လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

၂၀၁၇ ခုႏွစ္၊ နိုဝင္ဘာလ ၁၄ ရက္ေန႔ ည ၁၀ နာရီ ၃၀ မိနစ္အခ်ိန္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံအေရွ႕ၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူး ဦးေမာင္ေမာင္ကို(၄၈)ႏွစ္သည္ ႐ုံး၌ရွိေနစဥ္ က်န္စစ္သား လမ္းတြင္ စကားမ်ားရန္ျဖစ္ရာမွ တစ္ဦးေသဆုံးေၾကာင္း သတင္းအရ သြားေရာက္ၾကည့္ရွု ေမးျမန္းရာ ညီအစ္ကိုခ်င္း စကားမ်ား ရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

အဆိုပါလမ္းေန သန္းတိုး(၄၈)ႏွစ္သည္ ေနအိမ္တြင္ မိသားစုႏွင့္အတူ TV ၾကည့္ေနစဥ္ ညီျဖစ္သူ ေခ်ာႀကီး(ခ)သန္းေနာင္(၃၈)ႏွစ္ေရာက္ရွိလာၿပီး ဆူညံေၾကာင္း ေျပာဆိုရာမွ ညီအစ္ကို ႏွစ္ဦးစကားမ်ားရန္ျဖစ္၍ လုံးေထြးသတ္ပုတ္ၾကရာ ေခ်ာႀကီး(ခ)သန္းေနာင္မွ သန္းတိုးအား ေရပိုက္ျပင္သည့္ခြရွင္ျဖင့္ ရိုက္ေသာေၾကာင့္ ဒဏ္ရာမ်ားရရွိေသဆုံးသြားျခင္းျဖစ္ေၾကာင္း စစ္ေဆး သိရွိရသည္။

အဆုိပါ လူသတ္မႈအား အေရးယူေပးရန္ တိုင္တန္းခ်က္အရ ေခ်ာႀကီး(ခ)သန္းေနာင္အား ဒဂုံအေရွ႕ၿမိဳ႕မရဲစခန္း (ပ)၁၀၆၈/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမွုဖြင့္ အေရးယူထားေၾကာင္း ျမန္မာႏုိင္ငံရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကို(၄၈)နှစ်သည် ရုံး၌ရှိနေစဉ် ကျန်စစ်သား လမ်းတွင် စကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးကြောင်း သတင်းအရ သွားရောက်ကြည့်ရှု မေးမြန်းရာ ညီအစ်ကိုချင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါလမ်းနေ သန်းတိုး(၄၈)နှစ်သည် နေအိမ်တွင် မိသားစုနှင့်အတူ TV ကြည့်နေစဉ် ညီဖြစ်သူ ချောကြီး(ခ)သန်းနောင်(၃၈)နှစ်ရောက်ရှိလာပြီး ဆူညံကြောင်း ပြောဆိုရာမှ ညီအစ်ကို နှစ်ဦးစကားများရန်ဖြစ်၍ လုံးထွေးသတ်ပုတ်ကြရာ ချောကြီး(ခ)သန်းနောင်မှ သန်းတိုးအား ရေပိုက်ပြင်သည့်ခွရှင်ဖြင့် ရိုက်သောကြောင့် ဒဏ်ရာများရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိရသည်။

အဆိုပါ လူသတ်မှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ချောကြီး(ခ)သန်းနောင်အား ဒဂုံအရှေ့မြို့မရဲစခန်း (ပ)၁၀၆၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top