Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ႏုိင္ငံျခားႏွင့္ ျပည္တြင္းခရီးသြားမ်ားကုိ ပုဂံရွိေရွးေဟာင္း ဘုရားမ်ားအေပၚမတက္ရန္ ေရွးေဟာင္း သုေတသနဦးစီးဌာနက တားျမစ္ထားေသာ္လည္း မလုိက္နာဘဲ ဘုရားေပၚတက္ေနသူမ်ား ရွိဆဲျဖစ္သည္။ ထုိအထဲမွ ႏုိင္ငံျခားခရီးသြားတစ္ဦး အသက္ ၂၁ ႏွစ္အရြယ္ အေမရိကန္ႏုိင္ငံသူမွာ ၇-၁၁-၂ဝ၁၇ ရက္ ညေန ၄း၃ဝ နာရီခန္႔ ဝတၱနေတာ ဘုရားစုရွိ ေစတီအမွတ္ ၃၅၂ေပၚမွ ျပဳတ္က်ခဲ့ၿပီး ေညာင္ဦးေဆး႐ုံသုိ႔ ပုိ႔ခဲ့ၿပီး ညေန ၅း၃ဝ နာရီတြင္ မႏၲေလးေဆး႐ုံႀကီးသုိ႔ ဆက္လက္ပုိ႔ေဆာင္ခဲ့ရာ ညေန ၆း၂၈ နာရီတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ပုဂံေရွးေဟာင္းသုေတသနဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက “ဘုရားေတြေပၚမတက္သင့္တဲ့ အေၾကာင္းႏွစ္ခုရွိပါတယ္။ ပထမ အခ်က္က ဘာသာေရးပါ။ ကြၽန္ေတာ္တုိ႔ႏုိင္ငံက ဗုဒၶဘာသာကုိ စတင္လက္ခံ ယုံၾကည္ကုိးကြယ္တဲ့အခ်ိန္ကစၿပီး ယေန႔အထိ ေထရဝါဒဗုဒၶဘာသာကုိ စဥ္ဆက္မျပတ္ ကုိးကြယ္လာတဲ့ႏုိင္ငံ ျဖစ္ပါတယ္။ ေစတီပုထုိးဆုိတာ ကြၽန္ေတာ္တုိ႔ ကုိးကြယ္တဲ့ အထြတ္အျမတ္အရာ ျဖစ္တဲ့အတြက္ အဂါရဝျဖစ္ေစတဲ့ ေစတီပုထုိးေတြအေပၚ လူေတြတက္ေရာက္ျခင္းဟာ မသင့္ေတာ္ပါဘူး။

ဒုတိယ အခ်က္က အသက္အႏၲရာယ္ ေဘးကင္းလုံၿခဳံေရးႏွင့္ ဘုရားမ်ား၏ ေရရွည္ႀကံ့ခုိင္ေရးအတြက္ပါ။ ဒီဘုရားေတြဟာ ႏွစ္ ေပါင္းတစ္ေထာင္နီးပါး သက္တမ္းရွိၿပီး ရာသီဥတုဒဏ္၊ သဘာဝေဘးဒဏ္ေတြကုိ အႀကိမ္ႀကိမ္ခံစားခဲ့ရလုိ႔ ႀကံ့ခုိင္မႈအားနည္း ေနပါတယ္။ အခ်ိန္မေရြး ထိခုိက္ပ်က္စီးမႈေတြ ရွိႏုိင္ပါတယ္။ လူေတြအစုလုိက္အၿပဳံလုိက္ တက္ေနခ်ိန္မွာမ်ား ၿပိဳက်ခဲ့ရင္ အေသအေပ်ာက္မ်ားပါလိမ့္မယ္။ ယခင္ကလည္း ဘုရားမ်ားေပၚမွ ျပဳတ္က်ခဲ့တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့ပါတယ္။ ျဖစ္စဥ္ေတြအေနနဲ႔ ၂၁-၂-၂ဝ၁၆ ရက္ေန႔ ည ၁၂နာရီမွာ ႏုိင္ငံျခားသားငါးဦး ေရႊဂူႀကီးဘုရားေပၚတက္ေရာက္တုန္း ႏုိင္ငံျခားသားတစ္ဦး ပစၥယာေပၚကျပဳတ္က်ခဲ့ၿပီး ဦးေခါင္းဒဏ္ရာ ရရွိခဲ့ပါတယ္။ ၂၄-၈-၂ဝ၁၆ ရက္ေန႔ ပုဂံငလ်င္လႈပ္ခတ္ခ်ိန္မွာ ဗူးလည္သီးဘုရားေပၚ တက္ေရာက္ေနတဲ့ ႏုိင္ငံျခားသူ တစ္ဦးျပဳတ္က်ခဲ့ပါတယ္။ ၁၁-၆-၂ဝ၁၇ ရက္ ဘုရားအမွတ္ ၄၄၆ ၏ ေစတီအထြတ္အထိပ္ထိ တက္ေနေသာ ႏုိင္ငံျခားခရီးသြားမ်ားကုိလည္း ေရွးေဟာင္းသုေတသနဦးစီးဌာနနဲ႔ ကမၻာလွည့္ခရီးသြား လုံၿခဳံေရးရဲတပ္ဖြဲ႕တုိ႔ ပူးေပါင္းၿပီး ေအာက္သုိ႔ဆင္းခုိင္းခဲ့ရပါတယ္။

၅-၇-၂ဝ၁၇ ရက္ ညေန ၆း၃ဝ နာရီခန္႔ကလည္း မင္းနန္သူရြာေတာင္ဘက္ ဘုရားအမွတ္ ၅၇၁ ေပၚက ဂ်ာမနီႏုိင္ငံသူတစ္ဦး ျပဳတ္က်ခဲ့ရာ ညာဘက္ နံ႐ုိးႏွစ္ေခ်ာင္း က်ိဳးသြားခဲ့ပါတယ္။ ဒါေၾကာင့္ ေစတီပုထုိးေတြေပၚ တက္ေရာက္ခြင့္ကုိ တားျမစ္ခဲ့တာျဖစ္ၿပီး သတိေပးဆုိင္းဘုတ္ ေတြကုိလည္း အဂၤလိပ္၊ ျမန္မာ ႏွစ္ဘာသာနဲ႔ ခရီးသြားမ်ားတဲ့ ေနရာေတြမွာ ေနရာ ၂ဝခန္႔ စုိက္ထူသတိေပးထားပါတယ္။ ပုဂံ ေညာင္ဦးၿမိဳ႕နယ္ရွိ ဟုိတယ္၊ မုိတယ္၊ တည္းခုိခန္းေတြ အားလုံးမွာလည္း သတိေပးစာတမ္းေတြ ခ်ိတ္ဆြဲထားဖုိ႔ ညႇိႏိႈင္းေဆာင္ရြက္ထားၿပီး ျဖစ္ပါတယ္။ ပုဂံရဲ႕ ေနဝင္ခ်ိန္ Sunset ဟာ ကမၻာမွာနာမည္ေက်ာ္တာ သိပါတယ္။ ဒီအတြက္ ဘုရားေတြေပၚမွာ မဟုတ္ဘဲ ေနဝင္ခ်ိန္ၾကည့္ဖုိ႔ ေနရာေတြလည္း လုပ္ေပးထားၿပီး ျဖစ္ပါတယ္။ အဲဒီကၾကည့္ရင္လည္း Sunset ကုိ ၾကည့္လုိ႔ရပါတယ္။ အဓိကကေတာ့ ခရီးသြား လမ္းၫႊန္ေတြပါပဲ။ သူတုိ႔ ကုိယ္တုိင္က အသိစိတ္နဲ႔ ခရီးသြားေတြကုိ နားလည္ေအာင္ ရွင္းျပသင့္ပါတယ္’’ဟု ေျပာျပ သည္။

သီတင္းကြၽတ္လျပည့္ေန႔ကလည္း ေရႊဆံေတာ္ဘုရားေပၚသုိ႔ ေနဝင္ခ်ိန္ၾကည့္ရန္ ခရီးသြားမ်ား လူဦးေရ ကုိးရာေက်ာ္ တစ္ေထာင္နီးပါးခန္႔ အစုလုိက္အၿပဳံလုိက္တက္ေရာက္ၿပီး ခရီးသြားမ်ားသည့္ ရာသီတြင္ ေန႔စဥ္ အနည္းဆုံး ၆ဝဝ မွ ၉ဝဝ ခန္႔ တက္ေရာက္ေလ့ရွိေၾကာင္း သိရသည္။ ဘုရားမ်ား ေရရွည္ႀကံ့ခုိင္ရန္ႏွင့္ ခရီးသြားမ်ား ေဘး အႏၲရာယ္ကင္းရွင္းေအာင္ ဘုရားမ်ားေပၚသုိ႔ တက္ေရာက္မႈ ကန္႔သတ္ႏုိင္ေရးကုိ အထက္ အဆင့္ဆင့္သုိ႔ တင္ျပလမ္းၫႊန္မႈ ခံယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow
#Unicode Version#
နိုင်ငံခြားနှင့် ပြည်တွင်းခရီးသွားများကို ပုဂံရှိရှေးဟောင်း ဘုရားများအပေါ်မတက်ရန် ရှေးဟောင်း သုတေသနဦးစီးဌာနက တားမြစ်ထားသော်လည်း မလိုက်နာဘဲ ဘုရားပေါ်တက်နေသူများ ရှိဆဲဖြစ်သည်။ ထိုအထဲမှ နိုင်ငံခြားခရီးသွားတစ်ဦး အသက် ၂၁ နှစ်အရွယ် အမေရိကန်နိုင်ငံသူမှာ ၇-၁၁-၂ဝ၁၇ ရက် ညနေ ၄း၃ဝ နာရီခန့် ဝတ္တနတော ဘုရားစုရှိ စေတီအမှတ် ၃၅၂ပေါ်မှ ပြုတ်ကျခဲ့ပြီး ညောင်ဦးဆေးရုံသို့ ပို့ခဲ့ပြီး ညနေ ၅း၃ဝ နာရီတွင် မန္တလေးဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ခဲ့ရာ ညနေ ၆း၂၈ နာရီတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “ဘုရားတွေပေါ်မတက်သင့်တဲ့ အကြောင်းနှစ်ခုရှိပါတယ်။ ပထမ အချက်က ဘာသာရေးပါ။ ကျွန်တော်တို့နိုင်ငံက ဗုဒ္ဓဘာသာကို စတင်လက်ခံ ယုံကြည်ကိုးကွယ်တဲ့အချိန်ကစပြီး ယနေ့အထိ ထေရဝါဒဗုဒ္ဓဘာသာကို စဉ်ဆက်မပြတ် ကိုးကွယ်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။ စေတီပုထိုးဆိုတာ ကျွန်တော်တို့ ကိုးကွယ်တဲ့ အထွတ်အမြတ်အရာ ဖြစ်တဲ့အတွက် အဂါရဝဖြစ်စေတဲ့ စေတီပုထိုးတွေအပေါ် လူတွေတက်ရောက်ခြင်းဟာ မသင့်တော်ပါဘူး။

ဒုတိယ အချက်က အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် ဘုရားများ၏ ရေရှည်ကြံ့ခိုင်ရေးအတွက်ပါ။ ဒီဘုရားတွေဟာ နှစ် ပေါင်းတစ်ထောင်နီးပါး သက်တမ်းရှိပြီး ရာသီဥတုဒဏ်၊ သဘာဝဘေးဒဏ်တွေကို အကြိမ်ကြိမ်ခံစားခဲ့ရလို့ ကြံ့ခိုင်မှုအားနည်း နေပါတယ်။ အချိန်မရွေး ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ပါတယ်။ လူတွေအစုလိုက်အပြုံလိုက် တက်နေချိန်မှာများ ပြိုကျခဲ့ရင် အသေအပျောက်များပါလိမ့်မယ်။ ယခင်ကလည်း ဘုရားများပေါ်မှ ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ဖြစ်စဉ်တွေအနေနဲ့ ၂၁-၂-၂ဝ၁၆ ရက်နေ့ ည ၁၂နာရီမှာ နိုင်ငံခြားသားငါးဦး ရွှေဂူကြီးဘုရားပေါ်တက်ရောက်တုန်း နိုင်ငံခြားသားတစ်ဦး ပစ္စယာပေါ်ကပြုတ်ကျခဲ့ပြီး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်။ ၂၄-၈-၂ဝ၁၆ ရက်နေ့ ပုဂံငလျင်လှုပ်ခတ်ချိန်မှာ ဗူးလည်သီးဘုရားပေါ် တက်ရောက်နေတဲ့ နိုင်ငံခြားသူ တစ်ဦးပြုတ်ကျခဲ့ပါတယ်။ ၁၁-၆-၂ဝ၁၇ ရက် ဘုရားအမှတ် ၄၄၆ ၏ စေတီအထွတ်အထိပ်ထိ တက်နေသော နိုင်ငံခြားခရီးသွားများကိုလည်း ရှေးဟောင်းသုတေသနဦးစီးဌာနနဲ့ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အောက်သို့ဆင်းခိုင်းခဲ့ရပါတယ်။

၅-၇-၂ဝ၁၇ ရက် ညနေ ၆း၃ဝ နာရီခန့်ကလည်း မင်းနန်သူရွာတောင်ဘက် ဘုရားအမှတ် ၅၇၁ ပေါ်က ဂျာမနီနိုင်ငံသူတစ်ဦး ပြုတ်ကျခဲ့ရာ ညာဘက် နံရိုးနှစ်ချောင်း ကျိုးသွားခဲ့ပါတယ်။ ဒါကြောင့် စေတီပုထိုးတွေပေါ် တက်ရောက်ခွင့်ကို တားမြစ်ခဲ့တာဖြစ်ပြီး သတိပေးဆိုင်းဘုတ် တွေကိုလည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ခရီးသွားများတဲ့ နေရာတွေမှာ နေရာ ၂ဝခန့် စိုက်ထူသတိပေးထားပါတယ်။ ပုဂံ ညောင်ဦးမြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေ အားလုံးမှာလည်း သတိပေးစာတမ်းတွေ ချိတ်ဆွဲထားဖို့ ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ပုဂံရဲ့ နေဝင်ချိန် Sunset ဟာ ကမ္ဘာမှာနာမည်ကျော်တာ သိပါတယ်။ ဒီအတွက် ဘုရားတွေပေါ်မှာ မဟုတ်ဘဲ နေဝင်ချိန်ကြည့်ဖို့ နေရာတွေလည်း လုပ်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီကကြည့်ရင်လည်း Sunset ကို ကြည့်လို့ရပါတယ်။ အဓိကကတော့ ခရီးသွား လမ်းညွှန်တွေပါပဲ။ သူတို့ ကိုယ်တိုင်က အသိစိတ်နဲ့ ခရီးသွားတွေကို နားလည်အောင် ရှင်းပြသင့်ပါတယ်’’ဟု ပြောပြ သည်။

သီတင်းကျွတ်လပြည့်နေ့ကလည်း ရွှေဆံတော်ဘုရားပေါ်သို့ နေဝင်ချိန်ကြည့်ရန် ခရီးသွားများ လူဦးရေ ကိုးရာကျော် တစ်ထောင်နီးပါးခန့် အစုလိုက်အပြုံလိုက်တက်ရောက်ပြီး ခရီးသွားများသည့် ရာသီတွင် နေ့စဉ် အနည်းဆုံး ၆ဝဝ မှ ၉ဝဝ ခန့် တက်ရောက်လေ့ရှိကြောင်း သိရသည်။ ဘုရားများ ရေရှည်ကြံ့ခိုင်ရန်နှင့် ခရီးသွားများ ဘေး အန္တရာယ်ကင်းရှင်းအောင် ဘုရားများပေါ်သို့ တက်ရောက်မှု ကန့်သတ်နိုင်ရေးကို အထက် အဆင့်ဆင့်သို့ တင်ပြလမ်းညွှန်မှု ခံယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top