တနသၤာရီၿမိဳ႕နယ္ ေခ်ာင္းလမုေက်း႐ြာတြင္ ႏိုဝင္ ဘာ ၆ ရက္က ေက်ာက္တင္ကားႏွင့္ ဆိုင္ကယ္တစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ ဆိုင္ကယ္၌လိုက္ပါ လာသူ သားအဖသုံးဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့သည္။
စာသင္ေက်ာင္းသို႔ သြား မည့္ ကေလးႏွစ္ဦးကို ဖခင္ကတင္ေဆာင္၍ ေမာင္းႏွင္လာေသာဆိုင္ကယ္သည္ ေခ်ာင္းလမု႐ြာလယ္ပိုင္းမွ အလကစာသင္ေက်ာင္းသို႔ ေမာင္းႏွင္စဥ္ မိုင္တိုင္ ၇၁ မိုင္ ၂ ဖာလုံအေက်ာ္ တြင္ ေက်ာက္တင္ကားျဖင့္ဝင္ တိုက္မိေၾကာင္း တနသၤာရီၿမိဳ႕ မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ဒီဘက္မွာက ဆိုင္ကယ္စီး ရင္ ဦးထုပ္ေဆာင္းၿပီး ေမာင္းၾက၊ စီးၾကဖို႔ အၿမဲေျပာတယ္။ ပညာ ေပးေတြလည္း လုပ္ပါတယ္။ ဒါ ေပမဲ့ အမ်ားစုက တကယ္ဖမ္းတဲ့ ေနရာေရာက္မွ ဝယ္ၾကတယ္။ ဒါ ေၾကာင့္ ယာဥ္မေတာ္တဆမႈေတြ မွာ ဦးထုပ္မေဆာင္းလို႔ ေသဆုံး ရတဲ့ ဦးေရက အရမ္းမ်ားလာ တယ္’’ဟု ၎ကေျပာသည္။

ေက်ာက္ကားႏွင့္ တိုက္မိ သည့္ ဆိုင္ကယ္ေပၚတြင္ သမီးျဖစ္သူဒုတိယတန္းေက်ာင္းသူ ဝိုင္းစပယ္ဖူး (၉)ႏွစ္၊ သားျဖစ္သူ KG ေက်ာင္းသားေမာင္ၾကည္ စိုးသူ (၆)ႏွစ္တို႔လိုက္ပါၿပီး ဖခင္ျဖစ္သူ(၃၂)ႏွစ္အ႐ြယ္ ကိုေအာင္မ်ိဳးသူက ေမာင္းႏွင္လာျခင္း ျဖစ္ သည္။

‘‘မ်က္ႏွာခ်င္းဆိုင္တိုက္မိ ေတာ့ ဆိုက္ကယ္သမားပဲ ထိတာ ေပါ့။ ယာဥ္ေမာင္းကိုလည္း ဖမ္းမိ ထားပါတယ္’’ဟု တနသၤာရီၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိက ေျပာသည္။

ႏိုဝင္ဘာ ၆ ရက္ မြန္းလြဲ ၁ နာရီေက်ာ္က ယာဥ္တိုက္မႈက်ဴး လြန္ခဲ့သူ ေနမင္းခိုင္ႏွင့္ ဆိုင္ကယ္မဆင္မျခင္ေမာင္းႏွင္သူ ေအာင္မ်ိဳးသူတို႔ကို တနသၤာရီၿမိဳ႕မရဲစ ခန္းက ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ ပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာတွင် နိုဝင် ဘာ ၆ ရက်က ကျောက်တင်ကားနှင့် ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်၌လိုက်ပါ လာသူ သားအဖသုံးဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
စာသင်ကျောင်းသို့ သွား မည့် ကလေးနှစ်ဦးကို ဖခင်ကတင်ဆောင်၍ မောင်းနှင်လာသောဆိုင်ကယ်သည် ချောင်းလမုရွာလယ်ပိုင်းမှ အလကစာသင်ကျောင်းသို့ မောင်းနှင်စဉ် မိုင်တိုင် ၇၁ မိုင် ၂ ဖာလုံအကျော် တွင် ကျောက်တင်ကားဖြင့်ဝင် တိုက်မိကြောင်း တနင်္သာရီမြို့ မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီဘက်မှာက ဆိုင်ကယ်စီး ရင် ဦးထုပ်ဆောင်းပြီး မောင်းကြ၊ စီးကြဖို့ အမြဲပြောတယ်။ ပညာ ပေးတွေလည်း လုပ်ပါတယ်။ ဒါ ပေမဲ့ အများစုက တကယ်ဖမ်းတဲ့ နေရာရောက်မှ ဝယ်ကြတယ်။ ဒါ ကြောင့် ယာဉ်မတော်တဆမှုတွေ မှာ ဦးထုပ်မဆောင်းလို့ သေဆုံး ရတဲ့ ဦးရေက အရမ်းများလာ တယ်’’ဟု ၎င်းကပြောသည်။

ကျောက်ကားနှင့် တိုက်မိ သည့် ဆိုင်ကယ်ပေါ်တွင် သမီးဖြစ်သူဒုတိယတန်းကျောင်းသူ ဝိုင်းစပယ်ဖူး (၉)နှစ်၊ သားဖြစ်သူ KG ကျောင်းသားမောင်ကြည် စိုးသူ (၆)နှစ်တို့လိုက်ပါပြီး ဖခင်ဖြစ်သူ(၃၂)နှစ်အရွယ် ကိုအောင်မျိုးသူက မောင်းနှင်လာခြင်း ဖြစ် သည်။

‘‘မျက်နှာချင်းဆိုင်တိုက်မိ တော့ ဆိုက်ကယ်သမားပဲ ထိတာ ပေါ့။ ယာဉ်မောင်းကိုလည်း ဖမ်းမိ ထားပါတယ်’’ဟု တနင်္သာရီမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။

နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၁ နာရီကျော်က ယာဉ်တိုက်မှုကျူး လွန်ခဲ့သူ နေမင်းခိုင်နှင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ အောင်မျိုးသူတို့ကို တနင်္သာရီမြို့မရဲစ ခန်းက ပေါ့လျော့မှုကြောင့် လူသေမှု ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top