Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တကယ္​​ေတာ့အရမ္​းနား​ေတာင္​လို႔​ေကာင္​းတဲ့
စကား​ေလးပါ ဘဝမွာ မတန္​မရာ​ေပးဆပ္​ၿပီးမွ သင္​ခန္​းစာ ရလာတဲ့လူတစ္​​ေယာက္​ရဲ႕အတည္​ၿငိမ္​ဆံုး ျပ႐ုပ္​တစ္​ခု​ေပါ့။

တစ္​စံုတစ္​​ေယာက္​အ​ေပၚ
ျပံဳးျပဖို႔အတြက္​္​ တစ္​ခ်ိန္​တုန္​းက ကိုယ္​အ​ေပၚ့
အဆမတန္​ မဲ့ရဲြ႔ခံခဲ့ရ​ေတြ အမ်ားသား။

တစ္​စံုတစ္​​ေယာက္​အ​ေပၚ
နားလည္​​မႈေပးတတ္​ဖို႔ တစ္​ခ်ိန္​တုန္​းက ကိုယ္​့အ​ေပၚ ​
မ​ေရတြက္​ႏိုင္​​ေအာင္​ စာနာမႈကင္​း ဥ​ေပကၡာ ျပဳခံခဲ့ရတာ​ေတြ ရခဲ့ဖူးတယ္​။

တစ္​စံုတစ္​​ေယာက္​အ​ေပၚ
အ​ေကာင္​းျမင္​တတ္​ဖို႔ တစ္​ခ်ိန္​တစ္​ခါက အႀကိမ္​​ေပါင္း​
မ်ားစြာ ကိုယ္​အ​ေပၚ အျပစ္​တင္​ ​ေဝဖန္​ကဲ့ရဲ႕ခံခဲ့ရတာ​ေတြ​
ၾကံဳခဲ့ရဖူးတယ္​။

တစ္​စံုတစ္​​ေယာက္​အ​ေပၚ
​ေစတာနာ​ေတြ ျဖဴစင္​စြာဂ႐ုနာထားတတ္​ဖို႔
တစ္​ခ်ိန္​တစ္​ခါက ကိုယ္​​ေပးဆပ္​ခဲ့သမ်ွ တုန္​႔ုျပန္​႔မႈမဲ့
အ​ေရာင္​​ေတြနဲ႔ စြန္​းထင္​းခံခဲ့ရတာ​ေတြ ရိွခဲ့ဖူးတယ္​။

တစ္​စံုတစ္​​ေယာက္​အ​ေပၚ
နာက်င္​ခံစားရသမ်ွ ​ေဝမ်ွခံစား​ေပးဖို႔အတြက္​
တစ္​ခ်ိန္​တုန္​းက ကိုယ္​မ်က္​​ရည္​ေတြ အ​ေဖာ္​မဲ့
အထီးက်န္​စြာျဖတ္​သန္​းခဲ့ရတာ​ေတြ ရင္​ဆုိင္​ရဖူးျပီ။

(ရင္​့က်က္​ျခင္​းဆိုတာ)

သူမ်က္​ရည္​​ေတြကို သုတ္​​ေပးဖို႔အတြက္​ ကိုယ္​မ်က္​ရည္​​ေတြကို အငိုတိုက္​​ေအာင္​
ေခ်ာ့သိပ္​တတ္​လာသလိုမ်ိဳး။

သူဝမ္​းနည္​းမႈ​ေတြကို ​ေျပ​ေစဖို႔အတြက္​ ကိုယ္​​ေဝဒနာ​ေတြကို
​ေမ့​ေဆး​ေပးၿပီး ​ေပ်ာ္​​ေအာင္​ ႀကိဳးစားလိုက္​ရသလိုမ်ိဳး...
ၿပီး​ေတာ့ သူျပံဳး​ေစဖို႔အတြက္​ ကိုယ္​့တိုင္​ ရင္​ထဲငိုခ်င္​ေပမဲ့ အျပင္​မွာ အျပံဳးေတြနဲ႔ ဟန္​​ေဆာင္​ရသလိုမ်ိဳး။

ေနာက္​ဆံုး
ကိုယ္​့သိတဲ့ ရင္​့က်က္​ျခင္​းဆိုတာက
ကိုယ္​့တိုင္​ ကိုယ္​ခ်င္​းစာနာတတ္​ခဲ့လို႔သာ
လူအမ်ားအျမင္​မွာဘယ္​အရာမွ မတုန္​႔ျပန္​​ေတာ့တဲ့
ဟန္​​ေဆာင္​ထားတဲ့ အတည္​ၿငိမ္​ဆံုး ျပ႐ုပ္​တစ္​ခုပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးရည္​ စက္​မ်ား

# Unicode Version ျဖင့္ ဖတ္ပါ #

တကယ်တော့အရမ်းနားတောင်လို့ကောင်းတဲ့
စကားလေးပါ ဘဝမှာ မတန်မရာပေးဆပ်ပြီးမှ သင်ခန်းစာ ရလာတဲ့လူတစ်ယောက်ရဲ့အတည်ငြိမ်ဆုံး ပြရုပ်တစ်ခုပေါ့။

တစ်စုံတစ်ယောက်အပေါ်
ပြုံးပြဖို့အတွက် တစ်ချိန်တုန်းက ကိုယ်အပေါ့်
အဆမတန် မဲ့ရွဲ့ခံခဲ့ရတွေ အများသား။

တစ်စုံတစ်ယောက်အပေါ်
နားလည်မှုပေးတတ်ဖို့ တစ်ချိန်တုန်းက ကိုယ့်အပေါ်
မရေတွက်နိုင်အောင် စာနာမှုကင်း ဥပေက္ခာ ပြုခံခဲ့ရတာတွေ ရခဲ့ဖူးတယ်။

တစ်စုံတစ်ယောက်အပေါ်
အကောင်းမြင်တတ်ဖို့ တစ်ချိန်တစ်ခါက အကြိမ်ပေါင်း
များစွာ ကိုယ်အပေါ် အပြစ်တင် ဝေဖန်ကဲ့ရဲ့ခံခဲ့ရတာတွေ
ကြုံခဲ့ရဖူးတယ်။

တစ်စုံတစ်ယောက်အပေါ်
စေတာနာတွေ ဖြူစင်စွာဂရုနာထားတတ်ဖို့
တစ်ချိန်တစ်ခါက ကိုယ်ပေးဆပ်ခဲ့သမျှ တုန့်ုပြန့်မှုမဲ့
အရောင်တွေနဲ့ စွန်းထင်းခံခဲ့ရတာတွေ ရှိခဲ့ဖူးတယ်။

တစ်စုံတစ်ယောက်အပေါ်
နာကျင်ခံစားရသမျှ ဝေမျှခံစားပေးဖို့အတွက်
တစ်ချိန်တုန်းက ကိုယ်မျက်ရည်တွေ အဖော်မဲ့
အထီးကျန်စွာဖြတ်သန်းခဲ့ရတာတွေ ရင်ဆိုင်ရဖူးပြီ။

(ရင့်ကျက်ခြင်းဆိုတာ)

သူမျက်ရည်တွေကို သုတ်ပေးဖို့အတွက် ကိုယ်မျက်ရည်တွေကို အငိုတိုက်အောင်
ချော့သိပ်တတ်လာသလိုမျိုး။

သူဝမ်းနည်းမှုတွေကို ပြေစေဖို့အတွက် ကိုယ်ဝေဒနာတွေကို
မေ့ဆေးပေးပြီး ပျော်အောင် ကြိုးစားလိုက်ရသလိုမျိုး...
ပြီးတော့ သူပြုံးစေဖို့အတွက် ကိုယ့်တိုင် ရင်ထဲငိုချင်ပေမဲ့ အပြင်မှာ အပြုံးတွေနဲ့ ဟန်ဆောင်ရသလိုမျိုး။

နောက်ဆုံး
ကိုယ့်သိတဲ့ ရင့်ကျက်ခြင်းဆိုတာက
ကိုယ့်တိုင် ကိုယ်ချင်းစာနာတတ်ခဲ့လို့သာ
လူအများအမြင်မှာဘယ်အရာမှ မတုန့်ပြန်တော့တဲ့
ဟန်ဆောင်ထားတဲ့ အတည်ငြိမ်ဆုံး ပြရုပ်တစ်ခုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးရည် စက်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top