Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင္ခ်စ္ခင္ေသာသူအေျပးကစားျခင္းေၾကာင့္ျဖစ္လာနုိင္တဲ့ အႏၱရာယ္ကို ကာကြယ္ဖို႔ သင္ဘယ္လိုကူညီႏုိင္မလဲလူအမ်ားသည္ က်န္းမာေရးအတြက္ အက်ဳိးမ်ားေသာ အေျပးေလ့က်င့္ခန္းကိုေရြးခ်ယ္ၾကေသာ္လည္း အေျပးသမားမ်ားရင္ဆိုင္ရမည့္ အႏၱရာယ္ကို သတိထားမိသူ နည္းပါသည္။ မည္သည့္အရာတြင္မဆို ေကာင္းက်ဳိး၊ ဆိုးက်ဳိးရိွတတ္ၾကသည္။ ထုိ႔ေၾကာင့္ သင့္ခ်စ္သူသည္ အေျပးကစားနည္းကိုႏွစ္သက္သူဆိုလွ်င္ ေအာက္တြင္ေဖာ္ျပထားသည္ကို ၾကည့္ရႈေပးပါ။

ေျပးျခင္းသည္ testosterone ေဟာ္မုန္းအပါအ၀င္ တခ်ဳိ႕ေသာေဟာ္မုန္းမ်ားကို ေလ်ာ႔နည္းေစသည္။ testosterone သည္ အမ်ဳိးသားက်န္းမာေရးကိစၥတြင္ ႀကီးမားေသာအက်ဳိးသက္ေရာက္မႈရိွသည္။ testosterone ပမာဏေလ်ာ့နည္းျခင္းသည္ ၾကြက္သားျပန္လည္သန္စြမ္းျခင္းႏွင့္ ခႏၶာကိုယ္ရိွ စြမ္းအင္ပမာဏကို ေလ်ာ႔နည္းေႏွးေကြးေစသည္။ ေျပးျခင္းျဖင့္ ေဟာ္မုန္းပမာဏမမွ်မတျဖစ္ၿပီးကိုယ္အဂၤါအစိတ္အပိုင္းမ်ားကိုထိခိုက္ႏိုင္ပါသည္။ အပတ္စဥ္ အနည္းငယ္ေျပးျခင္းသည္ က်န္းမာေရးကိုအေထာက္အကူျပဳႏိုင္ၿပီး၎ထက္ပို ၍ေျပးျခင္းသည္ ေဘးထြက္ဆိုးက်ဳိးမ်ား ျဖစ္ႏိုင္ပါသည္။ လူတစ္ေယာက္ႏွင့္တစ္ေယာက္ မတူႏိုင္ေသာေၾကာင့္ မည္မွ်ပမာဏေျပးျခင္းသည္ လူတစ္ေယာက္အတြက္မ်ားသည္ကုိ မခန္႔မွန္းႏိုင္ပါဘူး။ ထို႔ေၾကာင့္ သင့္ခ်စ္သူသည္ မိမိလုပ္ႏိုင္ေသာ အတိုင္းအတာကို သိရိွရန္ႏွင့္ မိမိကုိယ္ကို တြန္းအားမေပးရန္ အေရးႀကီးသည္။ မွန္ကန္ေသာအစားအေသာက္ပံုစံႏွင့္ ျဖည့္စြက္စာမ်ားသည္ ခႏၶာကိုယ္အေလးခ်ိန္ မွ်တေအာင္ ကူညီပါလိမ့္မည္။

ထိုင္၀မ္ Mingdaoတကၠသိုလ္မွ Dr.ZenP.Lin ၏ ေလ့လာခ်က္မ်ားအရ ေျပးျခင္းသည္ ခုခံအားစနစ္ကိုေလ်ာ႔နည္းေစတယ္လို႔ ဆိုထားပါသည္။ တာတိုေျပးျခင္းသည္ ခုခံအားစနစ္ကို ျမွင့္တင္ေပးၿပီး တာေ၀းေျပးျခင္းသည္ ခုခံအားစနစ္၏ လုပ္ေဆာင္ခ်က္မ်ားကို ေႏွာင့္ယွက္ပါသည္။ ေလ့လာခ်က္မ်ားအရတစ္ပတ္တြင္ (၃)နာရီထက္ပို၍ေျပးေသာလူူမ်ားသည္ ကူးစက္ေရာဂါရရန္ အခြင့္အလမ္းပုိမ်ားသည္ဟု ဆိုထားပါသည္။ အေျပးအားကစားသမားမ်ားသည္ သူတို႔ ႏွင့္သင့္ေလ်ာ္ေသာ အားကစားပံုစံႏွင့္ အစားအေသာက္မ်ားရိွျခင္းေၾကာင့္ အားကစားသမားမ်ားသည္ ကူးစက္ေရာဂါ မရႏိုင္ပါဘူး။

ထို႔အျပင္ ပံုစံမမွန္ေသာ အေျပးေလ့က်င့္နည္းသည္ အႏၱရာယ္ရိွေစႏိုင္ၿပီး တစ္ႀကိမ္ ႏွစ္ႀကိမ္ေျပးရံုႏွင့္ မသိႏိုင္ပါ ဘူး။ ပံုစံမမွန္ေသာေျပးျခင္းသည္ ေသြးေၾကာႏွင့္ အရိုးအဆစ္မ်ားကို ဖိအားမ်ားသက္ေရာက္ေစၿပီး ဒဏ္ရာအျပင္းအထန္ရေစႏိုင္ပါသည္။ အေျပးသမားအမ်ားစုသည္ ဒူးဆစ္ရိုးရိွ အရိုးႏုကိုထိခိုက္ေသာေၾကာင့္ ဒူးနာျခင္းကိုခံစားရပါသည္။ ေကာင္းမြန္စြာမကုသလွ်င္ အရိုးႏုကိုပ်က္စီးေစၿပီးအဆစ္ အားနည္းျခင္းကို ျဖစ္ေစပါသည္။ နာတာရွည္နာက်င္ျခင္း၊ ပ်က္စီးျခင္းမ်ားလည္း ျဖစ္ေစႏိုင္ပါသည္။ သင့္ခ်စ္သူသည္ နာက်င္မႈကိုခံစားေနရလွ်င္ ဆရာ၀န္ႏွင့္ အျမန္ဆံုးျပသရန္ လိုအပ္ပါသည္။

အေျပးကစားျခင္းသည္ နည္းမွန္လမ္းမွန္အသံုးခ်လ်ွင္ အႏၱရာယ္မရိွသလို က်န္းမာေရးႏွင့္ ညီညြတ္ေသာ ကစားနည္းျဖစ္ပါသည္။ အေရးႀကီးေသာအခ်က္မွာ မိမိ၏က်န္းမာေရးကို မထိခိုက္ေစဘဲသင့္ေလ်ာ္ ေသာပမာဏေျပးရန္ႏွင့္ မိမိကုိယ္ကိုယ္တြန္းအားမေပးရန္ လိုအပ္သည္။ ေကာင္းမြန္ေသာ က်န္းမာေရးရလဒ္ရရန္အတြက္ မည္မွ်ပမာဏေျပးရမည္ကိုသိရိွႏိုင္ေသာပံုေသနည္းမရိွေသးပါဘူး။ ထို႔ေၾကာင့္ သင့္ခ်စ္သူကိုအေျပးကစားနည္းႏွင့္ပတ္သက္ေသာ ဆုိးက်ဳိးမ်ားကို ေသခ်ာသိရွိေအာင္ ျပဳလုပ္သင့္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
လူအများသည် ကျန်းမာရေးအတွက် အကျိုးများသော အပြေးလေ့ကျင့်ခန်းကိုရွေးချယ်ကြသော်လည်း အပြေးသမားများရင်ဆိုင်ရမည့် အန္တရာယ်ကို သတိထားမိသူ နည်းပါသည်။ မည်သည့်အရာတွင်မဆို ကောင်းကျိုး၊ ဆိုးကျိုးရှိတတ်ကြသည်။ ထို့ကြောင့် သင့်ချစ်သူသည် အပြေးကစားနည်းကိုနှစ်သက်သူဆိုလျှင် အောက်တွင်ဖော်ပြထားသည်ကို ကြည့်ရှုပေးပါ။

ပြေးခြင်းသည် testosterone ဟော်မုန်းအပါအဝင် တချို့သောဟော်မုန်းများကို လျော့နည်းစေသည်။ testosterone သည် အမျိုးသားကျန်းမာရေးကိစ္စတွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ testosterone ပမာဏလျော့နည်းခြင်းသည် ကြွက်သားပြန်လည်သန်စွမ်းခြင်းနှင့် ခန္ဓာကိုယ်ရှိ စွမ်းအင်ပမာဏကို လျော့နည်းနှေးကွေးစေသည်။ ပြေးခြင်းဖြင့် ဟော်မုန်းပမာဏမမျှမတဖြစ်ပြီးကိုယ်အင်္ဂါအစိတ်အပိုင်းများကိုထိခိုက်နိုင်ပါသည်။ အပတ်စဉ် အနည်းငယ်ပြေးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ပြီး၎င်းထက်ပို ၍ပြေးခြင်းသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။ လူတစ်ယောက်နှင့်တစ်ယောက် မတူနိုင်သောကြောင့် မည်မျှပမာဏပြေးခြင်းသည် လူတစ်ယောက်အတွက်များသည်ကို မခန့်မှန်းနိုင်ပါဘူး။ ထို့ကြောင့် သင့်ချစ်သူသည် မိမိလုပ်နိုင်သော အတိုင်းအတာကို သိရှိရန်နှင့် မိမိကိုယ်ကို တွန်းအားမပေးရန် အရေးကြီးသည်။ မှန်ကန်သောအစားအသောက်ပုံစံနှင့် ဖြည့်စွက်စာများသည် ခန္ဓာကိုယ်အလေးချိန် မျှတအောင် ကူညီပါလိမ့်မည်။

ထိုင်ဝမ် Mingdaoတက္ကသိုလ်မှ Dr.ZenP.Lin ၏ လေ့လာချက်များအရ ပြေးခြင်းသည် ခုခံအားစနစ်ကိုလျော့နည်းစေတယ်လို့ ဆိုထားပါသည်။ တာတိုပြေးခြင်းသည် ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး တာဝေးပြေးခြင်းသည် ခုခံအားစနစ်၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ပါသည်။ လေ့လာချက်များအရတစ်ပတ်တွင် (၃)နာရီထက်ပို၍ပြေးသောလူူများသည် ကူးစက်ရောဂါရရန် အခွင့်အလမ်းပိုများသည်ဟု ဆိုထားပါသည်။ အပြေးအားကစားသမားများသည် သူတို့ နှင့်သင့်လျော်သော အားကစားပုံစံနှင့် အစားအသောက်များရှိခြင်းကြောင့် အားကစားသမားများသည် ကူးစက်ရောဂါ မရနိုင်ပါဘူး။

ထို့အပြင် ပုံစံမမှန်သော အပြေးလေ့ကျင့်နည်းသည် အန္တရာယ်ရှိစေနိုင်ပြီး တစ်ကြိမ် နှစ်ကြိမ်ပြေးရုံနှင့် မသိနိုင်ပါ ဘူး။ ပုံစံမမှန်သောပြေးခြင်းသည် သွေးကြောနှင့် အရိုးအဆစ်များကို ဖိအားများသက်ရောက်စေပြီး ဒဏ်ရာအပြင်းအထန်ရစေနိုင်ပါသည်။ အပြေးသမားအများစုသည် ဒူးဆစ်ရိုးရှိ အရိုးနုကိုထိခိုက်သောကြောင့် ဒူးနာခြင်းကိုခံစားရပါသည်။ ကောင်းမွန်စွာမကုသလျှင် အရိုးနုကိုပျက်စီးစေပြီးအဆစ် အားနည်းခြင်းကို ဖြစ်စေပါသည်။ နာတာရှည်နာကျင်ခြင်း၊ ပျက်စီးခြင်းများလည်း ဖြစ်စေနိုင်ပါသည်။ သင့်ချစ်သူသည် နာကျင်မှုကိုခံစားနေရလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။

အပြေးကစားခြင်းသည် နည်းမှန်လမ်းမှန်အသုံးချလျှင် အန္တရာယ်မရှိသလို ကျန်းမာရေးနှင့် ညီညွတ်သော ကစားနည်းဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ မိမိ၏ကျန်းမာရေးကို မထိခိုက်စေဘဲသင့်လျော် သောပမာဏပြေးရန်နှင့် မိမိကိုယ်ကိုယ်တွန်းအားမပေးရန် လိုအပ်သည်။ ကောင်းမွန်သော ကျန်းမာရေးရလဒ်ရရန်အတွက် မည်မျှပမာဏပြေးရမည်ကိုသိရှိနိုင်သောပုံသေနည်းမရှိသေးပါဘူး။ ထို့ကြောင့် သင့်ချစ်သူကိုအပြေးကစားနည်းနှင့်ပတ်သက်သော ဆိုးကျိုးများကို သေချာသိရှိအောင် ပြုလုပ်သင့်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top