Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တြဲလာတာၾကာလာေလ မိဘအသိုင္းအဝိုင္း၊ ပတ္ဝန္းက်င္က လက္ထပ္ဖို႔တြန္းအားေပးတာတိုးလာေလ ျဖစ္ရတာ ျမန္မာနိုင္ငံရဲ႕ ထံုးစံပါပဲ။ အသက္ငယ္လြန္းရင္လည္း မသင့္ေတာ္၊ အသက္ၾကီးသြားမွာလည္းစိုးရိမ္ၾကရတဲ့အျပင္ အိမ္ေထာင္ျပဳျခင္း ရဲ႕ေနာက္ဆက္တြဲ ကိစၥေတြအတြက္လည္း ၾကိဳေတြးသင့္တာေၾကာင့္ လက္ထပ္သင့္တဲ့အခ်ိန္ကို ေရြးခ်ယ္နို္င္ဖို႔ အေရးၾကီးပါတယ္။

အသက္ၾကီးမွ အိမ္ေထာင္ျပဳတာက အိမ္ေထာင္ပိုခိုင္ျမဲေစတယ္လို႔ လက္ခံထားၾကတာေတြရွိသလို ငယ္ငယ္ရြယ္ရြယ္ အိမ္ေထာင္က်တဲ့အခါ ျပန္ကြဲဖို႔ျဖစ္နိုင္ေျခမ်ားတယ္လို႔ ဆိုၾကပါတယ္။ အသက္ ၂၀ေက်ာ္ဟာ ေက်ာင္းျပီးလို႔ အလုပ္အကိုင္အတည္တက်ျဖစ္ခ်ိန္ အိမ္ေထာင္ျပဳဖို႔ အေကာင္းဆံုးလို႔ လူငယ္တခ်ိဳ႕နဲ႔မိဘေတြကလက္ခံထားၾကပါတယ္။ ဆယ္ေက်ာ္သက္အရြယ္ေတြဆို အနာဂတ္အတြက္မေရရာေသး၊ ေက်ာင္းစာနဲ႔မိသားစုေလာင္းရိပ္ေအာက္မွာ ရွိေနေသးခ်ိန္ျဖစ္ျပီး ဦးေႏွာက္အေတြးအျမင္ေတြလည္း မဖြံ႔ျဖိဳးေသးခ်ိန္ျဖစ္တာေၾကာင့္ အသိအျမင္ျပည့္စံုေလာက္တဲ့ ၂၀ နဲ႔ ၃၀ ၾကားအရြယ္ကို အသင့္ေတာ္ဆံုးအျဖစ္ ေရြးခ်ယ္ၾကပါတယ္။

အရင္ဆံုး ေရႊလက္တြဲဖို႔ သင့္ေတာ္တဲ့အသက္အရြယ္မွာရွိေနျပီဆိုရင္ေတာ့ ခ်စ္သူစံုတြဲေတြအတြက္ စဥ္းစားရမယ့္အခ်က္ေတြရွိပါေသးတယ္။

(၁) ကိုယ့္စိတ္ကိုယ္သိရဲ႕လား

ရင့္က်က္တဲ့အရြယ္ေရာက္ေနျပီျဖစ္လို႔ လက္ထပ္ဖို႔စဥ္းစားေနျပီဆိုရင္ ကိုယ့္စိတ္ကိုအရင္သိေအာင္လုပ္ပါ။ ခ်စ္သူႏွစ္ဦး ၾကားကဆက္္ဆံေရးမွာ စိတ္ရင္းနဲ႔ရိုးသားၾကရဲ႕လား၊ ကိုုယ့္မွာရွိတဲ့ခ်ိဳ႕ယြင္းခ်က္ေတြကိုအျပန္အလွန္ပြင့္လင္းၾကရဲ႕လား။

(၂) ဆက္ဆံေရးကိုဆန္းစစ္ၾကည့္ပါ

ကိုယ့္ဘက္ကေသခ်ာျပီဆိုရင္ လက္ထပ္ဖို႔အထိ ေရွ႕ဆက္တိုးဖို႔ အျပန္အလွန္ဆက္ဆံေရးကို အခ်က္တခ်ိဳ႕နဲ႔ ဆန္းစစ္ၾကည့္ပါ။

တကယ္ခ်စ္တာလား
တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈရွိလား
သူနဲ႔အတူရွိခ်ိန္ ေပ်ာ္ရႊင္ရလား
သူက ကိုယ့္အေပၚေကာင္းရဲ႕လား
အၾကိဳက္တူ၊ တန္ဖိုးတာခ်င္းတူရဲ႕လား (အေတြးအျမင္၊ခံယူခ်က္စသည္)
ဘဝအတြက္ ရည္မွန္းထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြတူသလား
ကိုယ္နဲ႔သဟဇာတျဖစ္ရဲ႕လား စတဲ႔အခ်က္ေတြက တစ္သက္လံုးလက္မတြဲခင္ ေတြးၾကည့္သင့္တဲ့အရာေတြပါ။
(၃) ခ်စ္သူခ်င္းဆက္ဆံေရးကို သံုးသပ္ပါ

ကုိယ့္ခ်စ္သူကို တကယ္ယံုၾကည္ျပီလား၊ ယံုလို႔ေရာရလားသံုးသပ္ဆံုးျဖတ္ပါ။ ယံုၾကည္မႈဆိုတာ ခ်စ္သူေတြအတြက္ အဓိကက်တဲ့အရာတစ္ခုျဖစ္တာေၾကာင့္ ယံုၾကည္မႈကို တည္ေဆာက္ျပီးခ်ိန္မွ လက္ထပ္ဖို႔စဥ္းစားသင့္ပါတယ္။

(၄) ရင္းႏွီးပြင့္လင္းတဲ့သူေတြျဖစ္ျပီလား

ကို္ယ္ၾကိဳက္တာ မၾကိဳက္တာေတြကုိ အခ်င္းခ်င္းသိေနၾကျပီး ပြင့္ပြင့္လင္းလင္းဆက္ဆံေနၾကျပီလား။ ကိုယ့္ကို ျပဳမူဆက္ဆံေစလိုတဲ့ ပံုစံအတိုင္း တစ္ဖက္ကို ဆက္ဆံေပးပါ။ သာယာခိုင္ျမဲတဲ့ အိမ္ေထာင္တစ္ခု တည္ေဆာက္နို္င္ပါလိမ့္မယ္။

(၅) ကိုယ့္ကို ေလးစားမႈရွိလား

လက္တြဲၾကေတာ့မယ့္သူအခ်င္းခ်င္း ဆက္ဆံတဲ့အခါ ေလးစားမႈရွိသင့္ပါတယ္။ အခန္႔မသင့္လို႔ ရန္ျဖစ္ခ်ိန္ေတြမွာ ေဒါသေပါက္ကြဲတဲ့အခါမ်ိဳးမွာ ေလးစားမႈေလးရွိရင္ေနာင္အခါ ေမတၱာပ်က္ဖို႔ အခြင့္အလမ္းနည္းေစပါတယ္။

(၆) ဘဝအတြက္ ရည္မွန္းခ်က္ပန္းတိုင္ေတြ ေပါင္းစည္းျပီးျပီလား

ႏွစ္ေယာက္အတူေလွ်ာက္လွမ္းၾကမယ့္ရည္မွန္းခ်က္လမ္းေၾကာင္းေတြကို လက္မထပ္ခင္ကတည္းက ေရးဆြဲထားဖို႔ လိုပါတယ္။ကေလးဘယ္ႏွေယာက္ယူမလဲ ၊ဘာအလုပ္ေတြလုပ္ၾကမလဲ၊ ဘယ္မွာေနမလဲဆိုတာေတြ အတူစဥ္းစားပါ။

တကယ္ေတာ့ ေရႊလက္တြဲဖို႔ စဥ္းစားေနျပီဆိုရင္ အသက္အရြယ္ထက္ အထက္ပါအခ်က္ေတြလို အေျခအေနေတြကို ထည့္သြင္းစဥ္းစားတာက အိမ္ေထာင္ေရးမွာ ပိုျပီးရလဒ္ေကာင္းေစမွာပါ။ အိမ္ေထာင္ျပဳတာဟာ ဘဝအတြက္ဆံုးျဖတ္ခ်က္ ျဖစ္ရံုတင္မကဘဲ မိသားစုခ်င္း၊ ဝင္ေငြခ်င္း၊ဘဝခ်င္းေပါင္းစည္းတာ ျဖစ္တာေၾကာင့္ အေလာတၾကီးမဆံုးျဖတ္သင့္ပါဘူး။ ကိုယ္တကယ္လက္ထပ္သင့္တဲ့အေနအထား မွန္ကန္တဲ့အခ်ိန္က်ျပီလားဆိုတာ ေတြးဆဆင္ျခင္ပါ။ က်န္းမာေရးရႈေထာင့္အရဆိုရင္ အလုပ္အကိုင္၊ ပညာေရးအခြင့္အလမ္းေတြေၾကာင့္ အသက္ၾကီးမွ အိမ္ေထာင္ျပဳသူေတြမွာ ကေလးယူတဲ့အခါ သတိထားရမွာေတြ၊ အႏၱရာယ္ေတြရွိနိုင္တာေၾကာင့္ အသက္မငယ္လြန္း၊ မၾကီးလြန္းတဲ့အရြယ္မွာ အထက္ပါအခ်က္ေတြနဲ႔ ကိုက္ညွိျပီး ဆံုးျဖတ္မယ္ဆိုရင္ အေကာင္းဆံုးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
တွဲလာတာကြာလာလေ မိဘအသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လက်ထပ်ဖို့တွန်းအားပေးတာတိုးလာလေ ဖြစ်ရတာ မြန်မာနိုင်ငံရဲ့ ထုံးစံပါပဲ။ အသက်ငယ်လွန်းရင်လည်း မသင့်တော်၊ အသက်ကြီးသွားမှာလည်းစိုးရိမ်ကြရတဲ့အပြင် အိမ်ထောင်ပြုခြင်း ရဲ့နောက်ဆက်တွဲ ကိစ္စတွေအတွက်လည်း ကြိုတွေးသင့်တာကြောင့် လက်ထပ်သင့်တဲ့အချိန်ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။

အသက်ကြီးမှ အိမ်ထောင်ပြုတာက အိမ်ထောင်ပိုခိုင်မြဲစေတယ်လို့ လက်ခံထားကြတာတွေရှိသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတဲ့အခါ ပြန်ကွဲဖို့ဖြစ်နိုင်ခြေများတယ်လို့ ဆိုကြပါတယ်။ အသက် ၂၀ကျော်ဟာ ကျောင်းပြီးလို့ အလုပ်အကိုင်အတည်တကျဖြစ်ချိန် အိမ်ထောင်ပြုဖို့ အကောင်းဆုံးလို့ လူငယ်တချို့နဲ့မိဘတွေကလက်ခံထားကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဆို အနာဂတ်အတွက်မရေရာသေး၊ ကျောင်းစာနဲ့မိသားစုလောင်းရိပ်အောက်မှာ ရှိနေသေးချိန်ဖြစ်ပြီး ဦးနှောက်အတွေးအမြင်တွေလည်း မဖွံ့ဖြိုးသေးချိန်ဖြစ်တာကြောင့် အသိအမြင်ပြည့်စုံလောက်တဲ့ ၂၀ နဲ့ ၃၀ ကြားအရွယ်ကို အသင့်တော်ဆုံးအဖြစ် ရွေးချယ်ကြပါတယ်။

အရင်ဆုံး ရွှေလက်တွဲဖို့ သင့်တော်တဲ့အသက်အရွယ်မှာရှိနေပြီဆိုရင်တော့ ချစ်သူစုံတွဲတွေအတွက် စဉ်းစားရမယ့်အချက်တွေရှိပါသေးတယ်။

(၁) ကိုယ့်စိတ်ကိုယ်သိရဲ့လား

ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဖြစ်လို့ လက်ထပ်ဖို့စဉ်းစားနေပြီဆိုရင် ကိုယ့်စိတ်ကိုအရင်သိအောင်လုပ်ပါ။ ချစ်သူနှစ်ဦး ကြားကဆက်ဆံရေးမှာ စိတ်ရင်းနဲ့ရိုးသားကြရဲ့လား၊ ကိုုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကိုအပြန်အလှန်ပွင့်လင်းကြရဲ့လား။

(၂) ဆက်ဆံရေးကိုဆန်းစစ်ကြည့်ပါ

ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။

တကယ်ချစ်တာလား
တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလား
သူနဲ့အတူရှိချိန် ပျော်ရွှင်ရလား
သူက ကိုယ့်အပေါ်ကောင်းရဲ့လား
အကြိုက်တူ၊ တန်ဖိုးတာချင်းတူရဲ့လား (အတွေးအမြင်၊ခံယူချက်စသည်)
ဘဝအတွက် ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေတူသလား
ကိုယ်နဲ့သဟဇာတဖြစ်ရဲ့လား စတဲ့အချက်တွေက တစ်သက်လုံးလက်မတွဲခင် တွေးကြည့်သင့်တဲ့အရာတွေပါ။
(၃) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ

ကိုယ့်ချစ်သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။

(၄) ရင်းနှီးပွင့်လင်းတဲ့သူတွေဖြစ်ပြီလား

ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးပါ။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။

(၅) ကိုယ့်ကို လေးစားမှုရှိလား

လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင်နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။

(၆) ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ပေါင်းစည်းပြီးပြီလား

နှစ်ယောက်အတူလျှောက်လှမ်းကြမယ့်ရည်မှန်းချက်လမ်းကြောင်းတွေကို လက်မထပ်ခင်ကတည်းက ရေးဆွဲထားဖို့ လိုပါတယ်။ကလေးဘယ်နှယောက်ယူမလဲ ၊ဘာအလုပ်တွေလုပ်ကြမလဲ၊ ဘယ်မှာနေမလဲဆိုတာတွေ အတူစဉ်းစားပါ။

တကယ်တော့ ရွှေလက်တွဲဖို့ စဉ်းစားနေပြီဆိုရင် အသက်အရွယ်ထက် အထက်ပါအချက်တွေလို အခြေအနေတွေကို ထည့်သွင်းစဉ်းစားတာက အိမ်ထောင်ရေးမှာ ပိုပြီးရလဒ်ကောင်းစေမှာပါ။ အိမ်ထောင်ပြုတာဟာ ဘဝအတွက်ဆုံးဖြတ်ချက် ဖြစ်ရုံတင်မကဘဲ မိသားစုချင်း၊ ဝင်ငွေချင်း၊ဘဝချင်းပေါင်းစည်းတာ ဖြစ်တာကြောင့် အလောတကြီးမဆုံးဖြတ်သင့်ပါဘူး။ ကိုယ်တကယ်လက်ထပ်သင့်တဲ့အနေအထား မှန်ကန်တဲ့အချိန်ကျပြီလားဆိုတာ တွေးဆဆင်ခြင်ပါ။ ကျန်းမာရေးရှုထောင့်အရဆိုရင် အလုပ်အကိုင်၊ ပညာရေးအခွင့်အလမ်းတွေကြောင့် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေမှာ ကလေးယူတဲ့အခါ သတိထားရမှာတွေ၊ အန္တရာယ်တွေရှိနိုင်တာကြောင့် အသက်မငယ်လွန်း၊ မကြီးလွန်းတဲ့အရွယ်မှာ အထက်ပါအချက်တွေနဲ့ ကိုက်ညှိပြီး ဆုံးဖြတ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top