Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိပ္ယာထေနာက္က်လို႔ပဲျဖစ္ျဖစ္၊ အလုပ္ခ်ိန္နီးေနလို႔ပဲျဖစ္ျဖစ္ မနက္စာလြတ္သြားတယ္ဆိုတာ ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါ။ အထူးသျဖင္႔ အိပ္ပုတ္ႀကီးသူေတြမွာ အျဖစ္မ်ားတဲ႔ ျပႆနာတစ္ခုေပါ႔။

အိပ္ယာထေနာက္က်လို႔ပဲျဖစ္ျဖစ္၊ အလုပ္ခ်ိန္နီးေနလို႔ပဲျဖစ္ျဖစ္ မနက္စာလြတ္သြားတယ္ဆိုတာ ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါ။ အထူးသျဖင္႔ အိပ္ပုတ္ႀကီးသူေတြမွာ အျဖစ္မ်ားတဲ႔ ျပႆနာတစ္ခုေပါ႔။ တကယ္တမ္းက်ေတာ႔ မနက္စာဟာ တစ္ေန႔တာလံုးမွာ အေရးအႀကီးဆံုး အစားအစာပါ။ မနက္စာစားဖို႔အတြက္ အခ်ိန္ခဏေလးေပးလိုက္ရံုနဲ႔ တစ္ေန႔တာလံုးအတြက္ ႀကီးမားတဲ႔ သက္ေရာက္မႈေတြ ရွိေစႏိုင္ပါတယ္။

မနက္စာဟာ ခႏၶာကိုယ္အတြက္ေကာ၊ ဦးေႏွာက္အတြက္ပါ လိုအပ္တဲ႔ စြမ္းအင္ေတြကို ေပးစြမ္းႏိုင္ပါတယ္။ မနက္စာမစားဘဲ တစ္ေန႔တာကို စတင္ဖို႔ ႀကိဳးစားတာဟာ ေလာင္စာဆီမပါဘဲ ကားေမာင္းဖို႔ ႀကိဳးစားသလိုပါပဲ။ အာဟာရပညာရွင္ေတြကေတာ႔ မနက္စာကုိ အိပ္ယာထၿပီး ႏွစ္နာရီအတြင္း စားသံုးသင္႔တယ္/ က်န္းမာတဲ႔ မနက္စာတစ္နပ္မွာ ေန႔စဥ္ကယ္လိုရီ လိုအပ္ခ်က္ရဲ႕ ၂၀-၃၅ ရာခိုင္ႏႈန္း ပါဝင္သင္႔တယ္ ဆိုၿပီး အၾကံျပဳထားပါတယ္။

ကြ်န္ေတာ္တို႔ကို စြမ္းအင္ေပးစြမ္းႏိုင္ရံုတင္ မကေသးပါဘူး။ မနက္စာေတြဟာ မ်ားေသာအားျဖင္႔ ကယ္လ္ဆီယမ္၊ သံဓာတ္၊ ဗိုက္တာမင္ဘီ၊ ပရိုတိန္းနဲ႔ အမွ်င္ဓာတ္ေတြလည္း ၾကြယ္ဝၾကပါတယ္။ ခႏၶာကိုယ္က အဲဒီမရွိမျဖစ္ အာဟာရဓာတ္ေတြကို လိုအပ္တဲ႔အတြက္ မနက္စာလြတ္သြားရင္ အဲဲဒီအာဟာရဓာတ္ေတြကိုပါ ဆံုးရႈံးရမွာပါ။ ဒါေၾကာင္႔ ကိုယ္႔ရဲ႕မနက္စာမွာ အဲဒီအာဟာရ ဓာတ္ေတြ ပါဝင္ေအာင္ ထည္႔သြင္းဖို႔ကိုလည္း မေမ႔ပါနဲ႔ဦး။

သုေတသီေတြရဲ႕ အဆိုအရ မနက္စာစားျခင္းဟာ ဝမ္းဗိုက္အဆီေတြကိုလည္း ေလ်ာ႔က်ေစပါတယ္တဲ႔။ သုေတသနတစ္ခုရဲ႕ အဆိုအရ မနက္စာကို ေကာင္းေကာင္းစားၿပီး ညစာကို ေလွ်ာ႔စားတဲ႔ သူေတြဟာ အဝလြန္ေရာဂါ ျဖစ္ႏိုင္ေျခနည္းၿပီး အဆီက်စ္လစ္ လွပႏိုင္ပါတယ္တဲ႔။ မနက္စာလြတ္တဲ႔ သူေတြကေတာ႔ ကိုယ္တြင္းဇီဝနာရီ အံေခ်ာ္မႈနဲ႔ ဇီဝကမၼလုပ္ေဆာင္မႈေတြ အံေခ်ာ္မႈတို႔ေၾကာင္႔ ဝိတ္တက္ႏုိင္ေျခ ပိုမ်ားပါတယ္။ မနက္စာစားျခင္းရဲ႕ ေနာက္ထပ္အက်ိဳးေက်းဇူးေတြကေတာ႔...

၁။ ဦးေႏွာက္လုပ္ေဆာင္မႈ

မနက္စာေတြဟာ ဦးေႏွာက္လုပ္ေဆာင္မႈအတြက္ အေရးပါတဲ႔ ကာဘိုဟိုက္ဒရိတ္ တစ္မ်ိဳးျဖစ္တဲ႔ ဂလူးကို႔စ္ကို ျပန္လည္ျပည္႔ဝ ေစပါတယ္။ သုေတသနေတြရဲ႕ အဆိုအရ မနက္စာစားျခင္းဟာ မွတ္ဉာဏ္နဲ႔ အာရံုစူးစိုက္မႈကို တုိးတက္ေကာင္းမြန္ေစၿပီး စိတ္ဖိစီးမႈကိုလည္း ေလ်ာ႔က်ေစပါတယ္။ ဒါေၾကာင္႔ ကြ်န္ေတာ္တို႔ကို ပိုမိုေပ်ာ္ရႊင္ေစပါတယ္။ ကေလးေတြကို သုေတသန ျပဳလုပ္ထားခ်က္ေတြအရ မနက္စာ ေကာင္းေကာင္းစားျခင္းဟာ ကေလးေတြရဲ႕ အျပဳအမူကို တိုးတက္ေစၿပီး အဆင္႔ေတြလည္း ေကာင္းမြန္ေစပါတယ္တဲ႔။

၂။ စြမ္းအင္ျပည္႔ဝေစတယ္

လူေတြရဲ႕ စြမ္းအင္လိုအပ္ခ်က္ေတြဟာ အသက္အရြယ္နဲ႔ လုပ္ေဆာင္မႈအလိုက္ ေျပာင္းလဲေနႏိုင္ပါတယ္။ ဒါေပမယ္႔ ေယာက်္ားေလး ေတြကေတာ႔ မိန္းကေလးေတြထက္ စြမ္းအင္ ပိုမိုလိုအပ္ပါတယ္။ အသက္ (၇) ႏွစ္နဲ႔ (၁၀) ႏွစ္ၾကား ကေလးေတြဆိုရင္ စြမ္းအင္ပိုမို လိုအပ္ပါတယ္။

အသက္ (၇) ႏွစ္နဲ႔ (၁၀) ႏွစ္ၾကား ေယာက်္ားေလးေတြဟာ တစ္ေန႔ကို ၁၉၇၀ kcal လိုအပ္ၿပီး အသက္ (၇) ႏွစ္နဲ႔ (၁၀) ႏွစ္ၾကား မိန္းကေလးေတြကေတာ႔ တစ္ေန႔ကို ၁၇၄၀ kcal လိုအပ္ပါတယ္။ အရြယ္ေရာက္ၿပီးသား အမ်ိဳးသားေတြကေတာ႔ တစ္ေန႔ကို ၂၅၀၀ kcal လိုအပ္ၿပီး အရြယ္ေရာက္ၿပီး အမ်ိဳးသမီးေတြကေတာ႔ တစ္ေန႔ကို ၂၀၀၀ kcal လိုအပ္ပါတယ္တဲ႔။

၃။ ေရရွည္က်န္းမာေရးကို ေကာင္းမြန္ေစတယ္

မနက္စာဆိုတာ မိသားစု စံုစံုညီညီ စားသံုးသင္႔တဲ႔ ထမင္းတစ္နပ္ပါ။ ကေလးေလးေတြကို ငယ္ငယ္ေလးကတည္းက မနက္စာ ေကာင္းေကာင္း စားတတ္တဲ႔ အေလ႔အက်င္႔ ေမြးေပးထားမယ္ဆိုရင္ အသက္အရြယ္ရလာခ်ိန္မွာ မနက္စာလြတ္ႏိုင္ေျခနည္းၿပီး တစ္သက္တာ က်န္းမာေရးအတြက္ အေလ႔အက်င္႔ေကာင္းေတြကို ရရွိေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အိပ်ယာထနောက်ကျလို့ပဲဖြစ်ဖြစ်၊ အလုပ်ချိန်နီးနေလို့ပဲဖြစ်ဖြစ် မနက်စာလွတ်သွားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ အထူးသဖြင့် အိပ်ပုတ်ကြီးသူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပေါ့။

အိပ်ယာထနောက်ကျလို့ပဲဖြစ်ဖြစ်၊ အလုပ်ချိန်နီးနေလို့ပဲဖြစ်ဖြစ် မနက်စာလွတ်သွားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ အထူးသဖြင့် အိပ်ပုတ်ကြီးသူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပေါ့။ တကယ်တမ်းကျတော့ မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာပါ။ မနက်စာစားဖို့အတွက် အချိန်ခဏလေးပေးလိုက်ရုံနဲ့ တစ်နေ့တာလုံးအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။

မနက်စာဟာ ခန္ဓာကိုယ်အတွက်ကော၊ ဦးနှောက်အတွက်ပါ လိုအပ်တဲ့ စွမ်းအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ မနက်စာမစားဘဲ တစ်နေ့တာကို စတင်ဖို့ ကြိုးစားတာဟာ လောင်စာဆီမပါဘဲ ကားမောင်းဖို့ ကြိုးစားသလိုပါပဲ။ အာဟာရပညာရှင်တွေကတော့ မနက်စာကို အိပ်ယာထပြီး နှစ်နာရီအတွင်း စားသုံးသင့်တယ်/ ကျန်းမာတဲ့ မနက်စာတစ်နပ်မှာ နေ့စဉ်ကယ်လိုရီ လိုအပ်ချက်ရဲ့ ၂၀-၃၅ ရာခိုင်နှုန်း ပါဝင်သင့်တယ် ဆိုပြီး အကြံပြုထားပါတယ်။

ကျွန်တော်တို့ကို စွမ်းအင်ပေးစွမ်းနိုင်ရုံတင် မကသေးပါဘူး။ မနက်စာတွေဟာ များသောအားဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗိုက်တာမင်ဘီ၊ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝကြပါတယ်။ ခန္ဓာကိုယ်က အဲဒီမရှိမဖြစ် အာဟာရဓာတ်တွေကို လိုအပ်တဲ့အတွက် မနက်စာလွတ်သွားရင် အဲဒီအာဟာရဓာတ်တွေကိုပါ ဆုံးရှုံးရမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့မနက်စာမှာ အဲဒီအာဟာရ ဓာတ်တွေ ပါဝင်အောင် ထည့်သွင်းဖို့ကိုလည်း မမေ့ပါနဲ့ဦး။

သုတေသီတွေရဲ့ အဆိုအရ မနက်စာစားခြင်းဟာ ဝမ်းဗိုက်အဆီတွေကိုလည်း လျော့ကျစေပါတယ်တဲ့။ သုတေသနတစ်ခုရဲ့ အဆိုအရ မနက်စာကို ကောင်းကောင်းစားပြီး ညစာကို လျှော့စားတဲ့ သူတွေဟာ အဝလွန်ရောဂါ ဖြစ်နိုင်ခြေနည်းပြီး အဆီကျစ်လစ် လှပနိုင်ပါတယ်တဲ့။ မနက်စာလွတ်တဲ့ သူတွေကတော့ ကိုယ်တွင်းဇီဝနာရီ အံချော်မှုနဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေ အံချော်မှုတို့ကြောင့် ဝိတ်တက်နိုင်ခြေ ပိုများပါတယ်။ မနက်စာစားခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတွေကတော့...

၁။ ဦးနှောက်လုပ်ဆောင်မှု

မနက်စာတွေဟာ ဦးနှောက်လုပ်ဆောင်မှုအတွက် အရေးပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ကို ပြန်လည်ပြည့်ဝ စေပါတယ်။ သုတေသနတွေရဲ့ အဆိုအရ မနက်စာစားခြင်းဟာ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ပိုမိုပျော်ရွှင်စေပါတယ်။ ကလေးတွေကို သုတေသန ပြုလုပ်ထားချက်တွေအရ မနက်စာ ကောင်းကောင်းစားခြင်းဟာ ကလေးတွေရဲ့ အပြုအမူကို တိုးတက်စေပြီး အဆင့်တွေလည်း ကောင်းမွန်စေပါတယ်တဲ့။

၂။ စွမ်းအင်ပြည့်ဝစေတယ်

လူတွေရဲ့ စွမ်းအင်လိုအပ်ချက်တွေဟာ အသက်အရွယ်နဲ့ လုပ်ဆောင်မှုအလိုက် ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့် ယောကျ်ားလေး တွေကတော့ မိန်းကလေးတွေထက် စွမ်းအင် ပိုမိုလိုအပ်ပါတယ်။ အသက် (၇) နှစ်နဲ့ (၁၀) နှစ်ကြား ကလေးတွေဆိုရင် စွမ်းအင်ပိုမို လိုအပ်ပါတယ်။

အသက် (၇) နှစ်နဲ့ (၁၀) နှစ်ကြား ယောကျ်ားလေးတွေဟာ တစ်နေ့ကို ၁၉၇၀ kcal လိုအပ်ပြီး အသက် (၇) နှစ်နဲ့ (၁၀) နှစ်ကြား မိန်းကလေးတွေကတော့ တစ်နေ့ကို ၁၇၄၀ kcal လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတွေကတော့ တစ်နေ့ကို ၂၅၀၀ kcal လိုအပ်ပြီး အရွယ်ရောက်ပြီး အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂၀၀၀ kcal လိုအပ်ပါတယ်တဲ့။

၃။ ရေရှည်ကျန်းမာရေးကို ကောင်းမွန်စေတယ်

မနက်စာဆိုတာ မိသားစု စုံစုံညီညီ စားသုံးသင့်တဲ့ ထမင်းတစ်နပ်ပါ။ ကလေးလေးတွေကို ငယ်ငယ်လေးကတည်းက မနက်စာ ကောင်းကောင်း စားတတ်တဲ့ အလေ့အကျင့် မွေးပေးထားမယ်ဆိုရင် အသက်အရွယ်ရလာချိန်မှာ မနက်စာလွတ်နိုင်ခြေနည်းပြီး တစ်သက်တာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေကို ရရှိစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top