ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပုသိမ္ၿမိဳ႕အမွတ္(၃)ရပ္ ကြက္ သိမ္ေတာ္ႀကီးလမ္းတြင္ အေဆာက္အအုံသစ္ ေဆာက္ လုပ္ရန္ အေဆာက္အအုံေဟာင္း ကုိ ၿဖိဳဖ်က္ရာ လူတစ္ဦးေသဆုံး ခဲ့သျဖင့္ တာ၀န္ယူမႈမရွိေသာ အင္ဂ်င္နီယာႏွင့္ကန္ထ႐ိုက္ကုိ ပုသိမ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕က အေရးယူမည္ဟု အ ဆုိပါအဖြဲ႕ လက္ေထာက္အင္ဂ်င္နီယာဦးေဖ၀င္းသူက ေျပာသည္။

အဆုိပါအေဆာက္အအုံကုိ ယခုႏွစ္ စက္တင္ဘာ ၂၅ ရက္က ပုသိမ္ၿမိဳ႕နယ္ စည္ပင္သာယာ ေရးအဖြဲ႕က အေဆာက္အအုံအ သစ္ေဆာက္လုပ္ရန္ ခြင့္ျပဳမိန္႔ ေပးေသာ္လည္း အေဆာက္အအုံေဟာင္း ၿဖိဳဖ်က္ျခင္းကုိ ေဆာက္လုပ္မည့္သူက တင္ျပျခင္းမရွိေသး၍ ၿဖိဳဖ်က္ခြင့္ေပးမထားဘဲ ႏုိ၀င္ဘာ ၁၄ ရက္ကၿဖိဳခ်စဥ္ လူတစ္ဦးေသဆုံးခဲ့ေၾကာင္း ဦးေဖ၀င္းသူက ေျပာသည္။

ႏုိ၀င္ဘာ ၁၄ ရက္နံနက္ ၁၀ နာရီေက်ာ္တြင္ အသက္(၃၅)ႏွစ္ အရြယ္ဦးသန္႔ေဇာ္ႏွင့္ (၃၂)ႏွစ္ အရြယ္ဦးေအာင္ေလးတို႔သည္ အဆုိပါအေဆာက္အအုံကုိ ၿဖိဳ ဖ်က္ေနစဥ္ လမ္းသြားလမ္းလာ မ်ားထိခုိက္မႈမရွိရန္ အသက္ (၂၃)ႏွစ္အရြယ္ကုိေက်ာ္ေက်ာ္ဆုိ သူကုိ ေစာင့္ၾကည့္ေစခဲ့သည္။ အုတ္နံရံၿပိဳက်ခါနီးတြင္ ကုိေက်ာ္ ေက်ာ္ေျပး၀င္လာရာ ၿပိဳက်သည့္ အုတ္နံရံအစြန္းႏွင့္ထိ၍ ဦးေခါင္း ႏွင့္ ခႏၶာကုိယ္အႏွံ႔ဒဏ္ရာမ်ားရခဲ့ ၿပီး ပုသိမ္ေဆး႐ုံသုိ႔ တင္ပုိ႔ရာ ေဆး႐ုံ၌ေသဆုံးခဲ့ေၾကာင္း ဦးသန္႔ ေဇာ္ႏွင့္ ဦးေအာင္ေလးတို႔က ရဲ စခန္းတြင္ ထြက္ဆုိသည္။

‘‘ေဆာက္လုပ္ခြင့္ေပးက တည္းက သတ္မွတ္တဲ့စည္းကမ္း ေတြတစ္ပါတည္း ထည့္ေပးလိုက္ တယ္။ အေဆာက္အအုံၿဖိဳေနတာ လူစည္ကားတဲ့ လမ္းမေဘးျဖစ္ ေနေတာ့ အကာအရံေတြေသေသ ခ်ာခ်ာလုပ္ဖုိ႔မွာခဲ့တယ္။ ႏုိ၀င္ဘာ ၁၃ ရက္က တစ္ႀကိမ္၊ ႏုိ၀င္ဘာ ၁၄ရက္မွာတစ္ႀကိမ္ တာ၀န္ယူ ေဆာက္တဲ့ကန္ထ႐ုိက္ကုိ ကြၽန္ ေတာ္ကုိယ္တိုင္ဖုန္းနဲ႔လွမ္းေျပာ ၿပီး သတိေပးခဲ့တယ္’’ ဟု ပုသိမ္ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ မွ ဦးေဖ၀င္းသူက ေျပာသည္။

အဆုိပါအေဆာက္အအုံ တြင္ လူမ်ားအႏၲရာယ္ကင္းရန္ ထားရမည့္ အကာအရံမ်ား မထားသည့္အျပင္ ခြင့္ျပဳခ်က္မရွိ ဘဲ အေဆာက္အအုံေဟာင္းကုိ ၿဖိဳဖ်က္စဥ္ လူေသဆုံးမႈေၾကာင့္ တာ၀န္ယူမႈအားနည္းသည့္ လုိင္ စင္ရအင္ဂ်င္နီယာႏွင့္ ကန္ထ ႐ုိက္ကုိ စည္ပင္သာယာေရးအဖြဲ႕မ်ား  ဥပေဒအရအေရးယူရန္စီစဥ္ထားေၾကာင္း ပုသိမ္စည္ပင္သာယာေရးအဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ထုိ႔ျပင္ အဆုိပါအုတ္နံရံၿဖိဳ ဖ်က္သူႏွစ္ဦးကုိလည္း (ေပါ့ဆမႈ ေၾကာင့့္ လူေသေစမႈ)ပုဒ္မ ၃၀၄ (က)ျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္း ပုသိမ္ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးမ်ိဳးသူက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပုသိမ်မြို့အမှတ်(၃)ရပ် ကွက် သိမ်တော်ကြီးလမ်းတွင် အဆောက်အအုံသစ် ဆောက် လုပ်ရန် အဆောက်အအုံဟောင်း ကို ဖြိုဖျက်ရာ လူတစ်ဦးသေဆုံး ခဲ့သဖြင့် တာဝန်ယူမှုမရှိသော အင်ဂျင်နီယာနှင့်ကန်ထရိုက်ကို ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က အရေးယူမည်ဟု အ ဆိုပါအဖွဲ့ လက်ထောက်အင်ဂျင်နီယာဦးဖေဝင်းသူက ပြောသည်။

အဆိုပါအဆောက်အအုံကို ယခုနှစ် စက်တင်ဘာ ၂၅ ရက်က ပုသိမ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့က အဆောက်အအုံအ သစ်ဆောက်လုပ်ရန် ခွင့်ပြုမိန့် ပေးသော်လည်း အဆောက်အအုံဟောင်း ဖြိုဖျက်ခြင်းကို ဆောက်လုပ်မည့်သူက တင်ပြခြင်းမရှိသေး၍ ဖြိုဖျက်ခွင့်ပေးမထားဘဲ နိုဝင်ဘာ ၁၄ ရက်ကဖြိုချစဉ် လူတစ်ဦးသေဆုံးခဲ့ကြောင်း ဦးဖေဝင်းသူက ပြောသည်။

နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီကျော်တွင် အသက်(၃၅)နှစ် အရွယ်ဦးသန့်ဇော်နှင့် (၃၂)နှစ် အရွယ်ဦးအောင်လေးတို့သည် အဆိုပါအဆောက်အအုံကို ဖြို ဖျက်နေစဉ် လမ်းသွားလမ်းလာ များထိခိုက်မှုမရှိရန် အသက် (၂၃)နှစ်အရွယ်ကိုကျော်ကျော်ဆို သူကို စောင့်ကြည့်စေခဲ့သည်။ အုတ်နံရံပြိုကျခါနီးတွင် ကိုကျော် ကျော်ပြေးဝင်လာရာ ပြိုကျသည့် အုတ်နံရံအစွန်းနှင့်ထိ၍ ဦးခေါင်း နှင့် ခန္ဓာကိုယ်အနှံ့ဒဏ်ရာများရခဲ့ ပြီး ပုသိမ်ဆေးရုံသို့ တင်ပို့ရာ ဆေးရုံ၌သေဆုံးခဲ့ကြောင်း ဦးသန့် ဇော်နှင့် ဦးအောင်လေးတို့က ရဲ စခန်းတွင် ထွက်ဆိုသည်။

‘‘ဆောက်လုပ်ခွင့်ပေးက တည်းက သတ်မှတ်တဲ့စည်းကမ်း တွေတစ်ပါတည်း ထည့်ပေးလိုက် တယ်။ အဆောက်အအုံဖြိုနေတာ လူစည်ကားတဲ့ လမ်းမဘေးဖြစ် နေတော့ အကာအရံတွေသေသေ ချာချာလုပ်ဖို့မှာခဲ့တယ်။ နိုဝင်ဘာ ၁၃ ရက်က တစ်ကြိမ်၊ နိုဝင်ဘာ ၁၄ရက်မှာတစ်ကြိမ် တာဝန်ယူ ဆောက်တဲ့ကန်ထရိုက်ကို ကျွန် တော်ကိုယ်တိုင်ဖုန်းနဲ့လှမ်းပြော ပြီး သတိပေးခဲ့တယ်’’ ဟု ပုသိမ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဦးဖေဝင်းသူက ပြောသည်။

အဆိုပါအဆောက်အအုံ တွင် လူများအန္တရာယ်ကင်းရန် ထားရမည့် အကာအရံများ မထားသည့်အပြင် ခွင့်ပြုချက်မရှိ ဘဲ အဆောက်အအုံဟောင်းကို ဖြိုဖျက်စဉ် လူသေဆုံးမှုကြောင့် တာဝန်ယူမှုအားနည်းသည့် လိုင် စင်ရအင်ဂျင်နီယာနှင့် ကန်ထ ရိုက်ကို စည်ပင်သာယာရေးအဖွဲ့များ  ဥပဒေအရအရေးယူရန်စီစဉ်ထားကြောင်း ပုသိမ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အဆိုပါအုတ်နံရံဖြို ဖျက်သူနှစ်ဦးကိုလည်း (ပေါ့ဆမှု ကြောင့့် လူသေစေမှု)ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ပုသိမ်မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသူက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top