Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေျခခံပညာေက်ာင္း မ်ား၊ ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးမ်ား တြင္ ပြဲလမ္းသဘင္လက္မွတ္၊ စာအုပ္စာတမ္းႏွင့္ ဝတ္စံုမ်ား မေရာင္းခ်ရန္ အေျခခံပညာဦးစီး ဌာနက ႏိုဝင္ဘာ ၁ ရက္ ရက္ စြဲျဖင့္ ၫႊန္ၾကားခ်က္ထုတ္ျပန္ ထားသည္။

အေျခခံပညာ ဦးစီးဌာန သည္ ေက်ာင္းေနအရြယ္ကေလး တိုင္း ေက်ာင္းတက္ေရာက္ႏိုင္ ရန္ မူလတန္းမွ အထက္တန္း အထိ အခမဲ့ပညာေရးစနစ္ျဖင့္ ေဆာင္ရြက္ေနရာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်ာင္းသား မိဘမ်ား၊ ျပည္သူမ်ားထံမွ ေငြေၾကးမေကာက္ခံရန္၊ လက္ ေဆာင္ပစၥည္း လက္မခံရန္ႏွင့္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစမည့္ ကိစၥရပ္ မ်ား ေဆာင္ရြက္ျခင္းမျပဳရန္ ေက်ာင္းဖြင့္စကပင္ ၫႊန္ၾကား ထားေၾကာင္း ႏိုဝင္ဘာ ၁ ရက္ ၫႊန္ၾကားခ်က္တြင္ ေဖာ္ျပသည္။

‘‘ေက်ာင္းဖြင့္စကတည္းက ကေလးေတြကို ဝန္ထုပ္ဝန္ပိုးျဖစ္ ေစမယ့္ မည္သည့္အခေၾကးေငြမွ မေကာက္ရဘူးလို႔ ဆရာ၊ ဆရာမ ေတြကို ေျပာထားၿပီးသားေတြရွိ တယ္။ ဒါမ်ဳိးေတြကို မလုပ္ေစခ်င္ ေတာ့လို႔။ အခု တခ်ဳိ႕ကိစၥေတြ ၾကားေနရတာလည္း ရွိလို႔ ထပ္ ေျပာတဲ့သေဘာေပါ့’’ဟု အေျခခံ ပညာဦးစီးဌာန ေခတၱၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာေအာင္ႏိုင္ စိုးက ေျပာသည္။

အေျခခံပညာ ဦးစီးဌာန၏ ၫႊန္ၾကားခ်က္အရ ပြဲလမ္းသဘင္ လက္မွတ္မ်ား၊ စာအုပ္စာတမ္း မ်ားႏွင့္ ဝတ္စံုမ်ား ေရာင္းခ်ျခင္း မျပဳလုပ္ရန္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ပညာေရးမွဴး႐ံုးမ်ား၊ ခ႐ိုင္ ပညာေရးမွဴး႐ံုးမ်ားက ႏုိဝင္ ဘာ ၆ ရက္တြင္ အေျခခံပညာ ေက်ာင္းမ်ားႏွင့္ ၿမိဳ႕နယ္ပညာေရး မွဴး႐ံုးမ်ားသို႔ ထပ္ဆင့္ ၫႊန္ၾကား ထားသည္။

‘‘အရင္ကတည္းက ေငြ ေၾကးမေကာက္ဖို႔၊ ေက်ာင္းသား ေတြကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတဲ့ ကိစၥေတြမလုပ္ဖို႔ ႐ံုးခ်ဳပ္ (အေျခခံ ပညာဦးစီးဌာန)က ၫႊန္ၾကားထား တာရွိပါတယ္။ အခုက ထပ္ၿပီး ဒါေတြ ေရာင္းခ်တာ မလုပ္ဖို႔ ၫႊန္ ၾကားတာပါ။ ႐ံုးခ်ဳပ္က ၫႊန္ၾကား ခ်က္အတိုင္း တိုင္းေဒသႀကီး ပညာေရးမွဴး႐ံုးက ေက်ာင္းေတြ ကို အဆင့္ဆင့္ ၫႊန္ၾကားထား တယ္’’ဟု စစ္ကိုင္းတိုင္းေဒသႀကီး ပညာေရးမွဴး႐ံုး စီမံဌာန ဒုဦးစီးမွဴး ဦးစန္းလြင္က ေျပာသည္။

အေျခခံပညာေက်ာင္းတစ္ ေက်ာင္းတြင္ သင္ေထာက္ကူ စာအုပ္မ်ား ေရာင္းခ်ျခင္းႏွင့္ ၿမိဳ႕ နယ္ ပညာေရးမွဴး႐ံုးအခ်ဳိ႕တြင္ ေက်ာင္းစိမ္းလံုခ်ည္ ေရာင္းခ် သည့္ သတင္းမ်ား ထြက္ေပၚေန ျခင္းေၾကာင့္ ယခုကဲ့သို႔ ၫႊန္ၾကား ျခင္းျဖစ္ႏုိင္ေၾကာင္း အေျခခံပညာ ဆရာ၊ ဆရာမအခ်ဳိ႕ကဆိုသည္။

‘‘ခ႐ိုင္ကေန ၿမိဳ႕နယ္ကို ပို႔ ထားတဲ့စာေတာ့ ေတြ႕တယ္။ ေက်ာင္းကို ေရာက္လာရင္ေတာ့ ဆရာ၊ ဆရာမေတြ သိရွိေၾကာင္း လက္မွတ္ထုိးရမွာေပါ့။ အခုထိ ေတာ့ ေက်ာင္းအုပ္က လက္မွတ္ မထုိးခိုင္းေသးဘူး’’ဟု အလက (၂) မိတၳီလာမွ အလယ္တန္းျပ ဆရာမတစ္ဦးက ေျပာသည္။

ေက်ာင္းအပ္ႏွံေရး သီတင္း ပတ္တြင္ ေက်ာင္းသား၊ ေက်ာင္း သူမ်ားအား ဗလာစာအုပ္ ေရာင္း ခ်ခဲ့သည့္ ကရင္ျပည္နယ္မွ ေက်ာင္းအုပ္ဆရာမႀကီးကို ပညာ ေရးဝန္ႀကီးဌာန စီမံခန္႔ခြဲေရး ေကာ္မတီ ဆံုးျဖတ္ခ်က္ျဖင့္ ေအာက္တိုဘာ ၂၀ ရက္၌ ရာထူး က ထုတ္ပယ္ခဲ့သည္။ ယင္းအျပင္ သင္ေထာက္ကူ စာအုပ္မ်ား ေရာင္းခ်ခဲ့သည့္ ကရင္ျပည္နယ္ မွ အထက္တန္းျပဆရာမ သံုးဦး ကိုလည္း ေအာက္တုိဘာ ၂၄ ရက္တြင္ အလယ္တန္းျပ ရာထူး သို႔ ေလွ်ာ့ခ်ခဲ့သည္။

တကၠသိုလ္၊ ေက်ာင္းႏွင့္႐ံုး ဌာနတို႔တြင္ လုပ္ငန္းေဆာင္ရြက္ ရာ၌ လက္ေဆာင္ပစၥည္းေပးျခင္း၊ လက္ခံျခင္း၊ ေငြေၾကးေကာက္ခံ ျခင္း၊ ေတာင္းခံျခင္း၊ ေပးျခင္း လံုးဝမျပဳလုပ္ရန္ႏွင့္ ယင္းသို႔ ျပဳ လုပ္ပါက ဝန္ႀကီး႐ံုး ဖုန္း ၀၆၇ ၃၄၀၇၃၉၇၊ ပညာေရးဝန္ႀကီးဌာန ႐ံုးအမွတ္ (၁၃၊ ၂၁) ေနျပည္ ေတာ္၊ အီးေမးလ္လိပ္စာမ်ားျဖစ္ သည့္ moedps13@gmail.com, sithukyaw.mtu@gmail.com သို႔ ဆက္သြယ္ တိုင္ၾကားႏိုင္သည္ ဟု ပညာေရးဝန္ႀကီးဌာနက စက္တင္ဘာ ၁၂ ရက္တြင္ ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အခြေခံပညာကျောင်း များ၊ မြို့နယ်ပညာရေးမှူးရုံးများ တွင် ပွဲလမ်းသဘင်လက်မှတ်၊ စာအုပ်စာတမ်းနှင့် ဝတ်စုံများ မရောင်းချရန် အခြေခံပညာဦးစီး ဌာနက နိုဝင်ဘာ ၁ ရက် ရက် စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန် ထားသည်။

အခြေခံပညာ ဦးစီးဌာန သည် ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းတက်ရောက်နိုင် ရန် မူလတန်းမှ အထက်တန်း အထိ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်နေရာ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ပြည်သူများထံမှ ငွေကြေးမကောက်ခံရန်၊ လက် ဆောင်ပစ္စည်း လက်မခံရန်နှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကိစ္စရပ် များ ဆောင်ရွက်ခြင်းမပြုရန် ကျောင်းဖွင့်စကပင် ညွှန်ကြား ထားကြောင်း နိုဝင်ဘာ ၁ ရက် ညွှန်ကြားချက်တွင် ဖော်ပြသည်။

‘‘ကျောင်းဖွင့်စကတည်းက ကလေးတွေကို ဝန်ထုပ်ဝန်ပိုးဖြစ် စေမယ့် မည်သည့်အခကြေးငွေမှ မကောက်ရဘူးလို့ ဆရာ၊ ဆရာမ တွေကို ပြောထားပြီးသားတွေရှိ တယ်။ ဒါမျိုးတွေကို မလုပ်စေချင် တော့လို့။ အခု တချို့ကိစ္စတွေ ကြားနေရတာလည်း ရှိလို့ ထပ် ပြောတဲ့သဘောပေါ့’’ဟု အခြေခံ ပညာဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်နိုင် စိုးက ပြောသည်။

အခြေခံပညာ ဦးစီးဌာန၏ ညွှန်ကြားချက်အရ ပွဲလမ်းသဘင် လက်မှတ်များ၊ စာအုပ်စာတမ်း များနှင့် ဝတ်စုံများ ရောင်းချခြင်း မပြုလုပ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများ၊ ခရိုင် ပညာရေးမှူးရုံးများက နိုဝင် ဘာ ၆ ရက်တွင် အခြေခံပညာ ကျောင်းများနှင့် မြို့နယ်ပညာရေး မှူးရုံးများသို့ ထပ်ဆင့် ညွှန်ကြား ထားသည်။

‘‘အရင်ကတည်းက ငွေ ကြေးမကောက်ဖို့၊ ကျောင်းသား တွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ကိစ္စတွေမလုပ်ဖို့ ရုံးချုပ် (အခြေခံ ပညာဦးစီးဌာန)က ညွှန်ကြားထား တာရှိပါတယ်။ အခုက ထပ်ပြီး ဒါတွေ ရောင်းချတာ မလုပ်ဖို့ ညွှန် ကြားတာပါ။ ရုံးချုပ်က ညွှန်ကြား ချက်အတိုင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကျောင်းတွေ ကို အဆင့်ဆင့် ညွှန်ကြားထား တယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံဌာန ဒုဦးစီးမှူး ဦးစန်းလွင်က ပြောသည်။

အခြေခံပညာကျောင်းတစ် ကျောင်းတွင် သင်ထောက်ကူ စာအုပ်များ ရောင်းချခြင်းနှင့် မြို့ နယ် ပညာရေးမှူးရုံးအချို့တွင် ကျောင်းစိမ်းလုံချည် ရောင်းချ သည့် သတင်းများ ထွက်ပေါ်နေ ခြင်းကြောင့် ယခုကဲ့သို့ ညွှန်ကြား ခြင်းဖြစ်နိုင်ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမအချို့ကဆိုသည်။

‘‘ခရိုင်ကနေ မြို့နယ်ကို ပို့ ထားတဲ့စာတော့ တွေ့တယ်။ ကျောင်းကို ရောက်လာရင်တော့ ဆရာ၊ ဆရာမတွေ သိရှိကြောင်း လက်မှတ်ထိုးရမှာပေါ့။ အခုထိ တော့ ကျောင်းအုပ်က လက်မှတ် မထိုးခိုင်းသေးဘူး’’ဟု အလက (၂) မိတ္ထီလာမှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအပ်နှံရေး သီတင်း ပတ်တွင် ကျောင်းသား၊ ကျောင်း သူများအား ဗလာစာအုပ် ရောင်း ချခဲ့သည့် ကရင်ပြည်နယ်မှ ကျောင်းအုပ်ဆရာမကြီးကို ပညာ ရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ ဆုံးဖြတ်ချက်ဖြင့် အောက်တိုဘာ ၂၀ ရက်၌ ရာထူး က ထုတ်ပယ်ခဲ့သည်။ ယင်းအပြင် သင်ထောက်ကူ စာအုပ်များ ရောင်းချခဲ့သည့် ကရင်ပြည်နယ် မှ အထက်တန်းပြဆရာမ သုံးဦး ကိုလည်း အောက်တိုဘာ ၂၄ ရက်တွင် အလယ်တန်းပြ ရာထူး သို့ လျှော့ချခဲ့သည်။

တက္ကသိုလ်၊ ကျောင်းနှင့်ရုံး ဌာနတို့တွင် လုပ်ငန်းဆောင်ရွက် ရာ၌ လက်ဆောင်ပစ္စည်းပေးခြင်း၊ လက်ခံခြင်း၊ ငွေကြေးကောက်ခံ ခြင်း၊ တောင်းခံခြင်း၊ ပေးခြင်း လုံးဝမပြုလုပ်ရန်နှင့် ယင်းသို့ ပြု လုပ်ပါက ဝန်ကြီးရုံး ဖုန်း ၀၆၇ ၃၄၀၇၃၉၇၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃၊ ၂၁) နေပြည် တော်၊ အီးမေးလ်လိပ်စာများဖြစ် သည့် moedps13@gmail.com, sithukyaw.mtu@gmail.com သို့ ဆက်သွယ် တိုင်ကြားနိုင်သည် ဟု ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် ကြေညာထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top