ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကုိင္းတုိင္းေဒသၾကီး ျမင္းမူၿမိဳ႕မွာ ကေလးေပ်ာက္တယ္ဆိုၿပီး တိုင္ၾကားတဲ့ မိခင္ကုိယ္တိုင္က သူကိုယ္တိုင္ကေလးကို ေဖ်ာက္ဖ်က္ခဲ့တဲ့ အမႈ ျဖစ္ပြားခဲ့ပါတယ္။ ျမင္းမူၿမိဳ႕နယ္ ျမစ္ေပါက္ေက်းရြာမွာေနတဲ့ အသက္(၁၈)ႏွစ္အရြယ္ မိခင္တစ္ဦးဟာ ေအာက္တိုဘာလ(၃၁)ရက္က သူ႔ရဲ႕ရက္သားအရြယ္ကေလးေပ်ာက္တယ္ဆိုၿပီး ရဲစခန္းမွာ တိုင္ၾကားခဲ့ပါတယ္။

 ရဲစခန္းက မိခင္ျဖစ္သူကို စစ္ေဆးေမးျမန္းရာမွာေတာ့ ကုိယ္တုိင္ေဖ်ာက္ဖ်က္ ခဲ့တယ္ဆိုတဲ့ သဲလြန္စကို ေတြ႔ခဲ့ျဖစ္ ထက္မံ စစ္ေဆးရာမွာ ကေလးငယ္ရဲ႕အေလာင္းကို ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္ ။

 ေအာက္တိုဘာလ(၃၁)ရက္ ည(၇)နာရီခန္႔က ေနအိမ္ေဘး ၀ါးၾကမ္းခင္းကြပ္ပ်စ္ေပၚမွာ သိပ္ထားတဲ့ (၂၈)ရက္အရြယ္ သားကိုေပြ႕ေခၚကာ ေနအိမ္အေနာက္ဘက္က ေရကန္ထဲကို ပစ္ခ်ခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္ခဲ့တာပါ။

 ကေလးငယ္ရဲ႕ အေလာင္းကိုေတာ့ ႏို၀င္ဘာလ(၃)ရက္က ဆယ္ယူေတြ႕ရွိခဲ့ပါတယ္။ ဒီလိုလုပ္ေဆာင္တာနဲ႔ ပတ္သက္ၿပီး စစ္ေဆးေနတယ္လို႔ သိရပါတယ္။

 ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လူေပ်ာက္တိုင္ထားတဲ့ တရားလို ကို တရားခံအျဖစ္ ျပန္ဖမ္းၿပီး လူသတ္မႈပုဒ္မ (၃၀၂)နဲ႔ ျမင္းမူၿမိဳ႕မရဲစခန္းက အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့မှာ ကလေးပျောက်တယ်ဆိုပြီး တိုင်ကြားတဲ့ မိခင်ကိုယ်တိုင်က သူကိုယ်တိုင်ကလေးကို ဖျောက်ဖျက်ခဲ့တဲ့ အမှု ဖြစ်ပွားခဲ့ပါတယ်။ မြင်းမူမြို့နယ် မြစ်ပေါက်ကျေးရွာမှာနေတဲ့ အသက်(၁၈)နှစ်အရွယ် မိခင်တစ်ဦးဟာ အောက်တိုဘာလ(၃၁)ရက်က သူ့ရဲ့ရက်သားအရွယ်ကလေးပျောက်တယ်ဆိုပြီး ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။

 ရဲစခန်းက မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းရာမှာတော့ ကိုယ်တိုင်ဖျောက်ဖျက် ခဲ့တယ်ဆိုတဲ့ သဲလွန်စကို တွေ့ခဲ့ဖြစ် ထက်မံ စစ်ဆေးရာမှာ ကလေးငယ်ရဲ့အလောင်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ် ။

 အောက်တိုဘာလ(၃၁)ရက် ည(၇)နာရီခန့်က နေအိမ်ဘေး ဝါးကြမ်းခင်းကွပ်ပျစ်ပေါ်မှာ သိပ်ထားတဲ့ (၂၈)ရက်အရွယ် သားကိုပွေ့ခေါ်ကာ နေအိမ်အနောက်ဘက်က ရေကန်ထဲကို ပစ်ချခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

 ကလေးငယ်ရဲ့ အလောင်းကိုတော့ နိုဝင်ဘာလ(၃)ရက်က ဆယ်ယူတွေ့ရှိခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တာနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

 ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူပျောက်တိုင်ထားတဲ့ တရားလို ကို တရားခံအဖြစ် ပြန်ဖမ်းပြီး လူသတ်မှုပုဒ်မ (၃၀၂)နဲ့ မြင်းမူမြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top