Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မုိးစပါးအသစ္ေပၚခ်ိန္ တြင္ ျပည္ပဆန္၀ယ္လုိအား ေၾကာင့္ စပါးတစ္တင္းလွ်င္ၿပီးခဲ့ သည့္ႏွစ္ထက္ ၂၀ ရာခုိင္ႏႈန္းခန္႔ ျမင့္တက္ေနေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

လယ္ေျမဧက ၁၇ သန္းခန္႔ စုိက္ပ်ိဳးေသာ မုိးစပါးအသစ္ ေပၚခ်ိန္တြင္ ႏွစ္စဥ္စပါးေစ်းႏႈန္းက်ဆင္းၿပီး လယ္သမားမ်ားအခက္အခဲ ႀကံဳေတြ႕ေနရျခင္းကုိ ယခုႏွစ္တြင္ ေျပာင္းလဲႏုိင္ၿပီဟု ျပည္ပသို႔ ဆန္တင္ပုိ႔ေနသည့္လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

မုိးစပါးအသစ္ေပၚခ်ိန္တြင္ ယခင္ႏွစ္မ်ားက ေစ်းႏႈန္းက်ဆင္းမႈမ်ားရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ ပ်မ္းမွ်ဆန္ၾကမ္း အမ်ိဳးအစားစပါးတစ္တင္းလွ်င္ ပ်မ္းမွ် ၅,၅၀၀ က်ပ္ (စပါးတင္းတစ္ရာလွ်င္ ငါးသိန္းငါး ေသာင္းက်ပ္)ေစ်းႏႈန္း သည္ လယ္သမားမ်ားစုိက္ပ်ိဳးမႈ ကုန္က်စရိတ္ထက္ ပုိေသာေစ်း ႏႈန္းျဖစ္သည္ဟု ဓႏုျဖဴၿမိဳ႕နယ္မွ လယ္သမားဦးသိန္းေအာင္က ေျပာသည္။

လြတ္လပ္ေသာ ေတာင္သူ လယ္သမားအသင္းခ်ဳပ္ ဥကၠ႒ဦးသိန္းေအာင္က ‘‘ဒီေစ်းႏႈန္းအ တိုင္းသာရွိေနရင္ လယ္သမားအ တြက္ အသက္႐ႈေခ်ာင္တာေပါ့။ ဒီႏွစ္မတ္ပဲကလည္း မေသခ်ာ ေတာ့ ေတာင္သူက စပါးပဲအား ကုိးေနရတယ္’’ ဟု ေျပာသည္။

ၿပီးခဲ့သည့္ႏွစ္ မုိးစပါးေပၚ ခ်ိန္ ပ်မ္းမွ်စပါးတစ္တင္းလွ်င္ ၄,၀၀၀ က်ပ္မွ ၄,၅၀၀ က်ပ္(တင္း တစ္ရာက်ပ္ေလးသိန္းမွ ေလး သိန္းခြဲ) ခန္႔ေစ်းရွိေသာ္လည္း ယခုႏွစ္တြင္ ဆန္ေဟာင္း လက္က်န္မရွိျခင္း၊ ျပည္ပ ၀ယ္လုိ အားမ်ားေနျခင္းတို႔ေၾကာင့္ စပါး ေစ်းႏႈန္း ျမင့္တက္ေနေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာစုိးထြန္း က ရွင္းျပသည္။

‘‘ဒီႏွစ္မွာ ေရႀကီးမႈေၾကာင့္ ပ်က္စီးတဲ့ လယ္ကနည္းတယ္။ အထြက္ႏႈန္းကလည္း မဆုိးဘူး’’ ဟု ေဒါက္တာစုိးထြန္းက ေျပာ သည္။ျမန္မာႏုိင္ငံ၏ ျပည္ပဆန္ တင္ပုိ႔မႈသည္ ယခုလ၌ တန္ခ်ိန္ ႏွစ္သိန္း၀န္းက်င္ ရွိေနသည္ဟု လည္း ဆန္ကုန္သည္အခ်ိဳ႕က ေျပာသည္။

ေအာက္တိုဘာ လကုန္က စတင္၍ နယ္စပ္ကုန္သြယ္ေရးျဖင့္ တ႐ုတ္ႏုိင္ငံသုိ႔ ဆန္ေရာင္းခ်ရ သည့္ပမာဏျမင့္တက္ခဲ့ၿပီး ႏုိ၀င္ ဘာ ဒုတိယအပတ္ကလည္း တစ္ ရက္လွ်င္ အိတ္ေရ ေျခာက္ ေသာင္းေက်ာ္ တ႐ုတ္ကုန္သည္ မ်ားက ၀ယ္ယူေနေၾကာင္းမူဆယ္ ၿမိဳ႕မွ ဆန္ကုန္သည္တစ္ဦးက ေျပာသည္။

တ႐ုတ္ႏုိင္ငံမွ ၀ယ္လုိအား ျမင့္တက္ေနခ်ိန္တြင္ အာဖရိက ႏုိင္ငံအခ်ိဳ႕၊ ဘဂၤလားေဒ့ရွ္အပါ အ၀င္ အျခားေသာႏုိင္ငံမ်ားက လည္း ႏို၀င္ဘာတြင္ ျမန္မာႏုိင္ငံမွ ဆန္တင္ပုိ႔ရန္ သေဘၤာမ်ားလာရန္ရွိသည္ဟု ဆန္ကုန္သည္အခ်ိဳ႕ကေျပာသည္။ျမန္မာႏုိင္ငံမွ ျပည္ပသုိ႔ ဆန္တင္ပုိ႔ထားသည့္ ပမာဏသည္ ၂၀၁၇-၁၈ ဘ႑ာႏွစ္ေအာက္တိုဘာ လကုန္အထိ ခုနစ္လအတြင္း ဆန္တန္ခ်ိန္ ၁၇ သိန္းခြဲေက်ာ္ တင္ပုိ႔ထားသည္။

ျပည္ပတင္ပုိ႔သည့္ ဧည့္မထ ဆန္ၾကမ္းအမ်ိဳးအစားသည္ ျမန္ မာႏိုင္ငံတြင္ ပမာဏမ်ားစြာစုိက္ ပ်ိဳးၿပီး ျပည္တြင္း၌ စားသုံးသည့္ ဆန္ေခ်ာ(ေပၚဆန္း)အမ်ိဳးအစား စပါးေစ်းႏႈန္းကလည္း လက္ရွိ တြင္ တင္းတစ္ရာလွ်င္ က်ပ္ကုိး သိန္းမွ က်ပ္ ၁၂ သိန္းအၾကား ေစ်းဖြင့္ေၾကာင္း ဆန္ကုန္သည္ မ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မိုးစပါးအသစ်ပေါ်ချိန် တွင် ပြည်ပဆန်ဝယ်လိုအား ကြောင့် စပါးတစ်တင်းလျှင်ပြီးခဲ့ သည့်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိ သူတစ်ဦးက ပြောသည်။

လယ်မြေဧက ၁၇ သန်းခန့် စိုက်ပျိုးသော မိုးစပါးအသစ် ပေါ်ချိန်တွင် နှစ်စဉ်စပါးဈေးနှုန်းကျဆင်းပြီး လယ်သမားများအခက်အခဲ ကြုံတွေ့နေရခြင်းကို ယခုနှစ်တွင် ပြောင်းလဲနိုင်ပြီဟု ပြည်ပသို့ ဆန်တင်ပို့နေသည့်လုပ်ငန်းရှင်အချို့က ပြောသည်။

မိုးစပါးအသစ်ပေါ်ချိန်တွင် ယခင်နှစ်များက ဈေးနှုန်းကျဆင်းမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ပျမ်းမျှဆန်ကြမ်း အမျိုးအစားစပါးတစ်တင်းလျှင် ပျမ်းမျှ ၅,၅၀၀ ကျပ် (စပါးတင်းတစ်ရာလျှင် ငါးသိန်းငါး သောင်းကျပ်)ဈေးနှုန်း သည် လယ်သမားများစိုက်ပျိုးမှု ကုန်ကျစရိတ်ထက် ပိုသောဈေး နှုန်းဖြစ်သည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမားဦးသိန်းအောင်က ပြောသည်။

လွတ်လပ်သော တောင်သူ လယ်သမားအသင်းချုပ် ဥက္ကဋ္ဌဦးသိန်းအောင်က ‘‘ဒီဈေးနှုန်းအ တိုင်းသာရှိနေရင် လယ်သမားအ တွက် အသက်ရှုချောင်တာပေါ့။ ဒီနှစ်မတ်ပဲကလည်း မသေချာ တော့ တောင်သူက စပါးပဲအား ကိုးနေရတယ်’’ ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ် ချိန် ပျမ်းမျှစပါးတစ်တင်းလျှင် ၄,၀၀၀ ကျပ်မှ ၄,၅၀၀ ကျပ်(တင်း တစ်ရာကျပ်လေးသိန်းမှ လေး သိန်းခွဲ) ခန့်ဈေးရှိသော်လည်း ယခုနှစ်တွင် ဆန်ဟောင်း လက်ကျန်မရှိခြင်း၊ ပြည်ပ ဝယ်လို အားများနေခြင်းတို့ကြောင့် စပါး ဈေးနှုန်း မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ရှင်းပြသည်။

‘‘ဒီနှစ်မှာ ရေကြီးမှုကြောင့် ပျက်စီးတဲ့ လယ်ကနည်းတယ်။ အထွက်နှုန်းကလည်း မဆိုးဘူး’’ ဟု ဒေါက်တာစိုးထွန်းက ပြော သည်။မြန်မာနိုင်ငံ၏ ပြည်ပဆန် တင်ပို့မှုသည် ယခုလ၌ တန်ချိန် နှစ်သိန်းဝန်းကျင် ရှိနေသည်ဟု လည်း ဆန်ကုန်သည်အချို့က ပြောသည်။

အောက်တိုဘာ လကုန်က စတင်၍ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဆန်ရောင်းချရ သည့်ပမာဏမြင့်တက်ခဲ့ပြီး နိုဝင် ဘာ ဒုတိယအပတ်ကလည်း တစ် ရက်လျှင် အိတ်ရေ ခြောက် သောင်းကျော် တရုတ်ကုန်သည် များက ဝယ်ယူနေကြောင်းမူဆယ် မြို့မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်နေချိန်တွင် အာဖရိက နိုင်ငံအချို့၊ ဘင်္ဂလားဒေ့ရှ်အပါ အဝင် အခြားသောနိုင်ငံများက လည်း နိုဝင်ဘာတွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့ရန် သင်္ဘောများလာရန်ရှိသည်ဟု ဆန်ကုန်သည်အချို့ကပြောသည်။မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ထားသည့် ပမာဏသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အောက်တိုဘာ လကုန်အထိ ခုနစ်လအတွင်း ဆန်တန်ချိန် ၁၇ သိန်းခွဲကျော် တင်ပို့ထားသည်။

ပြည်ပတင်ပို့သည့် ဧည့်မထ ဆန်ကြမ်းအမျိုးအစားသည် မြန် မာနိုင်ငံတွင် ပမာဏများစွာစိုက် ပျိုးပြီး ပြည်တွင်း၌ စားသုံးသည့် ဆန်ချော(ပေါ်ဆန်း)အမျိုးအစား စပါးဈေးနှုန်းကလည်း လက်ရှိ တွင် တင်းတစ်ရာလျှင် ကျပ်ကိုး သိန်းမှ ကျပ် ၁၂ သိန်းအကြား ဈေးဖွင့်ကြောင်း ဆန်ကုန်သည် များက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top