Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခ်စ္သူ ရဲ႕စကားဟာ ေသာကပြားေစသလို ေသာကကိုလဲ ၿငိမ္းေစပါတယ္။ ေတာင္ၿမိဳ႕ဆရာေတာ္ဘုရားႀကီး အရွင္ဇနကာဘိဝံသကေတာ့ အျခားသူမ်ားေျပာတဲ့ စကားအခြန္းတစ္ရာထက္ ခ်စ္သူေျပာတဲ့ စကားတစ္ခြန္းက ပိုၿပီးထိေရာက္တာမို႔ ခ်စ္သူေတြဟာ ေကာင္းက်ိဳးရွိတဲ့စကားကိုသာ ေျပာၾကားေပးရပါမယ္တဲ့။ ေသာကကိုလဲၿငိမ္းေစခဲ့တဲ့ ေကာင္းက်ိဳးလဲရွိခဲ့တဲ့ ခ်စ္သူေတြအေၾကာင္းကို ေျပာျပခ်င္ပါတယ္။
တစ္ခါတုန္းက အဘိုးႀကီးတစ္ေယာက္ဟာ အိပ္ရာထဲလဲေနပါတယ္။ ေရာဂါေဝဒနာက ျပင္းထန္လြန္းလို႔ ေသခါနီးအခ်ိန္ေရာက္ေနၿပီဆိုပါေတာ့..။အဲဒီအခ်ိန္မွာ သူ႔ဇနီးမယားျဖစ္သူ အဘြားႀကီးက အခုလိုလာေျပာပါတယ္—

၁။ “သူႂကြယ္ သင္သည္ ငဲ့ကြက္ျခင္းရွိလ်က္ မေသပါလင့္၊ ငဲ့ကြက္ျခင္းရွိလ်က္ ေသျခင္းသည္ ဆင္းရဲပါသည္၊ ျမတ္စြာဘုရားကလည္း ငဲ့ကြက္ျခင္းရွိလ်က္ ေသေသာသူကို ကဲ့ရဲ႕ေတာ္မူပါသည္။ `ငါေသရင္ ငါ့ဇနီး နကုလမာတာဟာ သားသမီးေတြကို ေကြၽးေမြးေစာင့္ေရွာက္ႏိုင္မည္မဟုတ္၊ အိမ္ေထာင္မႈကို ထိန္းသိမ္းႏိုင္မည္မဟုတ္´ဟူ၍ မပူပန္ပါလင့္၊ ကြၽန္မသည္ ဗိုင္းငင္ျခင္း၊ သိုးေမြးရွင္းျခင္း စေသာအလုပ္မ်ားကို ကြၽမ္းက်င္ပါသည္။ သားငယ္သမီးငယ္မ်ားကို ေကြၽးေမြးေစာင့္ေရွာက္ႏိုင္သူ၊ အိမ္ေထာင္မႈကို ထိန္းသိမ္းႏိုင္သူျဖစ္ပါသည္´´
(သူေဌးကေတာ္က ဗိုင္းငင္တတ္တယ္ဆိုတာက မေတာ္တဆမြဲသြားခဲ့ရင္ေတာင္ ဒီပညာေတြနဲ႔ သားသမီးေတြကို ၀၀လင္လင္လုပ္ေကြၽးႏိုင္ပါတယ္လို႔ အဆုံးအစြန္ထိေျပာလိုက္ျခင္းျဖစ္ပါတယ္)

၂။ “သူႂကြယ္ သင္သည္ `ငါေသရင္ ငါ့ဇနီးနကုလမာတာသည္ ေနာက္ေယာက်ာၤးထပ္ယူလိမ့္မည္´ဟူ၍ မပူပန္ပါလင့္၊ သင္နဲ႔ကြၽန္မတို႔သည္ လြန္ခဲ့ေသာ (၁၆)ႏွစ္မွစ၍ လူတို႔၏ျဗဟၼစရိယ အက်င့္ျမတ္ကို က်င့္သုံးေနခဲ့ၾကသူမ်ားျဖစ္ပါသည္။´´
(ေန႔စဥ္ရွစ္ပါးသီလကို ေစာင့္ထိန္း၍ ေမထုန္မႈကို လြန္ခဲ့ေသာ၁၆ႏွစ္ကထဲက မျပဳခဲ့ဘူးလို႔ ဆိုလိုရင္းျဖစ္ပါတယ္။ ငါးပါးသီလက မိမိ၏ဇနီးမယား လင္ေယာက်ာၤးႏွင့္ ကာမစပ္ယွက္မႈျပဳလို႔ရေသာ္လည္း ရွစ္ပါးသီလေစာင့္ထိန္းလွ်င္ မည္သူႏွင့္မွ် စပ္ယွက္လို႔မရပါ)

၃။ “သူႂကြယ္ သင္သည္ `ငါေသရင္ ငါ့ဇနီးနကုလမာတာသည္ ျမတ္စြာဘုရားႏွင့္ ရဟန္းသံဃာေတာ္တို႔ကို ဖူးျမင္ျခင္း ျပဳေတာ့မည္မဟုတ္´ဟူ၍ မပူပန္ပါလင့္၊ ကြၽန္မသည္ သင္ေသသြားပါက ျမတ္စြာဘုရားႏွင့္ ရဟန္းသဃာေတာ္တို႔ကို ပို၍ပင္ ဖူးျမင္လိုပါလိမ့္မည္။´´

၄။ “သူႂကြယ္ သင္သည္ `ငါေသရင္ ငါ့ဇနီးနကုလမာတာသည္ သီလျဖည့္က်င့္မႈကို ျပဳေတာ့မည္မဟုတ္´ဟူ၍ မပူပန္ပါလင့္၊ ကြၽန္မသည္ သီလျဖည့္က်င့္မႈ ျပဳေလ့ရွိေသာ ဥပါသိကာမတို႔တြင္ တစ္ဦးအပါအဝင္ျဖစ္ေၾကာင္း ျမတ္စြာဘုရားကိုယ္တိုင္ သိေတာ္မူပါသည္´´

၅။ “သူႂကြယ္သင္သည္ `ငါ့ဇနီး နကုလမာတာသည္ `အတြင္းဓာတ္၌ စိတ္ၿငိမ္းခ်မ္းမႈကို မရေသး´ဟူ၍ မပူပန္ပါလင့္၊ ကြၽန္မသည္ အတြင္းဓာတ္၌ စိတ္ၿငိမ္းခ်မ္းမႈ ရရွိေနသည့္ ဥပါသိကာမတို႔တြင္ တစ္ဦးအပါအဝင္ျဖစ္ပါသည္။ ယုံမွားသံသယရွိေနလွ်င္ ဤအေၾကာင္းကို ျမတ္စြာဘုရားကို ေမးေလွ်ာက္ၾကည့္ႏိုင္ပါသည္´´

၆။ “သူႂကြယ္ သင္သည္ `ငါ့ဇနီးနကုလမာတာသည္ ျမတ္စြာဘုရားသာသနာေတာ္၌ ေထာက္တည္ရာမရရွာေသး´ဟူ၍ မပူပန္ပါလင့္၊ ကြၽန္မသည္ ျမတ္စြာဘုရားသာသနာ၌ ေထာက္တည္အားထားရာ ရၿပီးေသာ ဥပါသိကာမတို႔တြင္ တစ္ဦးအပါအဝင္ျဖစ္ပါသည္။ ဤအေၾကာင္းကိုလည္း ျမတ္စြာဘုရားကို ေမးေလွ်ာက္ၾကည့္ႏိုင္ပါသည္´´လို႔ အားေပးႏွစ္သိမ့္ေပးပါတယ္။

ထူးဆန္းတာတစ္ခုက ေသအံ့ဆဲဆဲလူနာျဖစ္တဲ့ နကုလပိတာဟာ သူ႔ဇနီးနကုလမာတာရဲ႕ ႏွစ္သိမ့္စကားကို ၾကားၿပီးတဲ့ ေနာက္ပိုင္း က်န္းမာေရးျပန္လည္ေကာင္းမြန္လာခဲ့ပါတယ္။ လမ္းေလွ်ာက္ႏိုင္တဲ့ အေနအထားကို ေရာက္ရွိလာတဲ့အခါမွာ ေတာင္ေဝွးေလး ေထာက္ကာေထာက္ကာနဲ႔ ဘုရားဆီသြားၿပီး ဒီအေၾကာင္းေတြကို ျပန္လည္ေလွ်ာက္ၾကားခဲ့ပါတယ္။ သူႂကြယ္ရဲ႕ေလွ်ာက္ထားမႈကို ၾကားရတဲ့ျမတ္စြာဘုရားဟာ……….

“သူႂကြယ္ သင္သည္ နကုလမာတာလို ခ်စ္ခင္ၾကင္နာစြာျဖင့္ အားေပးဆုံးမစကား ေျပာၾကားေပးတတ္တဲ့ ဇနီးမယားကို ရရွိခဲ့ျခင္းမွာ အရေတာ္လွေပ၏´´လို႔ ခ်ီးက်ဴးစကား မိန႔္ၾကားေတာ္မူခဲ့ပါတယ္။

ဟုတ္ပါတယ္..။ ဒီလို ေသအံ့ဆဲဆဲ ခင္ပြန္းသည္ကို အခုလိုတည္တည္ၿငိမ္ၿငိမ္နဲ႔ အားေပးစကားေျပာၾကားေပးတတ္တဲ့ ဇနီးမယားရရွိႏိုင္ဖို႔ဆိုတာ တကယ္ကို ခက္ခဲလြန္းပါတယ္။ အနားမွာ တငိုငိုတရီရီနဲ႔ ဘယ္လို႔မွကို မေကာင္းႏိုင္ပါဘူး။ ေသမယ့္သူလည္း အေသမေျဖာင့္ႏိုင္ ဘဝကူးမေကာင္းႏိုင္ပါဘူး။ ဒီလိုလုပ္တတ္တဲ့မိန္းမက နည္းနည္းေလး ေတာ္ေသးတယ္လို႔ ေျပာမယ္ဆိုရင္ ေျပာလို႔ရပါေသးတယ္။

မေန႔က ဆြမ္းစားသြားေတာ့ ဆြမ္းစားသြားရတဲ့ ေဘးအိမ္ကေန “ေသမွာျဖင့္လည္း ျမန္ျမန္ေသပါေတာ့..ရွင့္ကိုေဆးကုေပးရလို႔ ရွိတာေတြလည္း အကုန္ကုန္ၿပီ၊ ေသမွာကို ေအးေအးမေသဘူး၊ က်န္ခဲ့တဲ့သူေတြကို ဒုကၡျဖစ္ေအာင္ လုပ္ေနေသးတယ္´´တဲ့..။

“သာမာန္လူတစ္ေယာက္ရဲ႕ စကားအခြန္းတစ္ရာထက္ ခ်စ္သူရဲ႕စကားတစ္ခြန္းက ပိုၿပီးတန္းဖိုးရွိပါတယ္..တဲ့။ ဒါေၾကာင့္ ကိုယ္တကယ္ခ်စ္တဲ့သူေတြကို ဘယ္ေတာ့မွ ဒုကၡေရာက္ေအာင္ မေျပာၾကားပါနဲ႔..တဲ့။´´

လူမႈဘဝေတြကို ေန႔စဥ္ျဖတ္သန္းရင္ဆိုင္ေနရတဲ့ လူတစ္ေယာက္အဖို႔ေတာ့ အၿမဲတမ္းကံေကာင္းမေနႏိုင္ပါဘူး။ ဒါေၾကာင့္ ကံဆိုးေနတဲ့ ကိုယ္ခ်စ္သူကို အားေပးစကား ႏွစ္သိမ့္စကားေျပာၾကားေပးတတ္ဖို႔ တကယ္လိုအပ္ပါတယ္။ ခ်စ္သူရဲ႕စကားဟာ အားေဆးတစ္ခြက္ပဲလို႔ လူငယ္ေတြကေျပၾကတယ္မို႔လား..။ ဒီစကားလည္း တကယ္ကိုမွန္ကန္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူကို အားေပးႏွစ္သိမ့္တတ္ၿပီး ေကာင္းရာေကာင္းေၾကာင္းကို ၫႊန္ျပႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီတင္ပဲ အဆုံးသတ္လိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗုဒၶဘာသာ/အေတြးအျမင္
#Unicode Version#
ချစ်သူ ရဲ့စကားဟာ သောကပွားစေသလို သောကကိုလဲ ငြိမ်းစေပါတယ်။ တောင်မြို့ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသကတော့ အခြားသူများပြောတဲ့ စကားအခွန်းတစ်ရာထက် ချစ်သူပြောတဲ့ စကားတစ်ခွန်းက ပိုပြီးထိရောက်တာမို့ ချစ်သူတွေဟာ ကောင်းကျိုးရှိတဲ့စကားကိုသာ ပြောကြားပေးရပါမယ်တဲ့။ သောကကိုလဲငြိမ်းစေခဲ့တဲ့ ကောင်းကျိုးလဲရှိခဲ့တဲ့ ချစ်သူတွေအကြောင်းကို ပြောပြချင်ပါတယ်။
တစ်ခါတုန်းက အဘိုးကြီးတစ်ယောက်ဟာ အိပ်ရာထဲလဲနေပါတယ်။ ရောဂါဝေဒနာက ပြင်းထန်လွန်းလို့ သေခါနီးအချိန်ရောက်နေပြီဆိုပါတော့..။အဲဒီအချိန်မှာ သူ့ဇနီးမယားဖြစ်သူ အဘွားကြီးက အခုလိုလာပြောပါတယ်—

၁။ “သူကြွယ် သင်သည် ငဲ့ကွက်ခြင်းရှိလျက် မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိလျက် သေခြင်းသည် ဆင်းရဲပါသည်၊ မြတ်စွာဘုရားကလည်း ငဲ့ကွက်ခြင်းရှိလျက် သေသောသူကို ကဲ့ရဲ့တော်မူပါသည်။ `ငါသေရင် ငါ့ဇနီး နကုလမာတာဟာ သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်နိုင်မည်မဟုတ်၊ အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် ဗိုင်းငင်ခြင်း၊ သိုးမွေးရှင်းခြင်း စသောအလုပ်များကို ကျွမ်းကျင်ပါသည်။ သားငယ်သမီးငယ်များကို ကျွေးမွေးစောင့်ရှောက်နိုင်သူ၊ အိမ်ထောင်မှုကို ထိန်းသိမ်းနိုင်သူဖြစ်ပါသည်´´
(သူဌေးကတော်က ဗိုင်းငင်တတ်တယ်ဆိုတာက မတော်တဆမွဲသွားခဲ့ရင်တောင် ဒီပညာတွေနဲ့ သားသမီးတွေကို ၀၀လင်လင်လုပ်ကျွေးနိုင်ပါတယ်လို့ အဆုံးအစွန်ထိပြောလိုက်ခြင်းဖြစ်ပါတယ်)

၂။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် နောက်ယောကျာၤးထပ်ယူလိမ့်မည်´ဟူ၍ မပူပန်ပါလင့်၊ သင်နဲ့ကျွန်မတို့သည် လွန်ခဲ့သော (၁၆)နှစ်မှစ၍ လူတို့၏ဗြဟ္မစရိယ အကျင့်မြတ်ကို ကျင့်သုံးနေခဲ့ကြသူများဖြစ်ပါသည်။´´
(နေ့စဉ်ရှစ်ပါးသီလကို စောင့်ထိန်း၍ မေထုန်မှုကို လွန်ခဲ့သော၁၆နှစ်ကထဲက မပြုခဲ့ဘူးလို့ ဆိုလိုရင်းဖြစ်ပါတယ်။ ငါးပါးသီလက မိမိ၏ဇနီးမယား လင်ယောကျာၤးနှင့် ကာမစပ်ယှက်မှုပြုလို့ရသော်လည်း ရှစ်ပါးသီလစောင့်ထိန်းလျှင် မည်သူနှင့်မျှ စပ်ယှက်လို့မရပါ)

၃။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားနှင့် ရဟန်းသံဃာတော်တို့ကို ဖူးမြင်ခြင်း ပြုတော့မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သင်သေသွားပါက မြတ်စွာဘုရားနှင့် ရဟန်းသဃာတော်တို့ကို ပို၍ပင် ဖူးမြင်လိုပါလိမ့်မည်။´´

၄။ “သူကြွယ် သင်သည် `ငါသေရင် ငါ့ဇနီးနကုလမာတာသည် သီလဖြည့်ကျင့်မှုကို ပြုတော့မည်မဟုတ်´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် သီလဖြည့်ကျင့်မှု ပြုလေ့ရှိသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း မြတ်စွာဘုရားကိုယ်တိုင် သိတော်မူပါသည်´´

၅။ “သူကြွယ်သင်သည် `ငါ့ဇနီး နကုလမာတာသည် `အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှုကို မရသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် အတွင်းဓာတ်၌ စိတ်ငြိမ်းချမ်းမှု ရရှိနေသည့် ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ယုံမှားသံသယရှိနေလျှင် ဤအကြောင်းကို မြတ်စွာဘုရားကို မေးလျှောက်ကြည့်နိုင်ပါသည်´´

၆။ “သူကြွယ် သင်သည် `ငါ့ဇနီးနကုလမာတာသည် မြတ်စွာဘုရားသာသနာတော်၌ ထောက်တည်ရာမရရှာသေး´ဟူ၍ မပူပန်ပါလင့်၊ ကျွန်မသည် မြတ်စွာဘုရားသာသနာ၌ ထောက်တည်အားထားရာ ရပြီးသော ဥပါသိကာမတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ဤအကြောင်းကိုလည်း မြတ်စွာဘုရားကို မေးလျှောက်ကြည့်နိုင်ပါသည်´´လို့ အားပေးနှစ်သိမ့်ပေးပါတယ်။

ထူးဆန်းတာတစ်ခုက သေအံ့ဆဲဆဲလူနာဖြစ်တဲ့ နကုလပိတာဟာ သူ့ဇနီးနကုလမာတာရဲ့ နှစ်သိမ့်စကားကို ကြားပြီးတဲ့ နောက်ပိုင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ လမ်းလျှောက်နိုင်တဲ့ အနေအထားကို ရောက်ရှိလာတဲ့အခါမှာ တောင်ဝှေးလေး ထောက်ကာထောက်ကာနဲ့ ဘုရားဆီသွားပြီး ဒီအကြောင်းတွေကို ပြန်လည်လျှောက်ကြားခဲ့ပါတယ်။ သူကြွယ်ရဲ့လျှောက်ထားမှုကို ကြားရတဲ့မြတ်စွာဘုရားဟာ……….

“သူကြွယ် သင်သည် နကုလမာတာလို ချစ်ခင်ကြင်နာစွာဖြင့် အားပေးဆုံးမစကား ပြောကြားပေးတတ်တဲ့ ဇနီးမယားကို ရရှိခဲ့ခြင်းမှာ အရတော်လှပေ၏´´လို့ ချီးကျူးစကား မိန့်ကြားတော်မူခဲ့ပါတယ်။

ဟုတ်ပါတယ်..။ ဒီလို သေအံ့ဆဲဆဲ ခင်ပွန်းသည်ကို အခုလိုတည်တည်ငြိမ်ငြိမ်နဲ့ အားပေးစကားပြောကြားပေးတတ်တဲ့ ဇနီးမယားရရှိနိုင်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ အနားမှာ တငိုငိုတရီရီနဲ့ ဘယ်လို့မှကို မကောင်းနိုင်ပါဘူး။ သေမယ့်သူလည်း အသေမဖြောင့်နိုင် ဘဝကူးမကောင်းနိုင်ပါဘူး။ ဒီလိုလုပ်တတ်တဲ့မိန်းမက နည်းနည်းလေး တော်သေးတယ်လို့ ပြောမယ်ဆိုရင် ပြောလို့ရပါသေးတယ်။

မနေ့က ဆွမ်းစားသွားတော့ ဆွမ်းစားသွားရတဲ့ ဘေးအိမ်ကနေ “သေမှာဖြင့်လည်း မြန်မြန်သေပါတော့..ရှင့်ကိုဆေးကုပေးရလို့ ရှိတာတွေလည်း အကုန်ကုန်ပြီ၊ သေမှာကို အေးအေးမသေဘူး၊ ကျန်ခဲ့တဲ့သူတွေကို ဒုက္ခဖြစ်အောင် လုပ်နေသေးတယ်´´တဲ့..။

“သာမာန်လူတစ်ယောက်ရဲ့ စကားအခွန်းတစ်ရာထက် ချစ်သူရဲ့စကားတစ်ခွန်းက ပိုပြီးတန်းဖိုးရှိပါတယ်..တဲ့။ ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့သူတွေကို ဘယ်တော့မှ ဒုက္ခရောက်အောင် မပြောကြားပါနဲ့..တဲ့။´´

လူမှုဘဝတွေကို နေ့စဉ်ဖြတ်သန်းရင်ဆိုင်နေရတဲ့ လူတစ်ယောက်အဖို့တော့ အမြဲတမ်းကံကောင်းမနေနိုင်ပါဘူး။ ဒါကြောင့် ကံဆိုးနေတဲ့ ကိုယ်ချစ်သူကို အားပေးစကား နှစ်သိမ့်စကားပြောကြားပေးတတ်ဖို့ တကယ်လိုအပ်ပါတယ်။ ချစ်သူရဲ့စကားဟာ အားဆေးတစ်ခွက်ပဲလို့ လူငယ်တွေကပြေကြတယ်မို့လား..။ ဒီစကားလည်း တကယ်ကိုမှန်ကန်ပါတယ်။ ဒါကြောင့် ချစ်သူကို အားပေးနှစ်သိမ့်တတ်ပြီး ကောင်းရာကောင်းကြောင်းကို ညွှန်ပြနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီတင်ပဲ အဆုံးသတ်လိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗုဒ္ဓဘာသာ/အတွေးအမြင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top