္’’ ဟု ဆရာေတာ္က မိန္႔သည္။

ကမၻာ့ၿငိမ္းခ်မ္းေရးတကၠ သုိလ္သုိ႔ တက္ေရာက္မည့္သူမ်ား သည္ အဂၤလိပ္စာေကာင္းမြန္ရန္ လုိအပ္ၿပီး အနိမ့္ဆုံးပညာအ ရည္အခ်င္း ပထမႀကီးတန္းႏွင့္ အထက္တန္းအဆင့္ေအာင္ျမင္ရ မည္ျဖစ္သည္။ ထုိ႔ျပင္ အျခား ေသာ တကၠသုိလ္မ်ားမွ ႐ုိး႐ုိးဘြဲ႕ ရရွိထားသူမ်ားႏွင့္ ဓမၼာစရိယ ေအာင္ျမင္ထားသူမ်ားကုိ မဟာ တန္းသုိ႔လည္းေကာင္း၊ အျခား တကၠသုိလ္မ်ားမွ မဟာတန္း ေအာင္ျမင္ထားသူမ်ားကုိ ပါရဂူ ဘြဲ႕အတြက္လည္းေကာင္း တက္ ေရာက္ခြင့္ျပဳမည္ျဖစ္ၿပီး တကၠ သုိလ္မွ ေအာင္ျမင္သူမ်ားကုိ BA (Peace)၊MA (Peace)၊ Ph.D (Peace)ဘြဲ႕မ်ား ေပးအပ္မည္ ျဖစ္သည္။

‘‘တကၠသုိလ္မွာ အဂၤလိပ္ စာနဲ႔ပဲသင္မွာဆုိေတာ့ အဂၤလိပ္ စာေကာင္းဖုိ႔ အဓိကလုိအပ္ခ်က္ အေနနဲ႔ ထားတယ္။ ပထမဆုံး ဖြင့္တဲ့သင္တန္းမွာေတာ့ Ph.D ဘြဲ႕အတြက္ သင္တန္းသားေတြ ဦးစားေပးေခၚမယ္။ Ph.D ဘြဲ႕ရ သြားမယ့္လူေတြထဲကေန တကၠ သိုလ္အတြက္ သင္ၾကားေရးဆရာ ေတြ ေရြးခ်ယ္သြားမွာျဖစ္လုိ႔ ဦး စားေပးေခၚတာ’’ ဟု ဦးေဇာတိက က ရွင္းျပသည္။ ကမၻာ့ၿငိမ္းခ်မ္းေရးတကၠသုိလ္သုိ႔ လူမ်ိဳးဘာသာမေရြး တက္ေရာက္ႏုိင္္ၿပီး ျပည္ပႏုိင္ငံ မ်ားမွ တက္ေရာက္ရန္ ေလွ်ာက္ ထားမႈမ်ားရွိေၾကာင္း၊ ျပည္တြင္းရွိ ဘာသာေပါင္းစုံအ ဖြဲ႕အစည္းမ်ား ကုိလည္း တက္ေရာက္ရန္ဖိတ္ ေခၚမည္ျဖစ္ေၾကာင္း  ဆရာ ေတာ္က မိန္႔သည္။

Ph.D ဘြဲ႕ယူမည့္သင္တန္း သားမ်ားႏွင့္ ျပည္ပႏုိင္ငံမ်ားမွ လာေရာက္သင္ၾကားမည့္ ေက်ာင္းသားမ်ားအတြက္ အေဆာင္စီစဥ္ ေပးၿပီး အျခားေသာ အတန္းမ်ားရွိ ေက်ာင္းသားမ်ားအတြက္ လတ္ တေလာအေဆာင္ စီစဥ္ေပးႏုိင္ ျခင္းမရွိေသးေၾကာင္း  ဆရာ ေတာ္က ဆက္လက္မိန္႔သည္။

ကမၻာ့ၿငိမ္းခ်မ္းေရးတကၠ သုိလ္မဖြင့္လွစ္မီ   လက္ရွိတြင္ ေကာလိပ္အဆင့္စတင္သင္ၾကား ေနၿပီး သင္တန္းကာလေျခာက္ လၾကာျမင့္သည္။ ၂၀၁၅ မွစတင္ ဖြင့္လွစ္ခဲ့သည့္ အဆုိပါ ေကာ လိပ္အဆင့္ကုိ သုံးႀကိမ္ဖြင့္လွစ္ၿပီး ျဖစ္ကာ သင္တန္းသား ၁၀၀ ေက်ာ္တက္ေရာက္ေအာင္ျမင္ ထားသည္။

ကမၻာ့ၿငိမ္းခ်မ္းေရးတကၠ သုိလ္ဖြင့္လွစ္ရန္ ၂၀၁၄ အတြင္း က ႏုိင္ငံေတာ္သံဃမဟာနာယက အဖြဲ႕သုိ႔ ခြင့္ျပဳခ်က္ေတာင္းခံခဲ့ၿပီး တုိင္းသံဃနာယကအဖြဲ႕ႏွင့္ ၿမိဳ႕ နယ္သံဃနာယကအဖြဲ႕တို႔၏ ခြင့္ ျပဳခ်က္မ်ားျဖင့္ ဖြင့္လွစ္ခဲ့ေၾကာင္း ဦးေဇာတိကက မိန္႔ၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ဘာသာတရားပေါင်း စုံ၏ ငြိမ်းချမ်းမှုဖြစ်စေနိုင်မည့် တရားတော်များ သင်ကြားပေး မည့် ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်ကို  မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ် ရန်ကင်းတောင်ခြေတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးဇောတိ ကက မိန့်ကြားသည်။

‘‘ဗုဒ္ဓရဲ့ ငြိမ်းချမ်းမှုတရား တော်ကို အခြေခံပြီး တခြားသော ဘာသာတွေမှာရှိတဲ့ သင်ကြားမှု တွေ၊ ဟောပြောချက်တွေထဲက လူသားတွေလိုက်နာရင် ငြိမ်းချမ်း မှုကို ဖြစ်စေမယ့်တရားတွေကို သင်ကြားသွားမယ်’’ ဟု ဦးဇောတိ ကက မိန့်ကြားသည်။

ဘာသာတရားပေါင်းစုံ၏ ငြိမ်းချမ်းရေးတရားများကို သင်ရိုး ညွှန်းတမ်းရေးဆွဲကာ ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များဖြင့် သင် ကြားမည်ဖြစ်ကြောင်း ဆရာ တော်က မိန့်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်သို့ တက်ရောက်ရန် အခ ကြေးငွေကောက်ခံမည် မဟုတ် ဘဲ စေတနာအလှူရှင်များက ပါ ဝင်စိုက်ထူထားသည့် ပညာရေး ပဒေသာပင်မှ လိုအပ်သည်များ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဦးဇောတိကက မိန့်သည်။

‘‘စာရွက်စာတမ်းဖိုးလောက် ပဲ ကျောင်းသားတွေကုန်မယ်’’ ဟု ဆရာတော်က မိန့်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်သို့ တက်ရောက်မည့်သူများ သည် အင်္ဂလိပ်စာကောင်းမွန်ရန် လိုအပ်ပြီး အနိမ့်ဆုံးပညာအ ရည်အချင်း ပထမကြီးတန်းနှင့် အထက်တန်းအဆင့်အောင်မြင်ရ မည်ဖြစ်သည်။ ထို့ပြင် အခြား သော တက္ကသိုလ်များမှ ရိုးရိုးဘွဲ့ ရရှိထားသူများနှင့် ဓမ္မာစရိယ အောင်မြင်ထားသူများကို မဟာ တန်းသို့လည်းကောင်း၊ အခြား တက္ကသိုလ်များမှ မဟာတန်း အောင်မြင်ထားသူများကို ပါရဂူ ဘွဲ့အတွက်လည်းကောင်း တက် ရောက်ခွင့်ပြုမည်ဖြစ်ပြီး တက္က သိုလ်မှ အောင်မြင်သူများကို BA (Peace)၊MA (Peace)၊ Ph.D (Peace)ဘွဲ့များ ပေးအပ်မည် ဖြစ်သည်။

‘‘တက္ကသိုလ်မှာ အင်္ဂလိပ် စာနဲ့ပဲသင်မှာဆိုတော့ အင်္ဂလိပ် စာကောင်းဖို့ အဓိကလိုအပ်ချက် အနေနဲ့ ထားတယ်။ ပထမဆုံး ဖွင့်တဲ့သင်တန်းမှာတော့ Ph.D ဘွဲ့အတွက် သင်တန်းသားတွေ ဦးစားပေးခေါ်မယ်။ Ph.D ဘွဲ့ရ သွားမယ့်လူတွေထဲကနေ တက္က သိုလ်အတွက် သင်ကြားရေးဆရာ တွေ ရွေးချယ်သွားမှာဖြစ်လို့ ဦး စားပေးခေါ်တာ’’ ဟု ဦးဇောတိက က ရှင်းပြသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်သို့ လူမျိုးဘာသာမရွေး တက်ရောက်နိုင်ပြီး ပြည်ပနိုင်ငံ များမှ တက်ရောက်ရန် လျှောက် ထားမှုများရှိကြောင်း၊ ပြည်တွင်းရှိ ဘာသာပေါင်းစုံအ ဖွဲ့အစည်းများ ကိုလည်း တက်ရောက်ရန်ဖိတ် ခေါ်မည်ဖြစ်ကြောင်း  ဆရာ တော်က မိန့်သည်။

Ph.D ဘွဲ့ယူမည့်သင်တန်း သားများနှင့် ပြည်ပနိုင်ငံများမှ လာရောက်သင်ကြားမည့် ကျောင်းသားများအတွက် အဆောင်စီစဉ် ပေးပြီး အခြားသော အတန်းများရှိ ကျောင်းသားများအတွက် လတ် တလောအဆောင် စီစဉ်ပေးနိုင် ခြင်းမရှိသေးကြောင်း  ဆရာ တော်က ဆက်လက်မိန့်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်မဖွင့်လှစ်မီ   လက်ရှိတွင် ကောလိပ်အဆင့်စတင်သင်ကြား နေပြီး သင်တန်းကာလခြောက် လကြာမြင့်သည်။ ၂၀၁၅ မှစတင် ဖွင့်လှစ်ခဲ့သည့် အဆိုပါ ကော လိပ်အဆင့်ကို သုံးကြိမ်ဖွင့်လှစ်ပြီး ဖြစ်ကာ သင်တန်းသား ၁၀၀ ကျော်တက်ရောက်အောင်မြင် ထားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်ဖွင့်လှစ်ရန် ၂၀၁၄ အတွင်း က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ ခွင့်ပြုချက်တောင်းခံခဲ့ပြီး တိုင်းသံဃနာယကအဖွဲ့နှင့် မြို့ နယ်သံဃနာယကအဖွဲ့တို့၏ ခွင့် ပြုချက်များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း ဦးဇောတိကက မိန့်ကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top