ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထိုင္း ေတာင္ပိုင္း တရန္းခ႐ုိင္ ကတန္ၿမိဳ႕နယ္ရွိ ရာဘာေတာအတြင္း သတ္ျဖတ္ခံထားရတဲ့ အမ်ိဳးသမီးတဦးအေလာင္းကို ေတြ႔ရွိၿပီးတဲ့ေနာက္ ေသဆံုးသူရဲ႕ ခင္ပြန္းျဖစ္သူ ျမန္မာအလုပ္သမားကို ရဲေတြက ဖမ္းဆီးလိုက္ပါတယ္။

ကတန္ၿမိဳ႕နယ္ ဘန္႔ခုတ္ယန္အုပ္စု နယ္ေျမ ၈ မွာ ရာဘာေစးျခစ္သူ ျမန္မာအလုပ္သမား ႏိုင္းအို ေခၚ မိုး (အသက္ ၂၈ ႏွစ္) ဆိုသူမွာ ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၇ ရက္ေန႔ ည ၈ နာရီေလာက္က ေသဆံုးသူ အမ်ိဳးသမီးရဲ႕ ဖခင္ (သူ႔ေယာကၡမ)ထံ သမီးကိုလာေခၚသြားဖို႔နဲ႔ သူ႔ကိုခြင့္လႊတ္ဖို႔ ဖုန္းဆက္ေျပာၾကားၿပီး ဖုန္းခ်သြားေၾကာင္း၊ အဲဒီေနာက္ ေယာကၡမက သမီးျဖစ္သူကို သြားေခၚရာ မွာ သူတို႔ေနအိမ္ရဲ႕ အေနာက္ဘက္ ရာဘာေတာထဲမွာ ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာေတြ႔ရွိခဲ့တယ္လို႔ ကတန္ရဲစခန္း တာ၀န္က် ရဲအုပ္ ဘြန္းလိုတ္ ၀မ္ကေယာက္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အခင္းျဖစ္ပြားၿပီးတဲ့ေနာက္ ႏိုင္းအို ေခၚ မိုး ဟာ ခၽြန္းဖြန္းခ႐ုိင္ဘက္ ထြက္ေျပးတိမ္းေရွာင္ သြားေၾကာင္းသိရတဲ့အတြက္ ခၽြန္းဖြန္းရဲေတြရဲ႕အကူအညီနဲ႔ ယမန္ေန႔ ည ၈ နာရီခြဲမွာ သူ႔ကို ဖမ္းဆီးရမိခဲ့ၿပီး ေလာေလာဆယ္ တရန္းခ႐ုိင္ကို ျပန္လည္ေခၚေဆာင္လာေနဆဲဘဲလို႔ ဆိုပါ တယ္။

ဒီမတိုင္ခင္ ယမန္ေန႔ မနက္ပိုင္းက ရာဘာေတာထဲမွာ အမ်ိဳးသမီးအေလာင္းေတြ႔ရွိေၾကာင္း သတင္းေပးပို႔ခ်က္ရရွိတဲ့အတြက္ တာ၀န္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးရာမွာ ဘန္႔ခုတ္ယန္အုပ္စု လမ္းမႀကီးရဲ႕ အတြင္းပိုင္း ၈၀၀ မီတာ ရာဘာေတာထဲမွာ ပက္လက္ အေနအထားနဲ႔ ခႏၶာကိုယ္ကို ေစာင္လႊမ္းထားၿပီး ဦးေခါင္းကို ေရပံုးအနက္နဲ႔စြပ္ထားတဲ့ အမ်ိဳးသမီးတဦးအေလာင္း ေတြ႔ရေၾကာင္း၊ အေလာင္းကိုစစ္ေဆးရာမွာ ခႏၶာကိုယ္မွာ အညိဳအမည္းဒဏ္ရာနဲ႔ လည္ပင္းမွာလည္း အလ်ားလိုက္ျပတ္ရွဒဏ္ရာကို ေတြ႔ရတယ္လို႔ ကတန္ရဲစခန္းရဲအုပ္က ဆက္ေျပာပါတယ္။

ဆက္လက္စစ္ေဆးခ်က္အရ ေသဆံုးသူမွာ အသက္ ၃၃ ႏွစ္ရြယ္ ထိုင္းအမ်ိဳးသမီး ၀ိလင္းထရားဖိလားဖန္းျဖစ္ၿပီး ႏိုင္းအိုနဲ႔ ေပါင္းသင္းေနထိုင္တာ တစ္ႏွစ္ေက်ာ္ၿပီျဖစ္ေၾကာင္း၊ သမီးကိုလာေခၚဖို႔ ဖုန္းဆက္စဥ္က အသတ္ခံရတယ္လို႔ လံုး၀ထင္မထားေၾကာင္း၊ ရက္စက္စြာ အသတ္ခံထားရတဲ့ သမီးအေလာင္းကို ေတြ႔ရွိမွ အလြန္တရာထိတ္လန္႔၀မ္းနည္းၿပီး သမက္ကို ထိေရာက္တဲ့ ျပစ္ဒဏ္ေပးဖို႔ ရဲကိုေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။

ေသဆံုးသူ ၀ိလင္းထရားမွာ ယခင္က ခင္ပြန္းေဟာင္းနဲ႔ ကြာရွင္းၿပီးမွ ႏိုင္းအိုနဲ႔ ေပါင္းသင္းေနထိုင္ေၾကာင္း၊ သူမမွာ အရင္အိမ္ေထာင္နဲ႔ ကေလး ၂ ေယာက္ရွိၿပီး ကေလးေတြ ကလည္း သူတို႔ပေထြးဟာ အလြန္သ၀န္တိုကာ မိခင္ႏွင့္ မၾကာခဏ စကားမ်ားရန္ျဖစ္ေလ့ ရွိေၾကာင္း၊ ၿပီးခဲ့တဲ့ ၆ ရက္ေန႔ကလည္း အႀကီးအက်ယ္ စကားမ်ားရန္ျဖစ္ခဲ့လို႔ ေမာင္ႏွမ ႏွစ္ေယာက္ ဖခင္အရင္းထံျပန္ခဲ့တယ္လို႔ ရဲကိုေျပာပါတယ္။

တာ၀န္ရွိသူေတြ သြားေခၚေနတဲ့ ႏိုင္းအို ေခၚ မိုးဟာ ကတန္ၿမိဳ႕ကို ျပန္ေရာက္လာရင္ သူလုပ္ခဲ့တာေတြအားလံုး အစအဆံုး ျပန္လည္သ႐ုပ္ေဖာ္ခိုင္းမယ္လို႔ ရဲက ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်း တောင်ပိုင်း တရန်းခရိုင် ကတန်မြို့နယ်ရှိ ရာဘာတောအတွင်း သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးတဦးအလောင်းကို တွေ့ရှိပြီးတဲ့နောက် သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ မြန်မာအလုပ်သမားကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ကတန်မြို့နယ် ဘန့်ခုတ်ယန်အုပ်စု နယ်မြေ ၈ မှာ ရာဘာစေးခြစ်သူ မြန်မာအလုပ်သမား နိုင်းအို ခေါ် မိုး (အသက် ၂၈ နှစ်) ဆိုသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ည ၈ နာရီလောက်က သေဆုံးသူ အမျိုးသမီးရဲ့ ဖခင် (သူ့ယောက္ခမ)ထံ သမီးကိုလာခေါ်သွားဖို့နဲ့ သူ့ကိုခွင့်လွှတ်ဖို့ ဖုန်းဆက်ပြောကြားပြီး ဖုန်းချသွားကြောင်း၊ အဲဒီနောက် ယောက္ခမက သမီးဖြစ်သူကို သွားခေါ်ရာ မှာ သူတို့နေအိမ်ရဲ့ အနောက်ဘက် ရာဘာတောထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ကတန်ရဲစခန်း တာဝန်ကျ ရဲအုပ် ဘွန်းလိုတ် ဝမ်ကယောက်က သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် နိုင်းအို ခေါ် မိုး ဟာ ချွန်းဖွန်းခရိုင်ဘက် ထွက်ပြေးတိမ်းရှောင် သွားကြောင်းသိရတဲ့အတွက် ချွန်းဖွန်းရဲတွေရဲ့အကူအညီနဲ့ ယမန်နေ့ ည ၈ နာရီခွဲမှာ သူ့ကို ဖမ်းဆီးရမိခဲ့ပြီး လောလောဆယ် တရန်းခရိုင်ကို ပြန်လည်ခေါ်ဆောင်လာနေဆဲဘဲလို့ ဆိုပါ တယ်။

ဒီမတိုင်ခင် ယမန်နေ့ မနက်ပိုင်းက ရာဘာတောထဲမှာ အမျိုးသမီးအလောင်းတွေ့ရှိကြောင်း သတင်းပေးပို့ချက်ရရှိတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဘန့်ခုတ်ယန်အုပ်စု လမ်းမကြီးရဲ့ အတွင်းပိုင်း ၈၀၀ မီတာ ရာဘာတောထဲမှာ ပက်လက် အနေအထားနဲ့ ခန္ဓာကိုယ်ကို စောင်လွှမ်းထားပြီး ဦးခေါင်းကို ရေပုံးအနက်နဲ့စွပ်ထားတဲ့ အမျိုးသမီးတဦးအလောင်း တွေ့ရကြောင်း၊ အလောင်းကိုစစ်ဆေးရာမှာ ခန္ဓာကိုယ်မှာ အညိုအမည်းဒဏ်ရာနဲ့ လည်ပင်းမှာလည်း အလျားလိုက်ပြတ်ရှဒဏ်ရာကို တွေ့ရတယ်လို့ ကတန်ရဲစခန်းရဲအုပ်က ဆက်ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၃၃ နှစ်ရွယ် ထိုင်းအမျိုးသမီး ဝိလင်းထရားဖိလားဖန်းဖြစ်ပြီး နိုင်းအိုနဲ့ ပေါင်းသင်းနေထိုင်တာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း၊ သမီးကိုလာခေါ်ဖို့ ဖုန်းဆက်စဉ်က အသတ်ခံရတယ်လို့ လုံးဝထင်မထားကြောင်း၊ ရက်စက်စွာ အသတ်ခံထားရတဲ့ သမီးအလောင်းကို တွေ့ရှိမှ အလွန်တရာထိတ်လန့်ဝမ်းနည်းပြီး သမက်ကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးဖို့ ရဲကိုတောင်းဆိုထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ဝိလင်းထရားမှာ ယခင်က ခင်ပွန်းဟောင်းနဲ့ ကွာရှင်းပြီးမှ နိုင်းအိုနဲ့ ပေါင်းသင်းနေထိုင်ကြောင်း၊ သူမမှာ အရင်အိမ်ထောင်နဲ့ ကလေး ၂ ယောက်ရှိပြီး ကလေးတွေ ကလည်း သူတို့ပထွေးဟာ အလွန်သဝန်တိုကာ မိခင်နှင့် မကြာခဏ စကားများရန်ဖြစ်လေ့ ရှိကြောင်း၊ ပြီးခဲ့တဲ့ ၆ ရက်နေ့ကလည်း အကြီးအကျယ် စကားများရန်ဖြစ်ခဲ့လို့ မောင်နှမ နှစ်ယောက် ဖခင်အရင်းထံပြန်ခဲ့တယ်လို့ ရဲကိုပြောပါတယ်။

တာဝန်ရှိသူတွေ သွားခေါ်နေတဲ့ နိုင်းအို ခေါ် မိုးဟာ ကတန်မြို့ကို ပြန်ရောက်လာရင် သူလုပ်ခဲ့တာတွေအားလုံး အစအဆုံး ပြန်လည်သရုပ်ဖော်ခိုင်းမယ်လို့ ရဲက ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top