ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ေတာင္ႀကီး တန္ ေဆာင္တိုင္ မီးပံုးပ်ံၿပိဳင္ပြဲ ညမီး ႀကီးအဖြဲ႕ တြံကီးမီးပံုးပ်ံပ်က္က်မႈ ေၾကာင့္ ဒဏ္ရာရရွိ၍ ေဆးကုသ မႈခံေနရသူမ်ားကို ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ အစိုးရအဖြဲ႕ ဝန္ႀကီးမ်ားက ေအာက္တိုဘာ ၃၁ ရက္ ညေန တြင္ စဝ္စံထြန္းေဆး႐ံုသို႔ သြား ေရာက္ၾကည့္႐ႈၿပီး အလွဴေငြမ်ား ေပးအပ္ခဲ့သည္။

 မီးပံုးပ်ံပ်က္က်မႈေၾကာင့္ ေဆးကုသမႈခံယူေနရသည့္ လူနာခုနစ္ဦးအား တစ္ဦးလွ်င္ က်ပ္တစ္သိန္းႏႈန္းျဖင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က ေထာက္ပံ့ေပးအပ္ခဲ့ သည္။ ထို႔အျပင္ ရွမ္းျပည္နယ္ လူ မႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာန က ဒဏ္ရာရရွိသည့္ လူနာခုနစ္ ဦးအား တစ္ဦးလွ်င္ က်ပ္ငါး ေသာင္းႏႈန္း ေထာက္ပံ့ေပးအပ္ခဲ့ သည္။

ေအာက္တုိဘာ ၃၀ ရက္ ည က ညမီးႀကီး အမ်ိဳးအစားၿပိဳင္ပြဲ ဝင္ တြံကီးမီးပံုးပ်ံသည္ လႊတ္တင္ အၿပီး အထက္ကိုက္ ၄၀၀ အျမင့္ခန္႔ အေရာက္တြင္ ကြင္းအတြင္းသို႔ ပ်က္က်ခဲ့ၿပီး လူခုနစ္ဦး ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။

ထိခိုက္ဒဏ္ရာရသူ ခုနစ္ဦး တြင္ ပ်ံက်ေဈးေရာင္းခ်ေနသည့္ အသက္ (၄၈)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ (၁၂) ႏွစ္အရြယ္ မိန္းကေလးတစ္ဦး  စိုးရိမ္ဖြယ္မီးေလာင္ဒဏ္ရာမ်ား  ရရွိထားသည္။

ညမီးႀကီးအမ်ိဳးအစား ၿပိဳင္ပြဲ ဝင္ မီးပံုးပ်ံမ်ား ပ်က္က်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ား ႏွစ္စဥ္ ျဖစ္ေပၚေလ့ရွိၿပီး ေနာင္ႏွစ္တန္ ေဆာင္တုိင္ပြဲေတာ္၌ ထိခိုက္မႈ မ်ား ထပ္မံမျဖစ္ေပၚေစရန္ မီးပံုး ပ်ံၿပိဳင္ပြဲ က်င္းပေရးေကာ္မတီႏွင့္ တုိင္ပင္ေဆြးေႏြး အေျဖရွာမည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕ဝင္ ဗမာတုိင္းရင္းသားေရး ရာဝန္ႀကီး ေဒါက္တာေအာင္သန္း ေမာင္က ေအာက္တုိဘာ ၃၀ ရက္တြင္ ေျပာၾကားသည္။

ေတာင္ႀကီးမီးပံုးပ်ံၿပိဳင္ပြဲဝင္ မည့္ ယမ္းမ်ားေပါက္ကြဲၿပီး ရပ္ ကြက္အတြင္း မီးေလာင္ကြၽမ္းမႈ တစ္ခု ပြဲေတာ္ကာလအတြင္း ျဖစ္ ပြားၿပီး မီးထဲပါသြားသည့္ အိမ္ မ်ားကို အစိုးရက ေထာက္ပံ့ခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 တောင်ကြီး တန် ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ညမီး ကြီးအဖွဲ့ တွံကီးမီးပုံးပျံပျက်ကျမှု ကြောင့် ဒဏ်ရာရရှိ၍ ဆေးကုသ မှုခံနေရသူများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အစိုးရအဖွဲ့ ဝန်ကြီးများက အောက်တိုဘာ ၃၁ ရက် ညနေ တွင် စဝ်စံထွန်းဆေးရုံသို့ သွား ရောက်ကြည့်ရှုပြီး အလှူငွေများ ပေးအပ်ခဲ့သည်။

 မီးပုံးပျံပျက်ကျမှုကြောင့် ဆေးကုသမှုခံယူနေရသည့် လူနာခုနစ်ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ သည်။ ထို့အပြင် ရှမ်းပြည်နယ် လူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန က ဒဏ်ရာရရှိသည့် လူနာခုနစ် ဦးအား တစ်ဦးလျှင် ကျပ်ငါး သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ သည်။

အောက်တိုဘာ ၃၀ ရက် ည က ညမီးကြီး အမျိုးအစားပြိုင်ပွဲ ဝင် တွံကီးမီးပုံးပျံသည် လွှတ်တင် အပြီး အထက်ကိုက် ၄၀၀ အမြင့်ခန့် အရောက်တွင် ကွင်းအတွင်းသို့ ပျက်ကျခဲ့ပြီး လူခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦး တွင် ပျံကျဈေးရောင်းချနေသည့် အသက် (၄၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၁၂) နှစ်အရွယ် မိန်းကလေးတစ်ဦး  စိုးရိမ်ဖွယ်မီးလောင်ဒဏ်ရာများ  ရရှိထားသည်။

ညမီးကြီးအမျိုးအစား ပြိုင်ပွဲ ဝင် မီးပုံးပျံများ ပျက်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ နှစ်စဉ် ဖြစ်ပေါ်လေ့ရှိပြီး နောင်နှစ်တန် ဆောင်တိုင်ပွဲတော်၌ ထိခိုက်မှု များ ထပ်မံမဖြစ်ပေါ်စေရန် မီးပုံး ပျံပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် တိုင်ပင်ဆွေးနွေး အဖြေရှာမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာတိုင်းရင်းသားရေး ရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်က အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားသည်။

တောင်ကြီးမီးပုံးပျံပြိုင်ပွဲဝင် မည့် ယမ်းများပေါက်ကွဲပြီး ရပ် ကွက်အတွင်း မီးလောင်ကျွမ်းမှု တစ်ခု ပွဲတော်ကာလအတွင်း ဖြစ် ပွားပြီး မီးထဲပါသွားသည့် အိမ် များကို အစိုးရက ထောက်ပံ့ခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top