ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဗုဒၶါႏုႆတိ နွင့္ နိဗၺာန္

ေနာက္ဆံုးအကို်းက
အရဟံဂုဏ္ပြားမ်ားထံု နိဗၺာန္အကုန္ရပါသည္''တဲ့။ ဒါေပမဲ့ နိဗၺာန္ကို တိုက္ရိုက္ ေတာ့မရ နိုင္ပါဘူး။ နည္းနည္း ရွင္းေအာင္ေျပာရရင္ ဈာန္လည္းမရနိုင္ပါဘူး။ မဂ္လည္းမရနိုင္ပါဘူး။ ဖိုလ္လည္း မရနိုင္ပါဘူး။ ဂုဏ္ေတာ္ ပြားရင္ ဈာန္ရဲ့အနီးအနား ဥပစာရဈာန္အထိပဲ ရပါတယ္။ အပၸနာဈာန္အထိေတာင္ မရနိုင္ပါဘူး။
ဘာျဖစ္လို့လဲဆိုေတာ့ ဂုဏ္ေတာ္ေတြရဲ့က်ယ္ေျပာျခင္း၊ ဂုဏ္ေတာ္တစ္ခုစီတိုင္း အစမျမင္ေအာင္ နက္ရိႈင္းျခင္း၊ ဂုဏ္ေတာ္တစ္ခုနဲ့ပင္ အားရတင္းတိမ္မေနနိုင္ဘဲ ပင္လယ္ျပင္လက္ပစ္ကူးရသလို တစ္ခုျပီးတစ္ခု လဲႊေျပာင္းၾကည္ညို ေနရလို့ ဂုဏ္ေတာ္သမာဓိဟာ အပၸနာဈာန္အထိ မေရာက္နိုင္ပါဘူး။ ဥပစာရဈာန္အထိပဲ ရနိုင္ပါတယ္။

ဈာန္နဲ့ေျပာရင္ ကိုယ္နဲ့ေဝးသလိုထင္ေနမွာစိုးလို့ သမာဓိ(၃)မို်းနဲ့ ေျပာင္းေျပာလို႔လည္းရပါတယ္။ သမာဓိမွာ ခဏိက သမာဓိ၊ ဥပစာရသမာဓိ၊ အပၸနာသမာဓိဆိုျပီး သမာဓိ(၃)မို်း ရိွပါတယ္။
ခဏိကသမာဓိဆိုတာ အာရံုတစ္ခုတည္းမွာ အခိ်န္အနည္းငယ္မွ် (အခိ်န္ခဏေလး) စိတ္တည္ျငိမ္မႈရေနတဲ့ သမာဓိဟာ ခဏိကသမာဓိပါ။

ဥပစာရသမာဓိဆိုတာက အာရံုတစ္ခုတည္းမွာ အခိ်န္ေတာ္ေတာ္ၾကာၾကာ စိတ္တည္ျငိမ္မႈရေနတဲ့ သမာဓိဟာ ဥပစာရ သမာဓိပါ။ ဒီသမာဓိက ဈာန္မရေပမဲ့ ဈာန္ရလုနီးပါး အလယ္အလတ္ အားေကာင္းတဲ့ သမာဓိပါ။
အပၸနာသမာဓိဆိုတာကေတာ့ ဈာန္ရတဲ့အထိ အလြန္အားေကာင္းတဲ့သမာဓိကိုေျပာတာပါ။ ဂုဏ္ေတာ္ပြားရင္ အလယ္အလတ္ ဥပစာရသမာဓိပဲ ရနိုင္ပါတယ္၊ အလြန္အားေကာင္းတဲ့ အပၸနာသမာဓိအထိ မရနိုင္ပါဘူး။
ဒါေပမဲ့ အဲဒီအလယ္အလတ္ ဥပစာရသမာဓိကိုပဲ အေျခခံျပီး ဝိပႆနာ ဆက္ကူးသြားရင္ နိဗၺာန္ကိုရသြားနိုင္ပါတယ္။ နိဗၺာန္ရပံုနဲ့ပတ္သက္လို့ အားလံုးၾကား ဖူးတဲ့ ဝတၳဳေလးတစ္ပုဒ္ရိွပါတယ္။
တစ္ခါတုန္းက သီဟိုဠ္ကြ်န္းမွာ ဖုႆေဒဝမေထရ္ဆိုတာရိွပါတယ္။ ဖုႆေဒဝမေထရ္က ဗုဒၶါနုႆတိဘာဝနာကို အျမဲပြားေနပါတယ္။ ေစတီရင္ျပင္မွာ တံျမက္ လွည္းရင္းလည္း ပြားပါတယ္။ တစ္ေန့ေတာ့ တံျမက္လဲွထားတဲ့ ေစတီရင္ျပင္ ညီညာျပန့္ျပူးေနတာကိုျကည့္ျပီး ေက်နပ္အားရေနပါတယ္။

အဲဒီအခိ်န္မွာပဲ ေမ်ာက္ညိုႀကီး တစ္ေကာင္ေရာက္လာျပီး နြားေခ်းေျခာက္ေတြ ေစတီရင္ျပင္ေပၚကို ျဖန္ႀကဲခ် လိုက္ပါတယ္။ ဒီေတာ့ မေထရ္က တံျမက္စည္း ျပန္လဲွရပါတယ္။
ဒုတိယေန့ေရာက္လာေတာ့ ႏြားအိုျကီးတစ္ေကာင္ေရာက္လာျပီး ေစတီရင္ျပင္မွာ ႏြားေခ်းေတြ စြန့္ခ်လိုက္ျပန္ ပါတယ္။ မေထရ္ကတံျမက္စည္း ျပန္လွည္းရျပန္ပါတယ္။ တတိယေန့ ေရာက္လာေတာ့ ေျခခြင္ေနတဲ့လူတစ္ေယာက္ ေရာက္လာျပီး ညီညာ ျပန့္ျပူးေနတဲ့သဲေတြကို မညီမညာျဖစ္ေအာင္ ေျခတရြတ္တိုက္ ဆဲြေနပါတယ္။

ဒီေတာ့ မေထရ္က
ငါ့ ေဂါစရဂါမ္ (ဝန္းက်င္) အတြင္းမွာ ဒီေလာက္ ရုပ္ပ်က္ ဆင္းပ်က္ ရုပ္ဆိုးတဲ့သူ တစ္ေယာက္ မွ မရိွဘူး။ မဟုတ္မွလဲြေရာ မာရ္နတ္ျဖစ္ေလ မလား'' လို့ သံသယဝင္တာနဲ့
သင္မာရ္နတ္ မဟုတ္လား''လို့ ေမးလိုက္ပါတယ္။ မာရ္နတ္ကလည္း ''မွန္ပါ့ဘုရား'' ဟု ဝန္ခံလိုက္ပါတယ္။ ဒီေတာ့ မေထရ္က

မာရ္နတ္ဆိုတာ အလြန္ တန္ခိုးျကီးတယ္၊ ဘုရားနဲ့တူေအာင္ ဖန္ဆင္းျပစမ္းပါ''ဟု ေတာင္းပန္လိုက္ပါတယ္။
မာရ္နတ္ကလည္း တပည့္ေတာ္ ဘုရားရွင္နဲ့ ထပ္တူတူေအာင္ေတာ့ မဖန္ဆင္းနိုင္ပါဘူး။ ဒါေပမဲ့ အသင့္အတင့္ တူေအာင္ေတာ့ ဖန္ဆင္းျပလို့ရပါတယ္''လို့ ေလွ်ာက္ျပီး မိမိကိုယ္ကို ဘုရားအသြင္ ဖန္ဆင္းျပလိုက္ပါတယ္။ ဖုႆေဒဝ မေထရ္လည္း မာရ္နတ္ဖန္ဆင္းျပတဲ့ ရုပ္ပံုေတာ္ကိုျကည့္ျပီး
ေၾသာ္.... ရာဂ၊ ေဒါသ၊ ေမာဟရိွေနတဲ့ မာရ္နတ္ေတာင္ ဒီေလာက္တင့္တယ္သပၸာယ္ေသးရင္ အျမဲ ရာဂ ေဒါသ ေမာဟကင္းေနတဲ့ ဘုရားရွင္ဆိုရင္ ဒီထက္ တင့္တယ္သပၸာယ္ မွာပဲ''ဆိုျပီး ပီတိေတြ တဖြားဖြား ျဖစ္လာပါတယ္။
ဖုႆေဒဝမေထရ္လည္း ျဖစ္ေပၚလာတဲ့ပီတိကိုပဲ
ပီတိရဲ့သေဘာေလးဟာ ဘယ္လိုေလးလဲ၊ ဘယ္လိုသေဘာ ေလးျဖစ္ေနတာလဲ''ဆိုျပီး ျဖစ္ေပၚေနတဲ့ပီတိကို ဝိပႆနာျပန္ရႈပါတယ္။ ရႈရင္းနဲ့ အနိစၥ၊ ဒုကၡ၊ အနတၲ လကၡဏာေတြထင္လို့ ဉာဏ္စဥ္အဆင့္ဆင့္ျဖစ္ျပီး အရဟတၲမဂ္ အရဟတၲဖိုလ္ ရသြားပါေတာ့တယ္။ အားလံုးျကားဖူးေနတဲ့ သီဟိုဠ္ဝတၳဳေလးပါ။
ဒါက ဂုဏ္ေတာ္ပြားျပီး နိဗၺာန္ေရာက္သြားတာပါ။ တိုက္ရိုက္ျကီးေရာက္သြားတာေတာ့ မဟုတ္ပါဘူး။ ဂုဏ္ေတာ္သမာဓိကို အေျခခံျပီး နိဗၺာန္ရသြားရတာပါ။
ရေဝႏြယ္ (အင္းမ) ၏   ရင္ထဲက အရဟံ ၁ မွ


ပီတိႏွင့္တကြျဖစ္တဲ့ နာမ္တရား ႐ုပ္တရားတို႔ ရဲ႕ အနိစၥ၊ ဒုကၡ၊ အနတၱ လကၡဏာ ေတြကို ဆင္ျခင္သံုးသပ္ပြားမ်ားရင္း တရားထူးရသြားတာပါ။
ဘုရားဂုဏ္ေတာ္ပြားလို႔ ျဖစ္လာတဲ့ ပီတိမွ မဟုတ္ပါဘူး။ သီလကို ဆင္ျခင္ရင္း ျဖစ္လာတဲ့ ပီတိကို ဝိပႆနာ႐ႈရင္း တရားထူးရၾကတာေတြလည္း အမ်ားျကီးပါပဲ။
ဗုဒၶါႏုႆတိဘာဝနာဟာ စိတ္ၾကည္လင္ရႊင္လန္း ဝမ္းေျမာက္ဖို႔၊ ပီတိျဖစ္ပြားဖို႔အတြက္ အေကာင္းဆံုး၊ အလြယ္ဆံုး ဘာဝနာပါ။


ကိုယ္က်င့္သီလရိွတဲ့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ၀ိပၸဋိသာရလို႕ေခၚတဲ့ ေနာင္တတစ္ဖန္ ပူပန္ျခင္းသေဘာ၊ စိတ္ႏွလံုးမသာမယာျဖစ္ျခင္းသေဘာ မရိွေတာ့ပါဘူး။
အ၀ိပၸဋိသာရလို႕ေခၚတဲ့ စိတ္ၾကည္လင္ျခင္းသေဘာ၊ စိတ္ရႊင္လန္းျခင္းသေဘာပဲ ျဖစ္ပါတယ္။
စိတ္ၾကည္လင္ရႊင္လန္းေနတဲ့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ၀မ္းေျမာက္ျခင္းဆိုတဲ့ ပါေမာဇၨ ျဖစ္ပါတယ္။
၀မ္းေျမာက္ျခင္းဆိုတဲ့ ပါေမာဇၨျဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ႏွစ္သက္ျခင္းဆိုတဲ့ ပီတိ ျဖစ္ပါတယ္။
ႏွစ္သက္ျခင္းဆိုတဲ့ ပီတိျဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ကိုယ္စိတ္ႏွစ္ပါးၿငိမ္းေအးျခင္းဆိုတဲ့ ပႆဒၶိ ျဖစ္ပါတယ္။
ကိုယ္စိတ္ႏွစ္ပါးၿငိမ္းေအးျခင္းဆိုတဲ့ ပႆဒၶိျဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ကိုယ္စိတ္ႏွစ္ပါးခ်မ္းသာျခင္းဆိုတဲ့သုခ ျဖစ္ပါတယ္။

ကိုယ္စိတ္ႏွစ္ပါးခ်မ္းသာျခင္းဆိုတဲ့သုချဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ စိတ္တည္ၿငိမ္မႈဆိုတဲ့ သမာဓိျဖစ္ပါတယ္။
စိတ္တည္ၿငိမ္မႈဆိုတဲ့ သမာဓိျဖစ္တဲ့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ရုပ္တရား၊ နာမ္တရားေတြရဲ႕ သဘာ၀ကို အရိွအရိွအတိုင္း အမွန္အတိုင္းသိျမင္ျခင္းဆိုတဲ့ ယထာဘူတဥာဏဒႆန ျဖစ္ပါတယ္။
အရိွတရား အမွန္တရားကို သိျမင္ျခင္းဆိုတဲ့့ ယထာဘူတဥာဏဒႆနျဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ ၿငီးေငြ႕ျခင္းဆိုတဲ့ နိဗိၺဒါ ျဖစ္ပါတယ္။
ၿငီးေငြ႕ျခင္းဆိုတဲ့ နိဗိၺဒါ ျဖစ္တဲ့့ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ တပ္မက္မႈကင္းျခင္းဆ္ိုတဲ့ ၀ိရာဂျဖစ္ပါတယ္။ (မဂ္ေလးပါးပါပဲ)
တပ္မက္မႈကင္းျခင္းဆ္ိုတဲ့ ၀ိရာဂျဖစ္တဲ့ ပုဂိၢဳလ္ရဲ႕သႏၱာန္မွာ လြတ္ေျမာက္ျခင္း ၀ိမုတိၱနဲ႕ လြတ္ေျမာက္ျခင္းကို သိျမင္ျခင္းဆိုတဲ့ ၀ိမုတိၱဥာဏဒႆန ျဖစ္ပါတယ္။ (ဖိုလ္ေလးပါးနဲ႕ ပစၥေ၀ကၡဏာဥာဏ္ေတြပါပဲ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားဓမၼ
#Unicode Version#
ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်

နောက်ဆုံးအကိုျးက
အရဟံဂုဏ်ပွားများထုံ နိဗ္ဗာန်အကုန်ရပါသည်''တဲ့။ ဒါပေမဲ့ နိဗ္ဗာန်ကို တိုက်ရိုက် တော့မရ နိုင်ပါဘူး။ နည်းနည်း ရှင်းအောင်ပြောရရင် ဈာန်လည်းမရနိုင်ပါဘူး။ မဂ်လည်းမရနိုင်ပါဘူး။ ဖိုလ်လည်း မရနိုင်ပါဘူး။ ဂုဏ်တော် ပွားရင် ဈာန်ရဲ့အနီးအနား ဥပစာရဈာန်အထိပဲ ရပါတယ်။ အပ္ပနာဈာန်အထိတောင် မရနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဂုဏ်တော်တွေရဲ့ကျယ်ပြောခြင်း၊ ဂုဏ်တော်တစ်ခုစီတိုင်း အစမမြင်အောင် နက်ရှိုင်းခြင်း၊ ဂုဏ်တော်တစ်ခုနဲ့ပင် အားရတင်းတိမ်မနေနိုင်ဘဲ ပင်လယ်ပြင်လက်ပစ်ကူးရသလို တစ်ခုပြီးတစ်ခု လွဲှပြောင်းကြည်ညို နေရလို့ ဂုဏ်တော်သမာဓိဟာ အပ္ပနာဈာန်အထိ မရောက်နိုင်ပါဘူး။ ဥပစာရဈာန်အထိပဲ ရနိုင်ပါတယ်။

ဈာန်နဲ့ပြောရင် ကိုယ်နဲ့ဝေးသလိုထင်နေမှာစိုးလို့ သမာဓိ(၃)မိုျးနဲ့ ပြောင်းပြောလို့လည်းရပါတယ်။ သမာဓိမှာ ခဏိက သမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုပြီး သမာဓိ(၃)မိုျး ရှိပါတယ်။
ခဏိကသမာဓိဆိုတာ အာရုံတစ်ခုတည်းမှာ အချိန်အနည်းငယ်မျှ (အချိန်ခဏလေး) စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ခဏိကသမာဓိပါ။

ဥပစာရသမာဓိဆိုတာက အာရုံတစ်ခုတည်းမှာ အချိန်တော်တော်ကြာကြာ စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ဥပစာရ သမာဓိပါ။ ဒီသမာဓိက ဈာန်မရပေမဲ့ ဈာန်ရလုနီးပါး အလယ်အလတ် အားကောင်းတဲ့ သမာဓိပါ။
အပ္ပနာသမာဓိဆိုတာကတော့ ဈာန်ရတဲ့အထိ အလွန်အားကောင်းတဲ့သမာဓိကိုပြောတာပါ။ ဂုဏ်တော်ပွားရင် အလယ်အလတ် ဥပစာရသမာဓိပဲ ရနိုင်ပါတယ်၊ အလွန်အားကောင်းတဲ့ အပ္ပနာသမာဓိအထိ မရနိုင်ပါဘူး။
ဒါပေမဲ့ အဲဒီအလယ်အလတ် ဥပစာရသမာဓိကိုပဲ အခြေခံပြီး ဝိပဿနာ ဆက်ကူးသွားရင် နိဗ္ဗာန်ကိုရသွားနိုင်ပါတယ်။ နိဗ္ဗာန်ရပုံနဲ့ပတ်သက်လို့ အားလုံးကြား ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ဖုဿဒေဝမထေရ်ဆိုတာရှိပါတယ်။ ဖုဿဒေဝမထေရ်က ဗုဒ္ဓါနုဿတိဘာဝနာကို အမြဲပွားနေပါတယ်။ စေတီရင်ပြင်မှာ တံမြက် လှည်းရင်းလည်း ပွားပါတယ်။ တစ်နေ့တော့ တံမြက်လဲှထားတဲ့ စေတီရင်ပြင် ညီညာပြန့်ပြူးနေတာကိုကြည့်ပြီး ကျေနပ်အားရနေပါတယ်။

အဲဒီအချိန်မှာပဲ မျောက်ညိုကြီး တစ်ကောင်ရောက်လာပြီး နွားချေးခြောက်တွေ စေတီရင်ပြင်ပေါ်ကို ဖြန်ကြဲချ လိုက်ပါတယ်။ ဒီတော့ မထေရ်က တံမြက်စည်း ပြန်လဲှရပါတယ်။
ဒုတိယနေ့ရောက်လာတော့ နွားအိုကြီးတစ်ကောင်ရောက်လာပြီး စေတီရင်ပြင်မှာ နွားချေးတွေ စွန့်ချလိုက်ပြန် ပါတယ်။ မထေရ်ကတံမြက်စည်း ပြန်လှည်းရပြန်ပါတယ်။ တတိယနေ့ ရောက်လာတော့ ခြေခွင်နေတဲ့လူတစ်ယောက် ရောက်လာပြီး ညီညာ ပြန့်ပြူးနေတဲ့သဲတွေကို မညီမညာဖြစ်အောင် ခြေတရွတ်တိုက် ဆွဲနေပါတယ်။

ဒီတော့ မထေရ်က
ငါ့ ဂေါစရဂါမ် (ဝန်းကျင်) အတွင်းမှာ ဒီလောက် ရုပ်ပျက် ဆင်းပျက် ရုပ်ဆိုးတဲ့သူ တစ်ယောက် မှ မရှိဘူး။ မဟုတ်မှလွဲရော မာရ်နတ်ဖြစ်လေ မလား'' လို့ သံသယဝင်တာနဲ့
သင်မာရ်နတ် မဟုတ်လား''လို့ မေးလိုက်ပါတယ်။ မာရ်နတ်ကလည်း ''မှန်ပါ့ဘုရား'' ဟု ဝန်ခံလိုက်ပါတယ်။ ဒီတော့ မထေရ်က

မာရ်နတ်ဆိုတာ အလွန် တန်ခိုးကြီးတယ်၊ ဘုရားနဲ့တူအောင် ဖန်ဆင်းပြစမ်းပါ''ဟု တောင်းပန်လိုက်ပါတယ်။
မာရ်နတ်ကလည်း တပည့်တော် ဘုရားရှင်နဲ့ ထပ်တူတူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး။ ဒါပေမဲ့ အသင့်အတင့် တူအောင်တော့ ဖန်ဆင်းပြလို့ရပါတယ်''လို့ လျှောက်ပြီး မိမိကိုယ်ကို ဘုရားအသွင် ဖန်ဆင်းပြလိုက်ပါတယ်။ ဖုဿဒေဝ မထေရ်လည်း မာရ်နတ်ဖန်ဆင်းပြတဲ့ ရုပ်ပုံတော်ကိုကြည့်ပြီး
သြော်.... ရာဂ၊ ဒေါသ၊ မောဟရှိနေတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်သပ္ပာယ်သေးရင် အမြဲ ရာဂ ဒေါသ မောဟကင်းနေတဲ့ ဘုရားရှင်ဆိုရင် ဒီထက် တင့်တယ်သပ္ပာယ် မှာပဲ''ဆိုပြီး ပီတိတွေ တဖွားဖွား ဖြစ်လာပါတယ်။
ဖုဿဒေဝမထေရ်လည်း ဖြစ်ပေါ်လာတဲ့ပီတိကိုပဲ
ပီတိရဲ့သဘောလေးဟာ ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေးဖြစ်နေတာလဲ''ဆိုပြီး ဖြစ်ပေါ်နေတဲ့ပီတိကို ဝိပဿနာပြန်ရှုပါတယ်။ ရှုရင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေထင်လို့ ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပါတော့တယ်။ အားလုံးကြားဖူးနေတဲ့ သီဟိုဠ်ဝတ္ထုလေးပါ။
ဒါက ဂုဏ်တော်ပွားပြီး နိဗ္ဗာန်ရောက်သွားတာပါ။ တိုက်ရိုက်ကြီးရောက်သွားတာတော့ မဟုတ်ပါဘူး။ ဂုဏ်တော်သမာဓိကို အခြေခံပြီး နိဗ္ဗာန်ရသွားရတာပါ။
ရဝေနွယ် (အင်းမ) ၏   ရင်ထဲက အရဟံ ၁ မှ


ပီတိနှင့်တကွဖြစ်တဲ့ နာမ်တရား ရုပ်တရားတို့ ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ တွေကို ဆင်ခြင်သုံးသပ်ပွားများရင်း တရားထူးရသွားတာပါ။
ဘုရားဂုဏ်တော်ပွားလို့ ဖြစ်လာတဲ့ ပီတိမှ မဟုတ်ပါဘူး။ သီလကို ဆင်ခြင်ရင်း ဖြစ်လာတဲ့ ပီတိကို ဝိပဿနာရှုရင်း တရားထူးရကြတာတွေလည်း အများကြီးပါပဲ။
ဗုဒ္ဓါနုဿတိဘာဝနာဟာ စိတ်ကြည်လင်ရွှင်လန်း ဝမ်းမြောက်ဖို့၊ ပီတိဖြစ်ပွားဖို့အတွက် အကောင်းဆုံး၊ အလွယ်ဆုံး ဘာဝနာပါ။


ကိုယ်ကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဝိပ္ပဋိသာရလို့ခေါ်တဲ့ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ စိတ်နှလုံးမသာမယာဖြစ်ခြင်းသဘော မရှိတော့ပါဘူး။
အဝိပ္ပဋိသာရလို့ခေါ်တဲ့ စိတ်ကြည်လင်ခြင်းသဘော၊ စိတ်ရွှင်လန်းခြင်းသဘောပဲ ဖြစ်ပါတယ်။
စိတ်ကြည်လင်ရွှင်လန်းနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ဝမ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇ ဖြစ်ပါတယ်။
ဝမ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နှစ်သက်ခြင်းဆိုတဲ့ ပီတိ ဖြစ်ပါတယ်။
နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိ ဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခ ဖြစ်ပါတယ်။

ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်ပါတယ်။
စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘာဝကို အရှိအရှိအတိုင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတဲ့ ယထာဘူတဉာဏဒဿန ဖြစ်ပါတယ်။
အရှိတရား အမှန်တရားကို သိမြင်ခြင်းဆိုတဲ့ ယထာဘူတဉာဏဒဿနဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်ပါတယ်။
ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တပ်မက်မှုကင်းခြင်းဆိုတဲ့ ဝိရာဂဖြစ်ပါတယ်။ (မဂ်လေးပါးပါပဲ)
တပ်မက်မှုကင်းခြင်းဆိုတဲ့ ဝိရာဂဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လွတ်မြောက်ခြင်း ဝိမုတ္တိနဲ့ လွတ်မြောက်ခြင်းကို သိမြင်ခြင်းဆိုတဲ့ ဝိမုတ္တိဉာဏဒဿန ဖြစ်ပါတယ်။ (ဖိုလ်လေးပါးနဲ့ ပစ္စဝေက္ခဏာဉာဏ်တွေပါပဲ)

ဖိုးသူတော် (www.phothutaw.com)
Credit: တရားဓမ္မ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top