မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

 အသုရိန္ဒက ပုဏ္ဏားသည်​ ​ဝေဠုဝန်​ ​ကျောင်းသို့ သွား၍ မြတ်​ဘုရား ကို ကြမ်းကြုတ်​ ခက်​ ထန်​စွာ ဆဲ​ရေး၏ ။ ဗုဒ္ဓ သည်​ သည်းခံ​တော်​ မူ၏ ။ ပုဏ္ဏား သည်​ ​ဂေါတမ ငါ့ ကို​ ကြောက်​ ၍ မဆိုဝံ့ပြိ ။ ငါ ​"အောင်​နိုင်​​လေပြီ " ဟု ဆို​လေ ၏။ ပုဏ္ဏား ၏ "​အောင်​ပြီ ​အောင်​ပြီ" ဟူ​သော ​ကြွေး​ကြော်​သံ ကို မြတ်​ဗုဒ္ဓ ကြား​သော အခါ
             " အို ပုဏ္ဏား... အမျက်​ထွက်​၍ ဆဲ​ရေး​သောလူမိုက်​နှင့်​ သည်​ခံ​သော ပညာရှိ ဤ နှစ်​ဦးတွင်​ မည်​သူက​ အောင်​ ၍ မည်​သူ ရူံး​လေ သနည်း ၊ သည်းခံသူက နိုင်​သည်​ မဟုက်​ ​လော ။
      အမျက်​ထွက်​သူ ကို အမျက်​ပြန်​၍ ထွက်​​သော သူ သည်​ ယုက်​မာ သူမည်​၏ ။ အမျက်​ထွက်​သူကို သည်းခံနိုင်​သူ က ​အောင်​ရန်​ခက်​​သော ရန်​ကို ​အောင်​သည်​ မဟုက်​ပါ​လော။
       အကြင်​သူသည်​ အမျက်​ထွက်​သူကို သည်​ခံခြင်းဖြင့်ရန်​ကို ငြိမ်း​စေ၏ ။ ထိုသူသည်​ မိမိ သူတစ်​ပါး၏ အကျိုးကို ကျင့်​သည်​ မဟုက်​ပါ​လော။
       အကြင်​သူသည်​ အမှန်​တရားကို မသိသူ ဖြစ်​ပါမူ ထိုသူသည်​ သည်​ခံသူ ကိုပင်​ လူမိုက်​ဟု မှတ်​ထင်​တတ်​၏ ။
       ဤသို့ မြတ်​ဗုဒ္ဓသည်​ ပုဏ္ဏား အား ဆုံးမ​တော်​မူ​လေ ၏။
      ပုဏ္ဏားသည်​ ပါရမီရှင်​ ဖြစ်​သည့်​အား​လျော်​စွာ တရားမှန်​ကို ကြားနာ ရ၍ မိမိ ၏ အမှား ကို သိရှိပြီး ဗုဒ္ဓ အား​တောင်းပန်​ ပြိးလျှင်​ ရဟန်​ပြု ​လေ၏ ။ မကြာမိ ရဟန္တာ ဖြစ်​​တော်​မူ​လေ၏။
      မြတ်​ဗုဒ္ဓ ၏ တရား​တော်​ များကို ​ခေတ်​လူငယ်​များ လွယ်​ကူစွာဖတ်​ရှု့ နိုင်​ရန်​ ယ္ခုကဲ့သို့ ​ရေးခြင်းဖြစ်​ပါသည်​ မည်​သူမဆို လွတ်​လပ်​စွာ တစ်​ဆင့်​ဖြန့်​​ဝေ နိုင်​ပါသည်​ ။
                                အရှင်​ ဗုဒ္ဓ သိဿ

ဖိုးသူတော် (www.phothutaw.com)
Credit:


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top