ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသား ၇ % ရဲ႕ လိင္တံက ေျဖာင့္တန္းမေနၾကဘူး။

က်ားတန္ဆာ လိင္တံ ေျဖာင့္တန္းမႈမ႐ွိဘဲ ေကြးေနတဲ့ အမ်ိဳးသားေတြဟာ ကင္ဆာေရာဂါ အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ေျခ သိသိသာသာမ်ားေနတယ္လို႔ ေလ့လာမႈအသစ္တစ္ရပ္က ဆုိလိုက္ပါတယ္။ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏုိင္ေျခ ၄၀ % ၊ melanoma ေခၚတဲ့ အေရျပားကင္ဆာျဖစ္ႏိုင္ႏိုင္တဲ့အမည္းအကြက္ေတြျဖစ္ႏိုင္ေျခ ၂၉ % ၊ အစာအိမ္ကင္ဆာ ျဖစ္ႏုိင္ေျခ ၄၀ % ပိုမ်ားေနတာကို ေတြ႔႐ွိရပါတယ္။

တကၠဆက္က သုေတသီေတြဟာ မ်ိဳး႐ိုးလိုက္ၿပီး လိင္တံေကြးေနတဲ့ အမ်ိဳးသားေတြမွာ အႀကိတ္ေတြဖြံ႕ၿဖိဳးႀကီးထြားလာတာနဲ႔ ဆက္ႏႊယ္မႈ ႐ွိႏိုင္တယ္လို႔ ယူဆၾကပါတယ္။ Peyronie's ေရာဂါလို႔ေခၚတဲ့ လိင္တံဆန္႔ထြက္မႈ ပံုမွန္မဟုတ္ျခင္း ၊ လိင္တံဆန္႔ထြက္တဲ့အခါ နာက်င္ျခင္းဟာ အမ်ိဳးသားထုရဲ႕ ၇ % မွာ သက္ေရာက္ခံစားေနၾကရတယ္လို႔ ခန္႔မွန္းရပါတယ္။

လူနာေပါင္း ၁.၅ သန္းေက်ာ္ရဲ႕ အခ်က္အလက္ေတြကို ဟ်ဴစတန္ၿမိဳ႕က Baylor ေကာလိပ္က ျပန္လည္ေလ့လည္သံုးသပ္ၿပီးေနာက္ American Society for Reproductive Medicine မွာ ယခုေတြ႕႐ွိခ်က္ကို တင္ျပခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ၿဗိတိန္ကေဆးပညာဆုိင္ရာ ကၽြမ္းက်င္သူေတြကေတာ့ ဒီေလ့လာမႈကို က်ယ္က်ယ္ျပန္ျပန္႔ လုပ္ေဆာင္ဖုိ႔ လိုေသးေၾကာင္း ေျပာပါတယ္။

ယခုေလ့လာမႈကိုဦးေဆာင္သူ ေဒါက္တာ အလက္ဇႏၵား ပတ္စ္တူဇက္ခ္က Peyronie's ေရာဂါ႐ွိတဲ့ အမ်ိဳးသားေတြကို ကင္ဆာေရာဂါလကၡဏာေတြျပလာရင္ ေစာေစာစီးစီး သိ႐ွိႏိုင္ေအာင္ နီးကပ္စြာထိန္းခ်ဳပ္ေစာင့္ၾကည့္သင့္တယ္လို႔ အၾကံေပးပါတယ္။ လိင္ပိုင္းဆုိင္ရာနဲ႔ ခ်စ္တင္းေႏွာခ်ိန္ေတြမွာ လိင္တံေကြးညႊတ္သြားတဲ့ အမ်ိဳးသားေတြဟာ အျခားေသာ မူမမွန္မႈေတြနဲ႔ပါ ဆက္စပ္ေနမယ္ဆိုရင္ ေသေသခ်ာခ်ာေစာင့္ၾကည့္ပါလို႔ ဆုိသြားပါတယ္။ ဒါတင္မက Ledderhose ေရာဂါလို႔ေခၚတဲ့ ေျခဖဝါးက တစ္႐ႈးေတြ ထူထဲလာတဲ့ေရာဂါနဲ႔ပါ ဆက္စပ္ေနတာကိုလည္း ေလ့လာမႈမွာ ေတြ႕ရွိခဲ့ရပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အမျိုးသား ၇ % ရဲ့ လိင်တံက ဖြောင့်တန်းမနေကြဘူး။

ကျားတန်ဆာ လိင်တံ ဖြောင့်တန်းမှုမရှိဘဲ ကွေးနေတဲ့ အမျိုးသားတွေဟာ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ခြေ သိသိသာသာများနေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုလိုက်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၄၀ % ၊ melanoma ခေါ်တဲ့ အရေပြားကင်ဆာဖြစ်နိုင်နိုင်တဲ့အမည်းအကွက်တွေဖြစ်နိုင်ခြေ ၂၉ % ၊ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၄၀ % ပိုများနေတာကို တွေ့ရှိရပါတယ်။

တက္ကဆက်က သုတေသီတွေဟာ မျိုးရိုးလိုက်ပြီး လိင်တံကွေးနေတဲ့ အမျိုးသားတွေမှာ အကြိတ်တွေဖွံ့ဖြိုးကြီးထွားလာတာနဲ့ ဆက်နွှယ်မှု ရှိနိုင်တယ်လို့ ယူဆကြပါတယ်။ Peyronie's ရောဂါလို့ခေါ်တဲ့ လိင်တံဆန့်ထွက်မှု ပုံမှန်မဟုတ်ခြင်း ၊ လိင်တံဆန့်ထွက်တဲ့အခါ နာကျင်ခြင်းဟာ အမျိုးသားထုရဲ့ ၇ % မှာ သက်ရောက်ခံစားနေကြရတယ်လို့ ခန့်မှန်းရပါတယ်။

လူနာပေါင်း ၁.၅ သန်းကျော်ရဲ့ အချက်အလက်တွေကို ဟျူစတန်မြို့က Baylor ကောလိပ်က ပြန်လည်လေ့လည်သုံးသပ်ပြီးနောက် American Society for Reproductive Medicine မှာ ယခုတွေ့ရှိချက်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်ကဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီလေ့လာမှုကို ကျယ်ကျယ်ပြန်ပြန့် လုပ်ဆောင်ဖို့ လိုသေးကြောင်း ပြောပါတယ်။

ယခုလေ့လာမှုကိုဦးဆောင်သူ ဒေါက်တာ အလက်ဇန္ဒား ပတ်စ်တူဇက်ခ်က Peyronie's ရောဂါရှိတဲ့ အမျိုးသားတွေကို ကင်ဆာရောဂါလက္ခဏာတွေပြလာရင် စောစောစီးစီး သိရှိနိုင်အောင် နီးကပ်စွာထိန်းချုပ်စောင့်ကြည့်သင့်တယ်လို့ အကြံပေးပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ချစ်တင်းနှောချိန်တွေမှာ လိင်တံကွေးညွှတ်သွားတဲ့ အမျိုးသားတွေဟာ အခြားသော မူမမှန်မှုတွေနဲ့ပါ ဆက်စပ်နေမယ်ဆိုရင် သေသေချာချာစောင့်ကြည့်ပါလို့ ဆိုသွားပါတယ်။ ဒါတင်မက Ledderhose ရောဂါလို့ခေါ်တဲ့ ခြေဖဝါးက တစ်ရှုးတွေ ထူထဲလာတဲ့ရောဂါနဲ့ပါ ဆက်စပ်နေတာကိုလည်း လေ့လာမှုမှာ တွေ့ရှိခဲ့ရပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top