Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပလက္၀ၿမိဳ႕နယ္ ကုလားတန္ျမစ္အထက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲေတြ ျဖစ္ပြားေနတာပါ။

တပ္မေတာ္နဲ႔ ရခုိင္လက္နက္ကုိင္အဖြဲ႕(AA)တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပဲြေတြေၾကာင့္ စစ္ေဘးေရွာင္သူဦးေရ တုိးလာေနၿပီး လူဦးေရ ၇၀၀ ေလာက္ ေနရပ္စြန္႔ခြာခဲ့ရတယ္လို႔ ပလက္၀ၿမိဳ႕နယ္ ၾကက္ေျခနီအသင္း တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

ပလက္၀ၿမိဳ႕နယ္ ကုလားတန္ျမစ္အထက္ပိုင္းက ကုန္ျပင္ေက်းရြာနားမွာ တပ္မေတာ္ေျခ ျမန္တပ္ရင္း (၃၇၈)နဲ႔ AA အဖြဲ႕ တို႔ ႏုိ၀င္ဘာ ၂ ရက္ကစကာ တိုက္ပြဲေတြျဖစ္ပြားခဲ့လို႔ ကုန္ျပင္ရြာနဲ႔အနီးတစ္၀ုိုက္ ေက်းရြာေတြက ေဒသခံ ျပည္သူေတြ ထြက္ေျပးတိမ္းေရွာင္ ေနရတာျဖစ္ပါတယ္။

ႏုိ၀င္ဘာ ၁၁ ရက္အထိ စာရင္းအရ အိမ္ေထာင္စု ၆၇ စုမွ အမ်ိဳးသား ၃၄၆ ဦး၊ အမ်ိဳးသမီး ၃၂၂ဦး ေပါင္း ၆၆၈ ဦးက ရွင္းလက္၀၊ ဘဲဒင္း၀၊ အထက္ဘလုိင္၊ ကရမိတ္ေက်းရြာနဲ႔ ဒုိးေခ်ာင္း၀ေက်းရြာတုိ႔ုကုိ ေရႊ႕ေျပာင္းေနထုိင္ရတယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ေနသူေတြက ေျပာပါတယ္။

ေဒသခံေတြက ေတာင္ယာစပါးရိတ္သိမ္းခါနီး တိမ္းေရွာင္ရတာေၾကာင့္ စား၀တ္ေနေရးအခက္အခဲႀကံဳေတြ႕ေနရကာ ကူညီေထာက္ပံ့လုိသူေတြ အေနနဲ႔ ပလက္၀ၿမိဳ႕နယ္လူမႈေရး အသင္းဖုန္းနံပါတ္ ၀၉- ၇၉၆၈၇၇ ၁၂၉ သုိ႔ ဆက္သြယ္ႏုိင္တယ္လို႔ ခ်င္း ျပည္နယ္အစုိးရက ႏုိ၀င္ဘာ ၉ ရက္မွာ သတင္းထုတ္ျပန္ထားပါတယ္။

၂၀၁၇ ခုုႏွစ္ ႏိုု၀င္ဘာလ ၈ ရက္ေန႔က ႏူံးဘူးေက်းရြာအနီး၊ ကုုလားတန္ျမစ္ထဲမွာ တပ္မေတာ္သားေတါ စီးနင္းလိုုက္ပါလာတဲ့ စက္ေလွတစ္စင္းနဲ႔ အရပ္သားျပည္သူေတြ စီးနင္းလိုုက္ပါလာတဲ့ စက္ေလွတစ္စင္းကုိ AA တပ္ဖြဲ႕က ပစ္ခတ္ခဲ့လုိ႔ အရပ္သား ၃ ဦးထိခိုုက္ဒါဏ္ရာရရွိၿပီး၊ ရွင္းလက္၀ေက်းရြာသား ေက်ာက္ျဖဴ စက္မႈလက္မႈသိပံၸ ေက်ာင္းသားတစ္ဦး ထိခိုုက္ေသဆံုုးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူဦးရေ တိုးလာနေပြီး လူဦးရေ ၇၀၀ လောက် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ပလက်ဝမြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းက ကုန်ပြင်ကျေးရွာနားမှာ တပ်မတော်ခြေ မြန်တပ်ရင်း (၃၇၈)နဲ့ AA အဖွဲ့ တို့ နိုဝင်ဘာ ၂ ရက်ကစကာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ကုန်ပြင်ရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်အထိ စာရင်းအရ အိမ်ထောင်စု ၆၇ စုမှ အမျိုးသား ၃၄၆ ဦး၊ အမျိုးသမီး ၃၂၂ဦး ပေါင်း ၆၆၈ ဦးက ရှင်းလက်ဝ၊ ဘဲဒင်းဝ၊ အထက်ဘလိုင်၊ ကရမိတ်ကျေးရွာနဲ့ ဒိုးချောင်းဝကျေးရွာတို့ုကို ရွှေ့ပြောင်းနေထိုင်ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ဒေသခံတွေက တောင်ယာစပါးရိတ်သိမ်းခါနီး တိမ်းရှောင်ရတာကြောင့် စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရကာ ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ ပလက်ဝမြို့နယ်လူမှုရေး အသင်းဖုန်းနံပါတ် ၀၉- ၇၉၆၈၇၇ ၁၂၉ သို့ ဆက်သွယ်နိုင်တယ်လို့ ချင်း ပြည်နယ်အစိုးရက နိုဝင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုုနှစ် နိုုဝင်ဘာလ ၈ ရက်နေ့က နူံးဘူးကျေးရွာအနီး၊ ကုုလားတန်မြစ်ထဲမှာ တပ်မတော်သားတေါ စီးနင်းလိုုက်ပါလာတဲ့ စက်လှေတစ်စင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလိုုက်ပါလာတဲ့ စက်လှေတစ်စင်းကို AA တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ အရပ်သား ၃ ဦးထိခိုုက်ဒါဏ်ရာရရှိပြီး၊ ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံ ကျောင်းသားတစ်ဦး ထိခိုုက်သေဆုံုးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top