စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အရက္နာက်သျဖင့္ ေနာက္ထပ္အရက္အနည္းငယ္ေသာက္ၿပီး ျပန္ ေျဖျခင္းသည္ အေကာင္းဆံုးသက္သာေစေသာ နည္းျဖစ္သည္ဟု လူအမ်ားယံုၾကည္ထားသည္။

သို႔ေသာ္ အရက္အလြန္အကြၽံေသာက္မိၿပီးေနာက္ အရက္အနည္းငယ္ေသာက္၍ ျပန္ေျဖျခင္းက ခံစားေနရေသာ ေဝဒနာမ်ားကို သက္သာေပ်ာက္ကင္းေစသည္ဆိုေသာ စကားသည္ သိပၸံနည္းက် အေထာက္အထားမရွိေၾကာင္း ပညာရွင္မ်ားကေျပာသည္။


ယင္းကဲ့သို႔ ျပန္ေျဖျခင္းေၾကာင့္ အရက္နာက်မႈ ေခတၱခဏ သက္သာေစေသာ္လည္း ယင္းမွာ ခံစားေနရသည့္ လကၡဏာမ်ားကို အရွိန္အနည္းငယ္ေရႊ႕ဆိုင္းထားသည့္ သေဘာသာျဖစ္သည္။

ယင္းကဲ့သို႔ အရက္အနည္းငယ္ေသာက္၍ အရက္နာက်ျခင္းကို ျပန္ေျဖႏိုင္သည္ဆိုျခင္းကို မယံုၾကည္ရန္ အေမရိကန္ဆရာဝန္မ်ား က တိုက္တြန္းထားသည္။

အရက္နာက်ၿပီး ေနာက္ထပ္ အရက္မေသာက္မီ ခႏၶာကိုယ္ကို ၄၈ နာရီအထိ အနည္းဆံုးအနားေပးရန္ လိုသည္။ ေခါင္းကိုက္ျခင္း၊ ေရငတ္ျခင္း၊ အားနည္းၿပီး ေခါင္းမူးျခင္း၊ ကတုန္ကယင္ျဖစ္ျခင္းစေသာ အရက္နာက်သည့္ လကၡဏာမ်ားသည္ ခႏၶာကိုယ္၏ေသြးထဲတြင္ အရက္ပါဝင္မႈ သုညအဆင့္သို႔ ျပန္ေရာက္သြားခ်ိန္၌ အ ေျခအေနအဆိုးဆံုးျဖစ္ေပၚသည္။

အသည္းထဲတြင္ အရက္ကို အဆိပ္ရွိ ဓာတုပစၥည္းတစ္မ်ိဳးအျဖစ္သို႔ ေခ်ဖ်က္ပစ္လိုက္ၿပီး ေသာက္သံုးေသာ အရက္ပမာဏကို လိုက္၍ ယင္းသို႔ ေခ်ဖ်က္မႈလုပ္ငန္းစဥ္ကို အေႏွာင့္အယွက္ျဖစ္ေစသည္။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ ဖန္ခြက္ထက္ဝက္၊ သံပရာရည္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္း၊ င႐ုတ္သီးေဆာ့စ္ အနည္းငယ္ကိုေရာ၍ ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲရွိ အရက္ဓာတ္ကို လ်င္ျမန္စြာ ရွင္းလင္းေစႏုိင္သည္။

ငွက္ေပ်ာသီး၊ ပ်ားရည္ႏွင့္ ေပါင္မုန္႔အနည္းငယ္ကို စားေပးျခင္းျဖင့္လည္း အရက္နာက်ျခင္းကို သက္သာေစသည္။ ခ်င္းျပဳတ္ရည္၊ သံပရာရည္ႏွင့္ ပ်ားရည္ေရာၿပီး ေသာက္ေပးျခင္းျဖင့္လည္း ယင္း

ေရာဂါကို သက္သာေစႏုိင္သည္။ အိပ္ရာမဝင္မီ ေရတစ္ခြက္ေသာက္ ျခင္းျဖင့္လည္း အရက္နာက်ျခင္းေၾကာင့္ ေရဓာတ္ခန္းေျခာက္မႈကို ေျပေပ်ာက္ေစသည္။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 အရက်နာကျသဖြင့် နောက်ထပ်အရက်အနည်းငယ်သောက်ပြီး ပြန် ဖြေခြင်းသည် အကောင်းဆုံးသက်သာစေသော နည်းဖြစ်သည်ဟု လူအများယုံကြည်ထားသည်။

သို့သော် အရက်အလွန်အကျွံသောက်မိပြီးနောက် အရက်အနည်းငယ်သောက်၍ ပြန်ဖြေခြင်းက ခံစားနေရသော ဝေဒနာများကို သက်သာပျောက်ကင်းစေသည်ဆိုသော စကားသည် သိပ္ပံနည်းကျ အထောက်အထားမရှိကြောင်း ပညာရှင်များကပြောသည်။


ယင်းကဲ့သို့ ပြန်ဖြေခြင်းကြောင့် အရက်နာကျမှု ခေတ္တခဏ သက်သာစေသော်လည်း ယင်းမှာ ခံစားနေရသည့် လက္ခဏာများကို အရှိန်အနည်းငယ်ရွှေ့ဆိုင်းထားသည့် သဘောသာဖြစ်သည်။

ယင်းကဲ့သို့ အရက်အနည်းငယ်သောက်၍ အရက်နာကျခြင်းကို ပြန်ဖြေနိုင်သည်ဆိုခြင်းကို မယုံကြည်ရန် အမေရိကန်ဆရာဝန်များ က တိုက်တွန်းထားသည်။

အရက်နာကျပြီး နောက်ထပ် အရက်မသောက်မီ ခန္ဓာကိုယ်ကို ၄၈ နာရီအထိ အနည်းဆုံးအနားပေးရန် လိုသည်။ ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း၊ အားနည်းပြီး ခေါင်းမူးခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းစသော အရက်နာကျသည့် လက္ခဏာများသည် ခန္ဓာကိုယ်၏သွေးထဲတွင် အရက်ပါဝင်မှု သုညအဆင့်သို့ ပြန်ရောက်သွားချိန်၌ အ ခြေအနေအဆိုးဆုံးဖြစ်ပေါ်သည်။

အသည်းထဲတွင် အရက်ကို အဆိပ်ရှိ ဓာတုပစ္စည်းတစ်မျိုးအဖြစ်သို့ ချေဖျက်ပစ်လိုက်ပြီး သောက်သုံးသော အရက်ပမာဏကို လိုက်၍ ယင်းသို့ ချေဖျက်မှုလုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ခရမ်းချဉ်သီးဖျော်ရည် ဖန်ခွက်ထက်ဝက်၊ သံပရာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ငရုတ်သီးဆော့စ် အနည်းငယ်ကိုရော၍ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ အရက်ဓာတ်ကို လျင်မြန်စွာ ရှင်းလင်းစေနိုင်သည်။

ငှက်ပျောသီး၊ ပျားရည်နှင့် ပေါင်မုန့်အနည်းငယ်ကို စားပေးခြင်းဖြင့်လည်း အရက်နာကျခြင်းကို သက်သာစေသည်။ ချင်းပြုတ်ရည်၊ သံပရာရည်နှင့် ပျားရည်ရောပြီး သောက်ပေးခြင်းဖြင့်လည်း ယင်း

ရောဂါကို သက်သာစေနိုင်သည်။ အိပ်ရာမဝင်မီ ရေတစ်ခွက်သောက် ခြင်းဖြင့်လည်း အရက်နာကျခြင်းကြောင့် ရေဓာတ်ခန်းခြောက်မှုကို ပြေပျောက်စေသည်။   

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top