Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမန္မာနိုင္ငံ အေနာက္ဖက္ နယ္စပ္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပိုင္းမွာ ပစ္ခတ္မွု ျဖစ္ပြား ခဲ့ပါတယ္။

ၾသဂုတ္လ ၂၅ ရက္ အၾကမ္းဖက္ တိုက္ခိုက္မွုေတြ ျဖစ္ခဲ့ၿပီးေနာက္ လအတန္ၾကာ ေသနတ္သံေတြ မၾကားဘဲ ရွိခဲ့တာ ျဖစ္ပါတယ္။

နို၀င္ဘာ လဆန္းပိုင္းမွာေတာ့ မသကၤာဖြယ္ရာ ယူနီေဖာင္းအနက္ေရာင္ေတြ ဝတ္ဆင္ထားတဲ့ လက္နက္ကိုင္အဖြဲ႕ တစ္ခုကို တပ္မေတာ္က လိုက္လံရွင္းလင္းစဥ္မွာ ေသနတ္ ပစ္ခတ္သံေတြ ၾကားခဲ့ရတာ ျဖစ္ပါတယ္။

အနက္ေရာင္ ယူနီေဖာင္းေတြ ဝတ္ဆင္ထားၿပီး လက္နက္ေတြကိုင္ေဆာင္ထားတဲ့ အဖြဲ႕တစ္ခုကို တပ္မေတာ္ စစ္ေၾကာင္း တစ္ခုကေန ေမာင္ေတာၿမိဳ႕နယ္ ေတာင္ပိုင္း ေမယုေတာင္ထဲ လိုက္လံရွင္းလင္းရာ ကေန ထြက္ေပၚလာတဲ့ ပစ္ခတ္မွုေတြ ျဖစ္နိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေသနတ္သံကို ေမာင္ေတာ ေတာင္ပိုင္း ကင္းေခ်ာင္းရြာ အေရွ႕ဖက္ တမိုင္ခန္႔အကြာက ၾကားရတာ ျဖစ္ၿပီး ေခ်ာင္းဖ်ားက လာတဲ့ ေသနတ္သံ ျဖစ္နိုင္ေပမယ့္ ဆက္တိုက္ ၾကားရတာမ်ိဳး မဟုတ္ဘူးလို႔ ကင္းေခ်ာင္းရြာသား တေယာက္က ဆိုပါတယ္။

အခု ပစ္ခတ္သံ ၾကားရတဲ့ အဲဒီေနရာဟာ ယခင္က ARSA အဖြဲ႕ဝင္ေတြ ခိုေအာင္းခဲ့တဲ့ လိုဏ္ဂူေတြ ေတြ႕ခဲ့ေနရာလည္း ျဖစ္ပါတယ္။

လက္နက္ အဖြဲ႕ ၈ ဦးဟာ ေဂၚဒူသာရ မူဆလင္ ေက်းရြာကေန ထြက္လာၿပီး ေရႊဗဟိုနဲ႔ ကင္းေခ်ာင္းေက်းရြာၾကားကေန ေမယုေတာင္ထဲကို ျဖတ္ေက်ာ္ ဝင္ေရာက္လာစဥ္ ေတြ႕ျမင္ခဲ့ရတယ္လို႔ ကင္းေခ်ာင္းရြာသား ဦးေအာင္စံျဖဴ ကလည္း ေျပာပါတယ္။

ဒါ့အျပင္ သူတို႔အဖြဲ႕ထဲမွာ ၆ ေယာက္ကေတာ့ ေသနတ္ကိုယ္စီ ကိုင္ေဆာင္ထားၿပီး ႏွစ္ေယာက္ ကေတာ့ ဓါးရွည္ေတြကို ကိုင္ေဆာင္ထားတယ္လို႔ သူက ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ အတြင္း ARSA လက္နက္ကိုင္အဖြဲ႕ေတြ မရွိေတာ့ဘူးဆိုၿပီး တပ္မေတာ္ စစ္ေၾကာင္းေတြက စစ္ဆင္ေရးကို ႐ုပ္သိမ္းၿပီး တပ္ေတြကို ဆုတ္ခြာလိုက္ၿပီးေနာက္ပိုင္းမွာ အခုလို လက္နက္ကိုင္အဖြဲ႕တစ္ခုကို ျပန္လည္ေတြ႕ရွိၿပီး ပစ္ခတ္မွု ပါ ျပန္ ျဖစ္ပြားလာတဲ့ အတြက္ ေဒသခံေတြ အၾကားမွာ အထူးစိုးရိမ္မွုေတြ ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မြန်မာနိုင်ငံ အနောက်ဖက် နယ်စပ် ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောမြို့နယ် တောင်ပိုင်းမှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လအတန်ကြာ သေနတ်သံတွေ မကြားဘဲ ရှိခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ လဆန်းပိုင်းမှာတော့ မသင်္ကာဖွယ်ရာ ယူနီဖောင်းအနက်ရောင်တွေ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့ တစ်ခုကို တပ်မတော်က လိုက်လံရှင်းလင်းစဉ်မှာ သေနတ် ပစ်ခတ်သံတွေ ကြားခဲ့ရတာ ဖြစ်ပါတယ်။

အနက်ရောင် ယူနီဖောင်းတွေ ဝတ်ဆင်ထားပြီး လက်နက်တွေကိုင်ဆောင်ထားတဲ့ အဖွဲ့တစ်ခုကို တပ်မတော် စစ်ကြောင်း တစ်ခုကနေ မောင်တောမြို့နယ် တောင်ပိုင်း မေယုတောင်ထဲ လိုက်လံရှင်းလင်းရာ ကနေ ထွက်ပေါ်လာတဲ့ ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်သံကို မောင်တော တောင်ပိုင်း ကင်းချောင်းရွာ အရှေ့ဖက် တမိုင်ခန့်အကွာက ကြားရတာ ဖြစ်ပြီး ချောင်းဖျားက လာတဲ့ သေနတ်သံ ဖြစ်နိုင်ပေမယ့် ဆက်တိုက် ကြားရတာမျိုး မဟုတ်ဘူးလို့ ကင်းချောင်းရွာသား တယောက်က ဆိုပါတယ်။

အခု ပစ်ခတ်သံ ကြားရတဲ့ အဲဒီနေရာဟာ ယခင်က ARSA အဖွဲ့ဝင်တွေ ခိုအောင်းခဲ့တဲ့ လိုဏ်ဂူတွေ တွေ့ခဲ့နေရာလည်း ဖြစ်ပါတယ်။

လက်နက် အဖွဲ့ ၈ ဦးဟာ ဂေါ်ဒူသာရ မူဆလင် ကျေးရွာကနေ ထွက်လာပြီး ရွှေဗဟိုနဲ့ ကင်းချောင်းကျေးရွာကြားကနေ မေယုတောင်ထဲကို ဖြတ်ကျော် ဝင်ရောက်လာစဉ် တွေ့မြင်ခဲ့ရတယ်လို့ ကင်းချောင်းရွာသား ဦးအောင်စံဖြူ ကလည်း ပြောပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့ထဲမှာ ၆ ယောက်ကတော့ သေနတ်ကိုယ်စီ ကိုင်ဆောင်ထားပြီး နှစ်ယောက် ကတော့ ဓါးရှည်တွေကို ကိုင်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

မောင်တောမြို့နယ် အတွင်း ARSA လက်နက်ကိုင်အဖွဲ့တွေ မရှိတော့ဘူးဆိုပြီး တပ်မတော် စစ်ကြောင်းတွေက စစ်ဆင်ရေးကို ရုပ်သိမ်းပြီး တပ်တွေကို ဆုတ်ခွာလိုက်ပြီးနောက်ပိုင်းမှာ အခုလို လက်နက်ကိုင်အဖွဲ့တစ်ခုကို ပြန်လည်တွေ့ရှိပြီး ပစ်ခတ်မှု ပါ ပြန် ဖြစ်ပွားလာတဲ့ အတွက် ဒေသခံတွေ အကြားမှာ အထူးစိုးရိမ်မှုတွေ ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top