ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေရာဂါေဝဒနာ တစ္ခုခုကို ခံစားေနရၿပီး က်န္းမာေရး မေကာင္းသူေတြဟာ ခံတြင္းပ်က္ၿပီး အစာစားခ်င္စိတ္ ေလ်ာ့နည္းတာေၾကာင့္  ကိုယ္အေလးခ်ိန္ေတြ ေလ်ာ့က်လာတတ္ပါတယ္။ အဲဒီအခါ ကိုယ္ခံစြမ္းအား ေလ်ာ့က်ၿပီး ေရာဂါေဝဒနာကို ခံႏိုင္ရည္ရွိမႈ ေလ်ာ့နည္းလာၿပီး ပိုမို ေနထိုင္မေကာင္းတာမ်ဳိး ျဖစ္တတ္ပါတယ္။ ဒီလိုမျဖစ္ေစဖို႔ အစာစားခ်င္စိတ္ ျပန္ေကာင္းလာေအာင္ လိုက္နာသင့္တဲ့ နည္းလမ္းေတြကို ေရးသားလိုက္ရပါတယ္။


မိသားစုစံုညီ သို႔မဟုတ္ မိတ္ေဆြ သူငယ္ခ်င္းမ်ားႏွင့္အတူ စားပါ

တစ္ေယာက္တည္း အစာစားရင္ အစာစားရမွာကို ပ်င္းေနတတ္ပါတယ္။ အစာစားခ်ိန္ဆိုတာ လူအမ်ားနဲ႔ ေပါင္းေဖာ္ၿပီး အတူစားရတဲ့ အခ်ိန္ပါ။ အမ်ားနဲ႔အတူ မစားရင္ အထီးက်န္တဲ့ စိတ္ခံစားမႈ ျဖစ္ေစၿပီး အစာစားခ်င္စိတ္ ေလ်ာ့က်ေစႏိုင္ပါတယ္။ အိမ္မွာ မိသားစု စံုညီ အစာစားပါ ဒါမွမဟုတ္ အလုပ္မွာ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔အတူ အစာစားပါ။

စားခ်င္စိတ္ရွိေသာ အစာကို စားပါ

ကၽြန္မတို႔ေတြဟာ ကိုယ္ႀကိဳက္တဲ့ အစာဆိုရင္ မ်ားမ်ား စားခ်င္တတ္ၾကပါတယ္။ ခံတြင္းပ်က္ေနခ်ိန္မွာ အစာစားခ်င္စိတ္ ျဖစ္လာေအာင္ ကိုယ္ႀကိဳက္တဲ့အစာကို စားေပးပါ။ ဒါေပမဲ့ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစာဆိုရင္ အမ်ားႀကီးမစားပါနဲ႔။ သစ္သီးေတြကို စားခ်င္စိတ္ျဖစ္ေပၚၿပီး အမ်ားႀကီး မစားႏိုင္ရင္ သစ္သီးေဖ်ာ္ရည္ ေဖ်ာ္ေသာက္ပါ။ သစ္သီးစိတ္ေတြကို အရသာရွိေအာင္ ျပင္ဆင္ၿပီး စားေပးပါ။

အစာကို နည္းနည္းႏွင့္ မၾကာခဏ စားပါ

ခံတြင္းပ်က္ကာ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေနသူေတြ အေနနဲ႔ ကယ္လိုရီမ်ားမ်ား ရရွိေစဖို႔ တစ္ေန႔မွာ အစာက နည္းနည္းနဲ႔ မၾကာခဏ စားေပးဖို႔ လိုပါတယ္။ တစ္ေန႔မွာ အစာကို ငါးႀကိမ္- ေျခာက္ႀကိမ္ခန္႔ စားေပးတာက အာဟာရဓာတ္ေတြကို ပိုမို ရရွိေစမယ့္နည္းပါ။

ျပင္းေသာအနံ႔ပါ ဟင္းလ်ာမ်ား ေရွာင္ပါ

ခံတြင္းပ်က္ေနခ်ိန္မွာ အရသာခံအာ႐ံုနဲ႔ အနံ႔ခံအာ႐ံု အေျပာင္းအလဲ ျဖစ္သြားႏိုင္ပါတယ္။ ဒီအခ်ိန္မွာ အနံ႔ျပင္းတဲ့ အစာေတြနဲ႔ ေဝးေဝးမွာေနပါ။ ဥပမာ- ညႇီတဲ့ အသားေတြကို ထမင္းပြဲမွာ မပါေအာင္ သတိထားပါ။

အာဟာရျဖည့္စြက္ေဆး သံုးပါ

အာဟာရ ျဖည့္စြက္ေဆးေတြကို မွီဝဲတာေၾကာင့္ ကယ္လိုရီစားသံုးမႈ တိုးေစၿပီး ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစပါတယ္။ ျဖည့္စြက္ေဆးေတြကို ပံုစံအမ်ဳိးမ်ဳိး ထုတ္ထားၿပီး အနံ႔အရသာ မ်ဳိးစံုရွိတာေၾကာင့္ ခံတြင္းပ်က္ေနသူေတြ အေနနဲ႔ အစာစားခ်င္စိတ္ တိုးလာေအာင္ မွီဝဲသင့္ပါတယ္။

ဟင္းလ်ာထဲ သဘာဝ ဟင္းခတ္အေမႊးအႀကိဳင္မ်ား ထည့္ခ်က္ပါ

သဘာဝ ဟင္းခတ္အေမႊးအႀကိဳင္ေတြ ပါတဲ့ အစာေတြက အစာစားခ်င္စိတ္ကို တိုးေစႏိုင္ပါတယ္။ သဘာဝ ဟင္းခတ္ အေမႊးအႀကိဳင္ေတြကေတာ့ င႐ုတ္ေကာင္း၊ ဂ်င္စင္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ေလးညႇင္း၊ စမံုစပါး၊ ခ်င္း (ဂ်င္း)၊ လက္ဖက္စိမ္း စတာေတြ ျဖစ္ၿပီး သင္ခ်က္တဲ့ ဟင္းလ်ာထဲမွာ ထည့္ခ်က္သင့္ပါတယ္။
ၾကယ္စင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Good Health

# Unicode Version ျဖင့္ ဖတ္ပါ #

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့်  ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံစွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။


မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ

တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစားမှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။

စားချင်စိတ်ရှိသော အစာကို စားပါ

ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။

အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြောက်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။

ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ

ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။

အာဟာရဖြည့်စွက်ဆေး သုံးပါ

အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။

ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ

သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။
ကြယ်စင်

ဖိုးသူတော် (www.phothutaw.com)
Credit: Good Health
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top