မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #



မှတ်ဥာဏ် Memory ကို အဓိကမှတ်ပေးတာ Integrate လုပ်ပေးတာက Hippocampus ဟုခေါ်သော ရေနဂါးပုံရှိ ဦးနှောက် အစိတ်အပိုင်း ပါ။




Credit: THIHA

# Unicode Version ဖြင့် ဖတ်ပါ #

လူတိုင်းတွေးမိမယ်ထင်တယ်။ ငယ်ငယ်ကလေးဘ၀ ကအရာတွေကို ကြီးလာတဲ့အခါ မမှတ်မိကြတာဘာကြောင့်လဲပေါ့။

အဖြေကတော့ အသက် ၃ ၄ နှစ်မှာ Neurogenesis တနည်း Neuron connection ခေါ်သော အာရုံကြောကလပ်ဆဲလ် အသစ်တွေဖြစ်တာ များလာလို့ပါ။

မှတ်ဉာဏ် Memory ကို အဓိကမှတ်ပေးတာ Integrate လုပ်ပေးတာက Hippocampus ဟုခေါ်သော ရေနဂါးပုံရှိ ဦးနှောက် အစိတ်အပိုင်း ပါ။

ဗိုက်ဆာတယ်ပြောရင် မုန့်စားရမှန်းသိတာလိုမျိုး ရိုးရှင်းသော simple memory ကို schematic memory လိုခေါ်ပြီး "ငါဟိုနေက ဘယ်သူနဲ့ ဘယ်သွား ဘယ်လိုခံစားခဲ့ရတယ်" ဆိုတာ မှတ်မိတာကို တော့ Episodic memory လို့ခေါ်တယ်။ ကလေးတွေမှာ ၁ နှစ် ကနေ ၄ နှစ်လောက်အတွင်း Hippocampus ကစ ဖွံ့ဖြိုးမှု develop ဖြစ်လာလို့ သိတယ်။

အဲသည်နောက်ပိုင်း ၄ နှစ် ကျော်လောက်မှာတော့ Neuron ခေါ် အာရုံကြော ဆဲလ် အသစ်တွေ ဆက်သွယ်မှု connection အသစ်တွေ ဖြစ် Neurogenesis များလာတယ်။ အသက်ကြီးသူ ဦးနှောက် Adult brain ဖြစ်ဖို့ပေါ့။ အဲသည့်အခါကျတော့ ဒီမတိုင်ခင်က မှတ်ထားတဲ့ memory အတွက် ရှိတဲ့ Neural circuit တွေ ပျတ်စီးကုန်တယ်။

ဒါကြောင့်မို့ ကလေးဘ၀ ကိုမမှတ်မိကြတာပါ။ Infantile amnesia လို့ခေါ်တယ်။ ကြွက်တွေမှာ Neurogenesis မရအောင်ဆေးပေးထားတဲ့အခါ ငယ်ငယ်ကအရာတွေမှတ်မိတယ်။ တချို့ အကောင်တွေဆို သဘာ၀ အတိုင်း ကိုပဲ ငယ်ဘ၀ ကိုမှတ်မိကြတာရှိတယ်။ အရွယ်ရောက် လူ Adult တယောက်မှာ ဒီခိုက်မှု Injury တခုခုကြောင့် hippocampus ပျတ်သွားရင် memory အသစ်မှတ်လို့မရဘူး အဟောင်းတွေကတော့ရှိစမြဲပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: THIHA
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top