ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ယာဥ္တိုက္မႈျဖစ္ပြားၿပီး ထြက္ေျပးသည့္ကားက ဆိုင္ ကယ္ငါးစီးကို ထပ္မံတိုက္မိ သျဖင့္ (၄)ႏွစ္သားကေလးတစ္ဦး အပါအဝင္ လူ ၁၁ ဦးဒဏ္ရာရရွိ သည့္ျဖစ္စဥ္ ေကာ့ေသာင္းၿမိဳ႕ တြင္ ျဖစ္ပြားခဲ့သည္။

ေကာ့ေသာင္းၿမိဳ႕ သီရိၿမိဳင္ ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းေပၚရွိ ဇြဲေရာင္ရွိန္စတုိးဆိုင္ေရွ႕တြင္ ႏိုဝင္ဘာ ၁၈ ရက္ ည ၁၀ နာရီခန္႔ က ျဖစ္ပြားခဲ့ေၾကာင္း ေကာ့ ေသာင္း ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိ တစ္ဦးက ေျပာသည္။

HILUX  VIGO ခဲေရာင္ယာဥ္ သည္ ဆုိင္ကယ္တစ္စီးကို စတင္တိုက္မိၿပီးေနာက္ ေကာ့ ေသာင္းၿမိဳ႕ထဲ ေမာင္းႏွင္ ထြက္ ေျပးသျဖင့္ အဝိုင္းပတ္တြင္ရွိသည့္ လွည့္ကင္းအဖြဲ႕က တားဆီး ေသာ္လည္း ဆက္လက္ေမာင္းႏွင္ ထြက္ေျပးခဲ့သည္။

ထိုသို႔ ထြက္ေျပးစဥ္ ဗိုလ္ ခ်ဳပ္လမ္းမေပၚရွိ BIG ဆီဆိုင္ ေရွ႕တြင္ မိသားစုသံုးဦးစီးနင္း လာသည့္ ဆိုင္ကယ္အပါအဝင္ ဆိုင္ကယ္ေလးစီးကို ထပ္မံတိုက္ မိၿပီး ေကာ့ေသာင္း-ဘုတ္ျပင္း ကားလမ္းမအတုိင္း ဆက္လက္ ေမာင္းႏွင္ ထြက္ေျပးခဲ့ေၾကာင္း အဆိုပါယာဥ္ကို လိုက္လံဖမ္းဆီး သည့္ ရဲအရာရွိက ေျပာသည္။

ေမာင္းႏွင္ထြက္ေျပးသည့္ ယာဥ္ကို ဆယ္မိုင္ဂိတ္တြင္ ပိတ္ ဆို႔ တားဆီးေသာ္လည္း ရပ္တန္႔ ျခင္းမရွိဘဲ ဆက္လက္ေမာင္းႏွင္ ထြက္ေျပးရာ ၁၈ မိုင္ ႏွစ္ရွည္ဆီ အုန္းၿခံအနီးအေရာက္ ဆုိင္ကယ္ တစ္စီးကို ထပ္မံတိုက္မိေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ မလိဝမ္းနယ္ေျမ ရဲကင္းစခန္း တပ္ဖြဲ႕ဝင္မ်ားက လမ္းမေပၚတြင္ ေက်ာက္စား ပြဲခံု မ်ားခ်ကာ ပိတ္ဆို႔တားဆီးမွသာ ဖမ္းမိျခင္းျဖစ္ၿပီး  ထြက္ေျပးရာ လမ္းတစ္ေလွ်ာက္ တိုက္မိသည့္ ဆိုင္ကယ္ငါးစီးေပၚမွ အသက္(၄) ႏွစ္အရြယ္ ကေလးတစ္ဦးအပါ အဝင္ အမ်ဳိးသားရွစ္ဦး၊ အမ်ဳိး သမီးသံုးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အဆုိပါရဲအရာရွိက ေျပာသည္။

ဒဏ္ရာ ရရွိသူမ်ားကို ေကာ့ေသာင္းေဆး႐ံုသို႔ တင္ပို႔ကုသထားၿပီး ယာဥ္ေမာင္း ဦးေအာင္လြင္ကို ေကာ့ေသာင္းၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၃၇/ ၃၃၈ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးသည့်ကားက ဆိုင် ကယ်ငါးစီးကို ထပ်မံတိုက်မိ သဖြင့် (၄)နှစ်သားကလေးတစ်ဦး အပါအဝင် လူ ၁၁ ဦးဒဏ်ရာရရှိ သည့်ဖြစ်စဉ် ကော့သောင်းမြို့ တွင် ဖြစ်ပွားခဲ့သည်။

ကော့သောင်းမြို့ သီရိမြိုင် ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ ဇွဲရောင်ရှိန်စတိုးဆိုင်ရှေ့တွင် နိုဝင်ဘာ ၁၈ ရက် ည ၁၀ နာရီခန့် က ဖြစ်ပွားခဲ့ကြောင်း ကော့ သောင်း မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

HILUX  VIGO ခဲရောင်ယာဉ် သည် ဆိုင်ကယ်တစ်စီးကို စတင်တိုက်မိပြီးနောက် ကော့ သောင်းမြို့ထဲ မောင်းနှင် ထွက် ပြေးသဖြင့် အဝိုင်းပတ်တွင်ရှိသည့် လှည့်ကင်းအဖွဲ့က တားဆီး သော်လည်း ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့သည်။

ထိုသို့ ထွက်ပြေးစဉ် ဗိုလ် ချုပ်လမ်းမပေါ်ရှိ BIG ဆီဆိုင် ရှေ့တွင် မိသားစုသုံးဦးစီးနင်း လာသည့် ဆိုင်ကယ်အပါအဝင် ဆိုင်ကယ်လေးစီးကို ထပ်မံတိုက် မိပြီး ကော့သောင်း-ဘုတ်ပြင်း ကားလမ်းမအတိုင်း ဆက်လက် မောင်းနှင် ထွက်ပြေးခဲ့ကြောင်း အဆိုပါယာဉ်ကို လိုက်လံဖမ်းဆီး သည့် ရဲအရာရှိက ပြောသည်။

မောင်းနှင်ထွက်ပြေးသည့် ယာဉ်ကို ဆယ်မိုင်ဂိတ်တွင် ပိတ် ဆို့ တားဆီးသော်လည်း ရပ်တန့် ခြင်းမရှိဘဲ ဆက်လက်မောင်းနှင် ထွက်ပြေးရာ ၁၈ မိုင် နှစ်ရှည်ဆီ အုန်းခြံအနီးအရောက် ဆိုင်ကယ် တစ်စီးကို ထပ်မံတိုက်မိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် မလိဝမ်းနယ်မြေ ရဲကင်းစခန်း တပ်ဖွဲ့ဝင်များက လမ်းမပေါ်တွင် ကျောက်စား ပွဲခုံ များချကာ ပိတ်ဆို့တားဆီးမှသာ ဖမ်းမိခြင်းဖြစ်ပြီး  ထွက်ပြေးရာ လမ်းတစ်လျှောက် တိုက်မိသည့် ဆိုင်ကယ်ငါးစီးပေါ်မှ အသက်(၄) နှစ်အရွယ် ကလေးတစ်ဦးအပါ အဝင် အမျိုးသားရှစ်ဦး၊ အမျိုး သမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရဲအရာရှိက ပြောသည်။

ဒဏ်ရာ ရရှိသူများကို ကော့သောင်းဆေးရုံသို့ တင်ပို့ကုသထားပြီး ယာဉ်မောင်း ဦးအောင်လွင်ကို ကော့သောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top