ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ဒုတိယကမာၻစစ္လက္က်န္ ဗံုးေဟာင္းတစ္လံုး ရွာေတြ႕ထားေၾကာင္း အေၾကာင္းၾကားမႈေၾကာင့္ သြားေရာက္စစ္ေဆးရာ သခြားဖ႐ံုသီး တစ္လံုးကိုသာ ဂ်ာမန္ ရဲတပ္ဖြဲ႕ဝင္မ်ား ရွာေတြ႕ခဲ့ေၾကာင္း သိရသည္။

အသက္ ၈၁ ႏွစ္အရြယ္ အဖိုးအို တစ္ဦးက ၎၏ အိမ္ေနာက္ေဖး ဥယ်ာဉ္ၿခံထဲ၌ စစ္ကာလ အႂကြင္းအက်န္ ဗံုးေဟာင္းတစ္လံုး ေတြ႕ရွိခဲ့ေၾကာင္း ရဲမ်ားထံ အေၾကာင္းၾကားခဲ့သည္။

ထို႔ေၾကာင့္ ဘရန္တန္ၿမိဳ႕ ရဲတပ္ဖြဲ႕သည္ ထိုေနရာသို႔ ခ်က္ခ်င္း သြားေရာက္ၿပီး ဗံုးဆိုသည့္ အရာကို စံုစမ္းစစ္ေဆးခဲ့သည္။ သို႔ေသာ္ ယင္းသည္ ဗံုးမဟုတ္ဘဲ ၁၁ ေပါင္ အေလးခ်ိန္ရွိ သခြားဖ႐ံုသီးႀကီးသာ ျဖစ္ေနေၾကာင္း ေဖာ္ထုတ္ႏုိင္ခဲ့သည္။

လမ္းသြားလမ္းလာ တစ္ဦးက ထိုအသီးႀကီးကို အဖိုးအို၏ အိမ္ေနာက္ေဖး ဥယ်ာဉ္ၿခံထဲ ပစ္ခ်သြားခဲ့ဟန္ ရွိသည္။ ယင္းအဖိုးအိုက အေဝးမွ လွမ္းၾကည့္ၿပီးေနာက္ အနက္ေရာင္ အသီးႀကီးကို ဗံုးအျဖစ္ အျမင္မွားကာ ရဲမ်ားထံ ေၾကာက္လန္႔တၾကား အသိေပးခဲ့ျခင္း ျဖစ္သည္။

ကံေကာင္း ေထာက္မစြာျဖင့္ အနီးဝန္းက်င္တြင္ ရွိေနသူမ်ားကို ေျပာင္းေ႐ႊ႕ေပးရမႈ မရွိခဲ့ေခ်။ ရဲတပ္ဖြဲ႕ကလည္း ၁၆ လက္မ အရွည္ရွိသည့္ အသီးႀကီးသည္ ေလယာဉ္ေပၚမွ ႀကဲခ်ထားသည့္ မေပါက္ကြဲေသးေသာ ဗံုးသီးတစ္လံုးနွင့္ ဆင္ဆင္တူေၾကာင္း မွတ္ခ်က္ေပးခဲ့သည္။

ဂ်ာမနီတြင္ ဒုတိယ ကမာၻစစ္ အေတာအတြင္းက ၿဗိတိသွ် ေတာ္ဝင္ေလတပ္ႏွင့္ အေမရိကန္ ေလတပ္တို႔က ႀကဲခ်ထားၿပီး မေပါက္ကြဲေသးဘဲ ႂကြင္းက်န္ေနသည့္ ဗံုးသီး အေျမာက္အျမား ရွိေနသည္။ ယင္းတို႔ကို ေဆာက္လုပ္ေရး လုပ္ငန္းခြင္မ်ား၌ ေျမက်င္းတူးျခင္းကဲ့သို႔ အေျခအေနမ်ားတြင္ ရွာေဖြ ေတြ႕ရွိရေလ့ ရွိသည္။

စက္တင္ဘာ ၃ ရက္ကမူ ဖရန္႔ဖတ္ၿမိဳ႕၌ ၿဗိတိန္ေလတပ္သံုး ၁.၄ တန္ အေလးခ်ိန္ရွိ ဗံုးႀကီးတစ္လံုးကို ရွာေတြ႕ခဲ့သည့္ေနာက္ ယင္းကို စနက္တံ ျဖဳတ္ခ်ိန္၌ လူေပါင္း ေျခာက္ေသာင္းခြဲမွ်ကို ယာယီ ေ႐ႊ႕ေျပာင္းေစခဲ့ရသည္။ ယင္းသည္ စစ္ၿပီးေခတ္ ကာလမ်ားတြင္ ဂ်ာမနီ သမုိင္း၌ လူအမ်ားဆံုး ေ႐ႊ႕ေျပာင္းရမႈအျဖစ္လည္း မွတ္တမ္းဝင္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းတစ်လုံး ရှာတွေ့ထားကြောင်း အကြောင်းကြားမှုကြောင့် သွားရောက်စစ်ဆေးရာ သခွားဖရုံသီး တစ်လုံးကိုသာ ဂျာမန် ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့ကြောင်း သိရသည်။

အသက် ၈၁ နှစ်အရွယ် အဖိုးအို တစ်ဦးက ၎င်း၏ အိမ်နောက်ဖေး ဥယျာဉ်ခြံထဲ၌ စစ်ကာလ အကြွင်းအကျန် ဗုံးဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း ရဲများထံ အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ဘရန်တန်မြို့ ရဲတပ်ဖွဲ့သည် ထိုနေရာသို့ ချက်ချင်း သွားရောက်ပြီး ဗုံးဆိုသည့် အရာကို စုံစမ်းစစ်ဆေးခဲ့သည်။ သို့သော် ယင်းသည် ဗုံးမဟုတ်ဘဲ ၁၁ ပေါင် အလေးချိန်ရှိ သခွားဖရုံသီးကြီးသာ ဖြစ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လမ်းသွားလမ်းလာ တစ်ဦးက ထိုအသီးကြီးကို အဖိုးအို၏ အိမ်နောက်ဖေး ဥယျာဉ်ခြံထဲ ပစ်ချသွားခဲ့ဟန် ရှိသည်။ ယင်းအဖိုးအိုက အဝေးမှ လှမ်းကြည့်ပြီးနောက် အနက်ရောင် အသီးကြီးကို ဗုံးအဖြစ် အမြင်မှားကာ ရဲများထံ ကြောက်လန့်တကြား အသိပေးခဲ့ခြင်း ဖြစ်သည်။

ကံကောင်း ထောက်မစွာဖြင့် အနီးဝန်းကျင်တွင် ရှိနေသူများကို ပြောင်းရွှေ့ပေးရမှု မရှိခဲ့ချေ။ ရဲတပ်ဖွဲ့ကလည်း ၁၆ လက်မ အရှည်ရှိသည့် အသီးကြီးသည် လေယာဉ်ပေါ်မှ ကြဲချထားသည့် မပေါက်ကွဲသေးသော ဗုံးသီးတစ်လုံးနှင့် ဆင်ဆင်တူကြောင်း မှတ်ချက်ပေးခဲ့သည်။

ဂျာမနီတွင် ဒုတိယ ကမ္ဘာစစ် အတောအတွင်းက ဗြိတိသျှ တော်ဝင်လေတပ်နှင့် အမေရိကန် လေတပ်တို့က ကြဲချထားပြီး မပေါက်ကွဲသေးဘဲ ကြွင်းကျန်နေသည့် ဗုံးသီး အမြောက်အမြား ရှိနေသည်။ ယင်းတို့ကို ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ မြေကျင်းတူးခြင်းကဲ့သို့ အခြေအနေများတွင် ရှာဖွေ တွေ့ရှိရလေ့ ရှိသည်။

စက်တင်ဘာ ၃ ရက်ကမူ ဖရန့်ဖတ်မြို့၌ ဗြိတိန်လေတပ်သုံး ၁.၄ တန် အလေးချိန်ရှိ ဗုံးကြီးတစ်လုံးကို ရှာတွေ့ခဲ့သည့်နောက် ယင်းကို စနက်တံ ဖြုတ်ချိန်၌ လူပေါင်း ခြောက်သောင်းခွဲမျှကို ယာယီ ရွှေ့ပြောင်းစေခဲ့ရသည်။ ယင်းသည် စစ်ပြီးခေတ် ကာလများတွင် ဂျာမနီ သမိုင်း၌ လူအများဆုံး ရွှေ့ပြောင်းရမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top